Channel Myanmar

Noah Gray-Cabey

Fog City (2023)
Fog City (2023) Georgia က ဥစ္စာပေါ ရုပ်ချောတဲ့ အပြင် သူ့အဖေကလည်း Paigeဆိုတဲ့ စက်ရုံကြီးပိုင်ပါတယ်။ အဲ့စက်ရုံက ထူးဆန်းတဲ့ ဓာတ်ငွေ့တွေ ထုတ်လုပ်နေတယ်ဆိုတဲ့ ကောလဟာလလည်း ပြန့်နေပါတယ်။ အဲ့ဒါကြောင့် Georgia ကို အားလုံးက Poison Paige လို့ နာမည်ပြောင်ပေးထားကြတာပါ။ တစ်ရက်မှာ Georgiaနဲ့ အတူ သူ့ကောင်လေး JK သူ့သူငယ်ချင်း Reegan တို့အပါအဝင် သူငယ်ချင်း အုပ်စုလိုက်က မြို့နဲ့ ခပ်လှမ်းလှမ်းက Georgia တို့စက်ရုံနဲ့ နီးတဲ့ Reeganရဲ့ ဦးလေး အပန်းဖြေအိမ်မှာ တစ်ပါတ်လောက် သောက်စားအပန်းဖြေဖို့ ထွက်ခဲ့ကြပါတယ်။သူတို့ အပန်းဖြေအိမ်ဘက်ကို စက်ရုံဘက်က လာတဲ့ မြူခိုး အစုအငွေ့ကြီးက ဦးတည်လာနေပါတယ်။ အားလုံးရဲ့ ဖုန်းတွေကလည်း လိုင်းမမိတော့ပါဘူး။ ထူးဆန်းတဲ့ ဥသြသံကြီးလည်း ကြားနေရပါတယ်။ Georgia ကိုယ်တိုင်လည်း ဒါက ဘာကြောင့်ဖြစ်လဲ မသိပါဘူး။ ...
movie

Fog City (2023)

Miss Stevens (2016) 6.6
Miss Stevens (2016) Miss Stevens (2016) =============တစ်ယောက်ယောက်ကိုများစောင့်နေတာလား...ဇာတ်ကားရဲ့အစမှာ ဆရာမ Miss Stevens ကတော့ ဇာတ်ရုံထဲမှာထိုင်ပြီး ကြေကွဲနေပါတယ်။ ဒီအကြောင်းကတော့နောက်ပိုင်းမှာသိရမှာပေါ့။Miss Stevens က ဘဝမှာ အဆင်မပြေမှုတွေကိုမျိုသိပ်ထားရင်း တာဝန်‌ဝတ္တရားတွေအပြည့် ခေါင်းထဲမှာ‌ထည့်ထားတဲ့ ဆရာမတစ်‌ယောက်ပါ။ တစ်နေ့မှာ သူ့တပည့် သုံးယောက်ကို သရုပ်ဆောင်ပြိုင်ပွဲအတွက် လိုက်ပို့ရပါတယ်။ ဒီ သရုပ်ဆောင်ပြိုင်ပွဲက ဆုရလာမှလည်း ကျောင်းအတွက် အနုပညာ ရန်ပုံငွေပြန်လာရရှိလာမှာဆိုတော့ တပည့်သုံးယောက်ကလည်း အစွမ်းကုန်ကြိုးစားမယ့်ပုံပါပဲ။ခရီးအတွင်း တစ်ညမှာတော့ Miss Stevens ကို Billy က နာမည်အရင်းဖြစ်တဲ့ ရေချယ်ဆိုတဲ့နာမည်ကိုခေါ်မိလိုက်တာရော၊ မာဂေါ့ရဲ့စကားမှားတာတွေရောကြောင့် စိတ်ကွက်သွားပါတယ်။ ဒီတင်မှာ ဘီလီက Miss Stevens အခန်းကိုလိုက်သွားပြီး နှစ်သိမ့်ပေးပါတယ်။ သူနဲ့ Miss Stevensက တစ်ယောက်ကို တစ်‌ယောက် နှစ်သိမ့်ပေးမှအဆင်ပြေနိုင်မယ့် အထီးကျန်နေတဲ့ လူနှစ်ယောက်မှန်း ဘီလီကသိပေမယ့် Miss Stevens ကတော့ဝန်မခံပါဘူး။Miss Stevens အဖြစ် Lily ...
movie

Miss Stevens (2016)

2016