Channel Myanmar

Nikolaj Lie Kaas

The Whistleblower (2010) 7.1
The Whistleblower (2010)  ၂၀၁၀ ပြည့်နှစ်ကထွက်ရှိခဲ့တဲ့ ကနေဒါမှတ်တမ်းရုပ်ရှင်ဒရမ်မာအမျိုးအစားဖြစ်တဲ့ The Whistle Blower ကို ဒါရိုက်တာLarysa Kondracki က ရိုက်ကူးပေးထားပြီး မင်းသမီး RachelWeisz က အဓိကပါဝင်သရုပ်ဆောင်ထားပါတယ်။၁၉၉၉ ခုနှစ်က ဘော့စနီးယားမှာ စစ်ပွဲလွန်ကာလအတွင်းDynCrop International အတွက် ကုလသမဂ္ဂငြိမ်းချမ်းရေးစောင့်ရှောက်သူအဖြစ်တာဝန်ထမ်းဆောင်ခဲ့တဲ့ အမေရိကန်ရဲအရာရှိအမျိုးသမီး Kathryn Bolkovac ရဲ့ဖြစ်ရပ်မှန်ဇာတ်လမ်းကိုအခြေခံရိုက်ကူးထားတာပါ။ဒီရုပ်ရှင်ထွက်ရှိလာပြီးတဲ့နောက် အဲဒီအချိန်က ကုလသမဂ္ဂအထွေထွေအတွင်းရေးမှူးချုပ်ဖြစ်တဲ့ဘန်ကီမွန်းက လူကုန်ကူးခြင်းနဲ့ပြည့်တန်ဆာအဖြစ်အဓမ္မခိုင်းစေခြင်းတို့အပါအဝင် အမျိုးသမီးနဲ့ကလေးငယ်တွေကိုလိင်ပိုင်းဆိုင်ရာအမြတ်ထုတ်မှုတွေကိုတိုက်ဖျက်ရေးအတွက် အဖွဲ့အစည်းရဲ့ကြိုးပမ်းအားထုတ်မှုတွေနဲ့ပတ်သက်ပြီး ဆွေးနွေးပွဲတစ်ရပ်ခေါ်ယူခဲ့ရတဲ့အထိ ဖြစ်ခဲ့ပါတယ်။ ဇာတ်လမ်းအကျဉ်း***************အမေရိကန်ရဲအရာရှိတစ်ယောက်ဖြစ်တဲ့ကတ်သီဟာဒီမိုကရာလို့ခေါ်တဲ့ပုဂ္ဂလိကကန်ထရိုက်တာအတွက်ကုလသမဂ္ဂနိုင်ငံတကာရဲတပ်ဖွဲ့နဲ့အတူ ဘော့စနီးယားမှာတာဝန်ထမ်းဆောင်ဖို့ကမ်းလှမ်းချက်ကိုလက်ခံခဲ့ပါတယ်။ဘော့စနီးယားကို ကတ်သီရောက်လာချိန်မှာတော့လိင်ပိုင်းဆိုင်ရာခေါင်းပုံဖြတ်နေတဲ့ ဒေသခံလူကုန်ကူးမှုအဖွဲ့တစ်ခုနဲ့ ရင်ဆိုင်ခဲ့ရပါတယ်။ ဒီအဖွဲ့ဟာ တကယ်တော့ဒီမိုကရာကဝန်ထမ်းတွေကို ဝန်ဆောင်မှုပေးနေရတာဖြစ်ပြီးဒီရဲတွေကိုယ်တိုင်က လူကုန်ကူးမှုမှာပါဝင်နေတာကိုအံ့အားသင့်ဖွယ်သိရှိလိုက်ရပါတယ်။ ကတ်သီက ဒီအဖွဲ့ကိုနှိမ်နှင်းဖို့ကြိုးစားခဲ့တဲ့အတွက် အလုပ်ဖြုတ်ခံခဲ့ရပြီး နိုင်ငံတွင်းကနေလည်း နှင်ထုတ်ခံခဲ့ရပါတယ်။ နည်းလမ်းရှာမရတော့တဲ့အဆုံးမှာ ကတ်သီက ဒီအကြောင်းအရာတွေကို ဒီမိုကရာအခြေစိုက်ရာဗြိတိန်မှာ ဘီဘီစီသတင်းဌာနကိုဖွင့်ချခဲ့ပြီးမတရားအလုပ်ဖြုတ်ခံခဲ့ရတဲ့အတွက်လည်း ဒီမိုကရာကိုအမှုအနိုင်ရရှိအောင် စွမ်းဆောင်နိုင်ခဲ့ပါတယ်။ File size…1.56GB / 664MB Quality…WEB-Rip 1080p 5.1CH / 720p Format…mp4 Duration….1h 52m Genre ...
movie

The Whistleblower (2010)

Fathers and Mothers (2022)
Fathers and Mothers (2022)  ဒီရုပ်ရှင်ကတော့ ၂၀၂၂ခုနှစ်က ထွက်ရှိခဲ့တဲ့ ဒိန်းမတ်ရုပ်ရှင်ဖြစ်ပြီး လူတွေရဲ့ သဘောသဘာဝတွေ ဟန်ဆောင်မှုတွေနဲ့အတူ ကျောင်းသားမိဘတွေကြားထဲက အဖွဲ့အစည်းတွေမှာ မိဘဖြစ်သူတွေ ရုန်းကန်ကြရပုံကို တင်ဆက်ထားပါတယ်။မိဘရယ်လို့ဖြစ်လာရင် ကိုယ့်ရဲ့သားသမီးအတွက် သက်ဆိုင်ရာအသိုင်းအဝိုင်းတွေမှာ ဝင်ဆန့်ဖို့ ကြိုးစားရုန်းကန်ရတာက လွယ်ကူတဲ့ကိစ္စတော့ မဟုတ်ပါဘူး။ဒီရုပ်ရှင်ထဲမှာဆိုလည်း ဇနီးမောင်နှံနှစ်ဦးဟာ သမီးဖြစ်သူအတွက် နယ်မြေအသစ်တစ်ခုက ကျောင်းသစ်တစ်ခုကို ပြောင်းလာခဲ့ကြပါတယ်။ သူတို့တွေဟာ အဲဒီကျောင်းရဲ့ နာမည်ကြီး တောတွင်းစခန်းချမီးပုံပွဲကိုသွားရင်း အဲဒီမှာရှိတဲ့ ကျောင်းသားမိဘတွေကြားမှာ ဝင်ဆန့်ဖို့ ကြိုးစားကြရပါတယ်။မတူညီတဲ့ စရိုက်တွေကြားထဲကို ရောဝင်ဖို့ကြိုးစားရင်း အပေါ်ယံသကာလောင်းမှုတွေ၊ အားနည်းသူကို နှိမ်ကြတာတွေ၊ ကိုယ်စွမ်းကိုယ်စပြချင်တာတွေကို ကြုံတွေ့သည်းခံရပုံတွေကို ဒီရုပ်ရှင်ထဲမှာ တင်ဆက်ပြထားပါတယ်။(အညွှန်းနဲ့ဘာသာပြန်ကတော့ Pyae Phyoဖြစ်ပါတယ်) File size…(1.8 GB)/(1 GB) Quality….Webrip 1080p / 720p Format…mp4 Duration….01:27:00 Genre...Comedy Subtitle….Myanmar Subtitle (Hardsub) Encoder….Mr. Anderson Translated by Pyae Phyo
movie

Fathers and Mothers (2022)

Pu-239 (2006) 6.7
Pu-239 (2006) Pu-239 (2006) ============ IMDb Rating - 6.7/10ရုရှားရဲ့လျှို့ဝှက်နျူကလီးယားစက်ရုံတစ်ခုမှာ မတော်တဆမှုတစ်ခု ဖြစ်ပွားခဲ့ပြီး နည်းပညာရှင်တစ်ယောက်ဖြစ်တဲ့ တီမိုဖေးဟာ ရေဒီယို သတ္တိကြွမှုအဆင့် Rems 100 နဲ့ထိတွေ့ခံခဲ့ရပါတယ်။ ဒီပမာဏဟာ ကာယကံရှင်နဲ့ပတ်ဝန်းကျင်ကိုထိခိုက်နိုင်မှုနည်းပါးပေမယ့် စက်ရုံ ဒါရိုက်တာက ဖြစ်စဉ်တစ်ခုလုံးအတွက် တီမိုဖေးကိုအပြစ်ပုံချပြီး ခံစား ခွင့်တွေမှန်သမျှရုတ်သိမ်းခဲ့ပါတယ်။ တစ်ခုခုသိထားပုံရတဲ့ တီမိုဖေးဟာ ပလူတိုနီယမ် နည်းနည်းခိုးယူလာပြီးမြို့ပေါ်တက် ရောင်းချဖို့ကြိုးစား ရင်းနဲ့သူ့ဇနီး သူ့သားတို့နောင်ရေးတို့စိတ်အေးရအောင် စီစဉ်ပါတော့ တယ်။အဲ့ဒီမှာပဲ သူ ရှစ်ဇ်နဲ့စတွေ့ပါတယ်။ရှစ်ဗ်ဆိုတာကတော့ လူဆိုးဂိုဏ်းတစ် ခုရဲ့ ငွေကောက်တဲ့လူမိုက်အဆင့်တွေထဲကတစ်ယောက်ဖြစ်ပြီး လောလော ဆည်တော့ သူတို့ဂိုဏ်းနဲ့ပြိုင်ဘက်ဂိုဏ်နယ်မြေထဲက ဆိုင်တစ်ဆိုင်ကို လိပ် စာမှားပြီး ငွေဝင်ကောက်ရင်း ဆိုင်ကိုမီးရှို့ပစ်မိလို့ သူ့ဘော့စ်က လျော်ကြေး တောင်းထားတဲ့အတွက် အဲ့ဒီလျော်ကြေးကို နည်းပေါင်းစုံနဲ့ရှာနေရပါတယ်။ သတ်မှတ်ချိန်အတွင်း သတ်မှတ်ပမာဏမရရင် အသတ်ခံရမှာဖြစ်တဲ့အတွက် သူလည်းအသည်းအသန်ဖြစ်နေတာပါ။ ဒီတော့ လက်ကျန်ဘဝသက်တမ်း အချိန်အကန့်အသတ်နဲ့ ငွေသိပ်လိုနေတဲ့လူနှစ်ယောက် နျူကလီးယားဗုံးထုတ် နိုင်တဲ့အဆင့် ပလူတိုနီယမ်တွေကိုတစ်ညအတွင်း အမြန်ရောင်းထွက်ဖို့နည်း ပေါင်းစုံနဲ့ကြိုးစားကြတာတွေကိုမြင်တွေ့ရမှာပါ။ Drama ဆိုပေမယ့် ရှစ်ဗ် ပါဝင်လာတဲ့အပိုင်းကစပြီး Crime/Thriller ဆန်ဆန်နဲ့မြူးမြူးသွက်သွက် ဆွဲခေါ်သွားတာဖြစ်တဲ့အတွက် အဆုံးထိဆွဲဆောင်မှုရှိတဲ့ဇာတ်ကားကောင်း တစ်ကားပဲဖြစ်ပါတယ်။(ဒီဇာတ်လမ်းရဲ့အညွှန်းနဲ့ ဘာသာပြန်ရေးသားပေးသူကတော့ Alias ဖြစ်ပါတယ်)File Size..........(2.13 GB) / (842 MB) Quality............WEB-DL 1080p / ...
movie

Pu-239 (2006)

2006
Angels & Demons (2009) Angels and Demons 6.7
Angels & Demons (2009) Angels and Demons တလောကလုံးကို ကိုင်လှုပ်ခဲ့တဲ့ Dan Brown ရဲ့ စာအုပ်တွဲအစကတော့ Angels & Demons ဆိုတဲ့ ဒီရုပ်ရှင်ကားရဲ့ စာအုပ်ပါပဲ။ဇာတ်ကောင် Robert Langdon အဖြစ် တွမ်ဟန့်ကပဲဆက်လက်ပါဝင်ထားပြီးသူ့ရှေ့ကထွက်ခဲ့တဲ့ The Da Vinci Code (2006) ရဲ့ Sequel အဖြစ်ထွက်ရှိခဲ့တာပါ။နာမည်ကျော်လျှို့ဝှက်ဂိုဏ်း Illuminati ဂိုဏ်းနဲ့ သန့်ရှင်းသောမြို့တော်(ဗာတီကန်စီးတီး) တို့ကိုအကြောင်းပြုလို့သမိုင်းအချက်အလက်စုံစုံလင်လင်နဲ့ တင်ဆက်ထားတာမလို့ ဝတ္ထုကိုရိုက်ကူးထားတယ် မထင်ရဘဲသမိုင်းနဲ့ချီလာတဲ့ အဖြစ်အပျက်တစ်ခုလို သည်းထိတ်ရင်ဖို ခံစားရမှာပါ။ File size…(3.6 GB)/(2 GB)/ (1 GB) Quality….BluRay DS4K HEVC/1080p HEVC/720p Format…mkv/mp4 Duration….02:18:37 Subtitle….Myanmar Subtitle(Hardsub) Encoder….Ka Naung
movie

Angels & Demons (2009) Angels and Demons

2009
Brothers (2004) 7.5
Brothers (2004) Brothers (2004)အကြောင်းအရာကတော့ ညီအစ်ကိုနှစ်ယောက်အကြားက မိသားစုအရှုပ်အရှင်းပြဿနာပါပဲ။ အစ်ကို ဖြစ်သူဟာ အောင်မြင်တဲ့ ဖခင်တစ်ယောက် ဖြစ်ပြီး ချောမောတဲ့ ဇနီးဖြစ်သူနဲ့ သမီးနှစ်ယောက်ကိုပိုင်ဆိုင်ထားပါတယ်။ အလုပ်အကိုင်ကလည်း အတည်တကျ စစ်ဗိုလ်ပေါ့။ညီဖြစ်သူကတော့ လေလွင့်လိုက်၊ ထောင်ကျလိုက်နဲ့ ဘာမှ မည်မည်ရရ မရှိ။ တစ်နေ့ အစ်ကိုဖြစ်သူက အာဖဂန်ကို ဝာာဝန်အရ စစ်တိုက်ဖို့သွားရင်း စစ်ပွဲမှာကျဆုံးသွားပါတယ်။ ဒီလိုနဲ့ အစ်ကိုဖြစ်သူရဲ့ မိသားစုကို ညီဖြစ်က နှစ်သိမ့်အားပေးရင်း အစ်ကိုဖြစ်သူရဲ့ဇနီးနဲ့ပါ ကြိုးချင်းငြိသွားတယ်ပေါ့။အဲ့ဒီမှာ အစ်ကိုဖြစ်သူက စစ်ပွဲမှာ မသေဘဲ ပြန်ရောက်လာတဲ့အခါမှာတော့... ဘာတွေဆက်ဖြစ်မလဲဆိုတာ တကူးတကပြောနေစရာမလိုတော့ပါဘူး ဇာတ်လမ်းထဲမှာကြည့်ရှုနိုင်ပါပြီ။(ဇာတ်လမ်းအညွှန်းနဲ့ ဘာသာပြန်ကတော့ Themes ပါ။)File Size          : 2.6GB, 1.1GB, 551MB Quality            : 1080p Blu-ray, 720p Blu-ray, ...
movie

Brothers (2004)

2004
Flickering Lights (2000) 7.5
Flickering Lights (2000) Flickering Lights (2000)တော်ရကီး၊ စတီဖန်၊ ပီတာ၊ အာနေး ဆိုတဲ့ သူငယ်ချင်းလေးယောက်ဟာ ဂန်းစတားတွေပါ။ သူတို့ဟာ အက်စကီမိုးဆိုတဲ့ ခေါင်းဆောင်ခိုင်းသမျှကို လုပ်ပေးရပါတယ်။တစ်ရက်မှာ အက်စကီမိုးက သူတို့လေးယောက်ကို လက်ဆွဲအိတ်တစ်ခုခိုးခိုင်းပါတယ်။ဒါပေမဲ့ အဲဒီလက်ဆွဲအိတ်ထဲမှာ ပိုက်ဆံတွေအများကြီးရှိနေတာသိသွားတဲ့ သူတို့လေးယောက်ဟာ ပိုက်ဆံတွေယူပြီး ဘာစီလိုနာကို ထွက်ပြေးကြပါတော့တယ်။ဘာစီလိုနာကို သွားတဲ့လမ်းမှာပဲ ကားကပျက်ပြီးတော့ ပီတာကလည်း သေနတ်ဒဏ်ရာရနေတာကြောင့် တောအုပ်ထဲကအိမ်ဟောင်းတစ်ခုမှာ ခဏနေဖို့ဖြစ်လာပါတယ်။ဒါပေမဲ့ ငယ်ငယ်တည်းက အိမ်တစ်လုံးအပိုင်လိုချင်ခဲ့တဲ့တော်ရကီးဟာ အိမ်လေးကိုသံယောဇဥ်တွယ်သွားတာကြောင့် အပိုင်ဝယ်ပြီး စားသောက်ဆိုင်ဖွင့်ဖို့ကြိုးစားပါတော့တယ်။အကျင့်စရိုက််မတူတဲ့ သူငယ်ချင်းလေးယောက် အိမ်အပျက်ကိုပြင်ဆင်ပြီးတော့ စားသောက်ဆိုင်ဖွင့်ဖို့ပြင်ဆင်ကြတာကို comedy ပုံစံရိုက်ပြထားတာမလို့ လက်လွှတ်မခံသင့်တဲ့ဇာတ်ကားကောင်းလေးပါပဲ။(ဇာတ်လမ်းအညွှန်းနဲ့ ဘာသာပြန်ကတော့ Yee Wai ပါ။)File Size          : 4.5GB, 945MB, 444MB Quality            : 1080p Blu-ray AAC ...
movie

Flickering Lights (2000)

2000
Department Q:The Purity of Vengeance (2018) 7.4
Department Q:The Purity of Vengeance (2018) Genre – Crime, Mystery, Thriller IMDB – 7.4/10Q ဌာနရဲ့ ၄ မှုမြောက်နဲ့ နောက်ဆုံးကား ထပ်မံတင်ဆက်ပေးလိုက်ရပါတယ်ခင်ဗျာ။ဒီကားရဲ့အစမှာတော့ လူပျော်သဘောရိုး အာဆတ်တစ်ယောက်Q ဌာနကနေ တခြားဌာနကိုပြောင်းတော့မှာပါ အချိန်တစ်ပတ်ပဲကျန်ပါတော့တယ် ထုံးစံအတိုင်း ကားလ်နဲ့လည်း ရန်ကတောက်ကဆဖြစ်နေရင်းပေါ့လေ။ ဒီလိုအချိန်မှာပဲ မြို့ထဲကတိုက်ခန်းတစ်ခုမှာဆောက်လုပ်ရေးသမားတွေက လျှို့ဝှက်အခန်းတစ်ခုကိုတွေ့ခဲ့ကြပါတယ်။ အခန်းထဲမှာ ရှိနေတာက ညစာစားပွဲဝိုင်းပတ်လည်မှာ မံမီလိုမျိုး အလောင်းမပုပ်သိုးအောင်လုပ်ထားပြီးကိုယ်အင်္ဂတချို့ထုတ်ထားတဲ့ အလောင်း ၃ လောင်းပဲ ဖြစ်ပါတယ်နှစ်ပေါင်းလည်း ကြာနေလောက်ပါပြီ။ အဲဒါ Q ဌာနကိုမရောက်ပါဘူးဒါပေမဲ့ ကားလ်တစ်ယောက် အတင်းလုယူပြီး အာဆတ်လည်းဌာနမပြောင်းခင် ဒီကိစ္စကို အတူတူဖြေရှင်းဖို့ ဖြစ်လာပါတော့တယ်။ တစ်ချိန်တည်းမှာ ၁၉၆၀ ကျော်ခုနှစ်က လွမ်းမောကြေကွဲဖွယ်ဇာတ်လမ်းတစ်ပုဒ်ကိုလည်း အမှုလိုက်နေရင်း တစ်ချိန်တည်းတင်ဆက်ထားပါသေးတယ် ဘယ်လိုများ သွားချိတ်ဆက်သက်ဆိုင်မလဲပေါ့လေ။ ဒီအမှုမှာကျ အရင်လို တစ်ကိုယ်တော်တွေနဲ့ယှဉ်ဖိုက်ရတာမျိုး မဟုတ်တော့ပါဘူး ပိုပြီး ရက်စက်လာတယ်ယုတ်မာလာပြီး ထက်မြက်တဲ့ လူဆိုးတွေနဲ့ ထိပ်တိုက်ရင်ဆိုင်ရတာမျိုးပဲဖြစ်ပါတယ်။ နောက်ကွယ်မှာလည်း သမိုင်းတွင်ခဲ့တဲ့ ...
movie

Department Q:The Purity of Vengeance (2018)

Department Q: A Conspiracy of Faith (2016) 7.0
Department Q: A Conspiracy of Faith (2016) IMDB – 7.0/10Q ဌာနရဲ့ တတိယအမှုတွဲကား စောင့်မျှော်နေသူတွေအတွက် ပြန်လာခဲ့ပါပြီ။ဒီအမှုမှာတော့ ဘာသာရေးတွေ ယုံကြည်မှုတွေရဲ့ အစွန်းရောက်ခြင်းရဲ့ဆိုးကျိုးတွေကို မေးခွန်းထုတ် ပညာပေးထားတဲ့ ကားလေးပဲဖြစ်ပါတယ်။ပင်လယ်ထဲမှာ ၈ နှစ်ကြာ မျောလာတဲ့ ပုလင်းလေးတစ်လုံးအထဲမှာ စာတစ်စောင်ပါတယ် ဘယ်သူကမှ မတွေ့ခဲ့ကြဘူးခုချိန်က လွဲလို့ပေါ့။ အထဲက စာလေးကလည်း ကလေးတစ်ယောက်ရေးသားထားတဲ့စာ သူအဖမ်းရလို့ လာကယ်ပါဆိုပြီး အကူအညီတောင်းတဲ့စာလေး ဒီစာလေးဟာ ၈ နှစ်အကြာမှာ Q ဌာနကိုဆိုက်ဆိုက်မြိုက်မြိုက် ရောက်လာပါတော့တယ်။ အဲဒါနဲ့ Q ဌာန ဇာတ်လိုက်ကျော်တွေ ဒီစာလေးကို အဖြေလိုက်ရှာနေတဲ့အချိန်မှာပဲ နယ်ဖက်က ဘာသာရေးကိုင်းရှိုင်းတဲ့ လယ်သမားမိသားစုရဲ့မိသားစု ပြဿနာကလည်း တစ်ချိန်တည်းမှာ ကြုံတွေ့လာရပါတော့တယ်။ ဒီအမှုနှစ်ခုဟာ ဆက်စပ်နေမလား နောက်ထပ်အမှုတွေရှိနိုင်သေးလား ဘာလို့ ဘာသာရေးကိုင်းရှိုင်းတဲ့ကလေးတွေကိုဖမ်းဆီးပြီး ဘာတွေလုပ်ခဲ့တာလဲ ဒီလိုလုပ်ရခြင်းရဲ့နောက်ကွယ်ကရောဘယ်လိုအတိတ်ဆိုးက ရှိနေမလဲ စသဖြင့် Q ဌာနရဲ့ ထုံးစံအတိုင်းပဟေဠိတွေ အဖြေရှာပြီး ဉာဏ်ကြီးရှင် လူဆိုးနဲ့ သူတင်ကိုယ်တင်နွဲရတဲ့အမှု ...
movie

Department Q: A Conspiracy of Faith (2016)

Department Q: The Absent One (2014) 7.1
Department Q: The Absent One (2014)  Genre – Crime, Mystery, Drama IMDB – 7.1/10 Q ဌာနပရိတ်သတ်တွေအတွက် ဒုတိယကားတင်ဆက်ပေးလိုက်ပါပြီဗျာ။ပထမကားမကြည့်ရသေးတဲ့လူတွေလည်း CM မှာ The Keeper ofLost Causes ဆိုပြီး ရိုက်ရှာလို့ရပါတယ်။ ပထမကားကြည့်ထားမှဒီ Q ဌာန ဘယ်လိုဖြစ်လာသလဲ သိမှာမို့လို့ပါ။ ကဲ ဒုတိယကားမှာတော့ပထမဆုံးအမှု အောင်မြင်ထားတော့ Q ဌာနကို ချီးကျုးနေကြပြီပေါ့လေကားလ်နဲ့ အာဆတ်တို့လည်း အတွင်းရေးမှူးအသစ် ရိုစ့်ဆိုတာကိုအဖွဲ့ထဲခေါ်လိုက်ကြတယ်။ ဒီလိုနဲ့တစ်ရက် ဌာနပါတီအပြီး ကားလ်အပြန်လူတစ်ယောက်က သူ့သားသမီးအမွှာလေး အသတ်ခံရတဲ့ကိစ္စကားလ်ဆီကို ပို့ထားတာ မကြည့်ပေးဘူးလား ဘာလား ဇွတ်ပြောတော့ကားလ်က မောင်းထုတ်ခဲ့ပါတယ်။ သိပ်မကြာခင်မှာပဲ ဒီလူကြီးကိုယ့်ကိုကိုယ်သတ်သေသွားကြောင်း ကားလ်သိလိုက်ရပြီးဒီလူဟာ အရင်တုန်းက ရဲအရာရှိဖြစ်ကြောင်း လွန်ခဲ့တဲ့ အနှစ် ၂၀လောက်က သူ့သားနဲ့သမီး အသတ်ခံရတာကို စုံစမ်းပြီး အငြိမ်းစားယူထားကြောင်း သိရတဲ့အပြင် ကားလ်ဆီကိုပို့ဖို့ အထုပ်ကြီးပြင်ထားတာကိုပါ တွေ့လိုက်ရပါတယ်။ ဒါနဲ့ ကားလ်တစ်ယောက် ဒီအမှုကိုလိုက်ကြတဲ့အခါ ...
movie

Department Q: The Absent One (2014)

Department Q: The Keeper of Lost Causes(2013) 7.2
Department Q: The Keeper of Lost Causes(2013)  ဟောလိဝုဒ်ကားတွေ အကြည့်များလို့ ရိုးနေရင် အပြောင်းအလဲလေးဖြစ်အောင် စတိုင်ပြောင်းကြည့်လို့ကောင်းတဲ့ ဒိန်းမတ်စုံထောက်ကားလေးဖြစ်ပါတယ်။ ဒီဇာတ်လမ်းလေးရဲ့ ဇာတ်လိုက်ကျော် ကားလ်ဆိုတဲ့စုံထောက်က ခေါင်းမာတယ် လူ့ဂွစာ အပေါင်းအသင်းမရှိဆိုပေမယ့်အရည်အချင်းလေး ရှိပြီး တစ်ဇွတ်ထိုးလုပ်တတ်သူ ဖြစ်ပါတယ်။တစ်ရက် သူ့ရဲ့ခေါင်းမာမှုကြောင့် တွဲဖက်တွေက သေတာတို့ ဒုက္ခိတဖြစ်တာတို့ ရှိပြီး သူ့ကိုလည်း Q ဌာနလို့ခေါ်တဲ့ ဌာနအသစ်တစ်ခုကိုရာထူးချလိုက်ပါတော့တယ်။ ဒီ Q ဌာနဆိုတာက ဝန်ကြီးဌာနကအသစ်ဖွဲ့စည်းထားတာဖြစ်ပြီး လွန်ခဲ့တဲ့ အနှစ် ၂၀ လောက်ကပိတ်သိမ်းထားတဲ့အမှုတွေကို ပြန်စစ်ပြီး စာရင်းသွင်းရတဲ့ ပျင်းစရာဌာနတစ်ခုပေါ့။ ဝန်ထမ်းဆိုလို့ အရာရာကို အကောင်းမြင်စိတ်ရှိတဲ့အာဆတ်ဆိုတဲ့တစ်ယောက်ပဲ ရှိတယ်။ဒီလိုနဲ့ လူပျော်အာဆတ်နဲ့ဦးစိတ်တို ကားလ်တို့ ပျင်းစရာအမှုတွေ စစ်ဖို့ လုပ်ရင်း လွန်ခဲ့တဲ့၅ နှစ်က ထူးခြားတဲ့အမှုတစ်ခုကို ပြန်တွေ့သွားပါတယ်။ ဘာအမှုလည်းဆိုတော့ ဦးနှောက်မကောင်းတဲ့ မောင်ဖြစ်သူကို ပြုစုပေးနေတဲ့ကျန်းမာရေးနယ်ပယ်က အမျိုးသမီးတစ်ယောက် ဖယ်ရီသင်္ဘောပေါ်ကနေခုန်ချ သတ်သေတယ်ဆိုတဲ့အမှုပါ ကိုယ့်ကိုကိုယ်သတ်သေတယ်ဆိုပြီးအမှုပိတ်ထားတာပါ။ ဒီလိုနဲ့ နှစ်ယောက်သား မသင်္ကာလို့ အမှုပြန်ဖွင့်ပြီး လိုက်ကြတဲ့အခါနောက်ကွယ်က ...
movie

Department Q: The Keeper of Lost Causes(2013)

Child 44 (2015) 6.5
Child 44 (2015) ဒုတိယကမ္ဘာစစ်ရဲ့ စစ်ပြန် ဆိုဗီယက် သူရဲကောင်းလီယိုဒီမီဒေါ့ဟာ စစ်ကြီးအပြီးမှာတော့ နိုင့်ငံရဲ့ လျှိုဝှက်ထောက်လှမ်းရေးအဖွဲ့မှာ ရာထူးကြီးကြီးနဲ့ထမ်းဆောင်နေပြီး ဇနီးလှလှလေးရိုင်စာနဲ့ တိုက်ခန်းကောင်းကြီးမှာတူတူနေနေပါတယ်။စစ်အေးခေတ်ကြီးရဲ့မတည်ငြိမ်တဲ့အချိန်နဲ့ ဆိုဗီယက် ကွန်မြူနစ်စနစ် ရဲ့ဖိနှိပ်မှုတွေရှိနေတဲ့ကြားက လီယိုတယောက် ကလေးငယ်တွေကိုပဲ လိုက်သတ်နေတဲ့ စိတ္တဇ လူသတ်သမားကိုဖော်ထုတ်အရေးယူဖို့ဖြစ်လာရပါတယ်။ဒါပေမဲ့ လုပ်ဖော်ကိုင်ဖက်တွေရဲ့မနာလို၀န်တိုမှုတွေရှိနေတဲ့အပြင် ဇနီးသည်နဲ့ဆက်ဆံရေးကလည်းထင်သလိုရိုးရှင်းမှုမရှိပါဘူး။လီယိုအနေနဲ့ ဒီလိုအခက်အခဲတွေကြားက ဘယ်လိုရုန်းထွက်သွားမလဲ။နာမည်ကြီးသရုပ်ဆောင်တွေဖြစ်တဲ့ Tom Hardy နဲ့ Noomi Rapace တို့ကခေါင်းဆောင်နေရာကပါ၀င်ပြီး ဇာတ်ပို့‌နေရာမှာလည်း Joel Kinnama n,Paddy Considine တို့အပြင် ဝါရင့်မင်းသားကြီး Gary Oldman တို့ပါ အားဖြည့်ထားပါတယ်။စုံထောက်ဇာတ်လမ်းတွေကြိုက်တဲ့အပြင် စစ်အေးခေတ်နိုင်ငံရေးကိုစိတ်၀င်စားသူ‌တွေအတွက် ရုပ်ရှင်ကောင်းတစ်ကားပါပဲ။ File size…(2.6 GB) / (1.3 Gb) / (600 Mb) Quality….Webrip 1080p / 720p / 480p Format…mp4 Duration….02:17:00 Genre...Crime, Drama, History Subtitle….Myanmar Subtitle (Hardsub) Encoder….Mr. Anderson Translated by Sett ...
movie

Child 44 (2015)

Riders of Justice(2021) 7.7
Riders of Justice(2021) Riders of Justice(2021) အညွှန်း****************************IMDb....7.7 ,,,Rotten...93%ဒီကာလမှာ ဂျင်းကားတွေခပ်များများကြားထဲက ဒီလို လတ်ဆတ်ကြမ်းထော်နေတဲ့ ratingတွေလာတဲ့အက်ရှင်ကားက ခပ်ရှားရှားရယ်....မားကပ် ဆိုတဲ့ စစ်သားကြီးမှာ မိန်းမနဲ့ သမီးတစ်ယောက်ရှိတယ်။ တစ်နေ့မှ ရထားချင်းမတော်တဆ တိုက်မှုမှာ မိန်းမကသေသွားပြီးသမီးနဲ့သူပဲ ကျန်ခဲ့တယ်။ အဲဒီရထားပေါ်မှာပဲ အချက်အလက်တွေကိ တွက်ချက်လေ့လာတတ်တဲ့ပညာရှင်တစ်ယောက်ပါ ပါလာတယ်။ သူက မသေဘဲ ကျန်ခဲ့ချိန်မှာ ဒီရထားတိုက်မှုဟာ မတော်တဆမဟုတ်ဘူးလို့ သံသယဖြစ်လာတာကြောင့်ဆက်ပြီး စုံစမ်းခဲ့ပါတယ်။ စုံစမ်းရင်းနဲ့ ဒီအမှုဟာ ဆိုင်ကယ်လူဆိုးဂိုဏ်းနဲ့ပတ်သတ်နေတာကို သိလာတဲ့အခါသိပ္ပံကြမ်းပိုးတွေနဲ့ စစ်သားကြီးပေါင်းပြီး လူဆိုးဂိုဏ်းကို ဘယ်လိုတွေဗျင်းကြမလဲဆိုတာကိုတော့....ဇာတ်လမ်းအညွှန်းနဲ့ဘာသာပြန်သူကတော့ Mr.Andersonပဲဖြစ်ပါတယ်...File Size : (980 MB) and (380 MB) Quality : WEB-DL 1080P,720p Format…mp4 Duration…01:56:00 Genre :  Action, Comedy, Drama Subtitle : Myanmar Subtitle (Hard Sub) Translated by Mr.Anderson Encoded by Phyo Pyae
movie

Riders of Justice(2021)

The Purity of Vengeance(2018) 7.6
The Purity of Vengeance(2018) The Purity of Vengeance(2018) IMDb....7.6 Jussi Adler-Olsen ရေးသားခဲ့တဲ့ The Purity of Vengeance: A Department Q ဆိုတဲ့ နာမည်ကျော် ဝတ္ထုကိုအခြေခံပြီး ပြန်လည် ရိုက်ကူးထားတာပါ.... ကိုပန်ဟေဂန်မြို့မှာ ထူးဆန်းတဲ့(၃)လောင်းပြိုင်လူသတ်မှုဖြစ်ပွားခဲ့တယ်... လူသတ်သမားဟာ  အဆောက်အဦးတစ်ခုထဲမှာ လူသေအလောင်းတွေကို မံမီရုပ်အလောင်းဖြစ်အောင် စီမံထားပြီး စားပွဲဝိုင်း တစ်ခုမှာ နေရာချထားခဲ့တယ်... ထူးဆန်းတဲ့ ဒီအမှုကြောင့် ရဲတွေလည်း ခေါင်းမီးတောက်ကုန်တယ်... စုံထောက်တွေလည်း (၃)လောင်းတောင်ဆိုတော့ သဲလွန်စတွေ ရနိုင်သမျှာရှာဖွေကြတယ်.. ရရှိတဲ့ သဲလွန်စတွေအရ စုံထောက်တွေဟာ တရားခံနောက်ကိုလိုက်တဲ့အခါမှာတော့ သူတို့ထင်သလောက်ရိုးရှင်းမနေသလို တခြား လျှို့ဝှက်ချက်တွေကပါ သူတို့ကို စောင့်ကြိုနေတယ်... ကိုင်း ဘာကြောင့်လူတွေသတ်တာလဲ.... လှည့်ကွက်တွေက ဘာတွေဖြစ်မလဲ... လျှို့ဝှက်ချက်တွေကရော ဘာတွေဖြစ်မလဲ.. စုံထောက်မှုခင်းကားကောင်းကြိုက်သူတို့အဖို့ ခံစားကြည့်လိုက်ပါဦး ဇာတ်လမ်းအညွှန်းနဲ့ ဘာသာပြန်သူကတော့ SCRN ပဲဖြစ်ပါတယ်.... File Size : (0.90GB) and (399 MB) Quality : Blu-Ray 720p Format…mp4 Duration…01:59:00 Genre :  Crime, Mystery, Thriller Subtitle : Myanmar Subtitle (Hard Sub) Translated by SCRN Encoded by Phyo ...
movie


2018
The Last King (2016) 6.1
The Last King (2016) The Last King (2016)IMDb - 6.1/10_____Rotten - 89%     ဒီဇာတ်ကားကတော့ IMDB - 6.1/10 ရရှိထားတဲ့ Norwegian Action/Drama ဇာတ်ကားတစ်ကားဖြစ်ပါတယ်။ ဒီဇာတ်ကားဟာ ၁၂၀၆ ခုနှစ်-နော်ဝေနိုင်ငံမှာ ဖြစ်ပွားခဲ့တဲ့ နိုင်ငံရေးအခြေအနေမှန်ကို အခြေခံပြီး ရိုက်ကူးထားတဲ့ ဇာတ်ကားဖြစ်ပါတယ်။ ဒီဖြစ်ရပ်ဟာ နော်ဝေရဲ့အနာဂတ်ကို ပြောင်းလဲစေခဲ့တဲ့ သမိုင်းဖြစ်ရပ်တစ်ခုဖြစ်တယ်လို့ဆိုပါတယ်။ ဇာတ်လမ်းအကျဉ်းကတော့... နော်ဝေကို အုပ်ချုပ်လျက်ရှိတဲ့ ဘုရင်ဟက်ကွန်ဆဘာရ်ဆန်ဟာ လုပ်ကြံခံလိုက်ရပါတယ်။ လုပ်ကြံသူတွေက...ဘုရင်မှာ မိဖုရားမရှိလေတော့ အရိုက်အရာဆက်ခံမယ့်သူ မရှိဘူးဆိုတဲ့အထင်နဲ့ မင်းဆက်ပြောင်းလဲစေဖို့ လုပ်ကြံခဲ့ကြတာပါ။ ဒါပေမယ့်... ဘုရင်မှာ မိန်းမပျိုတစ်ဦးနဲ့ လျှို့ဝှက်စွာ ရထားတဲ့ ဟက်ကွန်ဟက်ကွန်ဆန် ဆိုတဲ့ ကလေးတစ်ယောက် ကို သူ့ရဲ့ လူယုံတွေနဲ့ စောင့်ရှောက်ထားတယ်ဆိုတာသိသွားကြတဲ့နောက်မှာတော့ The Last King ရဲ့ အနာဂတ် ဘယ်လိုဖြစ်လာမလဲဆိုတာ.....ဇာတ်ကားလေးထဲမှာသာဆက်လက် ကြည့်ရှုကြပါ။   (ဒီဇာတ်လမ်းရဲ့အညွှန်းနဲ့ဘာသာပြန်ရေးသားပေးသူကတော့ ညီလေး Sherlock ဖြစ်ပါတယ်။) @San Win Maung      File Size - 710 MB Quality - Blu Ray Rip 720p File Format - mp4 Duration - 01:39:00 Translator ...
movie

The Last King (2016)

2016