Channel Myanmar

Noorin Gulamgaus

Code 8 Part II (2024) 6.8
Code 8 Part II (2024) 2019 တုန်းက အဲရိုးမင်းသား Stephen Amell နဲ့သူ့ညီ Robbie Amell တို့ အတူ သရုပ်ဆောင်ပြီးနာမည်ကြီးခဲ့တဲ့ သိပ္ပံစိတ်ကူးယဉ်ဇာတ်ကားCode 8 ရဲ့ နောက်ဆက်တွဲ ဇာတ်ကားလာပါပြီ။ဒီကားမှာလည်း အရင်မင်းသားနှစ်လက်ပဲအဓိက ပါဝင်ထားပြီးအရင်ဒါရိုက်တာကပဲ ရိုက်ကူးထားတာဖြစ်ပါတယ်။ ဇာတ်လမ်းအကျဉ်းလင်ကွန်းမြို့မှာ စွမ်းအားမျိုးစုံ ကိုယ်စီရှိကြတယ် စွမ်းအားရှင်လူသားတွေ ရှိပါတယ်။အဲဒီလူသားတွေဟာ အစတုန်းက လုပ်ငန်းမျိုးစုံမှာ အသုံးဝင်လို့ နေရာရခဲ့ကြပေမဲ့သူတို့နေရာကို စက်တွေနဲ့အစားထိုးလာတဲ့အခါစွမ်းအားရှင်အလုပ်လက်မဲ့တွေ ပိုများပြားလာပြီးရာဇဝတ်မှုတွေလည်း များလာပါတယ်။ဒါတွေကို ရဲတွေက အဆင့်မြင့် စက်ရုပ်တွေနဲ့ အကြမ်းဖက်နှိမ်နင်းနေပြီးတစ်မြို့လုံး ဗြောင်းဆန်နေချိန်လည်းဖြစ်ပါတယ်။အဲဒီမြို့မှာပဲ ဆိုက်ခ်ဆိုတဲ့ မူးယစ်ဆေးတစ်မျိုး ထိန်းမရအောင် ပြန့်နှံ့နေပြီးအဲဒီဆေးဟာ စွမ်းအားရှင်တွေရဲ့ ကျောရိုးအရည်ကနေထုတ်လုပ်တာဖြစ်လို့ အလုပ်လက်မဲ့ စွမ်းအားရှင်တွေအတွက်ငွေရပေါက်တစ်ခုလည်းဖြစ်နေပါတယ်။ ပထမရုပ်ရှင်မှာတော့ အဲဒီ ဆေးထုတ်နေတဲ့ ဂိုဏ်းခေါင်းဆောင်ကိုရှင်းလင်းပစ်ခဲ့ပြီး စွမ်းအားရှင်ဖြစ်တဲ့ ကွန်နာ ဟာသူ့အပြစ်တွေကိုဝန်ခံပြီး ထောင်ကျခံခဲ့တာပါ။ အခု ဇာတ်ကားမှာတော့ ကွန်နာထောင်ကထွက်လာချိန်မှာသူ့မိတ်ဆွေဟောင်း ဂဲရက်က ဆိုက်ခ် မူးယစ်ဆေးဂိုဏ်းခေါင်းဆောင်ဖြစ်နေပြီးကင်းစတန်ဆိုတဲ့ရဲနဲ့ လက်ဝါးချင်းရိုက်ပြီးအလုပ်လုပ်နေပြီ ဖြစ်ပါတယ်။ အဲဒီ မသမာမှုတွေကို တွေ့သွားတဲ့ စွမ်းအားရှင်လူငယ်လေးတစ်ယောက်အသတ်ခံလိုက်ရပြီး ...
movie

Code 8 Part II (2024)

The Breadwinner (2017) 7.5
The Breadwinner (2017) Breadwinner ဇာတ်​ကား​လေးဟာ ၂၀၁၇ခုနှစ်​ထွက်​ ​ကာတွန်းကား​လေးဖြစ်​ပါတယ်​Imdb rating 7.6/10.....rotten tomatoes 94% ထိရရှိထားတဲ့ အကြိမ်​ ၉၀​မြောက်​အကယ်​ဒမီ ဇကာတင်​ကား​လေးဖြစ်​ပါတယ်​စာ​ရေးဆရာDeborah Ellisရဲ့အ​ရောင်းရဆုံးဝတ္ထုကိုအ​ခြေခံရိုက်​ကူးထားပြီး နာမည်​ကြီးမင်းသမီးဂျိုလီကိုယ်​တိုင်​ထုတ်​လုပ်​​ရေးမှာပါဝင်ခဲ့ပါတယ်ဇာတ်​လမ်းအကျဉ်းက​တော့.....ဇာတ်​လမ်းနာမည်​​လေးဖြစ်​တဲ့ breadwinner ဆိုတဲ့အဓိပ္ပါယ်​က မိသားစုအတွက်​ရုန်းကန်​​ထောက်​ပံ့​ပေးသူ ကိုဆိုလိုတာပါတာလီဘန်​​တွေအုပ်​စိုး​နေတဲ့ကာဘူးလ်​မြို့မှာ ပါဗာနာဆိုတဲ့ကောင်မလေးတစ်ယောက်ရှိတယ်သူမဟာ ငယ်ရွယ်လှပသူဖြစ်ပေမယ့် တာလီဘန်ကြီးစိုးတဲ့နေရာမှာ နေရတဲ့အပြင် ခြေတဖက်ပြတ်ဖခင်နဲ့မိခင်အိုကြီးကိုလုပ်ကျွေးနေရလေတော့ နေ့စဉ်နဲ့အမျှခက်ခဲပင်ပန်းနေရရှာတယ်.ဒါ့အပြင် သူမမှာ လူမမယ်မောင်လေးတစ်ယောက်လည်းရှိသေးတယ်..ဘယ်လိုပဲပင်ပန်းပါစေ သူမဟာ မိသားစုအတွက်ရုန်းကန်နေရတာကိုပျော်ရွှင်နေပါတယ်​တစ်​​နေ့မှာ​တော့ အစွန်းရောက်တစ်ချို့ဟာ သူမရဲ့ဖခင်ကြီးကို မှားယွင်းစွပ်စွဲခဲ့ပါတယ်..သူမဟာ ဖခင်ရဲ့အခက်အခဲတွေဖြေရှင်းဖို့ကြိုးစားနေတုန်းမှာပဲအစွန်းရောက်တွေက စည်းကမ်းချက်အသစ်ထုတ်လိုက်ပါတယ်..အဲ့ဒါကတော့ ယောင်္ကျားလေးအုပ်ထိန်းသူမပါပဲ အမျိုးသမီးတွေအပြင်မထွက်ရဆိုတဲ့ အမိန့်ပါပဲ..ကိုင်းပရိတ်သတ်ကြီးရေ ပါဗာနာဆိုတဲ့ကောင်မလေးတစ်ယောက် ဖခင်ကြီးရဲ့အခက်အခဲတွေကိုဘယ်လိုကူညီရင်ဆိုင်ဖြေရှင်းမလဲ..အုပ်ထိန်းသူယောင်္ကျားလေးမပါအမျိုးသမီးများအပြင်မထွက်ရအမိန့်ကိုလက်တစ်လုံးခြားဘယ်လိုရင်ဆိုမလဲ.စတာတွေကို ကြည့်ရှုခံစားကြည့်လိုက်ပါဦး (ဘာသာပြန်သူကတော့ အိပပစံပါ) File Size : (800 MB) and (330 MB) Quality : Blu-Ray 720p Running Time : 1h 34min  Format : Mp4 Genre : Animation, Drama, Family Subtitle : ...
movie

The Breadwinner (2017)

2017
RoboCop(2014) 6.2
RoboCop(2014) RoboCop(2014)=============ဒီကားက RoboCop remake သာမဟုတ်ခဲ့ရင် အရမ်းကောင်းတဲ့ စက်ရုပ်ကားတစ်ကားဖြစ်မှာဖြစ်ပြီး နာမည်ကြောင့် လူတွေ စိတ်ပျက်တာဖြစ်ပါတယ်။ လူတိုင်းကြိုက်ခဲ့တဲ့ RoboCop ကို ယူပြီး ဇာတ်လမ်းလုံးဝပြောင်းလိုက်တာကလည်း ပရိတ်သတ်ကို ဒေါသထွက်စေပါတယ်။ အထူးသဖြင့် ကျွန်တော်တို့ခေတ်က RoboCop က Made in USA ဖြစ်ပြီး ဒီ RoboCop ကတော့ Made in China ဖြစ်ပါတယ်။ အဲ့ဒီလောက်ထိ ဒီဘက်ခေတ်နဲ့ လျှော်ညီအောင် ရိုက်ကူးထားနိုင်သလို ဇာတ်လမ်းအားဖြင့်လည်း အထူးကောင်းမွန်ပါတယ်။ စက်ရုပ်နဲ့ လူနဲ့ တွဲထားပြီး စက်ရုပ်လိုပဲ လိုသလို ထိမ်းခြုပ်နိုင်အောင်ကြိုးစား ပေမယ့် လူဦးနှောက်နဲ့ နှလုံးသားက အထိန်းအချုပ်မခံ ပဲ Program ကို Override လုပ်တာမျိုး တွေက ဒီဘက်ခေတ် စက်ရုပ်အက်ရှင်ကား တစ်ကားအနေနဲ့ အထူးကောင်းမွန် ပါတယ်။ ဒါပေမယ့် RoboCop Remake ဆိုတာတစ်ခုတည်းနဲ့တင် RoboCop fan တွေ ကလက်မခံ ချင်ကြပါဘူး။အားလုံးခြုံပြောရရင် ဇာတ်ကားကောင်းတစ်ကားပါ။ ...
movie

RoboCop(2014)