Channel Myanmar

Niilo Syväoja

Priest of Evil (2010) 5.8
Priest of Evil (2010)  ဒီတစ်ခါမှာတော့ CM ပရိသတ်ကြီးတို့ကို သည်းထိတ်ရင်ဖို့ကြည့်ရှုရမယ့် ဇာတ်ကားတစ်ကားနဲ့ မိတ်ဆက်ပေးချင်ပါတယ်။ဇာတ်ကားနာမည်ကတော့ Priest of Evil ဖြစ်ပါတယ်။ ဇာတ်လမ်းအကျဉ်းကို ပြောပြရမယ်ဆိုရင်တော့ တီမိုကရဲတစ်ယောက်ပါ။ ဘဝကို မိသားစုနဲ့အတူ ပျော်ရွှင်စွာဖြတ်သန်းနေသူဆိုလည်း ဟုတ်ပါတယ်။ တစ်နေ့မှာတော့သမီးဖြစ်သူ အယ်မီက သူငယ်ချင်းတွေနဲ့အတူ အပြင်သွားဖို့လုပ်ခဲ့တယ်။ အဖေဖြစ်တဲ့ တီမိုက တာဝန်ချိန်ပြီးတဲ့အခါမှာ သွားကြိုပေမဲ့ ကံမကောင်းစွာပဲ အယ်မီဟာသေဆုံးသွားခဲ့ရပါတယ်။ အဲဒီအချိန်ကစပြီးတော့မိန်းမဖြစ်သူနဲ့ ကတောက်ကဆဖြစ်ပြီး အိမ်ထောင်ရေးမသာယာခဲ့တော့ပါဘူး။ ဒါ့အပြင် တရားခံကိုလည်း ရှာမတွေ့ခဲ့ပါဘူး။ နှစ်အနည်းငယ်ကြာပြီးနောက်မှာ မြေအောက်ရထားလူသေမှုတစ်ခု ဖြစ်ပေါ်ခဲ့ပါတယ်။ တီမိုတို့အဖွဲ့က အဲဒီအမှုကိုလိုက်ရတာပါ။ အဲဒီအမှုလိုက်ရင်းနဲ့မှ အရင်က ကိုယ့်ကိုယ်ကိုယ်အဆုံးစီရင်မှုလို့ သတ်မှတ်ထားတဲ့ အမှုဟောင်းတွေနဲ့ သွားချိတ်ဆက်နေခဲ့တာကို သိခဲ့ရတယ်။ နောက်ဆုံးမှာတော့ ဒီအမှုဟာထင်သလောက်မရိုးရှင်းပဲ ကွင်းဆက်လူသတ်သမားဖြစ်နိုင်တယ်လို့ကောက်ချက်ချခဲ့တယ်။ အဲဒီလိုကနေ သမီးဖြစ်သူ သေဆုံးခဲ့တဲ့အမှုနဲ့ နွှယ်နေတာကို တွေ့ခဲ့ရပါတယ်။ ကဲ…ဒီလိုဆိုရင် တီမိုက အဲဒီလူသတ်သမားက ဘယ်သူလဲဆိုတာဖော်ထုတ်နိုင်မလား၊  ဘယ်လိုဖော်ထုတ်သွားမလဲ၊အဲဒီလူသတ်သမားက တကယ်ပဲ သူ့သမီးရဲ့ သေဆုံးမှုနဲ့ဆက်နွှယ်နေသူလား၊ သူက ပြစ်မှုတွေကို ...
movie

Priest of Evil (2010)