Channel Myanmar

Niko Foster

Due Justice (2023)
Due Justice (2023)  အက်ရှင်ဇာတ်ကားလေးတစ်ခုနဲ့မိတ်ဆက်ပေးချင်ပါတယ်။မက်စ်က ရေတပ်ကနေထွက်ပြီး အိမ်ခြံမြေရှေ့နေအဖြစ်လုပ်ကိုင်နေသူတစ်ဦးပါ။ တစ်ရက်မှာတော့ မက်စ်ဟာ မထင်မှတ်ဘဲ လူကုန်ကူးတဲ့ဂိုဏ်းတစ်ခုရဲ့ကိစ္စထဲကို ၀င်ပါမိသွားတဲ့အခါမှာတော့ မက်စ်ရဲ့ မိသားစုဟာ ရက်ရက်စက်စက်အသတ်ခံလိုက်ရပါတယ်။ ဒီလိုနဲ့မက်စ်တစ်ယောက် ဒီလူသတ်မှုနောက်ကွယ်ကတရားခံတွေကို ရှာဖွေပြီး သူ့မိသားစုအတွက် တရားမျှတမှုကိုပြန်ယူပေးဖို့အတွက် ကြိုးစားရာကနေ စီအိုင်အေနဲ့ တခြားမှောင်ခိုစီးပွားရေးလုပ်ငန်းရှင်တွေကပါ ပါ၀င်ပတ်သက်လာတဲ့နောက်မှာတော့...မက်စ်ရဲ့မိသားစုက ဘာကိစ္စအကြောင်းမဲ့သတ်ခံလိုက်ရတာလဲ၊ သတ်ဖြတ်ခဲ့တဲ့သူတွေကရော ဘာအကြောင်းပြချက်တွေကြောင့်သတ်ခဲ့တာလဲ၊ မက်စ်နဲ့အတူ ဒီလူဆိုးဂိုဏ်းတွေကိုရော တခြားဘယ်သူတွေက လိုက်လံစုံစမ်းနှိမ်နင်းဦးမလဲ၊ မက်စ်တစ်ယောက် နောက်ဆုံးမှာ သူ့မိသားစုကိုရက်ရက်စက်စက်သတ်ဖြတ်ခဲ့တဲ့သူတွေကို လက်စားချေနိုင်သွားမလားဆိုတာကိုတော့ ဆက်လက်ကြည့်ရှုခံစားလိုက်ကြပါဦး။ File size…(1.2 GB)/(600 Mb) Quality….Webrip 1080p / 720p Format…mp4 Duration….01:37:00 Genre... Action, Crime, Drama Subtitle….Myanmar Subtitle (Hardsub) Encoder….Garfield Translated by Steven Khant
movie

Due Justice (2023)

MR-9: Do or Die (2023) 5.5
MR-9: Do or Die (2023)  MR9 Do or Die ဇာတ်ကားဟာ 2023 ခုနှစ်မှာ ထွက်ရှိခဲ့တဲ့အမေရိကန်-ဘင်္ဂလားဒေ့ရှ် သူလျှိုအက်ရှင် သည်းထိတ်ရင်ဖိုဇာတ်လမ်းကောင်းတခုဖြစ်ပြီး ဒါရိုက်တာ Asif Akbar ကရိုက်ကူးထားတာဖြစ်ပါတယ်။ဒီရုပ်ရှင်ဟာ ၁၉၆၆ ခုနှစ်က ထွက်ရှိခဲ့တဲ့ ဘင်္ဂလားဒေ့ရှ်စာရေးဆရာ Qazi Anwar Hussain ရဲ့ ဝတ္ထုဖြစ်တဲ့Dhongsho Pahar ကို အခြေခံထားထားဖြစ်ပြီး မင်းသားABM Sumon က MR9 ဆိုတဲ့ သူလျှို Masud Ranaနေရာကနေ အဓိကပါဝင်သရုပ်ဆောင်ထားတာဖြစ်ပါတယ်။R&R စက်ရုပ်ကုမ္ပဏီက ဘီလျံနာ ညီအကိုနှစ်ဦးဟာနည်းပညာကိုအသုံးချပြီး ညီဖြစ်သူရဲ့ အမြင်အာရုံကိုအကောင်းအတိုင်းဖြစ်အောင် စွမ်းဆောင်နိုင်ခဲ့တဲ့အခါနည်းပညာမြင့် တိုက်ခိုက်ရေးပစ္စည်းတွေကို ကမ္ဘာအနှံ့ဖြန်ချိတင်သွင်းဖို့ ကြံစည်ခဲ့ပါတော့တယ်။လူမြင်ကောင်းအောင် နည်းပညာကုမ္ပဏီကြီးကို ဗန်းပြပြီးကန့်လန့်ကာနောက်ကွယ်မှာတော့ ပါဘလို အက်စ်ကိုးဘားလိုမြေအောက်ဒုစရိုက်မှုတွေကို တသီတတန်းကြီး ‌လုပ်ဆောင်တော့တဲ့ ဘီလျံနာညီအကိုနှစ်ဦးကို MR9 ဆိုတဲ့ထိပ်သီးဘင်္ဂလားဒေ့ရှ် သူလျှိုတဦးဟာ CIA နှင့် ပူးပေါင်းပြီးနိုင်ငံတကာ ရာဇ၀တ်မှုအဖွဲ့အစည်းကို ဘယ်လိုဖြိုခွင်းသွားမလဲဆိုတာအက်ရှင်ဇာတ်ဝင်ခန်းတွေနဲ့အတူ သည်းထိတ်ရင်ဖိုစောင့်ကြည့်ကြရမှာဖြစ်ပါတယ်။   File ...
movie

MR-9: Do or Die (2023)

Ruthless (2023)
Ruthless (2023) ဒီ Action, Thriller ရုပ်ရှင်ကားဟာ အထက်တန်းကျောင်း နပန်းနည်းပြတစ်ယောက်ရဲ့ အကြောင်းပါ။Harry Sumnerက နပန်းနည်းပြ လုပ်ရင်း ဘဝကို ရိုးရှင်းစွာ ဖြတ်သန်းနေသူပါ။ သူက အိုလံပစ် အားကစားသမားလည်း ဖြစ်ခဲ့ဖူးတဲ့အတွက် အားလည်း အရမ်းသန်ပါတယ်။ တစ်ရက် ရုပ်ရှင်သွားကြည့်ပြီး အပြန်မှာ ဖုန်းတစ်call ဝင်လာပါတယ်။ သူ့သမီးရဲ့ ဖုန်းကနေ စုံထောက်တစ်ယောက် ဆက်လာပြီး သမီးဖြစ်သူဟာ မုဒိန်းကျင့်ပြီး အသတ်ခံလိုက်ရကြောင်း ပြောလာပါတယ်။ကျူးလွန်သူကို ဖမ်းပြီး ထောင်ချခဲ့ပေမယ့် Harryက သူ့သမီး ဖြစ်ရပ်အပြီး လေးနှစ်အကြာမှာ ခေါင်းမာပြီး ဆတ်ဆတ်ထိမခံတဲ့ ကျောင်းသူလေး Catia နဲ့ ဆုံပါတယ်။ Catia က Harryရဲ့ အတန်းမှာ နပန်းသင်နေတဲ့ ကလေးမလေးပါ။ ပထွေးဆီကနေ အိမ်တွင်း အကြမ်းဖက်မှု ခံနေရတဲ့ Catia လေးကို နည်းပြ Harryက သနားပြီး စောင့်ရှောက်ပေးခဲ့ပါတယ်။ဒီလိုနဲ့ ...
movie

Ruthless (2023)

I Am Rage (2023)
I Am Rage (2023) ၂၀၂၃ မှာထွက်ရှိခဲ့သော သဲထိတ်ရင်ဖို/ action ဇာတ်လမ်းလေးတစ်ခုပဲဖြစ်ပါတယ်၊ ဇာတ်ညွှန်းရေးဆရာကတော့ ၂၀၂၀ခုနှစ်မှာထွက်ရှိလာတဲ့ Army Of One ကိုရေးသားပေးခဲ့တဲ့ ဇာတ်ညွှန်းဆရာလည်းဖြစ်ပါတယ်၊ Director David Ryan Keith ကတော့ ဒီသည်းထိပ်ရင်ဖို ဇာတ်လမ်းလေးကို ဦးစီးပြီးတော့ပုံဖော်ပြသခဲ့ပါတယ် ဒီကားထဲမှာ Main Character "Erin Bradley" အနေနဲ့သရုပ်ဆောင်ခဲ့တဲ့ မင်းသမီး Hannaj Bang Bendz ကတော့ သရုပ်ဆာင်တာတင်မကပဲ စာရေးဆရာ၊ တည်းဖြတ်ဒါရိုက်တာအနေနဲ့လည်း ရုပ်ရှင်တချို့မှာပါဝင်လုပ်ဆောင်ခဲ့ပါတယ် ဇာတ်လမ်းအညွှန်း Erin Bradley ကတစ်နေ့ သူ့ကောင်လေးရဲ့မိဘအိမ်ကို ခရီးသွားခဏနေရင်းနဲ့ သူ့မိသားစုသရုပ်မှန်ကိုသိရှိခဲ့တဲ့အချိန်မှာ မိသားစုတစ်စုလုံးက လူတွေရဲ့သွေးတွေကိုထုတ်ကုန်အဖြစ်ရောင်းချနေသော အဖွဲ့စည်းတစ်ခုဖြစ်နေတယ်၊ သူတို့မိသားစုကErinကိုမြင်တွေ့နေရတာကကော သူ့ရဲ့တကယ့် သရုပ်မှန်လား, ဒီဇာတ်လမ်းထဲမှာတော့ Erin အနေနဲ့ဘယ်လို အန္တရာယ်တွေနဲ့ ထိပ်တိုက်တွေ့ရမလဲကို မြင်တွေ့ကြည့်ရှုခံစားရမှာပါ File size…(1.3 GB)/(684 MB) Quality….Webrip 1080p / 720p Format…mp4 Duration….01:29:00 Genre...Action, ...
movie

I Am Rage (2023)