Channel Myanmar

Nico Tirozzi

A Savannah Haunting (2021) 4.4
A Savannah Haunting (2021) A Savannah Haunting ================= သရဲကားမှကြည့်ချင်တာ၊ တကယ့်အဖြစ်အပျက်မှကြိုက်တာ ဆိုတဲ့သူတွေအတွက် သရဲကားအသစ်တစ်ကားနဲ့ မိတ်ဆက်ပေးလိုက်ပါပြီ။ဒီဇာတ်ကားကတော့ ဂျော်ဂျီယာပြည်နယ် ဆာဗားနားမြို့မှာရှိတဲ့ အိမ်တစ်အိမ်မှာ တွေ့ကြုံခဲ့ရတဲ့ ဖြစ်ရပ်မှန်တစ်ခုကို အခြေခံပြီး ရိုက်ကူးထားတဲ့ ဇာတ်ကားတစ်ကားဖြစ်ပါတယ်။ ဒီဇာတ်ကားရဲ့ ဒါရိုက်တာဝီလီယမ် ကိုယ်တိုင် သူ့မိသားစုအိမ်မှာ ကြုံတွေ့ခဲ့ရတဲ့ အတွေ့အကြုံဖြစ်ပြီး ဒီဇာတ်ကားကိုလည်း အဲဒီအိမ်မှာတင် ရိုက်ကူးထားတာလည်းဖြစ်ပါတယ်။ဇာတ်လမ်းကတော့ ရန်ကော့ မိသားစုဟာ ဆာဗားနားမှာရှိတဲ့ လူမနေတာကြာပြီဖြစ်တဲ့ အိမ်တစ်အိမ်ကို ပြောင်းလာခဲ့ကြပါတယ်။ ဒီအိမ်ဟာ ဟိုးရှေးရှေးကတည်းက အတိတ်ဆိုးတွေရှိခဲ့တဲ့အိမ်ဖြစ်နေပေမယ့် အိမ်ထောင်ဦးစီးဖြစ်သူ အဲရစ်ဟာ ဒါတွေကို ယုံကြည်တဲ့သူ မဟုတ်တာကြောင့် ပေါ့ပြက်ပြက်ပဲ နေနေခဲ့ပါတယ်။ ဒါပေမယ့် သူ့ရဲ့မိသားစုအပေါ် ထူးဆန်းတဲ့ဖြစ်ရပ်တွေ ကြုံတွေ့လာရပြီးတဲ့နောက်မှာ အဲရစ်တို့မိသားစုတွေ ဒီအိမ်ကြီးထဲက လွတ်မြောက်နိုင်ပါ့မလားဆိုတာကို ရင်တမမနဲ့ ကြည့်ရှူနေရမှာဖြစ်ပါတယ်။ဒီဇာတ်ကားဟာ သာမာန်သရဲကားတွေလိုမဟုတ်ဘဲ တကယ့်အဖြစ်အပျက်နဲ့ ကျောရိုးတည်ပြီး ရိုက်ကူးထားတာကြောင့် ဖြဲတာ၊ ကြဲတာတွေ သိပ်မပါတာကြောင့် "ဝူးရှူးဝါးတွေကြောက်လို့ သရဲကားမကြည့်ရဲပါဘူး" ဆိုတဲ့သူတွေလည်း ကြည့်လို့အဆင်ပြေမယ့် ဇာတ်ကားလေးတစ်ကားဖြစ်ပါတယ်။ File size…1.13GB / 515MB Quality…1080p WEBRIP / 720p Format…mp4 Duration….1h 45m Subtitle….Myanmar Subtitle (Hard Sub) Encoder….YK Translated by Jaka
movie

A Savannah Haunting (2021)

Spirited (2022) 6.2
Spirited (2022) Spirited (2022)ခရစ္စမတ်နီးပြီဆိုတော့ ခရစ္စမတ်ဇာတ်လမ်းလေးတွေလဲစပြီးထွက်လာပါပြီ။ ခရစ္စမတ်ဇာတ်လမ်းကိုမှ Ryan Reynolds နဲ့ Will Ferrell တို့က Christmas Carol ကိုပြန်အသက်သွင်းထားတဲ့ဇာတ်လမ်းဆိုရင်တော့ Christmassy feeling အပြည့်အဝနဲ့ စခွီလဲထရမယ့်ဇာတ်လမ်းဆိုတာ တကူးတကပြောစရာမလိုလောက်ပါဘူး။Dickens ရဲ့ Christmas Carol ကို အားလုံးသိထားပြီးသားနေမှာပါ။ အကျဥ်းချုံးပြောရရင် ခရစ္စမတ်ညမှာလူတစ်ယောက်ကိုပြောင်းလဲစေဖို့ ခရစ္စမတ်တစ္ဆေသုံးကောင်လာတယ်။ အတိတ်ပစ္စုပ္ပန်နဲ့အနာဂတ် ခရစ္စမတ်တစ္ဆေတွေပေါ့။ သူတို့ကဒီလူကိုသူ့ရဲ့ အတိတ်လက်ရှိနဲ့အနာဂတ် တစ်လျှောက်ခေါ်သွားပြီး သူ့ကိုအပြောင်းအလဲတွေဖြစ်စေဖို့ကြိုးစားကြတဲ့ဇာတ်လမ်းပေါ့။ ဒီဇာတ်လမ်းမှာတော့ Clint လို့ခေါ်တဲ့ Ryan Reynolds က မီဒီယာအကြံပေးတစ်ယောက်ဖြစ်ပြီး သူ့ကိုအလုပ်အပ်သူတွေအတွက် မီဒီယာမှာသူတို့ပြိုင်ဘက်တွေကိုနိုင်ဖို့ကူညီပေးသူပေါ့။ ပြိုင်ဘက်တွေရဲ့အပုပ်အစပ်ပေါင်းစုံကိုရှာပေးသူ ပွဲရှာပေးသူဆိုပါတော့။ သူကလူတွေအပေါ်သိပ်လွှမ်းမိုးနိုင်သူလဲဖြစ်နေတော့ သူသာပြောင်းလဲသွားရင် သူ့နောက်ကတခြားလူပေါင်းများစွာလဲလိုက်ပြောင်းလဲမယ်ဆိုပြီး ခရစ္စမတ််တစ္ဆေတွေက လာမယ့်နှစ်ခရစ္စမတ်အတွက်သူ့ကိုခြောက်လှန့်ပြောင်းလဲဖို့ ကလင့်ကိုရွေးချယ်လိုက်တော့ တစ္ဆေတွေရဲ့ပရောဂျက်ကြီးအောင်မြင်မလားကြည့်ရမှာပါ။ဒီဇာတ်လမ်းက Muscial လဲဖြစ်တာကြောင့် ပေါ့ပေါ့ပါးပါး မြိုင်မြိုင်ဆိုင်ဆိုင်နဲ့ကြည့်ကောင်းလို့ ဒီနှစ်ရဲ့ Holiday Movies ထဲက ကားကောင်းတစ်ကားပါပဲအညွှန်းကိုတော့ Rashida က ရေးထားပေးပြီးတော့ ဘာသာပြန်ထားတာကတော့ Rashida, Roman NoX, Kevin တို့ပဲ ဖြစ်ကြပါတယ်။Genre..... Comedy, Family, Musical Quality…. ...
movie

Spirited (2022)