Channel Myanmar

Nikko Natividad

Para Kang Papa Mo (2023) 6
Para Kang Papa Mo (2023) Para Kang Papa Mo (2023) ဖေဖေ့မေတ္တာမေတ္တာဆိုတာအစုန်ပဲရှိတယ် အဆန်မရှိဘူးလို့ ပြောစကားရှိတာ သိကြမှာပါ ဒီကားထဲမှာလည်း သားသမီးအပေါ်ဖြည့်ဆည်းချင်တဲ့ ဖခင်တစ်ယောက်ရဲ့မေတ္တာကိုမြင်ရမှာဖြစ်ပါတယ်။အန်တွန်၊ရစ်နဲ့ ဂျို့စ်တို့ဟာ လူငယ်အကသမားတွေပါ။ တစ်နေ့ပြိုင်ပွဲမပြိုင်ခင် သူတို့ရဲ့ရည်းစားသုံးယောက်လုံးက ကိုယ်ဝန်ရှိနေတယ်လို့ တစ်ပြိုင်နက်ပြောလာခဲ့တယ်။ ဒီလိုနဲ့ ပြိုင်ပွဲတွေပြိုင်နေရင်း ရုတ်တရက်ကြီးရဲတွေလိုက်ဖမ်းတဲ့အခါ အန်တွန်တစ်ယောက်အဖမ်းခံလိုက်ရတော့တယ်။အန်တွန်အဖမ်းခံရတာကသာမန်အမှုမဟုတ်ဘဲ ဆေးမှုဖြစ်နေတဲ့အခါ ထောင်ဒဏ်ကိုနှစ်ရှည်လများ ကျခံရဖို့ဖြစ်လာပါတော့တယ်။ ဒါ့အပြင် သူတို့သူငယ်ချင်းသုံးယောက်လုံးရဲ့ ရည်းစားတွေက ရလာတဲ့ကလေးကို သူတို့ရဲ့ခေါင်းကိုင်အမေဆီ ပစ်ထားခဲ့တဲ့အခါ ကလေးသုံးယောက်လုံးစရိတ်ကို ထောင်ထဲကအန်တွန်က ကျခံရတော့တယ်။ ထောင်ထဲမှာရိုးသားကြိုးစားနေခဲ့တဲ့ အန်တွန်ဟာ ထောင်နှစ်ရှည်ကျပြီး လွတ်လို့ကလေးတွေနဲ့ တွေ့တဲ့အခါ သူထင်ထားသလို ဖြစ်မနေခဲ့ပါဘူး။အခက်အခဲတွေကြားမှာ သားသမီးတွေရှေ့ကနေဘယ်လိုရပ်တည်မလဲ ဆိုတဲ့အဖေတစ်ယောက်ရဲ့ဘဝကို ဟာသလေးတွေရောပြီး ကြည့်ရှုရမှာဖြစ်ပါတယ်(အညွှန်းနဲ့ဘာသာပြန်ကတော့ CM Team ဖြစ်ပါတယ်) File size…1.24GB/ 624MB Quality…WEB DL 1080p / 720p Format…mp4 Duration….2h Subtitle….Myanmar Subtitle (Hard Sub) Encoder….YK Translated by CM Team 
movie

Para Kang Papa Mo (2023)

Instant Daddy (2023) 7.5
Instant Daddy (2023) Instant Daddy (2023)မိခင်မရှိဘဲ ခက်ခက်ခဲခဲနဲ့ ကြီးပြင်းလာတဲ့ ဗယ်တစ်ယောက် မိခင်ကစွန့်ပစ်ခဲ့မှန်း သိသွားတဲ့အခါ သူ့ဘဝရဲ့ နောက်ဆက်တွဲဆုံးဖြတ်ချက်တွေ ဘယ်လိုပြောင်းလဲသွားမလဲ။အရွယ်ရောက်လာတဲ့အခါ ဘဝကိုထူထောင်ဖို့ကြိုးစားနေရင်း ဘဝထဲကို ရုတ်တရက် သမီးလေးတစ်ယောက် ရောက်လာတဲ့အခါ မိသားစုဘဝမှာ မပြည့်စုံခဲ့တဲ့သူတွေက ဘယ်လောက်ကျင်နာပြီး ဂရုစိုက်ပေးတတ်သလဲ ဆိုတာမြင်တွေ့ရမယ့် ပညာပေးဇာတ်လမ်းလေးဖြစ်ပါတယ်။ဖခင်မေတ္တာကို အပြည့်အဝ မြင်တွေ့ရမယ့်ဒီပညာပေးဇာတ်ကားလေးမှာ ဗယ်နဲ့ မီရာတို့ရဲ့ သားအဖနှစ်ယောက်ကြား ကြည်နူးဖွယ်ဘဝလေးကို ကြည့်ရှုကြရမှာဖြစ်ပါတယ်အညွှန်း နဲ့ ဘာသာပြန်ကတော့ Robin ပဲ ဖြစ်ပါတယ်။Genre..... Comedy, Drama Quality…. 1080p | 720p File size… 1.2GB | 695MB Format… mp4 Duration…. 1h Subtitle…. Myanmar Subtitle (Hardsub) Translator ..... Robin Encoder ..... Aaron
movie

Instant Daddy (2023)

Kidnap For Romance (2023) 7.1
Kidnap For Romance (2023) Kidnap for Romance (2023) IMDb - 7.1/10ပေါ့ပေါ့ပါးပါးနဲ့ စိတ်အပန်းဖြေစရာ အချစ်၊ ဟာသဖိလစ်ပိုင်ကားလေးကို တင်ဆက်ပေးလိုက်ပါတယ်။ဖရက်ဒ်ဆိုတာ ဖိလစ်ပိုင်ရဲ့အချမ်းသားဆုံးသူဌေးကြီးတွေထဲက တစ်ဦးရဲ့ မြေး။ သူသိတာပါတီပေးဖို့နဲ့ မိန်းမပွေဖို့။ တစ်ရက် အဘိုးဖြစ်သူက အိမ်ထောင်ပြုဖို့ပြောပြီး သူနောက်ဆုံးတွဲမဲ့မိန်းကလေးကို အတည်ယူဖို့နဲ့ မယူဘူးဆိုရင် သုံးစရာတစ်ပြားမှာ မပေးတဲ့အပြင် အဆောင်အယောင်တွေအကုန်ပြန်သိမ်းမယ်လို့ အမိန့်ထုတ်ပါတော့တယ်။အယ်လီနာကကျ ဘ၀ကို ခက်ခက်ခဲခဲရုံးကန်နေရတဲ့ မိန်းမပျိုလေးတစ်ဦး။ မိခင်ဆေးစရိတ်အတွက် ကြုံတဲ့အလုပ်ကိုဝင်လုပ်ရင်း အဖေနဲ့မောင်ဖြစ်သူ ရှာတဲ့ဒုက္ခတွေကိုပါ လိုက်ဖြေရှင်းနေရသူ။ တစ်ရက်တော့ သူဌေးမြေးဖြစ်တဲ့ ဖရက်ဒ်ကို ပြန်ပေးဆွဲဖို့အစီအစဉ်ထဲမှာ ကြံရာပါဖြစ်လာပါတော့တယ်။ဒီလိုကနေ သူတို့နှစ်ဦး ဘယ်လိုအလွဲလွဲ အကွဲကွဲတွေနဲ့ ဘယ်စခန်းဆက်ကြမလဲဆိုတာ ကြည့်ရှုခံစားကြပါဦးဗျ။(အညွှန်းနဲ့ဘာသာပြန်ကတော့ aungmo3han ဖြစ်ပါတယ်)Genre..... Drama Quality…. 1080p | 720p File size… 1.2GB | 679MB Format… mp4 Duration…. 50min Subtitle…. Myanmar Subtitle (Hardsub) Translator ..... aungmo3han Encoder ..... Aaron
movie

Kidnap For Romance (2023)

Working Boys 2: Choose Your Papa (2023)
Working Boys 2: Choose Your Papa (2023) Working Boys 2 : Meet Your Papa (2023)အလုပ်တက်နေရတဲ့ ငြီးငွေ့ဖွယ်ကောင်းတဲ့အလုပ်ဖွင့်ရက်မှာ ပင်ပန်းသမျှဖြေဖျောက်နိုင်မယ့် အခွီတစ်လိုင်းကားလေးဖြစ်တဲ့ Working Boys 2ဆိုတဲ့ ဖိလစ်ပိုင်ရုပ်ရှင်လေးကို တင်ဆက်ပေးလိုက်ပါပြီ။ ဖိလစ်ပိုင်ဆိုပေမဲ့ ဒရာမာတွေလျှော့ထားပြီး ဟာသဘက်ကိုပိုထားတာဆိုတော့ ပေါ့ပေါ့ပါးပါးကြည့်ချင်သူတွေလည်း အဆင်ပြေပါကြောင်း။ပျင်းတာမှ ပျင်းပါတယ်ဆိုတဲ့သူကပါ အဘခေါ်ရလောက်အောင် သွားတိုက်ဖို့တောင်ပျင်းနေလို့ အမြဲခံတွင်းအနံ့ဆိုးနေတဲ့ ဘုရားစူးညစ်ပတ်အိုးလေး ဒရာမာကင်းဘီဘွိုင်း ရင်သားကြီးနေတဲ့အစ်ကိုကို ဆေးကုပေးချင်ပေမဲ့ ပိုက်ဆံမရှိလို့ ရရာအလုပ်ကို အရလုပ်မယ့် အလုပ်သရဲလေး မက်ကွိုင်း အစ်ကိုအိမ်မှာ အလုပ်မလုပ် ခိုကပ်စားသောက်ရေသာခိုအချောင်လိုက်နေလို့ မရီးဖြစ်သူရဲ့အမြဲဆဲဆိုခံနေရတဲ့ အချောင်နေအချောင်စား ရွိုင် အသက်ကြီးနေပြီဖြစ်တဲ့ အဘိုးနဲ့အဘွားကို ပြန်လုပ်ကျွေးချင်လို့ အလုပ်ရှာချင်တဲ့ မြေးလိမ္မာလေး မက်စ် ချမ်းသာပေမဲ့ ကိုယ့်အားကိုယ်ကိုးချင်တဲ့ မာမားဘွိုင်းလေးဖြစ်တဲ့ ဘီဂျေ ဒီလူလေးယောက် အလုပ်ရှာရင်းနဲ့ ဆန္ဒပြပွဲမှာ ရုန့်ရင်းဆန်ခတ်မှုထဲပါသွားပြီး အချုပ်ခန်းထဲမှာ ဖူးစာဆုံကြတဲ့အခါ... စခန်းကအရာရှိကြီးကို ဟင်းလာပို့တဲ့ သူတို့အားလုံးနဲ့ ဆွေနီးမျိုးစပ်တော်တဲ့ ဦးလေးပါပီတို့လင်မယားနဲ့ တွေ့ရပြီးတော့ ဦးလေးကောင်းမှုနဲ့ အချုပ်ကလွတ်ပြီး သဘောကောင်းတဲ့ဦးလေးအိမ်မှာ ဦးလေးရဲ့မွေးစားသားဖြစ်တဲ့ အားလုံးက ဇွတ်ကျားလေး လို့ထင်နေတဲ့ နီကီနဲ့အတူနေရဖို့ ဖြစ်လာပါတော့တယ်။ဒီလိုနဲ့ ထူးဆန်းတဲ့အကျင့်စရိုက်ကိုယ်စီနဲ့ ...
movie

Working Boys 2: Choose Your Papa (2023)

[19+]Salamat Daks(2023) 6.7
[19+]Salamat Daks(2023) [19+]Salamat Daks(2023)***********************အိပ်ရာခန်းအမိုက်စားတွေ လွန်စွာများပြားလွန်းသဖြင့် မိသားစုနဲ့အတူမကြည့်သင့်ပါ... မာရီကာ ဆိုတဲ့အသက်ငါးဆယ်အရွယ်အမျိုးသမီးကြီးဟာ သူ့ဘဝတစ်လျှောက်လုံးမိခင်ဖြစ်သူကိုပြုစုစောင့်ရှောက်ရင်းကုန်ဆုံးခဲ့ရပြီး သူ့မိခင်ဆုံးပါးသွားတဲ့နောက်မှာတော့ အဓိပ္ပါယ်မဲ့လမ်းပျောက်သွားသလိုအထီးကျန်စိတ်ဓာတ်ကျနေရပါတယ်။သူငယ်ချင်းဖြစ်သူရဲ့ အားပေးမှုနဲ့ပျော်စရာ စိတ်တက်ကြွစရာတွေကိုရှာဖွေရင်းသူ့ဘဝရဲ့အဓိပ္ပါယ်သစ်လေးတစ်ခုအဖြစ်တွေ့ရှိခဲ့ရတာကတော့ တစ်တော့ဆယ်လီ မစ်ကိုဆိုတဲ့လူငယ်လေးတစ်ယောက်ပါပဲ။ တကယ်တမ်း မစ်ကိုဘဝထဲဝင်တိုးဖို့ကတော့ အသက်အရွယ်ကွာခြားလွန်းတဲ့အတွက်ကြံရာမရဖြစ်နေရင်းက ကြေငြာကောင်းတဲ့ ပလက်စတစ်ဆာဂျရီဆေးခန်းတစ်ခုကိုတွေ့ခဲ့မိပါတယ်။အဲ့ဒီမှာပဲ အရူးအမူးဖြစ်နေတဲ့ မာရီကာဟာရှိသမျှစည်းစိမ်တွေပုံအောပြီး သူ့ထက်အသက်ထက်ဝက်လောက်ငယ်ရွယ်တဲ့ တက်သစ်စမင်းသမီးလေးအယန်နာမီဆိုလာနဲ့တူအောင်အသွင်ပြောင်းလိုက်ပါတော့တယ်။ ဒီလိုပဲ သူတွက်ဆမိတဲ့အတိုင်းပြောင်းယူထားတဲ့အသွင်သစ်နဲ့ မစ်ကိုရဲ့အချစ်ကိုလည်းရရှိခဲ့ပြီးမိုးမမြင်လေမမြင်ဖြစ်နေခဲ့တဲ့နောက်မှာတော့..။ သူ့ရဲ့အိမ်မက်လေး ဘယ်လောက်အထိတည်မြဲနိုင်မလဲ?အသက်ချင်းကွာခြားလွန်းတဲ့ လူငယ်လေးမစ်ကိုရဲ့အလိုဆန္ဒတွေကို စိတ်သွားတိုင်းကိုယ်ပါနိုင်ပါ့မလား? မုသားနဲ့စခဲ့တဲ့ အချစ်တစ်ခုဟာ အစစ်အမှန်ဖြစ်နိုင်ပါ့မလား? ဆက်လက်ရှုစားကြပါ။ Vivamax မင်းသမီးချောလေး ayanna misola (Bugso,Bula)ကိုယ်တိုင်ကပဲ ayanna misola /carrie အဖြစ်ခေါင်းဆောင်ပါဝင်ထားပါတယ်။    File Size :(1.4GB) and (685MB) Quality : WEB-DL1080P,720p Format…mp4 Duration…01:31:00 Genre : Adult , Drama Subtitle : Myanmar Subtitle (Hard Sub) Translated by sd Encoded by ds 
movie

[19+]Salamat Daks(2023)