Channel Myanmar

Nicolas Lumbreras

Employee of the Month (2021)
Employee of the Month (2021) ***ဒီကားကြည့်ပြီး လစာတိုးမပေးတဲ့ သူဌေးကို အပြတ်ရှင်းပြီး အလောင်းဘယ်လိုဖျောက်ရမလဲဆိုတဲ့ အကြံတွေဘာတွေ ရသွားမယ်ဆိုရင်တော့ CM က တာဝန်မယူပါဘူးနော်။***ဒီတစ်ခေါက်မှာတော့ IMDB 5.8/10, Rt 77% ရရှိထားတဲ့ Emplyoee of the month ဆိုတဲ့ Crime/Comedy ကားလေးတစ်ကားနဲ့ မိတ်ဆက်ပေးချင်ပါတယ်။သန့်ရှင်းရေးသုံးပစ္စည်းတွေ ရောင်းတဲ့ ကုမ္ပဏီဝန်ထမ်းဖြစ်သူ အင်းနစ်က ဘက်စုံတော်ပြီး အနေအေးတဲ့သူတစ်ယောက်ဖြစ်ပါတယ်။ ဥပဒေရေးရာကျွမ်းကျင်သူတစ်ယောက်ဖြစ်ပေမဲ့ ရုံးမှာတော့ နေရာတကာ သူပဲလုပ်နေရရှာပြီး အစုံသုပ်ဖြစ်လို့နေရှာတာပါ။ အလုပ်ဝင်လာတာ ၁၇ နှစ်တောင် ရှိပြီဖြစ်ပေမဲ့ တခြားအမျိုးသားဝန်ထမ်းတွေသာ တစ်နှစ်ပြီး တစ်နှစ်လစာတိုးသွားတယ်၊ သူမမှာတော့ နဂိုအတိုင်း လစာမတိုးလို့ အလုပ်ရှင်ပတ်ထရစ်ကို သူ့ကိုလစာတိုးပေးဖို့ ဝင်ပြောရာကနေ မထင်မှတ်ထားတဲ့ ကိစ္စကြီးတစ်ခု ဖြစ်ပွားခဲ့ပါတော့တယ်။အဲဒါကတော့ အင်းနစ်နဲ့ အလုပ်သင်အသစ်ကလေး မယ်လိုဒီရဲ့လက်ချက်နဲ့ သူတို့ရဲ့အလုပ်ရှင်ပတ်ထရစ် သေဆုံးသွားတာပါပဲ။ တမင်လုပ်တာမဟုတ်ပေမဲ့ သေတဲ့လူက သေသွားပြီမို့ အလောင်းဖျောက်ဖို့ ကြိုးစားကြရတာပေါ့လေ။ သန့်ရှင်းရေးသုံးပစ္စည်းတွေကို ဘယ်နေရာမှာ ...
movie

Employee of the Month (2021)

Some Like It Rare (2021) 6.6
Some Like It Rare (2021) Some Like It Rare (2021) ================== IMDb Rating - 6.6/10ကမ္ဘာတစ်ဝှမ်းမှာ အခြေအနေအမျိုးမျိုးကြောင့် ကွင်းဆက်လူသတ်သမားအဖြစ် ကျော်ကြားခဲ့တဲ့ လူသတ်သမားတွေအများကြီးရှိခဲ့ပါတယ်။ အခြေအနေရယ် အကျိုးအကြောင်းရယ် ဆက်စပ်မိတဲ့အခါမှာ လူတစ်ချို့ဟာကွင်းဆက် လူသတ်သမားအဖြစ်ပြောင်းလဲသွားခဲ့ပါတယ်။ဒီရုပ်ရှင်မှာလဲ ပြင်သစ်နိုင်ငံကဖော်ရွေပြီးခင်ဖို့အရမ်း ကောင်းတဲ့ လင်မယားနှစ်ယောက်ဟာ အခြေအနေ တစ်ခုကြောင့် လူသတ်မိပြီး တစ်ဖြည်းဖြည်းနဲ့ ကွင်းဆက် လူသတ်သမားဖြစ်လာခဲ့ပြီး လူဆယ့်သုံးယောက်အထိ သတ်ခဲ့တာပုံကို ရိုက်ကူးထားခြင်းဖြစ်ပါတယ်။လူသတ်သမားကားဖြစ်တာကြောင့် သွေးသံတရဲရဲ အခန်း နည်းပေမယ့် ရွံတတ်တဲ့သူတွေ ကြည့်ဖို့တော့ မသင့်လျှော် ပါဘူး။ ဖြစ်ရပ်မှန်မဟုတ်ပေမယ့် တင်ဆက်ပုံကောင်းတာ ကြောင့် Thriller ပရိတ်သတ်တွေအတွက်တော့ လက်မလွှတ် သင့်တဲ့မူဗီဖြစ်ပါတယ်။ (ဒီဇာတ်လမ်းရဲ့အညွှန်းနဲ့ ဘာသာပြန်ပေးသူကတော့ Lwin Htoo Aung ဖြစ်ပါတယ်)File Size..........(1.04 GB) / (577 MB) / (342 MB) Quality............WebRip 1080p / 720p / 480p Duration.........1Hr 27mins Subtitle...........Myanmar Hardsub Format............MP4 Genre..............Comedy, Horror Translator.......Lwin Htoo Aung Encoder..........SWM
movie

Some Like It Rare (2021)

2021