Channel Myanmar

Nicolas de Lavergne

The Emperor of Paris (2018) 6.3
The Emperor of Paris (2018)  IMDB - 6.3Rotten Tomatoes - 70%ဒီဇာတ်လမ်းကတော့ ပြင်သစ်နိုင်ငံရဲ့သမိုင်းဝင်စုံထောက်ကြီး ဗီဒေါ့အကြောင်းပါ။ဗီဒေါ့ဟာ နပိုလီယံခေတ်မှာကျော်ကြားလာသူဖြစ်ပြီး ပြင်သစ်နိုင်ငံရဲ့ ပထမဆုံးပြစ်မှုဆိုင်ရာစုံစမ်းစစ်ဆေးရေးအေဂျင်စီကို တည်ထောင်သူလည်းဖြစ်သလိုခေတ်မှီပြစ်မှုဗေဒရဲ့ ဖခင်ကြီးလို့လည်းတင်စားကြပါတယ်။ ငယ်စဉ်ကဆိုးပေမိုက်ခဲ့ပြီးနောက်မှာတော့ အသိတရားဝင်ကာ ပြင်သစ်နိုင်ငံရဲတပ်ဖွဲ့ပူပေါင်းပြီးအမှုတွေလိုက်လံဖြေရှင်းခဲ့ပါတယ်။ဒါ့အပြင် ပုဂ္ဂိလိကစုံထောက်အဖြစ်လည်းလုပ်ခဲ့ပါတယ်။ဒီဇာတ်လမ်းကတော့ သူရဲ့အတ္ထုပတ္တိဇာတ်လမ်း၊ စွမ်းဆောင်ရည်တွေကိုအဓိကရိုက်ကူးထားတာမဟုတ်ဘဲ အကြမ်းဖျင်းသဘောနဲ့ဇာတ်လမ်းဆင်ရိုက်ကူးထားတာဖြစ်ပါတယ်။Rating လည်းမြင့်တဲ့အတွက် ကြည့်ရှုသူတွေစိတ်ကျေနပ်စေဖို့အတွက်တင်ဆက်ပေးလိုက်ပါတယ်.. File size…1.85 GB / 789MB Quality…Blu-Ray 1080p 5.1 CH/ 720p Format…mp4 Duration….1h 48m Genre ….. Adventure , Crime , History Subtitle….Myanmar Subtitle (Hard Sub) Encoder….Min Wai Translated by Tin Myo Lwin
movie

The Emperor of Paris (2018)

An Officer and a Spy (2019) 7.2
An Officer and a Spy (2019)  ၁၉၈၄ခုနှစ်ဝန်းကျင် ပြင်သစ်အရာရှိတစ်ဦးအကြောင်းဖြစ်ရပ်မှန်ဝတ္ထုကိုဇာတ်လမ်းပြန်လည်ရိုက်ကူးထားတဲ့ကားလေးဖြစ်ပြီး...2020ခုနှစ်အတွက် ပြင်သစ်ရုပ်ရှင် ဆုပေးပွဲ César Awardsမှာဆိုရင် အကောင်းဆုံးဒါရိုက်တာ၊ဇာတ်ညွှန်းနဲ့ ဝတ်စုံဒီဇိုင်းဆုတွေပါရရှိထားပါတယ်...။ဇာတ်လမ်းအကျဥ်းဟာဆိုရင်တော့...၁၉၈၄ခုနှစ်မှာ ဒရက်ဖုစ်ဆိုသူ ပြင်သစ်စစ်ရေးသံတမန်လေးဟာ ဂျာမန်တွေအတွက်သူလျှိုလုပ်ပေးတယ်ဆိုပြီး ထောင်ဒဏ်တစ်သက်တစ်ကျွန်းချမှတ်ခံရပါတယ်...။ဆန်းတာက ဒီအမှုအတွက် သက်သေဆိုလို့ စာရွက်အပိုင်းအစလေးတစ်စောင်ပဲရှိပါတယ်...။ဒီသက်သေတောင်မှ သူ့နာမည်လည်းအတိအကျမပါ...သူ့ကိုညွှန်းဆိုထားတာလဲရေရေရာရာမပါဘဲ လက်ရေးတူနေလို့ဆိုတဲ့အချက်လေးတစ်ချက်နဲ့တင် အမိန့်ချခံရတာပါ...။အဲ့ဒီခေတ်က ဂျူးဆိုရင်မျက်မုန်းကျိုးတဲ့ ဓလေ့လည်းရှိတာကြောင့် ဂျူးလူမျိုးတစ်ယောက်ဖြစ်တဲ့ဒရက်ဖုစ်ဟာ အပြစ်ကင်းကြောင်းပြန်လည်ချေပခွင့်တောင်မရလိုက်ဘဲနိုင်ငံ့သစ္စာဖောက်ဖြစ်သွားပါတယ်...။ဒါပေမဲ့ ပြင်သစ်စုံစမ်းထောက်လှမ်းရေးဌာနကကို ပီကရာဆိုတဲ့အရာရှိအသစ်ပြောင်းလာပြီးနောက်မှာတော့ ဒီအမှုဟာ တစ်ဆစ်ချိုးပြောင်းလဲလာခဲ့ပါတယ်....။လက်ရေးမူတစ်ခုတည်းနဲ့ စီရင်ချက်ချတာ...တရားခံရဲ့ ရည်ရွယ်ချက်၊ပြစ်ချက်ကိုရှင်းလင်းသည်အထိမစစ်ဆေးဘဲအလောတကြီးပြစ်ဒဏ်ချမှတ်တာတွေဟာ မှန်ကန်မှုမရှိဘူး တွေ့ရာပုဒ်မတပ်လို့မရဘူးလို့ယုံကြည်တဲ့ အရာရှိအသစ် ပီကရာဟာဒီအမှုနောက်ကို တစ်ဇွတ်ထိုးလိုက်ရင်းသပွတ်အူလိုရှုပ်ထွေးတဲ့ နိုင်ငံရေးကစားကွက်ထဲတိုးဝင်မိသွားတဲ့အခါ...။အမှန်တရားနောက်ကိုလိုက်ရင်းနဲ့ ဘာတွေဆက်ဖြစ်မလဲဆိုတာကို ဒီ"အရာရှိတစ်ဦးနဲ့သူလျှိုတစ်ယောက်"အကြောင်းဇာတ်လမ်းထဲမှာကြည့်ရှုနိုင်ပါပြီ...။ File size…1.71GB / 727MB Quality…Blu-Ray 1080p 5.1 CH/ 720p Format…mp4 Duration….2h 12m Genre ….. Drama , History , Thriller Subtitle….Myanmar Subtitle (Hard Sub) Encoder….Min Wai Translated by Themes
movie

An Officer and a Spy (2019)

Remi, Nobody’s Boy (2019) 7.0
Remi, Nobody’s Boy (2019)  ဟောင်းပေမဲ့လဲကောင်းနေဆဲဖြစ်တဲ့ဇာတ်ကားလေးတွေထဲကတစ်ကားကိုတင်ဆက်ပေးချင်ပါတယ်။ဒီကားထဲကမင်းသားဖြစ်တဲ့ကောင်လေးရဲ့ဘဝက ကိုးရီးယားဇာတ်ကားတွေဇာတ်နာတာတောင်လိုက် မမှီနိုင်လောက်အောင်အရမ်းသနားဖို့ကောင်းပါတယ်။ ဇာတ်ကားလေးနာမည်ကတော့ Remi Nobody's Boy ဖြစ်ပြီးဘယ်သူ့ရဲ့သားမှမဟုတ်တဲ့ရမ်မီလို့အဓိပ္ပာယ်ရပါတယ်။ဘာလို့ဇာတ်ကားနာမည်ကိုဒီလိုပေးရလဲဆိုတော့ ရမ်မီအသက်ဆယ်နှစ်ရောက်တဲ့အချိန်မှာသူ့ရဲ့မိဘတွေကသူ့ရဲ့မိဘအရင်းတွေမဟုတ်ဘဲမွေးစားထားတာကိုသိခဲ့ရပါတယ်။အမေဖြစ်သူကတော့သူ့ရဲ့မွေးစားသားဖြစ်တဲ့ ရမ်မီကိုအရမ်းချစ်ပေမဲ့ မွေးစားအဖေဖြစ်သူကတော့ငွေပဲမြင်တဲ့လူဖြစ်ပါတယ်။ ဒီလိုနဲ့မွေးစားအဖေဖြစ်သူကရမ်မီ့ကိုမကျွေးမွေးချင်တော့မိဘမဲ့ဂေဟာကိုသွားပို့နေတဲ့အချိန်မှာမာစတာဗတဲလက်စ်လို့ခေါ်တဲ့ နေရာအနှံ့လှည့်လည်သွားလာပြီးတိရစ္ဆာန်တွေနဲ့ဖျော်ဖြေတဲ့ လူတစ်ယောက်ကသူ့မွေးစားအဖေဆီကနေ ရမ်မီ့ကိုငှားရမ်းခဲ့ပါတော့တယ်။ဒါပေမယ့်ကံကောင်းစွာနဲ့ရမ်မီ့ရဲ့သခင်ဖြစ်သွားတဲ့လူက သူ့အပေါ်မှာအဖေအရင်းလိုကြင်နာတဲ့သူဖြစ်နေပါတယ်။ ဒီလိုနဲ့ပျော်နေရတုန်းရှိသေးဝမ်းနည်းစရာကိစ္စတွေနဲ့ထပ်ကြုံရပါတော့တယ်။ ဝမ်းနည်းစရာတွေကြုံပြီးတော့လဲပျော်စရာတွေနဲ့ထပ်ကြုံရပါသေးတယ်။ ဒီလိုနဲ့ပျော်ရွှင်စရာတွေဝမ်းနည်းစရာတွေနဲ့ဘဝက နိမ့်လိုက်ဖြစ်လိုက်တောက်လျှောက်ဖြစ်ပြီးနောက်ပိုင်းမှာ ရမ်မီ့အတွက်အဆုံးသတ်မှာသူ့မိဘရင်းတွေနဲ့ပြန်တွေ့သွားမလား ဘယ်လိုဇာတ်သိမ်းမျိုးနဲ့အဆုံးသတ်သွားမယ်ဆိုတာကိုဒရာမာရသမျိုးစုံနဲ့ခံစားပြီးကြည့်ရှူရမှာပဲဖြစ်ပါတယ်။  File size…1.67GB/ 753MB Quality…WEB-Rip 1080p / 720p Format…mp4 Duration….1h 45m Genre ..... Adventure , Drama , Family Subtitle….Myanmar Subtitle (Hard Sub) Encoder….Min Wai Translated by Saw Lay
movie

Remi, Nobody’s Boy (2019)

Never Grow Old(2019) 5.5
Never Grow Old(2019) Never Grow Old(2019)IMDb...5.5,,,,,Rotten..100%အလွန်အေးချမ်းသာယာလှတဲ့ နယ်စပ်မြို့လေးတစ်မြို့ရှိတယ်.... ဒီအေးချမ်းမှုတွေဟာ ဒတ်ခ်ျအဲလ်ဘတ် နဲ့ သူ့လူတွေ ရောက်လာတဲ့အချိန်မှာတော့ကမ္ဘာပျက်သလိုဖြစ်ကုန်တယ်.. ဒတ်ခ်ျအဲလ်ဘတ်တို့အဖွဲ့ဟာသူတို့ကိုဆန့်ကျင်သူအားလုံးကို သေနတ်နဲ့ပစ်သတ် တဲ့အပြင်  မြို့နေလူထုအပေါ်မှာလည်း လုပ်ချင်တိုင်းလုပ်နေတယ်...မည်သို့ပင်ဆိုစေကာ မူ  ဒီမြို့ရဲ့ သုဘရာဇာ ပတ်ထရစ် တိတ် ကတော့ လူသတ်မှုတွေများလာတာနဲ့အမျှ အလုပ်အကိုင် အဆင်ပြေသလိုတောင်ဖြစ်လာတယ်.... သူကိုယ်တိုင်လည်း လူရမ်းကားဝရမ်းပြေးတွေနဲ့ အပေါင်းအသင်းဖြစ်သွားခဲ့တယ်...ဒါပေမဲ့ နောက်ပိုင်းမှာတော့ သူ့မိသားစုပါ အန္တရာယ်ရှိလာတဲ့အခါ လူရမ်းကားတွေလက်ကနေ သူ့မိသားစုကို ကြိုးစားကယ်တင်ပုံတွေကို ရင်တထိတ်ထိတ် နဲ့ ကြည့်ရှုခံစားရမဲ့ အက်ရှင် ဇာတ်ကားကောင်းတစ်ကားပါ...ဇာတ်လမ်းအညွှန်းနဲ့ ဘာသာပြန်သူကတော့ SCRN ပဲဖြစ်ပါတယ်.. File Size : (850 MB) and (316 MB) Quality : WEB-DL 720p, Format…mp4 Duration…01:40:00 Genre :  Action, Drama, Thriller Subtitle : Myanmar Subtitle (Hard Sub) Translated by SCRN Encoded by Phyo Pyae
movie

Never Grow Old(2019)

2019