Channel Myanmar

Nina Kulkarni

Tejas (2023) 6.2
Tejas (2023) Tejas (2023) ထူးချွန်သူ IMDb - 6.2/10ဘယ်မင်းသမီးတွေ ဘယ်လောက်ကောင်းပါတယ် နာမည်ကြီးပါတယ်ပဲပြောပြော ဘောလိ၀ုဒ်ရဲ့ဘုရင်မလို့ ဂူးဂဲလ်မှာရှာလိုက်ရင် ကန်ဂနားရာနော့တ်က ထိပ်ဆုံးကပေါ်လာတာပါပဲ။ အခုတင်ဆက်ပေးမှာကတော့ ဖိုက်တာဂျက်တစ်စီးနဲ့ ကြမ်းပြရမ်းပြမဲ့ မင်းသမီးကြီး ကန်ဂနားပါ။တေဂျက်ဆ်ရဲ့အဖေဟာ ဖိုက်တာဂျက် လေယာဉ်တွေကို ထုတ်လုပ်တဲ့ သူတစ်ယောက်။ အဲဒီဖိုက်တာဂျက်တွေကို နာမည်ပေးလိုက်တာက တေဂျက်ဆ်တဲ့။ သမီးဖြစ်သူ တေဂျက်ဆ် သိတဲ့အချိန်မှာတော့ သူကိုယ်တိုင် ပိုင်းလေ့တစ်ယောက်ဖြစ်ဖို့ ကြိုးစားပါတော့တယ်။ တေဂျက်ဆ်က ခေသူမဟုတ်။ပထမဆုံး သင်တန်းနေ့မှာတင် ဖိုက်တာဂျက်ကို အစမ်းမောင်းခွင့်ရတဲ့သူ။ ဒါပေမဲ့ သူဖြတ်သန်းခဲ့ရတဲ့ အတိတ်မှာက နာကျင်မှုတွေနဲ့။သူထမ်းဆောင်ဖို့ကျလာတဲ့ တာဝန်က ရန်သူ့နယ်မြေထဲရောက်နေတဲ့ အရာရှိတစ်ယောက်ကို သွားကယ်ဖို့။ ကန်ဂနားရာနော့တ်ရဲ့ အပိုအလိုမရှိ သရုပ်ဆောင်မှုတွေကို တွေ့ရမှာဖြစ်ပြီး ဘောလိဝုဒ်ပရိသတ်များ ကြည့်ရှုခံစားဖို့ ဘာသာပြန်တင်ဆက်ပေးလိုက်ပါတယ်။ (ဘာသာပြန်ကတော့ Thaik Sanပဲ ဖြစ်ပါတယ်။)( CMရဲ့ ဘောလိဝုဒ်ရုပ်ရှင်နဲ့ စီးရီးသစ်တွေကို တယ်လီဂရမ်မှာလဲ တင်ဆက်နေပြီမလို့ ဒီချန်နယ်လေးမှာ ကြည့်ရှုအားပေးလို့ရပါတယ် Tele Link >>https://t.me/cmbollywood ) File size… 1.4GB / 656MB  Quality…WEB DL 1080p / ...
movie

Tejas (2023)

2023
Shastry Virudh Shastry (2023) 8.8
Shastry Virudh Shastry (2023) Shastry Virudh Shastry (2023) မေတ္တာချင်းပြိုင်ဘယ်သူနိုင်IMDb 9/10 ယခုတစ်ခါမှာတော့ အမိုက်စား IMDb နဲ့ ချစ်ခြင်းမေတ္တာပြိုင်ကြမဲ့ မိသားစုတစ်ခုအကြောင်းဇာတ်ကားလေးကိုတင်ဆက်ပေးထားပါတယ်အမေကချေးငွေအေးဂျင့် အဖေကဂိမ်းတီထွင်သူတစ်ယောက် သူတို့၂ယောက်စလုံးက မွန်ဘိုင်းမှာအလုပ်လုပ်တော့ ကလေးဖြစ်သူကိုမွေးရပ်မြေမှာအဘိုးအဘွားတွေနဲ့ထားခဲ့ရတယ်ပေါ့ မိုမိုဂျီဆိုတဲ့ဒီကလေးကအဘိုးအဘွားတွေရဲ့အချစ်တော်လေး ချစ်မွှေးလေးတစ်ယောက်ပါကလေးကသင်္ချာမတော်လို့ဆိုပြီး လူငယ်တွေသုံးတဲ့အက်ပ်တွေလိုက်သုံးပြီး သင်္ချာသင်ပေးတဲ့အထိ အဘိုးဘွားတွေကဖူးဖူးမှုတ်ထားတာ ဒါပေမဲ့အဖေဖြစ်သူကအလုပ်ပြုတ်ပြီးတော့မွေးရပ်မြေကိုပြန်ဖို့ဖြစ်လာတယ် မြေးကိုသည်းသည်းလှုပ်ချစ်တဲ့ဘိုးဘွားတွေက အဖေအမေလက်ထဲကလေးကိုသိပ်ပြီးမအပ်ချင်ကြဘူးတဲ့လေဒီလိုတစ်အိမ်တည်းမှာအခြေနေတွေတင်းမာလာချိန်မှာ အမေရိကန်ကသူငယ်ချင်းကဂိမ်းကုမ္ပဏီထောင်ဖို့ ဖခင်ဖြစ်သူမယ်လ်ဟာ့ကိုကမ်းလှမ်းလာတော့မဖြစ်မနေထွက်ရမဲ့အခြေအနေတွေကြား ကလေးကိုပါခေါ်သွားချင်တဲ့ဆန္ဒကို အဘိုးအဘွားတွေကသဘောမတူလေတော့ သားတရားစီရင်ခန်းလို တရားရုံးအမှုတက်ရင်ဆိုင်ကြရင်း... ကလေးကိုဘယ်သူကရသွားမလဲ ဘာတွေဆက်ဖြစ်သွားမယ်ဆိုတာကတော့ ...(အညွှန်းနဲ့ဘာသာပြန်တွေကတော့ CM Bollywood Team ပဲဖြစ်ပါတယ် )( CMရဲ့ ဘောလိဝုဒ်ရုပ်ရှင်နဲ့ စီးရီးသစ်တွေကို တယ်လီဂရမ်မှာလဲ တင်ဆက်နေပြီမလို့ ဒီချန်နယ်လေးမှာ ကြည့်ရှုအားပေးလို့ရပါတယ် Tele Link >> https://t.me/cmbollywood) File size… 1.94GB / 874MB Quality…WEB DL 1080p /720p Format…mp4 Duration….2h 20m Subtitle….Myanmar Subtitle (Hard Sub) Encoder….YK Translated by CM Bollywood Team
movie

Shastry Virudh Shastry (2023)

2023
Hasee Toh Phasee (2014) 6.8
Hasee Toh Phasee (2014) Hasee Toh Phasee (2014) *********************** ဒီဇာတ်ကားလေးကတော့ ၂၀၁၄ ခုနှစ်က ထွက်ရှိထားတဲ့ ပရိတ်သတ်အသဲစွဲ မင်းသား မင်းသမီးတွေဖြစ်ကြတဲ့ ဆစ်ဒါးသ်မယ်လိုတရာ၊ ပရီနီသီးချိုပရာနဲ့ အာဒါးရှရ်မာတို့ရဲ့ Romance/Comedy အမျိုးအစား ဘောလိဝုဒ်ဇာတ်ကားလေးတစ်ကား ဖြစ်ပြီး IMDb rating (6.8) နဲ့ Rotten Tomatoes (80%)ထိရရှိထားပါတယ်။ဇာတ်လမ်းအကျဉ်းကတော့... နစ်ခေးလ်က တက်သစ်စစီးပွားရေးသမားတစ်ယောက်ဖြစ်ပြီးတော့ ကိုယ့်ကိုယ်ကို ယုံကြည်မှုရှိတဲ့ လူငယ်တစ်ယောက်ပါ။ သူ့မှာ ကာရစ်ရှ်မာဆိုတဲ့ တွေ့တိုင်းရစ်တဲ့ ရစ်စိန်ချစ်သူလေးတစ်ယောက်ရှိပါတယ်။ နစ်ခေးလ်က ကာရစ်ရှ်မာ ဘယ်လောက် ရစ်ရစ် မပြတ်နိုင်ခဲ့ပါဘူး။ လူကလဲရုပ်ချော စီးပွားရေးသမားလဲဖြစ်ဆိုတော့ နစ်ခေးလ်ကို ကာရစ်ရှ်မာက အမြဲသဝန်တိုပြီး အမြင်ကမကြည်ပါဘူး။ နစ်ခေးလ်ကတော့ မိန်းကလေးတစ်ယောက်ဆို တစ်ယောက်ပဲတွဲမယ်လို့ သံဓိဌာန်ချထားတဲ့လူပါ။ဒါပေမယ့် သူတို့ရဲ့ ချစ်သူသက်တမ်း ၇ နှစ်တာကာလက သံယောဇဉ်တွေက သူတို့နှစ်ယောက်ကို အဆုံးမှာရွှေလက်တွဲသွားစေမလား.... တစ်ယောက်ဆိုတစ်ယောက်ပဲဆိုတဲ့ နစ်ခေးလ်အတွက်ရော နောက်တစ်ယောက်ပေါ်လာဦးမလား... ကာရစ်ရှ်မာဆိုတဲ့ ရစ်စိန်လေးကရော နစ်ခေးလ်နဲ့ အပ်စပ်ရဲ့လားဆိုတာ....။"ကမ္ဘာမှာတန်ဖိုးအကြီးဆုံးအရာ မေတ္တာမဟုတ်ဘူးလား" တစ်ယောက်ကိုတစ်ယောက်မေတ္တာနဲ့နှောင်ကြိုးဖွဲ့သီကြမယ့်ချစ်သူတွေဆိုတာ ဘယ်လိုမျိုးလဲဆိုတာ လိုက်ပါခံစားကြည့်ကြပါဦး။(ရုပ်ရှင်အညွှန်းနဲ့ ဘာသာပြန်ကို Thaik Sanနဲ့ KKKZ တို့မှ ...
movie

Hasee Toh Phasee (2014)

Bhoothnath (2008) 6.4
Bhoothnath (2008) Boothnath(2008) IMDb - 6.4/10ဒီတစ်ခေါက်တင်ဆက်ပေးမှာကတော့ ဟောလီးဝုဒ်ရဲ့နာမည်ကျော်တွေဖြစ်တဲ့ အမီတာဘဂျမ်း၊ရှာရွတ်ခန်းနဲ့ဂျုဟီတို့ ပါဝင်သရုပ်ဆောင်ထားတဲ့Boothnathဆိုတဲ့ ဟာသသရဲကားပဲဖြစ်ပါတယ်အိမ်ကြီးတစ်အိမ်ကိုပြောင်းလာကြတဲ့ အာဒိတျတို့မိသားစုမှာ အာဒိတျဟာအလုပ်ကိစ္စကြောင့်ခရီးထွက်သွားချိန်မှာတော့ ထိုအိမ်မှာဇနီးဖြစ်သူအန်ဂျလီနဲ့သားဖြစ်သူဘန်ကူးတို့သာ ကျန်ခဲ့ပါတော့တယ် တစ်ညမှာတော့ဘန်ကူးဟာ ရေခဲမုန့်ဆင်းစားရင်း သရဲဖြစ်သူနာသ်နဲ့ စတင်တွေ့ဆုံချိန်မှ‌တော့ သရဲနဲ့ကလေး သူတို့နှစ်ယောက်ဘယ်လိုတွေဆက်ဖြစ်ကြမလဲ နာသ်ဆိုတဲ့သရဲရဲ့နောက်ကွယ်မှာရော ဘယ်လိုဇာတ်လမ်းတွေရှိခဲ့မလဲဆိုတာ ဟာသဇာတ်နှောကာခံစားချက်အပြည့်နဲ့ ကြည့်ရှု့ကြရမှာဖြစ်ပါတယ်ဇာတ်လမ်းအညွှန်းနဲ့ဘာသာပြန်သူကတော့Khin Khinဖြစ်ပါတယ်( CMရဲ့ ဘောလိဝုဒ်ရုပ်ရှင်နဲ့ စီးရီးသစ်တွေကို တယ်လီဂရမ်မှာလဲ တင်ဆက်နေပြီမလို့ ဒီချန်နယ်လေးမှာ ကြည့်ရှုအားပေးလို့ရပါတယ် Tele Link >>https://t.me/cmbollywood ) File size…3.13GB / 1.3GB Quality…1080p BluRay / 720p Format…mp4 Duration….2h 30m Subtitle….Myanmar Subtitle (Hard Sub) Encoder….YK Translated by Khin Khin
movie

Bhoothnath (2008)

2008
The Best Exotic Marigold Hotel (2011) 7.2
The Best Exotic Marigold Hotel (2011) The Best Exotic Marigold Hotel (2011)~ IMDb - 7.2/10, Rotten Tomatoes - 78% ~Shakespeare in Love နဲ့အော်စကာဆုရခဲ့တဲ့ ဒါရိုက်တာ John Madden ရဲ့လက်ရာဖြစ်ပြီး Cast တွေကလည်း တကယ့် ထိတ်ထိတ်ကြဲတွေချည်းပါပဲ။ Maggie Smith တို့၊ Judi Dench တို့လို ဝါရင့်မင်းသမီးကြီးတွေအပြင် Bill Nighy တို့၊ Tom Wilkinson တို့လို မင်းသားကြီးတွေလည်း သုံးထားပါတယ်။ နောက် Slumdog Millionaire နဲ့ နာမည်ကြီးခဲ့ပြီး Lion ရုပ်ရှင်မှာ အဓိကဇာတ်ကောင်အနေနဲ့ ဆုများစွာသိမ်းပိုက်ခဲ့တဲ့ အိန္ဒိယနွယ်ဖွား ဗြိတိန်လူမျိုး Dev Patel လည်းပါသလို သူ့ရဲ့အနုပညာမှတ်တိုင်တွေထဲကတစ်ခုလည်းဖြစ်ပါတယ်။ငယ်ရွယ်ခြင်းက အားသာချက်တစ်ခုဆိုရင် အိုမင်းရင့်ရော်လာခြင်းမှာလည်း အလှတရားတစ်ခုရှိနေပါတယ်။ လူငယ်တွေကိုပဲဇာတ်လိုက်ထားပြီးရိုက်တဲ့ ရုပ်ရှင်အများစုကြားမှာ ...
movie

The Best Exotic Marigold Hotel (2011)

2011
Guru (2007) 7.7
Guru (2007) Guru (2007) Drama IMDb 7.7/10 (24K)အခုတစ်ခါမှာလည်း အရှ်တို့လင်မယားရဲ့ကားကောင်းလေးတစ်ကားကိုတင်ဆက်ပေးပါ့မယ်။ ဒီဇာတ်ကားမှာ မင်းသား အဘီရှိခ်ဘဂျမ်း..3Idiots ဇာတ်ပို့မင်းသား ရန်ဂါနာဒန်မာဒဗန်..မင်းသားကြီး မီထွန်းချက်ကရဗာတီ(ကုလားကျော်ဟိန်း)..မင်းသမီးအရှ်ဝါရီယားရိုင်းဘဂျမ်းနဲ့ ဗစ်ဒယားဘာလန်တို့က အဓိကပါဝင်သရုပ်ဆောင်ပေးထားပါတယ်။ဒီဇာတ်ကားလေးက ရွာတစ်ရွာကနေ ဘုံဘေမြို့ကိုတက်လာပြီး လမ်းဘေးဘဝကနေ အိန္ဒိယစီးပွားရေးသမားကြီးတစ်ယောက်ဖြစ်လာခဲ့တဲ့ ဂုရုကန့်ဒေဆိုင်းဆိုသူရဲ့အကြောင်းကို တင်ဆက်ရိုက်ကူးထားတာပဲဖြစ်ပါတယ်။ရွာကနေ မြို့တက်စီးပွားရေးလုပ်ဖို့ မတည်ငွေကို မိန်းမယူပြီး ရတဲ့တင်တောင်းငွေနဲ့ စတင်လုပ်လာခဲ့ပုံ...။လက်ရှိဦးဆောင်နေတဲ့ စီးပွားရေးသမားကြီးတွေရဲ့အတ္တကိုဖြိုဖျက်ပြီး နေရာယူခဲ့ပုံ...။သူ့ထက်ငါနှာတစ်ဖျားသာစေရမယ်ဆိုတဲ့ စိတ်နဲ့ကြိုးစားရင်း အားလုံးအပေါ်ဩဇာလွှမ်းမိုးသက်ရောက်ခဲ့ပုံ...။ စသဖြင့် ဗဟုသုတရစေမယ့် အချက်တွေအများကြီးပါပါတယ်။သူ့ရဲ့လက်ကိုင်ဆောင်ပုဒ်က "ကျွန်တော်က ငြင်းတဲ့စကားလုံးဆို မကြားရဘူးဗျ" တဲ့လေဆိုတော့ ဂုရုကန့်ဒေဆိုင်းဖြစ်ချင်ရင်တော့ ဂုရုကန့်ဒေဆိုင်းလိုပြုမူနေထိုင်မှဖြစ်မယ်နော်ဆိုတဲ့ ဇာတ်ကားပါ ဒိုင်ယာလော့ခ်နဲ့အတူ ဇာတ်ကားလေးကို စီးမျောလိုက်ကြပါဦးနော်။ File size…3.1GB / 1.4GB Quality…1080p NF WEB DL /720p Format…mp4 Duration….2h 46m Subtitle….Myanmar Subtitle (Hard Sub) Encoder….YK Translated by Taylor
movie

Guru (2007)

2007
Phir Bhi Dil Hai Hindustani (2000) 6.3
Phir Bhi Dil Hai Hindustani (2000) မင်းသားကြီးရှရွတ်ခန်းနဲ့ မင်းသမီးချော Juhi Chawla တို့ပါဝင်ထားတဲ့ နိုင်ငံရေးနောက်ခံ အချစ်ဒရမ်မာ ရုပ်ရှင်ဇာတ်ကားကြီးဖြစ်ပါတယ်...အိန္ဒိယနိုင်ငံကို အိန္ဒိယလူမျိုးတွေ နည်းမှန်လမ်းမှန်နဲ့ ချစ်ကြတဲ့ ခံစားချက်တွေကို ပေါ်လွင်ထင်ရှားအောင် ပြသနိုင်ခဲ့တဲ့ဇာတ်ကားအဖြစ် နာမည်ကြီးပါတယ်...ဇာတ်ကားနာမည်ကလဲ "ရင်ထဲကအိန္ဒိယ" တဲ့။ဇာတ်လမ်းလေးကတော့ အဂျေးဟာ လူတွေပါးစပ်ဖျားမှာ ရေပန်းစားနေတဲ့ နာမည်ကြီးသတင်းထောက်လေးပေါ့...သူ့ကိုအလဲထိုးဖို့ရောက်လာတဲ့သူကတော့ သတင်းထောက်မလေး ရီယား...မတူညီတဲ့ပြိုင်ဘက်ချန်နယ်တွေမှာ အလုပ်လုပ်ကြတဲ့ သူတို့နှစ်ယောက်ဟာ ကြောင်နဲ့ကြွက်...တကျက်ကျက်။တစ်နေ့တော့ နိုင်ငံရေးပါတီတစ်ခုရဲ့ဟောပြောပွဲတစ်ခုမှာ လူသတ်မှုတစ်ခုဖြစ်ပွားပြီးတဲ့နောက်ဒီမတည့်အတူနေ နှစ်ယောက်သား လူသတ်မှုနောက်ကွယ်က အမှန်တရားကိုလိုက်ကြရင်းနဲ့တကယ့်နိုင်ငံရေးအရှုပ်ထုပ်ထဲကို  ရောက်သွားပါတော့တယ်....ငွေနဲ့ အာဏာရဲ့ကြား သာမန်လူတစ်ယောက်ညှပ်သွားခဲ့ရင်ဒီလူဟာဘယ်လောက်ပဲရိုးသားဖြူစင်နေပါစေ ပြသနာအကြီးကြီးတက်တာပါပဲ...ငွေလည်းမရှိ အာဏာလည်းမရှိတဲ့ ဒီနှစ်ယောက်ဟာ စဉ်းလဲတဲ့နိုင်ငံရေးလောကရဲ့ ဘေးဒဏ်တွေကို ခံနိုင်ပါ့မလား...သူတို့လိုချင်တဲ့ တရားမျှတမှုကို ရအောင်ယူပေးနိုင်ပါ့မလားဆိုတာကတော့...။ File size…(4 GB)/(1.7 GB) Quality….BluRay 1080p/720p Format…mp4 Duration….02:38:50 Subtitle….Myanmar Subtitle (Hardsub) Encoder….Nyeinsaeya Aung Translated by Taylor
movie

Phir Bhi Dil Hai Hindustani (2000)