Channel Myanmar

Noh Young-hak

Don’t Buy the Seller (2023) 7.8
Don’t Buy the Seller (2023) Don't Buy the Seller aka Target (2023)Shin Hye Sun ရဲ့ ဇာတ်လမ်းအသစ်လေး ထွက်လာပါပြီ၊ Kang Tae Oh ကလည်း စစ်မှုမထမ်းခင်သရုပ်ဆောင်ထားတဲ့ ဇာတ်လမ်းမို့ အလွမ်းပြေလေး ကြည့်လို့ရပါပြီဒီဇာတ်လမ်းကတော့ သရဲထက်ပိုကြောက်ဖို့ကောင်းတဲ့ လူတွေရဲ့ လောဘစိတ်ကြောင့်ဖြစ်လာတာကို အခြေခံပြီး ရိုက်ကူးထားတဲ့ Thriller ဇာတ်လမ်းကောင်းကောင်းလေးဖြစ်ပါတယ်လစာနဲ့လည်ပတ်နေတဲ့ လခစားတွေဆိုရင် ပေါချောင်ကောင်းပစ္စည်းလေးတွေကို ရှာဝယ်တတ်ကြပါတယ်.. ဒီဇာတ်လမ်းရဲ့ ဇာတ်လိုက် ဂျန်ဆူဟျွန်းဟာဆိုလည်း အဝတ်လျှော်စက်ကို တစ်ပတ်ရစ် website ကနေမှာလိုက်ရာကနေ မပြီးဆုံးနိုင်တဲ့ ဇာတ်လမ်းစလာပါတော့တယ်တစ်ပတ်ရစ်ဈေးကနေ အလိမ်ခံလိုက်ရပြီးတော့ အဲလူလိမ်ကို ဖော်ထုတ်ဖို့ကြိုးစားရင်းကနေ ဖုန်းနံပါတ်၊ အိမ်လိပ်စာကစလို့ ကိုယ်ရေးအချက်အလက်တွေ အကုန်ပေါက်ကြားသွားပြီး အိမ်မှာနေရတာကိုက ထိတ်တလန့်လန့်ဖြစ်နေရပါတော့တယ်တစ်နေ့တစ်မျိုးမရိုးနိုင်အောင် ဒုက္ခပေးနိုင်လွန်းတဲ့ အဲလူလိမ်ကို ဂျန်ဆူဟျွန်းက ဘယ်လိုအနိုင်တိုက်မလဲ.. ဖြစ်လာသမျှကို ဘယ်လိုရင်ဆိုင်မလဲဆိုတာကို ကြည့်လိုက်ကြပါဦးနော်အညွှန်းကိုတော့ Joyz က ရေးထားပေးပြီးတော့ ဘာသာပြန်ထားတာကတော့ Joyz & Hmwe ပဲ ဖြစ်ပါတယ်Genre..... Crime, Mystery, Thriller Quality…. 1080p ...
movie

Don’t Buy the Seller (2023)

2023
The Unfair (a.k.a) Minority Opinion (2015) 6.4
The Unfair (a.k.a) Minority Opinion (2015) The Unfair (a.k.a) Minority Opinion (2015)တောင်ကိုရီးယားနိုင်ငံမှာ ၂၀၀၉ ခုနှစ်ကဖြစ်ပွားခဲ့တဲ့ ဆန္ဒပြပြည်သူ ၅ ဦးနဲ့ ရဲဝန်ထမ်းတစ်ဦး သေဆုံးခဲ့တဲ့ 'YONGSAN TRAGEDY' ဖြစ်ရပ်တစ်ခုရှိခဲ့ပါတယ်။ The Unfair ဆိုတဲ့ ဇာတ်လမ်းက ဒီအကြောင်းကို Inspire ယူပြီး ရေးသားထားတဲ့ 'SoSooUiGyeong' ဝတ္ထုကို ပြန်လည်ရိုက်ကူးပုံဖော်ခဲ့တာပဲဖြစ်ပါတယ်။နိုင်ငံရဲ့ခရိုနီတွေနဲ့ တချို့သောအာဏာရှိအထက်လူကြီးတွေကြောင့် ပြည်သူတွေခံစားရတဲ့ မမျှတမှုတွေကို ပုံဖော်ရိုက်ကူးပြထားတဲ့ ဇာတ်လမ်းကောင်လေး တစ်ကားဖြစ်တာကြောင့် လက်မလွှတ်တမ်းကြည့်ရှုလိုက်ကြပါဦး။ဇာတ်လမ်းအကျဉ်း ...မြို့ပြပြန်လည်ဖွံ့ဖြိုးရေးပရောဂျက်ကြောင့် နေထိုင်သူတွေဟာ သူတို့ရပ်ကွက်ကနေ မတရားနှင်ထုတ်ခံရပါတယ်။ ဒီဖြစ်ရပ်ကို လက်မခံနိုင်တဲ့ ပြည်သူတွေဟာ နေအိမ်တွေကို ဖယ်မပေးဘဲ တစ်နှစ်ကျော်ကြာသည်အထိ ဆန္ဒပြခဲ့ကြတယ်။တစ်ရက်မှာတော့ ရဲအရာရှိအင်အားကို အသုံးပြုပြီး ဆန္ဒပြပြည်သူတွေကို အပြီးတိုင်ဖြိုခွဲမှုလုပ်ခဲ့ပါတယ်။ ဒီဖြိုခွဲမှုဖြစ်စဉ်မှာ ဆန္ဒပြပြည်သူတစ်ဦးရဲ့ သားဖြစ်သူ ဘတ်ရှင်းအူနဲ့ ရဲအရာရှိတစ်ဦး သေဆုံးတဲ့ ဖြစ်စဉ် ဖြစ်ပွားခဲ့ပါတယ်။ ဒီဖြစ်စဉ်အပြီးမှာတော့ ဘတ်ဂျယ်ဟိုဟာ မတော်တဆလူသေစေမှုနဲ့ ...
movie

The Unfair (a.k.a) Minority Opinion (2015)

2015
The Long Way Home (2015) 6.5
The Long Way Home (2015) The Long Way Home (2015)_____Rotten -6.5/10   ၁၉၅၀ ခုနှစ် တောင်နဲ့မြောက်ကိုရီးယား ပြည်တွင်းစစ်ပွဲကို အခြေခံပြီးရိုက်ကူးထားပါတယ် အဓိကသရုပ်ဆောင်အဖြစ် ကလေးသရုပ်ဆောင်ကနေတက်လာတဲ့ လူငယ်မင်းသားလေး   Yeo Gin gu ပါဝင်သရုပ်ဆောင်ထားပါတယ်... စစ်ဖြစ်တဲ့အချိန်မှာ စစ်ပွဲတို့ ထုံးစံအတိုင်း ရသမျှသူဆွဲခေါ် တော့ တာပဲတောင် ကိုးရီးယားဖက်ကလည်း လယ်သမားပါမကျန်အကုန်စစ်ထဲခေါ်သွင်းသလို မြောက်ကိုရီးယားကလည်း ကျောင်းသားပါမကျန် စစ်ထဲလိုက်ပါရတယ်.. တောင်ကိုးရီးယားဖက်က ခြေမြန်တပ်သားတွေကို အရေးကြီးတဲ့ စာတစ်စောင်ကို ပို့ခိုင်းလိုက်ပါတယ်.. လမ်းမှာ ချုံခိုတိုက်ခိုက်ခံရရင်း စာက ကျပျောက်သွားပါတယ် အဲဒီအချိန်မှာပဲ မြောက်ကိုရီးယားတပ်လည်း အမေရိကန်ဗုံးကြဲလေယာဉ်ရဲ့တိုက်ခိုက်ခြင်းကြောင့် တင့်ကားတစ်စီးနဲ့နင့်  ကံဆိုးစွာ စစ်ရေးဘာမှမကျွမ်းတဲ့ကျောင်းသားလေးတစ်ယောက်တည်း ကျန်ခဲ့ပါတယ် ကျောင်းသားလေးကို သူ့ရဲ့ခေါင်းဆောင်က သေခါနီးမှာ တင့်ကားကို သေချာစောင့်ရှောက်ခဲ့ဖို့ မှာသွားပါတယ်။ သူကလည်း တင့်ကားမမောင်းတတ် ဘယ်လိုများ တင့်ကားကို စောင့်ရှောက်သွားလဲနှင့် တောင်ကိုရီးယားရဲ့ အရေးကြီးစာကိုလည်း သူကောက်ရလိုက်တော့ ဘယ်လိုတွေများ ရှေ့ဆက်ဖြစ်ကြမှာလဲ အဲဒီမှာ မြောက်ကိုးရီးယားတင့်ကားတပ်က ကျောင်းသားစစ်သားလေးနဲ့ စာကိုလိုက်ရှာေနေတဲ့တောင်ကိုးရီးယားလယ်သမားစစ်သားတို့တွေ့ကြတဲ့အခါ  ဘာတွေဖြစ်လာကြမလဲ……………… ဒီကားမှာ အဓိက အသက်ဝင်တာကတော့ အဓိကသရုပ်ဆောင်တွေရဲ့သရုပ်ဆောင်ချက်တွေက တကယ်ကို အသက်ဝင်လှသလို ဇာတ်ညွှန်းရေးတဲ့သူကလည်း နာမည်ကျော်ဇာတ်ကားတွေရဲ့ ဇာတ်ညွှန်းရေးဆရာကြောင့် ပြောင်မြောက်လှပါတယ် စစ်ပွဲရဲ့အဓိပ္ပါယ်မဲ့တိုက်နေရတဲ့သဘောတွေ စစ်ရဲ့အနိဌာရုံတွေနဲ့အတူ ဟာသတွေ ...
movie

The Long Way Home (2015)

2015