Channel Myanmar

Nicoye Banks

Green Zone (2010) 6.8
Green Zone (2010)  ဒီဇာတ်ကားက ၂၀၁၀ခုနှစ်က ထွက်ရှိခဲ့တာဖြစ်ပြီး Matt Damonရဲ့War/actionဇာတ်ကြမ်းဖြစ်ပါတယ်။ IMDb 6.8နဲ့ RT rating 53%ရထားပြီး အီရတ်နဲ့ အ​မေရိကန်ကြား စစ်​ရေးတင်းမာမှု​တွေဖြစ်ခဲ့တဲ့၂၀၀၃ခုနှစ်ဝန်းကျင်ခန့်ကို ဇာတ်အိမ်တည်ထားပါတယ်။ ရွိုင်း​မီလာက ယူအက်စ်ရဲ့အဖျက်လက်နက် ရှာ​ဖွေ​ထောက်လှမ်း​ရေးအဖွဲ့​​ခေါင်း​ဆောင်ဖြစ်ပြီး အီရတ်နိုင်ငံထဲမှာ အဖျက်စွမ်းအားကြီးတဲ့လက်နက်ကြီးတစ်ခုရှိတဲ့ဆိုတဲ့ အတွင်းသတင်း​ကြောင့် ရှာ​ဖွေမှု​တွေ​နေရာအနှံ့လုပ်​​နေခဲ့တာပါ။ဒါ​ပေမဲ့ သတင်း​ရတဲ့​နေရာ​တွေမှာရှာတိုင်းဘာလက်နက်ကြီးမှ မ​တွေ့ရဘဲ လက်ဗလာနဲ့ပဲ ပြန်လာ​နေရတဲ့​နောက် ​ထောက်လှမ်း​ရေးကရ​တဲ့ သတင်းက တစ်ခုခုလွဲ​နေတယ်လို့ သံသယဝင်လာပြီး အထက်အမိန့်ကိုဖီဆန်ပြီး သတင်း​ရင်းမြစ်အ​ကြောင်းကိုထဲထဲဝင်ဝင်စုံစမ်းရာက​ ထင်မှတ်မထားမိတဲ့ လျှို့ဝှက်ချက်တစ်ခုကိုသိသွားပြီး အဲဒီကိစ္စရဲ့​နောက်ဆက်တွဲကိစ္စ​တွေကိုပါ ​ဖြေရှင်းဖို့အ​ရေးကြုံလာပါ​တော့တယ်။အဲဒီလျှို့ဝှက်ချက်က ဘာဖြစ်​နေမလဲ။ ဘယ်​လောက်ထိကြီးမားတဲ့ပြဿနာကြီးဖြစ်​နေမလဲ။ မတည်ငြိမ်မှု​တွေဖြစ်​နေတဲ့ အီရတ်​မြေမှာမီလာတို့အဖွဲ့ ဘယ်လိုအခက်အခဲ​တွေကို ရင်ဆိုင်​ကျော်ဖြတ်ရမလဲဆိုတာ ကြည့်ရှုခံစားရမှာပါ။  File size…2.31GB / 968MB Quality…Blu-Ray  1080p 5.1CH  / 720p Format…mp4 Duration….1h 55m Genre ..... Drama , Action  , Thriller Subtitle….Myanmar Subtitle (Hard Sub) Encoder….Min Wai Translated by JimX
movie

Green Zone (2010)

Focus (2015) 6.6
Focus (2015) မင်းသားကြီး Will Smith နဲ့ ဟာလေကွင်း မင်းသမီးချော Margot Robbie တို့ အဓိကပါဝင်ထားတဲ့ ဇာတ်ကားပါ။ဇာတ်လမ်းက လူလိမ်သူခိုးဇာတ်လမ်းဆိုတော့ ကတုံးပေါ်ထိပ်ကွက် ခွကွက် ကျော်ကွက်တွေ အများကြီးနဲ့ တင်ဆက်ထားပါတယ်...Professional လုပ်ငန်းတွေမှာ ပါစင်နယ်ကိစ္စတွေ မရောသင့်ဘူးဆိုတာမျိုးကို အနောက်နိုင်ငံမှာ ပိုသုံးကြပါတယ်။လူလိမ်လုပ်ငန်းမှာဆိုရင်တော့ ပိုဆိုးတာပေါ့..ပါစင်နယ်ရောလို့မရဘူး။တစ်ယောက်ကိုတစ်ယောက် လျှို့ဝှက်တတ်တဲ့ လူလိမ်ပါတ်ကား ၂ ယောက်တစ်ယောက်ကိုတစ်ယောက် ချစ်သွားကြတဲ့အခါမှာတော့...သူတို့ရဲ့မစ်ရှင်တွေအောင်မြင်ပါ့မလားဆိုတာ.......။သရုပ်ဆောင် ၂ ယောက်ရဲ့ အက်တင်ကောင်းကောင်းနဲ့ ဇာတ်လမ်းရဲ့လှည့်ကွက်တွေကို ရှုစားရမှာပါ။IMDb Rating (6.6) ရရှိထားပါတယ်။ File size…(4.5 GB)/(1.4 GB)/(700 MB) Quality….WEB-DL 4K HEVC /1080p/720p Format…mkv/mp4 Duration….01:44:41 Subtitle….Myanmar Subtitle (Hardsub) Encoder….Nyeinsaeya Aung Translated by Mr.Anderson
movie

Focus (2015)

2015
4K HEVC Web-DL