Channel Myanmar

Nobunaga Shimazaki

Fate/Grand Order: First Order (2016) 5.7
Fate/Grand Order: First Order (2016) Fate/Grand Order: First Order(2016) ရင်းနှီးပြီးသားဖြစ်တဲ့ Fate/Grand Order ဂိမ်းရဲ့ Live action ဖြစ်တဲ့Fate/Grand Order ရုပ်ရှင်စီးရီးတွေထဲက ပထမဆုံး prequel ပါ။လူသားမျိုးနွယ် ဆက်တည်တံ့ဖို့ Chaldea အဖွဲ့အစည်းဟာပညာရှင်တွေစုစည်းပြီးတော့ အချိန်ခရီးသွားခြင်း(ရေးရှစ်ဖ်)နဲ့လူသားမျိုးနွယ်မပျက်သုဉ်းသွားအောင်ကာကွယ်ဖို့ကြိုးစားနေတာပါ။မာစတာဖြစ်နိုင်တဲ့ လူသားတွေကိုစုစည်းပြီးတော့ အချိန်ခရီးသွားစေပြီးလူသားမျိုးနွယ်ပျက်သုဉ်းစေတဲ့အကြောင်းရင်းကို ဖြေရှင်းတဲ့နည်းလမ်းကိုသုံးတာပါ။ပထမဆုံးစမ်းသပ်တဲ့မစ်ရှင်မှာပဲ မတော်တဆပေါက်ကွဲမှုဖြစ်ပြီးစီစဉ်ထားသလိုမဖြစ်လာခဲ့ပါဘူး။ ပေါက်ကွဲမှုထဲမပါဘဲ ကျန်ခဲ့တဲ့မာစတာဖြစ်နိုင်သူဖူဂျီမာရုနဲ့ သူရဲကောင်းဝိဉာဉ်နဲ့ပေါင်းပြီး အစေခံတစ်ပိုင်းဖြစ်သွားတဲ့မက်ရှ်တို့နှစ်ယောက် ရေးရှစ်ဖ်နဲ့ အချိန်ခရီးသွားမိသွားပြီးမစ်ရှင်ကိုဆက်လုပ်ဖို့ဖြစ်လာပါတော့တယ်။ ဖူဂျီမာရု နဲ့ မက်ရှ်တို့ မစ်ရှင်အောင်ပြီးတော့ လူသားမျိုးနွယ်ကိုထိန်းသိမ်းနိုင်မှာလားဘယ်လိုအခက်အခဲတွေနဲ့ရင်ဆိုင်ရပြီးတော့ ဘယ်လိုမြင့်မြတ်တဲ့သူရဲကောင်းတွေက‌ရော မစ်ရှင်မှာဝင်ကူညီမှာလဲဆိုတာကိုစိတ်ဝင်စားဖွယ်ကြည့်ရမှာပါ။ File size…    1 GB /  490 MB Quality… BluRay 1080p / 720p Format… mp4 Duration…. 1h 14m Genre ..... Aniamtion/Action Subtitle…. Myanmar Subtitle (Hard Sub) Encoder…. Thit San Khant Translated by Jia
movie

Fate/Grand Order: First Order (2016)

Summer Ghost (2021) 7.3
Summer Ghost (2021) Summer Ghost (2021) Genre – Animation, Drama IMDB – 7.3/10နွေရာသီကို ရောက်ခဲ့ပြီဆိုရင် လူတွေပြောဆိုနေကြတာဆံပင်အရှည်နဲ့ သရဲမလေးတစ်ယောက်ကို တွေ့ရတတ်တယ်တဲ့…သူက မီးရှူးပန်းဖောက်မှ ကိုယ်ထင် ပြတတ်တာတဲ့…ဘယ်သိမလဲ ဒဏ္ဍာရီတစ်ခုပေါ့နော်…။ဝါသနာပါတာကို လုပ်ခွင့်မရပဲ အာရှမိဘတွေ ထုံးစံအတိုင်းစာကိုပဲ အသည်းအသန် ဖိလုပ်ခိုင်းလို့ ဖိအားပေါင်းစုံဝင်ပြီးစိတ်ပျက်လက်ပျက် ဖြစ်နေတဲ့ ကောင်လေး တိုမိုယာ။ဆိုးဝါးတဲ့ အခြေအနေကြီးတစ်ခုကြောင့် ဝါသနာပါတာတွေကိုစွန့်လွှတ်လိုက်ရပြီး လောကကြီးကို စိတ်ပျက်နေတဲ့ ယိုရ်။ကျောင်းမှာ သူများတွေက အနိုင်ဝိုင်းကျင့်လို့ သတ်သေချင်တဲ့ထိစိတ်ပျက်ပြီး စိတ်ဓာတ်ကျနေတဲ့ အအိုရီ။ဒီ ဆယ်ကျော်သက်လေး ၃ ယောက်ဟာ အကြောင်းတစ်ခု ဆက်စပ်မိပြီးဒီ နွေရာသီမှာ ပေါ်လာတတ်တဲ့ သရဲမလေးကိုလိုက်ရှာဖို့ အကြောင်းဖန်လာကြတော့တယ်။အဲဒီမှာ ဒီ သရဲမလေးကို တွေ့ပါ့မလား…ကိုယ်စီ အခက်အခဲတွေကိုရော ဘယ်လို ကျော်လွှားနိုင်ကြမလဲ…သရဲမလေးရဲ့ နောက်ကြောင်းဖြစ်ရပ်မှန်ကရောဘာဖြစ်မလဲ စသဖြင့် ဂျပန် Anime ထုံးစံအတိုင်းရှုခင်းလှလှလေးတွေနဲ့ ဇာတ်လမ်းကောင်းကောင်းလေးနဲ့ဒရမ်မာကောင်းကောင်းလေးကို ကြည့်ရှုခံစားရမှာပါ။Your Name တို့ Weathering ...
movie

Summer Ghost (2021)

2021
Black Clover: Sword of the Wizard King (2023) 7.7
Black Clover: Sword of the Wizard King (2023) Black Clover: Sword of the Wizard King (2023) ================================== IMDb Rating - 7.7/10Black Clover ကို Anime fan အတော်များများသိပြီးဖြစ်ပါလိမ့်မယ်။ Manga ကနေ Anime Adaptation လုပ်ထားတဲ့ Shounen type anime series ပါ။ Season 4ခုထိ ထွက်ရှိထားပြီး Manga ရော Anime ရော အတန်အသင့်အောင်မြင်မှုရရှိထားပါတယ်။ ယခု Sword of the Wizard King ဆိုတဲ့ Movie တစ်ခုထွက်ရှိလာ ပါတယ်။ ပါဆင်နယ်အမြင်အရ အစောပိုင်းထက် Animation ကပိုမို ကောင်းမွန်လာတယ်လို့ မြင်မိပါတယ်။Shounen တို့ထုံးစံအတိုင်း အိပ်မက်အကြီးကြီးနဲ့ ကောင်လေးတစ် ယောက်အကြောင်းပေါ့။ ကြည့်ဖူးပြီးသား Black Clover fan တွေ အတွက်တော့ အထူးတလည် ညွှန်းစရာတောင်လိုမယ်မထင်ပါဘူး။ ကြည့်ရတာတန်ပါတယ်။ ကျွန်တော်တို့ရဲ့အချစ်တော် စစ္စတာရဲ့အငြင်း ခံ‌လေး အာပြဲအက်စ်တာတစ်ယောက် ဒီ Movie ထိရောက်တာတောင် အရပ်မရှည်လာ‌သေးပါဘူး။ ...
movie

Black Clover: Sword of the Wizard King (2023)

2023
Blame! (2017) 6.7
Blame! (2017) Blame!IMDb - 6.7/10Rotten Tomatoes - 55%Myanimelist - 7.2/10ဒီ‌animeကို 2017တုန်းက Netflixကနေထုတ်လွှင့်ခဲ့တာပါ။ Sci-fiဇာတ်လမ်းကြည့်ရှုချင်တဲ့သူတွေမလွတ်တန်းကြည့်ရှုသင့်တဲ့ဇာတ်ကားပါဇာတ်လမ်းအကျဉ်းကတော့အနာဂတ်ကာလမှာ AIနည်းပညာတွေနဲ့မြို့ကြီးတစ်မြို့ကိုလူသားတွေဟာတည်ဆောက်ခဲ့ပါတယ်တနေ့ကျတော့ကူးစက်ရောဂါတစ်ခုရုတ်တရက်ဖြစ်ပွားခဲ့ကာAIနည်းပညာနဲ့မြို့ကြီးဟာ လူသားတွေကိုရှင်းလင်းမှုတွေစတင်လုပ်‌ေဆာင်ခဲ့ပါတော့တယ်။ ရှင်းလင်းမှုခံရတဲ့အတွက် လူသားတွေရဲ့အရေအတွက်ဟာ လက်တစုပ်စာလောက်ပဲကျန်တော့ပြီးစားစရာတွေရှားပါးတဲ့အထိဖြစ်လာပါတော့တယ်။ အဲ့ဒီနောက်မှာတော့ ကေလီဆိုတဲ့ ထူးဆန်းတဲ့လူတယောက်ပေါ်လာခဲ့ပြီး Net terminalမျိုးရိုးဗီဇရှိတဲ့လူသားတွေကိုလိုက်ရှာတဲ့အခါမှာတော့......- လူသားတွေကိုမြို့ကြီးကဘာလို့တိုက်ခိုက်ခဲ့လဲ- ကေလီဆိုတဲ့လူဟာဘယ်သူလဲ- Net terminalမျိုးရိုးဗီဇရှိတဲ့သူတွေဟာ ဘာထူးခြားလို့ကေလီဟာလိုက်ရှာနေရလဲဆိုတာကိုကိုယ်တိုင်ကြည့်ရှုလိုက်ပါ Translated by : Dr.NyanEncoded by : YKFile Size : 1.5GB and  1.1GBQuality : 1080p and720pSubtile : Myanmar (Hardsub)
movie

Blame! (2017)

2017
Your Name (2016) 8.5
Your Name (2016) Your Name (2016) =============================== (Kimono Na wa) ဒီကားကတော့ မသိတဲ့သူမရှိသလောက်ကို ရှားပါလိမ့်မယ်... ကမ္ဘာအနှံ့အောင်မြင်မှုတွေရခဲ့ပြီး Your Name ကြောင့် Anime ပရိသတ် ဖြစ်လာကြတဲ့သူတွေဒုနဲ့ဒေးပါပဲ... ဒါပေမဲ့ အခုထိမကြည့်ရသေးတဲ့သူတွေ ရှိနေနိုင်သေးတာကြောင့် နည်းနည်းလောက် ပြန်ညွှန်းပါရစေ... ဇာတ်လမ်းအစမှာ သဘာဝလွန်ဖြစ်ရပ်ဆန်းနဲ့ စတယ်...တိုကျိုမှာနေတဲ့ အထက်တန်းကျောင်းသားလေး တာချီဘာနာ တကိ နဲ့ အိတိုမိုရိ ဆိုတဲ့ နယ်မြို့လေးက မိယမိဇု မိဆုဟ ဆိုတဲ့ ကောင်မလေးတို့ဟာ ခန္ဓာကိုယ်ချင်းလဲသွားကြသတဲ့...အမှန်က ခန္ဓာကိုယ်လဲတယ်ဆိုတာထက် စိတ်ချင်းလဲသွားတယ်ဆို ပိုမှန်ပါတယ်... ဒါကို သူတို့တွေက အိပ်မက်လို့ ထင်နေကြပေမယ့် တကယ်ဖြစ်နေမှန်းသိတဲ့အခါမှာတော့ သူတို့နှစ်ယောက်လုံး ဒီအဖြစ်ဆန်းကြီးကို အဖြေရှာဖို့ ကြိုးစားကြပါတော့တယ်..ဒါပေမဲ့ ပြသနာက ခန္ဓာကိုယ်ချင်း(စိတ်ချင်း)လဲတာတင် မဟုတ်ပဲ သူတို့နှစ်ယောက်ရဲ့အချိန်တွေပါ လွဲနေတယ်ဆိုတာကို သိလိုက်ရတဲ့ အခါမှာတော့.... ဒီအချိန်လွဲတယ်ဆိုတဲ့ကိစ္စကြီးက ကြည့်ရတာနည်းနည်းတော့ ရှုပ်နိုင်တယ်... မြင်အောင်ပြောပြရရင် အခုလက်ရှိ ပစ္စုပန်အချိန်နဲ့ ဟိုးအရင်အတိတ်အချိန် နှစ်ခု ထိပ်တိုက်တွေ့တဲ့သဘောပါပဲ... ဒါကို ဇာတ်ကားထဲမှာ ပြန်ပြီးရှင်းပြထားတာကို တွေ့ရမှာပါ... ဒီလို ထူးဆန်းမှုတွေနဲ့ ဆွဲဆောင်ထားတဲ့ ဒီဇာတ်ကားလေးက ကျွန်တော်တို့ကို တစ်ခုပြောသွားသေးတယ်ခင်ဗျ "မှတ်ဉာဏ်တွေဟာ မေ့ပျောက်ဖို့လွယ်ပေမယ့် နှလုံးသားကတော့ အမြဲအမှတ်ရနေမှာပါ" ကျွန်တော်တို့ ...
movie

Your Name (2016)

2016