Channel Myanmar

Nicolas Fine

Delicious (2021) 7.0
Delicious (2021)  ဒီဇာတ်လမ်းကတော့ ဟင်းလျာကောင်းဆိုတာ လူတန်းစားတိုင်းနဲ့ထိုက်တန်တယ်၊ စားဖိုမှူးတိုင်းလည်း ဆန်းသစ်တီထွင်ခွင့်ရှိတယ်ဆိုပြီး စားဖိုဆောင်တော်လှန်ရေးလုပ်ကာ စားသောက်ဆိုင်ထောင်ခဲ့တဲ့ ထမင်းချက်ကြီး မာစီယွန်အဖြစ် ဇာတ်လမ်းတည်ရိုက်ကူးထားတာပါ...။ ဇာတ်လမ်းအကျဥ်းမစမီ ဇာတ်အိမ်တည်ထားပုံကို နည်းနည်းပြောပြပါဦးမယ်..။ဇာတ်အိမ်ကိုတော့ ပြင်သစ်နိုင်ငံရဲ့ ဘုရင်စနစ်ကိုတော်လှန်တဲ့ တော်လှန်ရေးမစမီ ၁၇၈၉ ခုနှစ်မှာဇာတ်အိမ်တည်ထားပါတယ်...။အဲ့ခေတ်အဲ့အခါမှာ ပြင်သစ်နိုင်ငံမှာ လူတန်းစားသုံးမျိုးရှိတယ်ဗျ...။ပထမတန်းစားက ဘုန်းတော်ကြီးတွေ တစ်နည်းဆို ဘာသာရေးလူတန်းစားပေါ့...။ဒုတိယက တော်ဝင်မျိုးနွယ်တွေ၊ တတိယကတန်စားက သာမန်လူတွေပါ...။အဲ့ဒီခေတ်တုန်းက စားသောက်ဆိုင်တွေဆိုတာ မပေါ်ထွန်းသေးဘူး...။လူတွေကအိမ်မှာပဲစားသောက်တဲ့အလေ့ရှိကြပါတယ်...။ခရီးသွားရင်း ခဏနားတဲ့ နားခိုရာလေးတွေ၊ တည်းခိုခန်းလေးတွေမှာလည်းဟင်းလျာကောင်းကောင်း ချက်လေ့မရှိဘူး။စားစရာဆိုလို့ စွပ်ပြုတ်လောက်သာရှိပြီး အရသာမဲ့တဲ့အပြင်၊ အဆာပြေဝမ်းဝရုံကလွဲ ဘာမှရွေးချယ်စရာမရှိပါဘူး။ဘာလို့လည်းဆိုတော့ အဲ့ဒီခေတ်ရဲ့ အယူအဆအရ ဟင်းလျာကောင်းကောင်းဆိုတာ အရသာခံတတ်သူ တော်ဝင်မျိုးနွယ်နဲ့သာထိုက်တန်တယ်...၊ထိုက်သင့်မှ စားသုံးခွင့်ရှိတယ်...၊ သာမန်လူတန်းစားတွေအနေနဲ့ဟင်းလျာကောင်းကောင်းစားစရာမလိုဘူးဆိုတဲ့အယူရှိလို့ပါပဲ...။ဒါကြောင့် ထမင်းချက်တွေ၊ စားဖိုမှူးတွေဟာ တော်ဝင်မျိုးနွယ်အတွက်သာချက်ပြုတ်ရပြီး ဆန်းသစ်တီထွင်ခွင့်မရှိဘဲ သတ်မှတ်ထားတဲ့ဟင်းပွဲကိုသာသတ်မှတ်ထားတဲ့ အမယ်တွေနဲ့ချက်ပြုတ်ရပါတယ်...ဟင်းပွဲတွေ၊ဟင်းလျာတွေဆိုတာလည်း တော်ဝင်မျိုးနွယ်ရဲ့ ပျင်းရီငြီးငွေ့မှုအတွက် အသုံးတော်ခံသက်သက်သာဖြစ်ခဲ့ပါတယ်...။ဒီလိုဓလေ့တွေရှိတဲ့အပြင် အဲခေတ်ကာလပြင်သစ်ရဲ့ အောက်ခြေလူတန်းစားက ငတ်မွတ်ခေါင်းပါးမှုဒဏ်ကိုလည်းခံရပါသေးတယ်။ဒီအချက်ကလည်း ပြင်သစ်တော်လှန်ရေးရဲ့အကြောင်းတစ်ချက်ပေါ့...။ဇာတ်လမ်းအစမှာတော့ မာစီယွန်ဟာ နယ်စားကြီးတစ်ယောက်ရဲ့စားဖိုမှူးဖြစ်ပြီး ဟင်းလျာကောင်းချက်ပြုတ်ရာမှာ ပါရမီပါသူဖြစ်ပေမယ့်ထိုကာလရဲ့ထုံးတမ်းအရ ဆန်းသစ်တီထွင်ခွင့် ...
movie

Delicious (2021)