Channel Myanmar

Nigel Lindsay

Dead in a Week Or Your Money Back (2018) 6.3
Dead in a Week Or Your Money Back (2018) Dead in a Week Or Your Money Back (2018)~ IMDb - 6.3/10, Rotten Tomatoes - 52% ~အဓိက ဇာတ်ကောင်ဖြစ်တဲ့ ဝီလျံ ဆိုတာကတော့ အချိန်တိုင်း စိတ်ဓာတ်ကျနေတဲ့ ‌စာရေး၀ါသနာပါသူ ဒီပရက်ရှင်ကောင်ဆိုးလေးပါ။ စိတ်ဓာတ်ကျလွန်းလို့ ကိုယ့်ကိုယ်ကိုယ် အဆုံးစီရင်တာလည်း ခဏခဏပါပဲ။ လောကကြီးမှာ အသုံးမကျဘူး လို့ ကိုယ့်ကိုယ်ကိုယ် မြင်လို့ အဆုံးစီရင်ကာမှ အဆုံးစီရင်တဲ့နေရာမှာပါ အသုံးမကျလို့ ဆယ်ခါတိတိ ကိုယ့်ကိုယ်ကိုယ် သေကြောင်းကြံစည်တာတောင် မအောင်မြင်ခဲ့ပါဘူး။ ကားတိုက်မိတာတောင် တိုက်တဲ့ကားက အရေးပေါ်ကား ဖြစ်နေမိတတ်တာမျိုးပါ။ဒီလောက်တောင် အသုံးမကျရကောင်းလားဆိုပြီး စိတ်ဆင်းရဲနေတဲ့အချိန်မှာ ရေငတ်တုန်း ရေတွင်းထဲကျတဲ့အလား ဝီလျံတစ်ယောက် လူသတ်၀န်ဆောင်မှုပေးတဲ့ လုပ်ကြံရေးသမား အဘိုးကြီး လက်စ်လေ နဲ့ တွေ့ပြီး သူ့ကို သတ်ပေးဖို့ ငှားပါတော့တယ်။ဒီအချိန်မှာပဲ သူရေးတဲ့စာအုပ်လေးကို စိတ်၀င်စားလို့ ...
movie

Dead in a Week Or Your Money Back (2018)

2018
Scoop (2006) 6.6
Scoop (2006) Scoop (2006)မင်းသားကြီး Hugh Jackman နဲ့ မင်းသမီး Scarlett Johansson တို့ တွဲဖက်သရုပ်ဆောင်ထားတဲ့ Crime Fantasy ကားလေးပါပဲ။ Hugh Jackmanရဲ့ ငယ်ရွယ်ခံညားမှုနဲ့အတူ Scarlett Johanssonရဲ့ မျက်မှန်လေးနဲ့ ကျောင်းသူပုံစံယဥ်ယဥ်လေးကို မြင်တွေ့ရမှာပါ။သူတို့နှစ်ယောက်ကြားဆက်သွယ်ချက်က ဘယ်လိုလဲဆိုတော့ မင်းသားက တော်ဝင်မျိုးနွယ်၊ ကျိကျိတက် ချမ်းသာတဲ့၊ ဂုဏ်သတင်းမွှေးတဲ့ နိုင်ငံရေးသမား ... မင်းသမီးကတော့ သတင်းစာပိုင်းအထူးပြုကျောင်းသူလေး ...ကံစပ်ချင်တော့ သေဆုံးပြီးသား ဝိညာဥ်တစ်ယောက်က မင်းသမီးကို ကွင်းဆက်လူသတ်သမားတစ်ယောက်အကြောင်း သတင်းလာပေးပါတယ်။ ဝိညာဥ်ကလာပြောတာဆိုတော့ ယုံရခက်ခက်ပေါ့။ သတင်းကလည်း လူရည်မွန်လေးဖြစ်တဲ့ မင်းသားကိုမှ လူသတ်သမားတဲ့။မင်းသမီးကလည်း သတင်းထောက်ဖြစ်ချင်သူပီပီ ဒီအကြောင်းကို အသွင်ယူစုံးစမ်းဖို့ မင်းသားနား ချဥ်းကပ်ရင်းက...တရားခံနဲ့မှ ချစ်မိသွားတဲ့ Scarlett Johanssonလေးရဲ့ သရုပ်ဆောင်ပုံကို တဝကြီးမြင်တွေ့ရမှာပါ။ ငယ်ရွယ်သူအချစ်က တကယ်မျက်ကန်းနိုင်ပါတယ်။ သို့ပေမဲ့ ချမ်းသာပြီး တော်ဝင်မျိုးနွယ် ဂုဏ်သရေရှိတဲ့ လူချောလေး Hugh Jackman ...
movie

Scoop (2006)

Six Minutes to Midnight (2020) 5.4
Six Minutes to Midnight (2020) Six Minutes to Midnight (2020) *********************************အခုလောလောလတ်လတ် ၂၀၂၀မှာထွက်ထားတဲ့ ဒုတိယကမ္ဘာစစ်ကြိုကာလအတွင်းက ဇာတ်ကားလေးတစ်ခုကို မိတ်ဆက်ပေးချင်ပါတယ်...သိကြတဲ့အတိုင်း World War II ဟာ ဂျာမနီက နာဇီခေါင်းဆောင် ဟစ်တလာရဲ့ စစ်မီးပွား စတင်လောင်ကျွမ်း ရာကနေစတင်ခဲ့တာပါ...ဒီစစ်ပွဲမတိုင်ခင်ကတည်းက အင်္ဂလန်ရဲ့တောင်ဘက်ကမ်းရိုးတန်း ဘက်စ်ဟေးမြို့မှာ အထက်တန်းလွှာတွေရဲ့သမီးပျိုတွေကို သီးသန့်သင်ပေးတဲ့ အော်ဂတ်စတာဗစ်တိုးရီးယား မိန်းကလေးကျောင်းရှိပါတယ်...ဒီကျောင်းကြီးကို ဂျာမနီရဲ့နောက်ဆုံးဧကရာဇ်ဘုရင်မကြီးက တည်ထောင်ခဲ့တာပါ အဲ့ကျောင်းမှာ ဂျာမန်နာဇီပါတီရဲ့အရာရှိကြီးတွေရဲ့သမီးပျိုတွေလည်း တက်ကြပါတယ်....အင်္ဂလိပ်လူမျိုး သောမတ်မေလာတစ်ယောက် အဲဒီဂျာမနီကျောင်းကြီးကို အင်္ဂလိပ်စာဆရာအနေနဲ့ ရောက်လာတဲ့အခါမှာတော့.....ဘာတွေဆက်ဖြစ်ကြမလဲ?? ဘာကြောင့်ရောက်လာရတာလဲ??ဒီဇာတ်ကားရဲ့နာမည်ကိုက “Six Minutes to Midnight”  သန်းခေါင်ယံရောက်ဖို့၆မိနစ်အလိုတဲ့ World War II မစခင် ၁၇ရက်အလို ၁၉၃၉ ဩဂုတ် ၁၅ ကစပြီး အခြေခံရိုက်ကူးထားတာပါစစ်ကားလိုမျိုးမဟုတ်ပေမယ့် ရသတစ်ခုခုတော့ပေးစွမ်းနိုင်မယ်ထင်ပါတယ်... ခံစားကြည့်ရှူကြပါဦး File Size : (1.6 GB) and (931 MB) Quality : BluRay 1080p Format…mp4 Duration…1h ...
movie

Six Minutes to Midnight (2020)

2021