Channel Myanmar

Nobuyuki Suzuki

Menunggu Bunda (2021) 8.1
Menunggu Bunda (2021) Menunggu Bunda (2021)ဒီအင်ဒိုနီးရှားဇာတ်လမ်းလေးကတော့ သတိလစ်ပြီး ဆေးရုံတင်ထားရတဲ့ အမေအတွက် သားသမီးသုံးယောက်နဲ့ ခင်ပွန်းဖြစ်သူက အရင်အမှတ်တရတွေကို ပြန်တွေးကြတဲ့ပုံစံရယ် လက်ရှိ ဆေးရုံမှာ ဖြစ်ပျက်နေတဲ့ အခြေအနေတွေရယ်ကို ပေါင်းစပ်ရိုက်ကူးထားတဲ့ မိသားစုဇာတ်ကားလေးဖြစ်ပါတယ်။ဇာတ်လမ်းနာမည်ကလည်း မြန်မာလိုဆို "မသွားပါနဲ့ဦး အမေ" လို့ အဓိပ္ပါယ်ရပါတယ်။ Alya၊ Alma နဲ့ Andra တို့ မောင်နှမသုံးယောက်မှာ Alma ကတော့ ငယ်ငယ်ရွယ်ရွယ်နဲ့ ကိုယ်ဝန်ရသွားတဲ့ ကလေးတစ်ယောက်အမေ အိမ်ထောင်ကွဲခဲ့ဖူးသူတစ်ယောက်၊ လက်ရှိမှာ နောက်အိမ်ထောင်နဲ့လည်း ကိုယ်ဝန်အရင့်အမာရှိနေတဲ့သူ။Alya ကတော့ ကုမ္ပဏီကြီးတစ်ခုမှာ ရာထူးကြီးကြီးနဲ့ အောင်မြင်နေတဲ့သူဆိုပေမယ့် သူ့အမေကို ပေးထားတဲ့ကတိတစ်ခု ဖောက်ဖျက်မိထားလို့ အပြစ်ရှိသလိုခံစားနေရတဲ့သူ။Andra ကတော့ အမေ့အပေါ်ကိုရော အစ်မတွေအပေါ်ကိုရော ညှာတာတတ်တဲ့ အငယ်ဆုံးသားလေး။ အမေက ဆေးရုံမှာ အသက်လုနေရတဲ့အချိန် သူတို့မောင်နှမသုံးယောက် အဲဒီအခြေအနေကို အဖေဖြစ်သူနဲ့အတူတူ ဘယ်လိုရင်ဆိုင်ကြမလဲဆိုတာကို ဒီဇာတ်လမ်းလေးထဲမှာ ဆက်လက်ကြည့်ရှုလိုက်ကြပါ။အညွှန်း နဲ့ ဘာသာပြန်ကတော့ Moh Moh ပဲ ဖြစ်ပါတယ်။Genre..... Family, Drama Quality…. 1080p | ...
movie

Menunggu Bunda (2021)

2021
Road To High & Low(2016) 6.4
Road To High & Low(2016) High & Low ဂျပန်ရုပ်ရှင်နဲ့ စီးရီးတွေဆိုတာကတော့ Gangster လူမိုက်တွေ ဂိုဏ်းတွေ အုပ်လိုက်ချကြတာတွေ ကြိုက်တဲ့လူတွေအတွက်တော့ ရှယ်ပါပဲ။ သူကတော့ စီးရီးကို Season 1 & 2 ရှိထားပြီး ရုပ်ရှင်ဆိုလည်း ၆ ကားထိ ထွက်ရှိရတဲ့ထိ အောင်မြင်မှုရထားပါတယ်။ (၆ ကားလုံးလည်း တင်ဆက်ပေးမှာပါ)။ High & Low ကြည့်ဖို့ အတွက် အကျဉ်းချုံး ဒါလေးကို ရှင်းပြထားချင်ပါတယ်။ ပထမဆုံး SWORD ဆိုပြီး နယ်မြေကြီးတစ်ခု ရှိပါတယ်၊ ဒီနယ်မြေထဲမှာ လူမိုက်ဂိုဏ်း ၅ ဂိုဏ်းက အချင်းချင်း သိပ်မတည့်ကြပဲ ကိုယ်စီအုပ်ချုပ်လျက်ရှိပါတယ်။1. ဆန်းနိုးလူမိုက်ဂိုဏ်း (SWORD ထဲက S) ဒီရုပ်ရှင်ရဲ့ဇာတ်ဆောင်လို့ပြောရမယ့် မင်းသားတို့ရဲ့အဖွဲ့ပါ ခေါင်းဆောင်ကော်ဘရာနဲ့အတူ ယာမာတိုတို့က ဖွဲ့စည်းထားတာပါ။2. ဝှိုက်ရတ်စကဲလ်ဂိုဏ်း- အဖြူရောင်လူပေလူတေများ (SWORD ထဲက W) ယောက်ျားသားတွေရဲ့နှိပ်စက်ရမ်းကားတဲ့ဒဏ်ကိုခံရတဲ့ မိန်းကလေးတွေကို ကာကွယ်ဖို့ဆိုပြီး ...
movie

Road To High & Low(2016)

HiGH&LOW: The Red Rain(2016) 6.2
HiGH&LOW: The Red Rain(2016) ဇာတ်လမ်းအစမှာတော့ အာမားမီးရားညီအစ်ကိုတွေဖြစ်ကြတဲ့. ဟီရိုးတိုးနဲ့ မာဆားကိတိုဟာရုတ်တရက် အစအနရှာမရအောင် ပျောက်ဆုံးသွားခဲ့တဲ့ အစ်ကိုဖြစ်သူ တာကဲရုကိုလိုက်လံရှာဖွေနေခဲ့ပါတယ်.မထင်မှတ်ဘဲ မိန်းမချောလေးဖြစ်သူ အိုင်ကာ နဲ့ တွေ့ဆုံမိပြီး.မိသားစု (၉) စု ရှိတဲ့ ခူရူးယုဂိုဏ်းရဲ့ မိသားစု (၁) စု ဖြစ်တဲ့. ကာမီဇိုနို မိသားစုရဲ့အရှုပ်အရှင်းတွေကြားထဲ ရောပါသွားချိန်မှာတော့.သူ့အဖေအတွက် တရားမျှတမှုကို ရှာဖွေနေသူ အိုင်ကာကို ကူညီရင်း. ဟီရိုးတိုးနဲ့ မာဆားကိတို့ ညီအစ်ကိုနှစ်ယောက်သူတို့တွေ့ချင်နေတဲ့ အစ်ကိုဖြစ်သူကို ရှာတွေ့မလား.ခူရူးယုဂိုဏ်းတင်မက တိုင်းပြည်ကိုပါ ရုန်းရင်းဆန်ခတ် ဖြစ်သွားစေနိုင်တဲ့လျို့ဝှက်ချက်ကြီးကို ဖော်ထုတ်နိုင်မလား. မထင်မှတ်ထားတဲ့ ဇာတ်ကွက်အလှည့်အပြောင်းတွေနဲ့.ညီအစ်ကိုသံယောဇဉ်. အနစ်နာခံမှု. မိသားစုရဲ့အဓိပ္ပါယ် ဆိုတာတွေကို ချပြထားတဲ့အက်ရှင်ကြမ်းကြမ်း. ဇာတ်ကားကောင်းလေးတစ်ပုဒ်ကို CM ကနေ ပရိသတ်များ ရှုစားနိုင်ဖို့ တင်ဆက်ပေးလိုက်ပါတယ်. File size…1.76GB / 890MB Quality…Blu-Ray 1080p 5.1CH / 720p Format…mp4 Duration….1h 50m Genre ..... Action , Drama Subtitle….Myanmar Subtitle ...
movie

HiGH&LOW: The Red Rain(2016)

HiGH&LOW The Movie 2: End of Sky(2017) 7.1
HiGH&LOW The Movie 2: End of Sky(2017) အဆိုပါဂျပန်ရုပ်ရှင်ဟာ High & Low Franchise မှ တတိယမြောက်ရုပ်ရှင်ဖြစ်ပါတယ်။ Imdb 7.1အထိရရှိထားပြီး ရုံတင်ငွေ ၁.၃၄ ဘီလျံယန်းထိရရှိပြီး Japanese Box officeမှာအတိုင်းတာတစ်ခုထိအောင်မြင်မှုရရှိခဲ့ပါတယ်။ ဇိုးအထာဖမ်းထားတဲ့တိုက်ရည်ခိုက်ရည်ကောင်းတဲ့လူငယ်ဇာတ်ကောင်များပါဝင်ပြီး လူငယ်ပရိတ်သတ်တွေ အကြိုက်တွေ့မယ့်ရုပ်ရှင်တစ်ခုပဲဖြစ်ပါတယ်ဒုစရိုက်လောကကိုအုပ်စိုးတဲ့ ခူရူးယုဂိုဏ်း(KURYU GROUP) ဟာ SWORD နယ်မြေမှာ ကာစီနိုဖွင့်ရန်ကြံစည်နေပါတယ်။ အဆိုပါ ကိစ္စကို SWORD နယ်ခံဂိုဏ်းတွေကမလိုလားပါဘူး။ ဆန်းနိုးဂိုဏ်းကကော်ဘရာရဲ့ အပြောရဆိုရင် SWORD ဟာခူရူးယုဂိုဏ်းအုပ်စိုးနေသရွေ့အနာဂတ်ဆိုတာလည်းမရှိဘူးလို့ဆိုပါတယ်။ အင်အားကြီးတဲ့ဧရာမဂိုဏ်းကြီးနဲ့ အားပြိုင်ဖို့ကြိုးစားပုံမှာဇာတ်အိမ်တည်ထားတယ်။တချိန်တည်းမှာပဲ SWORD နယ်မြေကို ခပ်ထန်ကြမ်းတမ်းလွန်းတဲ့ဂိုဏ်းနှစ်ဂိုဏ်းဖြစ်ကြတဲ့ ရမ်မာရုရဲ့သံသယဂိုဏ်းနဲ့ ဂျက်စီရဲ့ ထောင်ဂိုဏ်းတို့ပူးပေါင်းကာ တိုက်ခိုက်ဖို့ကြံစည်ကြပါတယ်။ အဓိကက သံသယဂိုဏ်းရဲ့ထာဝရရန်ဖက်ဖြစ်တဲ့ ဝှိုက်ရတ်စကဲလ်ဂိုဏ်းကို ချေမှုန်းချင်ရာကနေစတင်ပါတယ်။ဝှိုက်ရတ်စကဲလ်တွေဟာအမျိုးသမီးတွေကို ကာကွယ်သူတွေအဖြစ်ခံယူထားကြပြီးသံသယဂိုဏ်းသားတွေကတော့ ငွေရရင်ဘာမဆိုလုပ်ကြမယ့်လူတွေဖြစ် တယ်။ SWORD နယ်မြေက ဆန်းနိုးလူဆိုးဂိုဏ်းကိုယ်စားပြု ကော်ဘရာဟာ SWORD ဂိုဏ်းတွေမဟာမိတ်ဖွဲ့ဖို့ အဆိုကိုတင်သွင်းပြီးအားလုံးလိုလိုကငြင်းဆန်ခဲ့ကြပါတယ်။ ဝှိုက်ရတ်စကဲလ်ဂိုဏ်းကရော့ကီဟာ သံသယဂိုဏ်းကဘဲတွေကိုသူကိုယ်တိုင်ပဲရိုက်ခွဲချင်နေပြီးအခြားဘေးကပါဝင်သူတွေကိုထိခိုက်နစ်နာမှာကိုမလိုလားပါဘူး။တစ်ဖက်မှာတော့ အာမားမီးယားညီအစ်ကိုဂိုဏ်းဟာ ဒုစရိုက်လောကရဲ့အကြီးဆုံးဂိုဏ်းဖြစ်တဲ့ခူရူးယုဂိုဏ်းကို အမြစ်ကနေဆွဲလှန်ပြီးဖျက်စီးနိုင်မယ့် ယူအက်စ်ဘီ(USB FLASH DRIVE)ကိုလက်ဝယ်ရရှိထားပါတယ်။ ...
movie

HiGH&LOW The Movie 2: End of Sky(2017)

HiGH&LOW The Movie 3: Final Mission(2017) 7.2
HiGH&LOW The Movie 3: Final Mission(2017) High & low the Movie 3 - Final Mission ကတော့ဂျပန်အက်ရှင်ဒရာမာ ရုပ်ရှင်တွဲဖြစ်တဲ့ High and Low series ရဲ့လေးကားမြောက်ပါ။ဂျပန်ယာကူဇာတွေဖြစ်တဲ့ ခူရူးယုဂိုဏ်း(Kuryu Group)နဲ့ SWORD အဖွဲ့တို့ကြားက တိုက်ပွဲကိုရိုက်ထားပြီး ရှေ့ကသုံးကားဖြစ်တဲ့ High & Low the Movie 1,High & Low the Red Rain,High & Low the Movie 2/ End of Sky တို့ရဲ့အဆက်ပါ။ရုပ်ရှင်ဒရာမာရသအပြည့်အဝခံစားချင်ရင်တော့ ကားအစဉ်လိုက်ကြည့်ဖို့ညွှန်းပါတယ်။ ဇာတ်လမ်းအကျဉ်းကတော့ Nameless City ဆိုတဲ့အမည်မရှိမြို့မှာအရင်ကဆေးဝါးစက်ရုံတစ်ခုရှိခဲ့ပါတယ်။အဲ့ဆေးဝါးက ဗိုင်းရပ်စ်ကုသတဲ့နေရာမှာထိရောက်မှုရှိခဲ့တဲ့အတွက်အစိုးရကလည်းထောက်ခံမှုပေးခဲ့ပါတယ်။ဒါပေမဲ့ဆေးကအခြားဘက်မှာဆိုးကျိုးတွေရှိနေပြီး ကုသခဲ့တဲ့လူနာတွေကခြောက်လအတွင်းမှာသေဆုံးခဲ့ပါတယ်။အဲ့အကြောင်းကြောင့်ကုမ္ပဏီလည်း ဒေဝါလီခံလိုက်ရပါတယ်။ထို့အပြင်ကုမ္ပဏီကထွက်တဲ့အညစ်အကြေးစွန့်ပစ်ပစ္စည်းတွေအနီးနာရေကန်ဆီစွန့်ပစ်ခံလိုက်ရပြီး ထိုဒေသမှာနေတဲ့လူတွေ အဆိပ့်သင့်ဓာတ်ပစ္စည်းတွေရဲ့အကျိုးဆက်ကိုခံစားခဲ့ကြရပါတယ်။ထိုအကြောင်းတွေသိတော့ အစိုးရကသက်ဆိုင်ရာတွေကိုခေါ်ပြီးမြေဖို့ ဖုံးဖိခဲ့ပါတယ်။ ဆေးကုမ္ပဏီက ကျန်ရှိနေတဲ့သက်သေတွေအစဖျောက်ဖို့ ခူရူးယုဂိုဏ်းကိုငှားခဲ့ပါတယ်။တစ်ဖက်မှာလည်း အစိုးရနဲ့ခူရူးယုပူးပေါင်းကာ မိုင်းတွင်းနဲ့အမည်မရှိမြို့ကိုဖောက်ခွဲဖျက်ဆီးပစ်ပြီး ထိုနေရာမှာသူတို့အကျိုးအမြတ်ရမဲ့ ကာစီနိုတစ်ခုကိုတည်ဆောက်ဖို့လုပ်ပါတော့တယ်။ထိုအခါ ...
movie

HiGH&LOW The Movie 3: Final Mission(2017)

Tokyo Revengers (2021) 7.8
Tokyo Revengers (2021) Tokyo Revengers (2021)IMDb - 7.8/10Mangaအ​နေနဲ့ volume 8ခုထွက်ရှိထားပြီး Anime အ​နေနဲ့ season 1 completeဖြစ်ထားသလို ဂျပန်မှာ​ရော International မှာပါ ​အောင်မြင်မှုအကြီးအကျယ်ရရှိထားတဲ့ mangaတစ်ခုပဲ ဖြစ်ပါတယ်၊ အထူးသဖြင့် ဒီManga​ကိုရေးဆွဲသူ Ken Wakui ဟာ 2000ပြည့်နှစ်​တွေမှာ အမှန်တကယ် Gang memberဖြစ်ခဲ့ဖူးသလို Mangaထဲက ဇာတ်​ကောင်​တွေဟာလည်း 1960 ပြည့်နှစ်များထဲက Japanရဲ့ အထင်ကရ ရှိတဲ့ လူငယ်​မော်​တော်ဆိုင်ကယ်ဂိုဏ်းဖြစ်တဲ့ Black Emperor Gangကို reference​​ရေးဆွဲထားလို့ ဇာတ်​ကောင်​တွေရဲ့ ဆိုးမိုက်မှု၊ ရမ်းကားမှု၊ ​ဂိုဏ်းစတားပီသမှု​တွေဟာ အပြင်ကတကယ့်ဂိုဏ်းစတား​တွေနဲ့ အ​တော်နီးစပ်မှုရှိတယ်လို့ ရည်ညွှန်းကြတဲ့ Mangaနဲ့ Anime​ကောင်းတစ်ခုပါအရှိန်အဝါကြီးသလို ​တစ်ကမ္ဘာလုံးအတိုင်းအတာနဲ့ ​အောင်မြင်မှု အကြီးအကျယ်ရရှိထားတဲ့ Tokyo Revengersကို Live Action Adaptationအ​နေနဲ့ ပြန်လည်အသက်သွင်းမယ်ဆိုကတည်းက ​မျှော်လင့်ချက်ကြီး​တွေ ထားခဲ့သူ​တွေလည်း ရှိသလို သံသယမျက်လုံး​တွေနဲ့လည်း ​​စောင့်ကြည့်ခံခဲ့ရပါတယ်၊ တစ်​ခေတ်တစ်ခါက အထူး​အောင်မြင်​ကျော်ကြားခဲ့တဲ့ Manga​တွေanime​တွေကို Live Action နဲ့ အသက်သွင်းရာမှာ cast, director, script ...
movie

Tokyo Revengers (2021)

2021
The East(2021) 7.0
The East(2021) The East(2021) အညွှန်း*******************IMDb...7.0အင်ဒိုနီးရှားလွတ်လပ်ရေးစစ်ပွဲအတွင်းမှာ ဒုတိယကမ္ဘာစစ်လွန်သူပုန်တွေကို ကိုင်တွယ်နှိမ်နင်းဖို့စေလွှတ်လိုက်တဲ့တပ်ဖွဲ့တစ်ဖွဲ့ထဲမှာ ယိုဟန် ဆိုတဲ့လူငယ်စစ်သားလေးတစ်ယောက်ပါဝင်ခဲ့ပါတယ်။ဘာကိုမှအတွေ့အကြုံမရှိ အစိမ်းသက်သက် ဘဝကနေ မဟုတ်မခံမှန်ရာကိုလုပ်တတ်တဲ့ဉာဉ် အရိုးခံစိတ်ထားတွေကြောင့်"The Turk." လို့အများခေါ်ကြတဲ့ ကပ္ပတိန်က မျက်စိကျပြီး သူ့အနီးကပ်လူယုံတစ်ယောက်ဖြစ်လာခဲ့တဲ့အထိ အဆင့်မြင့်လာခဲ့ပါတယ်။အဲ့ဒါနဲ့အတူတူ စစ်ရဲ့ အနိဌာရုံတွေ၊ အထက်အမိန့်ဆိုတဲ့ ပြန်လှန်မေးခွန်းထုတ်ချင်စရာလုပ်ရပ်တွေနဲ့အတူ တာဝန်နဲ့ အသိစိတ်ကြားမှာ သူဟာ တခြားသူတစ်ယောက်လိုဖြစ်သွားတယ်....ဒီလိုနဲ့ တစ်ခုခုဆိုပြတ်သားလွန်းလှတဲ့ ဟင် ဆိုပြန်လှည့်မကြည့်တတ်တဲ့ တစ်ဇွတ်ထိုးတဇောက်ကန်း သူ့ဆရာ တာကီသားနဲ့ သဘောထားကွဲလွဲလာရင်း သူကိုယ်တိုင်သူပုန်အဖြစ် စာရင်းသွင်းခံလိုက်ရတော့တဲ့အခါမှာတော့..။တွေ့ရခဲတဲ့ အင်ဒိုနီးရှားနိုင်ငံနောက်ခံနဲ့ ဖြစ်ရပ်မှန်သမိုင်းတွေအပေါ်အခြေခံထားတဲ့စစ်ကားကောင်းတစ်ကားဖြစ်ပါတယ်။   File Size :(2.6GB)(1.1GB) and (435MB) Quality : Blu-Ray 720p Format…mp4 Duration…02:17:00 Genre : War , Drama , Thriller Subtitle : Myanmar Subtitle (Hard Sub) Translated by Alias Encoded by Phyo Pyae
movie

The East(2021)

Brave: Gunjyo Senki (2021) 6.3
Brave: Gunjyo Senki (2021) ဒီတစ်ခါမှာတော့ လောလောလတ်လတ်ကထွက်ခဲ့တဲ့ Rurouni Kenshin: Final Chapter မှာလည်းပါဝင်ခဲ့တဲ့ ဂျပန်နာမည်ကြီးမင်းသား Mackenyu ရဲ့ အချိန်ခရီးသွားတဲ့ ဇာတ်ကားလေးကို တင်ဆက်ပေးလိုက်ပါတယ် ။သူပဲလားဆိုတော့ မဟုတ်ပါဘူး လူတိုင်းနီးပါးသိတဲ့ Death Note ထဲ့မှာ "L" လို့သိကြတဲ့ Ken'ichi Matsuyama လည်း ပါဝင်ထားပါသေးတယ် ။ ဇာတ်ကြောင်းလေးကတော့...စဲအိတိုခု အားကစားအထက်တန်းကျောင်းလေးမှာ ဆန်းကျယ်မှုတစ်ခုဖြစ်ပွားခဲ့ပြီး သူတို့တစ်ကျောင်းလုံး ၁၅၆၀ခုနှစ်မှာ ဖြစ်ပွားခဲ့တဲ့ စစ်ပွဲအချိန်ကို ရောက်ရှိသွားခဲ့ပါတယ်အဲ့ဒီအချိန်ဟာဆိုရင် စစ်ပွဲကာလဖြစ်တဲ့အတွက် ရုတ်ချည်းဆိုသလို အေးချမ်းနေတဲ့ သူတို့ကျောင်းလေးထဲကို အရင်ခေတ်က စစ်သည်တွေဝင်ရောက်လာပြီး အကြမ်းဖက်ပါတော့တယ်တချို့သူငယ်ချင်းတွေလည်း အသတ်ခံရ တချို့တွေလည်း အဖမ်းခံ နှိပ်စက်ခံရတဲ့အခါမှာတော့အားကစားထူးချွန်ကျောင်းသားတွေပူးပေါင်းပြီး ရှေးခေတ်စစ်သည်တော်တွေကို ညီညွှတ်ခြင်းအင်အား ခေတ်သစ်နည်းပညာတွေနဲ့ ဘယ်လိုရဲရဲဝင့်ဝင့် ရင်ဆိုင် တိုက်ခိုက်ကြမလဲဆိုတာကို စိတ်လှုပ်ရှားဖွယ် ဆက်လက် ကြည့်ရှုကြရမှာပါ ။( အညွှန်းရေးသားထားသူကတော့ Yamin Ei ပါ )File Size_2.1 ...
movie

Brave: Gunjyo Senki (2021)

Tokyo Ghoul ‘S’ (2019) 5.5
Tokyo Ghoul ‘S’ (2019) Tokyo Ghoul S (2019)--------------------------------------Tokyo Ghoul anime Manga တို့ကနေ ပြန်ရိုက်ထားတဲ့ Tokyo Ghoul 2017 အပြီးမှာဆက်ထွက်လာတဲ့ Tokyo Ghoul ဇတ်ကားဖြစ်ပါတယ်။ကာနဲကီ လို့ခေါ်တဲ့အထက်တန်းကျောင်းသားလေးဟာ မကြောင်သင့်တဲ့မမကြီးတစ်ယောက်ကို ဖွန်ကြောင်မိရာနေ စလို့ လူသားစား ဂူးလ်ဘဝကိုရောက်ခဲ့ရပါတယ်။ဂူးလ်တွေကို ထောက်လှမ်းသတ်ဖြတ်တဲ့ ထောက်လှန်းရေးရန်ကနေဂူးလ်ကလေးမတစ်ယောက်ကိုကာကွယ်ပေးရင်း ဂူးလ်တွေဖွင့်တဲ့ ကော်ဖီဆိုင်လေးမှာ စားပွဲထိုးဘဝနဲ့နေထိုင်နေတဲ့ ကာနဲကီဟာ အေးချမ်းမယ်ထင်တုန်းလေး ဘူးလေရာဖရုံဆင့်ခဲ့ရပါတယ်အစားကျူးသူတစ်ယောက်က နာမည်ကြီးမော်ဒယ်လ် တစ်ယောက်ကိုသတ်စားရာကနေစလို့CCG တွေရဲ့ မျက်စောင်းထိုးခံလာရတဲ့ ဂူးလ်တွေအများဆုံးနေထိုင်ရာ ၂၀ ရပ်ကွက်။၂၀ ရပ်ကွက်ထဲမှာ လူသားကို စိတ်ကြိုက်ရွေးချယ်စားသောက်တတ်တဲ့ ဂူးလ်တစ်ကောင်ရှိပါတယ်။သူက ကာနဲကီတို့ ကော်ဖီဆိုင်လေးကိုရောက်လာပြီး ကာနဲကီကို တွေ့ရာကနေ မစားရမနေနိုင်အောင် ကာနဲကီကိုစွဲလမ်းသွားခဲ့ရပါတယ်။ နောက်ဆုံး ကာနဲကီကို စားသောက်ဆိုင်တစ်ခုကို ညစာကျွေးဖို့ခေါ်ပြီး ကာနဲကီကို အမဲဖျက်ဖို့ကြံပါတယ်။ကာနဲကီ ဒီအစားကျူးသူ ဆုကီယာမ လက်ကဘယ်လိုလွတ်အောင်လုပ်ရမလဲဆိုတာနဲ့လူသားတွေနဲ့ သူတို့အသက်ဆက်ရှင်နိုင်ဖို့ လူသားကိုပဲမဖြစ်မနေစားရင်း အသက်ရှင်နေရတဲ့ ဂူးလ်တို့ကြားမှာလူတစ်ပိုင်း ...
movie

Tokyo Ghoul ‘S’ (2019)

2019
Tokyo Ghoul (2017) 6.3
Tokyo Ghoul (2017) ဟိုးအရင်တုန်းကတည်းကတိုကျိုမြို့ရဲ့လူတွေကြားထဲမှာဂိုးဆိုတဲ့သတ္တဝါဆန်းတွေနေထိုင်ခဲ့ကြတယ်သူတို့ဟာဘယ်လိုသတ္တဝါမျိုးလဲလို့ပြောရရင်တော့သူတို့အသက်ရှင်သန်ဖို့လူသားတွေကိုစားသောက်ရတဲ့သတ္တဝါဆန်းတွေပါပဲသူတို့ဟာနေ့ခင်းဘက်မှာသာမန်လူတွေလိုသွားလာနေထိုင်ပြီးညဖက်ရောက်တဲ့ခါကျမှသာသူတို့စောင့်ကြည့်နေတဲ့လူသားကိုအမဲလိုက်ပြီးစားသောက်တတ်ကြပါတယ်တစ်နေ့မှာကနဲခိဆိုတဲ့လူငယ်လေးတစ်ယောက်ဟာသူချစ်မိနေတဲ့ကောင်မလေးနဲ့ချိန်းတွေ့တဲ့အခါထိုမိန်းကလေးဟာသာမန်လူမဟုတ်ဘဲလူသားစားဂိုးဖြစ်နေသောအခါကနဲခိဘယ်လိုလွတ်အောင်ထွက်ပြေးမလဲ  ကံကောင်းထောက်မစွာနဲ့ထွက်ပြေးလွတ်မြောက်ခဲ့ပေမဲ့လည်းရရှိတဲ့ဒဏ်ရာတွေကြောင့်ကနဲခိတစ်ယောက်လူတစ်ဝက်မိစ္ဆာတစ်ဖြစ်လဲဂိုးအဖြစ်ကိုရောက်ရှိသွားတဲ့အခါမှာသူဘယ်လိုဖြတ်ကျော်မလဲရိုးသားတဲ့ကနဲခိတစ်ယောက်ဗိုက်ဆာလာတဲ့အချိန်မှာကောလူသားတွေကိုသတ်ဖြတ်စားသောက်မှာလားဂိုးတွေရဲ့ဘဝကိုစာနာပြီးဂိုးအဖွဲ့ဝင်ဖြစ်သွားတဲ့ကနဲခိတစ်ယောက်ဂိုးတွေကိုသတ်ဖြတ်နေတဲ့လူသားနစ်ဦးကိုဘယ်လိုတားဆီးမလဲလူသားတွေနဲ့ဂိုးတွေကြားကကံကြမ္မာကကောဘယ်လိုဖြစ်လာမလဲဒီဇတ်ကားလေးဟာလက်ရှိဂျပန်မှာအောင်မြင်နေတဲ့ဇတ်ကားလေးတစ်ကားပဲဖြစ်ပါတယ်မန်းဂကိုပြန်လည်အသက်သွင်းထားပြီးတမူထူးခြားစွာပြန်လည်ဆန်းသစ်ရိုက်ကူးထားခြင်းလည်းဖြစ်ပါတယ်အက်ရှင်ခန်းတွေထူးဆန်းတဲ့လူသားစားသတ္တဝါအကြောင်းတွေကိုအကျအနရိုက်ကူးထားတဲ့ဒီဇတ်ကားဟာအလွန်ကောင်းမွန်တဲ့ဇတ်ကားလေးပါလို့ပြောကြားရင်းဒေါင်းလော့ဆွဲပြီးသာကြည့်ကြပါတော့  File Size : (950 MB) and (360 MB) Quality : Blu-Ray 720p Running Time : 1hr 59min Format : Mp4 Genre :Action, Drama, Horror Subtitle : Myanmar Subtitle (Hard Sub) Source : 1080p BluRay x264-WiKi Translated by Soe Htwe Encoded by Thanhtike Zaw
movie

Tokyo Ghoul (2017)

2017