Channel Myanmar

Nikolay Mutafchiev

The Way Back (2010) 7.3
The Way Back (2010)  ဒီရုပ်ရှင်ကို ဒါရိုက်တာ Peter Weirက နာမည်ကြီး ဝတ္ထု The Way Backရဲ့ စာရေးဆရာ ပိုလန်လူမျိုး reporter Slavomir Rawicz ရဲ့ကိုယ်တွေ့ဖြစ်ရပ်ကိုမှ နောက်ခံဇာတ်ကောင်တွေထပ်ထည့်ပြီး ရိုက်ကူးထားတာပါ။ Jim Sturgess, Colin Farrell, Ed Harris နဲ့ Saoirse Ronan တို့လို နာမည်ကြီးတွေ ဦးဆောင်ပါဝင်ထားပါတယ်။ Oscar nominationကို Best makeup နဲ့ဝင်ခဲ့ပေမယ့် The Wolfmanကို ရှုံးသွားခဲ့ပါတယ်။ ဒုတိယကမ္ဘာစစ်အတွင်း ပိုလန်နိုင်ငံကို ဆိုဗီယက်ကျူးကျော်ထားစဥ်မှာ စစ်အရာရှိငယ် Janusz Wieszczekက ဖမ်းဆီးထိန်းသိမ်းခံရပါတယ်။ဆိုဗီယက်တွေက သူ့ရဲ့အမျိုးသမီးကိုပါ ခေါ်ယူရိုက်နှက်စစ်ဆေးပြီး Januszကို စပိုင်လို့ အမည်တပ်ကာ နိုင်ငံရေးအကျဥ်းသားတွေကို ဖမ်းဆီးပြီး အလုပ်ကြမ်းအတင်းခိုင်းစေတဲ့ စနစ်ဖြစ်တဲ့ Gulagကိုကျင့်သုံးနေတဲ့ Siberiaက campတစ်ခုဆီပို့လိုက်ပါတယ်။ ရာသီဥတုက အင်မတန်အေးပြီး ဆိုးလွန်းတဲ့အထဲ အလုပ်ကြမ်းတွေမနားလုပ်ရပါတယ်။နှင်းကိုက်ဒဏ် ...
movie

The Way Back (2010)