Channel Myanmar

Nino Bellini

Casablanca (1942) 8.5
Casablanca (1942) CM ပရိတ်သတ်ကြီးအတွက် G(old) ဇာတ်ကားတစ်ကား တင်ဆက်ပေးလိုက်ပါတယ် ခင်ဗျားတို့ဘဝမှာ လုံးဝမမေ့နိုင်လောက်အောင်ချစ်ခဲ့ရတဲ့သူ ပြီးရင် အဲ့ဒီလူအတွက် ဘာမဆိုပေးဆပ်ရဲအောင် ချစ်ခဲ့ပြီးမှ စွန့်လွှတ်လိုက်ရတာမျိုးကြုံဖူးလား‌ဗျ ဒါဆိုရင်တော့ ဒီဇာတ်ကားက ခင်ဗျားတို့နဲ့ တော်တော်တူသွားပါပြီ ဇာတ်ကားနာမည်က Casablanca ပါ လူတော်တော်များများက Casablanca ဆိုတဲ့နာမည်ကို ကြားဖူးကြမှာပါ အဲ့သီချင်းက အဓိပတိလမ်းမထက်ကခြေရာများဆိုတဲ့ သီချင်းရဲ့ မူရင်းသီချင်းဖြစ်ပြီး Bertie Higgins သီဆိုထားပါတယ် အဲ့ဒီ့သီချင်းထဲမှာmovieထဲက As Time Goes By ဆိုတဲ့ theme song နာမည်ကို ထည့်ဆိုထားသလို movie scriptဖြစ်တဲ့ A kiss is just a kiss in Casablanca ဆိုတာကိုလည်းထည့်ဆိုထားပါသေးတယ် ဇာတ်လမ်းကတော့ ဒုတိယကမ္ဘာစစ်ကို အခြေခံပြီးရိုက်ထားတာပါ နိုင်ငံရေးနဲ့ အချစ် ရောပြွန်းထားတဲ့ ဇာတ်ကားပုံစံပေါ့ဒါပေမယ့်လည်း G(old) ဟောင်းပေမယ့် ကောင်းနေဆဲပါပဲ ရစ်ခ် နဲ့ အယ်လ်ဆာ ဟာ Parisမှာ ချစ်သူတွေဖြစ်ခဲ့ကြပါတယ် အရမ်းကိုရိုမန့်ဆန်တဲ့ချစ်သူနှစ်ယောက်ပါ သူတို့နှစ်ဦး စန္ဒရားသမားကိုတီးခိုင်းပြီး အမြဲနားထောင်လေ့ရှိတဲ့ သီချင်းတစ်ပုဒ်က As Time Goes By ဆိုတဲ့သီချင်းပါပဲ ဝေးကြဖို့ အကြောင်းကဖန်လာတော့ ပြင်သစ်မှာ နိုင်ငံရေးအခြေအနေကြောင့် ရစ်ခ် က အယ်လ်ဆာနဲ့အတူထွက်ပြေးဖို့ စီစဉ်ထားတာကို အယ်လ်ဆာ ဟာရောက်မလာခဲ့ပါဘူး အဲ့ဒီ့ကနေ ရစ်ခ် ...
movie

Casablanca (1942)

1942