Channel Myanmar

Nicolo Pasetti

The Last Voyage of the Demeter (2023) 6.4
The Last Voyage of the Demeter (2023) The Last Voyage of the Demeter (2023) ============================= IMDb Rating - 6.4/10ရှေးခေတ် ဟော်ရာရုပ်ရှင်ကောင်းကောင်းတစ်ခုလာပါပြီ။ တကယ်တော့ ဒရက်ကူလာ ဇာတ်ကြောင်းတွေကို စိတ်ဝင်စားတဲ့သူဆိုရင်နာမည်ကြားတာနဲ့ မှတ်မိမှာပါပဲ။ ကမ္ဘာကျော် ဒရက်ကူလာဝတ္ထုကြီးထဲမှာပါတဲ့ ဒမီတာဆိုတဲ့ လှေပါပဲ။ ရုပ်ရှင်နာမည်အတိုင်းပဲ ဒမီတာရဲ့ နောက်ဆုံးပင်လယ်ခရီးရှည် အကြောင်းပါပဲ။ ဒါရိုက်တာကတော့ André Øvredal ပါ။ သူက လူကြိုက် များခဲ့တဲ့ The Autopsy of Jane Doe နဲ့ Troll Hunter ကို ရိုက်ခဲ့တဲ့သူပါ။အခုလည်း The Autopsy of Jane Doe စတိုင်ပဲ ဘယ်ကိုမှ ပြေးလို့လွှားလို့ မရတဲ့ အလုံပိတ်နေရာတစ်ခုထဲက မိစ္ဆာတစ်ကောင်ကို ဇာတ်လမ်းတည်ပြီး ရိုက်ကူးထားတာပါ။ မာလိမ်မှူး အဲလိယက်အဖြစ် Game of Thrones ထဲက ဆာဒါးဗို့စ်ဖြစ်တဲ့ Liam Cunningham က သရုပ်ဆောင်ထားပြီး၊ အန်နာအဖြစ် Game of Thrones ...
movie

The Last Voyage of the Demeter (2023)

2023
4K HEVC
Filip (2023) 7.1
Filip (2023)  စစ်ကားတွေကို ကြိုက်နှစ်သက်တဲ့လူတွေအတွက် Filip ဆိုတဲ့ဇာတ်ကားလေးကိုတင်ဆက်ပေးလိုက်ပါတယ်။ ဒီဇာတ်ကားလေးကတော့ နာဇီတွေနဲ့ဂျူးတွေစစ်ပွဲဖြစ်နေခဲ့တဲ့ 1943 ခုနှစ်လောက်ကအကြောင်းကိုရိုက်ကူးထားပြီးတော့ လီယိုပေါ့တိုင်မန်းရဲ့ကိုယ်ရေးအထ္ထုပ္ပတ္တိဝထ္တုFILIP ကိုအခြေခံထားတာပဲဖြစ်ပါတယ်။ဖီးလစ်ဆိုတဲ့စစ်ဖြစ်နေတဲ့ ပိုလန်ကနေထွက်ပြေးလွတ်မြောက်လာတဲ့ ဂျူးလူမျိုးတစ်ယောက်က တခြားလူတွေမသိအောင်ဂျာမန်မှာ ပြင်သစ်နိုင်ငံသားတစ်ယောက်အနေနဲ့နေထိုင်ပြီး တော့ပါ့ခ်ဆိုတဲ့ဟိုတယ်တစ်ခုရဲ့စားသောက်ဆိုင်မှာ အလုပ်လုပ်နေတဲ့သူတစ်ယောက်ပဲဖြစ်ပါတယ်။အဲ့ဒီအချိန်မှာ ဂျာမန်လူမျိုးတွေကတိုင်းတစ်ပါးသား လူမျိုးတွေနဲ့မပတ်သတ်ရဘူးကာမမဆက်ဆံရဘူးဆိုတဲ့ဥပဒေတစ်ခုရှိပါတယ်။ဖီးလစ်ကဂျာမန်မှာ အလုပ်လုပ်နေရပေမဲ့ ဂျူးလူမျိုးဖြစ်တဲ့အတွက် ဂျာမန်တွေကိုမုန်းနေပြီးတော့ အဲ့ဒီဥပဒေကိုအကြိမ်ကြိမ်ချိုးဖောက်ခဲ့တဲ့လူပဲဖြစ်ပါတယ်။ဒါပေမယ့်တစ်နေ့မှာတော့ ဂျာမန်သူလေးတစ်ယောက်ကိုတကယ်ချစ်မိသွားတဲ့အခါမှာ အတူတူထွက်ပြေးဖို့ကြိုးစားကြပါတော့တယ်။အဲ့လိုထွက်ပြေးဖို့ကြိုးစားနေတဲ့ အချိန်မှာပဲဖီးလစ်ရဲ့ဘဝမှာကြီးမားတဲ့အလှည့်အပြောင်းတွေကြုံတွေ့လာရမယ်ဆိုတာကို ကြည့်ရှုရမဲ့ဇာတ်ကားကောင်းလေးပဲဖြစ်ပါတယ်။ File size…1.71GB / 704MB Quality…Blu-Ray 1080p 5.1 CH/ 720p Format…mp4 Duration….2h 5m Genre ….. Drama , History , War Subtitle….Myanmar Subtitle (Hard Sub) Encoder….Min Wai Translated by Saw Lay
movie

Filip (2023)

The Guernsey Literary and Potato Peel Pie Society (2018) 7.1
The Guernsey Literary and Potato Peel Pie Society (2018) ဒီဇာတ်ကားလေးက English ရေလက်ကြားက Normandy ကမ်းရိုးတန်းနားမှာရှိတဲ့ ဒုတိယကမ္ဘာစစ်အတွင်းမှာ ဂျာမန်တွေ သိမ်းယူပြီး ခံတပ်တစ်ခုအဖြစ်ပြောင်းလဲခံထားရတဲ့ Gurnsey ဆိုတဲ့ကျွန်းလေးပေါ်က အဖြစ်အပျက်လေးတစ်ခုအဖြစ် ဖန်တီးရိုက်ကူးထားတာပါ။စစ်အတွင်းကအကြောင်းတွေရေးပြီး နာမည်ကြီးလာခဲ့တဲ့ စာရေးဆရာမလေး Juliette Ashton တစ်ယောက် သူရဲ့ဘဝကို မပျော်ပိုက်သလိုဖြစ်နေတဲ့အချိန်မှာGurnsey ကျွန်းပေါ်က Dorsey Adam ဆိုတဲ့ လယ်သမား စာအုပ်ချစ်သူတစ်ယောက်က စာအုပ်တစ်အုပ်ကိုရှာပေးဖို့အကူအညီတောင်းတဲ့ စာကိုလက်ခံရခဲ့ပါတယ်။သူတို့ရဲ့ စာဖတ်အသင်းနာမည်က ဂန်ဆီစာပေနှင့်အာလူးပိုင်မုန့်အသင်းတဲ့။အဲဒီရယ်စရာ ထူးဆန်းတဲ့ နာမည်နဲ့ စာဖတ်အသင်းကိုစိတ်ဝင်စားမိပြီး ကူရှာပေးဖို့ပြောတဲ့စာအုပ်ကို တစ်ခါတည်းပို့ပေးပြီးတော့ အဲ့ဒီအသင်းဖြစ်ပေါ်လာပုံတွေ ဘာလို့အဲဒီနာမည်ဖြစ်နေရတာလဲဆိုတာကိုမေးရင်းနဲ့ အဖြေတွေရလာတဲ့အခါမှာ သူကိုယ်တိုင် Gurnsey ကျွန်းကိုသွားချင်စိတ်တွေပေါ်လာပြီး Gurnsey ကျွန်းကိုရောက်တဲ့အခါမှာ သူနောက်ထပ်ဘယ်လိုဇာတ်လမ်းတွေကိုရှာတွေ့မယ်ဖန်တီးမယ်ဆိုတာကို ကြည်နူးစရာ၊ ဝမ်းနည်းစရာ တွေ့ရမှာပါ။ဒီဇာတ်ကားလေးရဲ့ IMDB Rating ကတော့ 7 ပါ။ကျွန်တော်တို့မှာ မတွေ့ဖူးခင်ကတည်းကရင်းနှီးနေတဲ့မျက်နှာတွေရှိနေပါသလား ရှိခဲ့မယ်ဆိုရင် အဲဒီသူနဲ့ ကျွန်တော်တို့ သက်ဆိုင်သလို အဲဒီလူကလည်းကျွန်တော်တို့နဲ့ သက်ဆိုင်နေမှာအသေအချာပါပဲ။(d3mon ဘာသာပြန်တင်ဆက်ပေးထားပါတယ်)File ...
movie

The Guernsey Literary and Potato Peel Pie Society (2018)

2018