Channel Myanmar

Nicole Dubois

Magic Carpet Rides (2023) 7.0
Magic Carpet Rides (2023) Magic Carpet Rides (2023) ====================== IMDb Rating - 7.0/10Social Influencer တစ်ယောက်ဖြစ်တဲ့ Callie က သူနဲ့တွဲနေတဲ့ ဘဲတွေတစ်ယောက်ပြီးတစ်ယောက်အကြောင်းကို ဖောက်သည်ချပြီး အင်တာနက်ပေါ်တင်ရင်း နာမည်ကြီးဖို့ကြိုးစားနေတဲ့မိန်းကလေး တစ်ယောက်။ နောက်တော့ သူ အခုခေတ်အင်တာနက်ကမ္ဘာနဲ့အဆက် ပြတ်ပြီး ဖုန်းတောင်မသုံးဘဲ လက်တွေ့ဘဝမှာပဲနေထိုင်တဲ့ ကောင်ချော လေး Leo နဲ့တွေ့ခဲ့တယ်။အင်တာနက်မှာနာမည်ပေါက်ဖို့ကိုပဲစိတ်နှစ်ထားတဲ့ Callie လည်း သူ့ page followerတိုးပြီး လူကြိုက်များလာဖို့ရည်ရွယ်ချက်နဲ့ Leo နဲ့ဒိတ်ပြီး Leoရဲ့ အကြောင်းတွေကို ဗီဒီယိုစတင်တော့တာပါပဲ။ အဲဒီမှာ ဖုန်းစွဲနေတဲ့ အင်တာနက်ဆယ်လီ Callie နဲ့ ဖုန်းလုံးဝမသုံးဘဲ အင်တာနက်လောက အကြောင်းမသိတဲ့ Leo တို့အချစ်ဇာတ်လမ်း ဘယ်လိုဆက်ဖြစ်မလဲဆို တာကိုတော့ ဒီဇာတ်လမ်းမှာရင်ခုန်စိတ်လှုပ်ရှားစွာဆက်လက်ကြည့်ရှုနိုင် ပါတယ်။(ဒီဇာတ်လမ်းရဲ့အညွှန်းနဲ့ ဘာသာပြန်ရေးသားပေးသူကတော့ Thwal Htoo Zin ဖြစ်ပါတယ်)File Size..........(1.9 GB) / (722 MB) Quality............WEB-DL 1080p / 720p Duration.........1Hr 49Min Subtitle...........Myanmar Hardsub Format............MP4 Genre..............Comedy, Romance Translator.......Thwal Htoo Zin Encoder..........SWM
movie

Magic Carpet Rides (2023)

2023
La Vie en Rose (2007) 7.6
La Vie en Rose (2007) La Vie En Rose ဆိုတဲ့ ဇာတ်လမ်းလေးကတော့ ပြင်သစ်အဆိုတော် အီဒစ်ပီအပ်ဖ်ရဲ့ဘဝဇာတ်ကြောင်းကို တင်ဆက်ထားတာ ဖြစ်ပါတယ်။ ဇာတ်ကားရဲ့အမည်ကိုလည်း အီဒစ်ပီအပ်ဖ် ရဲ့နာမည်ကြီးသီချင်းတစ်ပုဒ်ဖြစ်တဲ့ La Vie En Rose ကိုမှည့်ခေါ်ထားပါတယ်။အီဒစ်ပီအပ်ဖ်ရဲ့ ငယ်ဘဝအကြောင်းအရာတွေကစပြီး သူသေဆုံးချိန်မတိုင်ခင်နဲ့ ပတ်ဝန်းကျင်အဖြစ်အပျက်တွေထိ ပရိသတ်သိထားတာတွေရောနောက်ကွယ်က အကြောင်းအရာတွေပါ စုံစုံလင်လင်တင်ဆက်ထားတဲ့ အထ္ထုပတ္တိဇာတ်ကားကောင်းလေး ဖြစ်ပါတယ်။အီဒစ်ပီအပ်ဖ်ဟာ အောင်မြင်မှုကြီးမားသူတွေရဲ့ ထုံးစံအတိုင်းခက်ခဲကြမ်းတမ်းတဲ့ငယ်ဘဝကိုပိုင်ဆိုင်ခဲ့ရသူ ဖြစ်ပြီး ငယ်ငယ်ကလေးဘဝကတည်းကတာဝန်မယူတတ်တဲ့ အမေဖြစ်သူကြောင့်အဘွားဖြစ်သူ ရဲ့ ဆောင်ကြာမြိုင်မှာ ငယ်ဘဝကို ဖြတ်သန်းခဲ့ရသူ ဖြစ်ပါတယ်။အီဒစ်လေး ၉ နှစ် အရွယ်ရောက်ချိန်မှာ သူ့အဖေဖြစ်သူဆပ်ကပ်ကျွမ်းဘားသမားရဲ့ လမ်းပေါ်ကဖျော်ဖြေပွဲ တစ်ခုမှာ ပရိသတ်တစ်ယောက်တောင်းဆိုမှုကြောင့် "La Marseillaise" ကိုသီဆိုပြခဲ့ပြီးကမ္ဘာကြီးဆီကို "အီဒစ်ပီအပ်ဖ်" ကို စတင်မိတ်ဆက်ခဲ့ပေးပါတယ်။နှစ်တွေအများကြီးကြာခဲ့ပြီး ကလပ်ပိုင်ရှင်လူးဝစ်လပ်ပလီး နဲ့ တွေ့ဆုံပြီးချိန်မှာတော့ ကလပ်ရဲ့ပင်တိုင်အဆိုတော် ဖြစ်လာခဲ့ပါတယ်။ လူးဝစ်လပ်ပလီးကိုယ်တိုင်က သူ့ကို "စာငှက်ကလေး" လို့အဓိပ္ပါယ်ရတဲ့ ပီအပ်ဖ်ဆိုတဲ့ အမည်ကို တွဲပေးခဲ့လို့"အီဒစ်ပီအပ်ဖ်" ဆိုတဲ့ ...
movie

La Vie en Rose (2007)

I’ve Loved You So Long (2008) 7.6
I’ve Loved You So Long (2008)    ကိုယ့်ရဲ့သားကို ကိုယ်တိုင်ပြန်သ-တ်ခဲ့မိလို့ မိဘဖြစ်သူနဲ့ ယောင်္ကျားဖြစ်သူကပါ စွန့်ပစ်ခဲ့ကြတဲ့အပြင် ထောင်ဆယ့်ငါးနှစ်ကျခံခဲ့ရတဲ့ ဂျူးလိယက် ဖောင်တိန်၊ အစ်မဖြစ်သူနဲ့ ၁၅ နှစ်တောင်ခွဲခဲ့ရပြီး အခုချိန် တက္ကသိုလ်မှာ ပါမောက္ခဖြစ်နေတဲ့အပြင် အိမ်ထောင်ပြုပြီးမိသားစုဘဝတစ်ခုကိုပါရနေပြီဖြစ်တဲ့ ညီမဖြစ်သူ လီယာ။ဂျူးလိယက် ထောင်ကပြန်လွတ်လာတဲ့ အချိန်မှာ လူမှုဝန်ထမ်းတွေကဆက်သွယ်ပေးခဲ့လို့ ကန့်သတ်ကာလအတွင်း ညီမဖြစ်သူ လီယာတို့ မိသားစုနေထိုင်ရာ လော်ရိန်းမြို့မှာ သွားရောက်နေထိုင်ခဲ့ပါတယ်။ ထောင်ထဲမှာ ၁၅ နှစ်လောက်ရှိနေခဲ့ရတဲ့ ဂျူးလိယက်တစ်ယောက် လူတွေနဲ့ ပြောဆိ ဆက်ဆံတဲ့နေရာမှာ အခက်တွေ့နေပါတယ်။ လီယာရဲ့ မိသားစုနဲ့ ပြောဆိုဆက်ဆံရတာတွေနဲ့၊ အလုပ်ရှာတဲ့ နေရာမှာလည်း ထောင်ကျခဲ့တဲ့ကိစ္စကြောင့် ရှာလို့မလွယ်ဖြစ်နေပြီး လူအသိုင်းအဝိုင်းထဲကို ဝင်ဆံ့ဖို့ ပြန်လည်သင်ယူရပါတယ်။ ဒီလိုနဲ့ ကြိုးစားနေထိုင်ရင်း သူ(မ)ရဲ့ ခံဝန်အရာရှိက ထောက်ခံပေးတာကြောင့် ဆေးရုံမှာ အစမ်းအလုပ်ရသွားခဲ့ပြီး လီယာရဲ့ မိသားစုအပြင်၊ မိတ်ဆွေတွေနဲ့ပါ တဖြည်းဖြည်းရင်းနှီးလာပါတော့တယ်။ဒီလိုနဲ့ ဂျူးလိယက်ရဲ့ အပြုအမူတွေဟာ ပုံမှန်လူတစ်ဦးလို တဖြေးဖြေးချင်းပြန်ပြောင်းလဲလာခဲ့ပြီး တစ်နေ့မှာတော့ ...
movie

I’ve Loved You So Long (2008)