Channel Myanmar
Nora-Jane Noone
12 Feet Deep (2017) 5.5
12 Feet Deep (2017)  ဒီရုပ်ရှင်လေးကတော့ ရေကူးကန်တစ်ခုမှာပဲ တစ်ကားလုံးရိုက်ကူးသွားတာပါ...။အဓိကသရုပ်ဆောင်ကလည်း မင်းသမီးနှစ်လက်သာပါပြီး တစ်ကားလုံးကိုညီအစ်မနှစ်ယောက်ရဲ့ခံစားချက်တွေ သံယောဇဥ်တွေနဲ့သာ ဖွဲ့စည်းပါထားပါတယ်....ဇာတ်လမ်းအကြောင်းအရာလေးကတော့ မဆုံဖြစ်တာကြာပြီဖြစ်တဲ့ ညီအစ်မနှစ်ယောက်ဟာ သူတို့ငယ်ငယ်ကဆုံနေကျ ရေကူးကန်လေးမှာ ရှေးဟောင်းနှောင်းဖြစ်တွေပြောရင်း ရေလာကူးကြပါတယ်....။ကံဆိုးချင်တော့ ဇာတ်လမ်းလှည့်ကွက်တွေကြောင့် ရေကူးကန်ပိတ်သွားတာတောင်ညီအစ်မနှစ်ယောက်ဟာ ရေကူးကန်ထဲပိတ်မိပြီးကျန်နေခဲ့ပါတယ်....။နှစ်ယောက်သား ရေကူးကန်ထဲမှာပဲ ကူကယ်ရာမဲ့ အချိန်ကြာလာလေအသက်အန္တရာယ်ရှိလာလေပါ...။ဒီလို ရေကူးကန်အိပ်မက်ဆိုးကနေ ညီအစ်မနှစ်ယောက်ဘယ်လိုရုန်းထွက်နိုင်မလဲဆိုတာဇာတ်လမ်းလေးထဲကြည့်ရှုလို့ရပါပြီ....။ File size…1.46GB / 660MB Quality…Blu-Ray 1080p 5.1 CH/ 720p Format…mp4 Duration….1h 25m Genre ….. Horror , Thriller Subtitle….Myanmar Subtitle (Hard Sub) Encoder….Min Wai Translated by Themes
movie
12 Feet Deep (2017)
Estranged(2015) 5.7
Estranged(2015) Estranged(2015)==============ဒီဇာတ်ကားလေးကတော့ 2015 တုန်းက ထွက်ရှိခဲ့တဲ့horror movie လေးပဲဖြစ်ပါတယ်။ဒီဇာတ်ကားမှာတော့ အဓိကဇာတ်ဆောင်ဖြစ်တဲ့ ဇန်နဝါရီလို့ခေါ်တဲ့ မိန်းကလေးတစ်ယောက်ဟာ 6 နှစ်အကြာမှာ မိသားစုအိမ်ကိုပြန်ရောက်လာပါတယ်။ ဒါပေမယ့် တစ်ခုခု လွဲနေပြီဆိုတာ သူသတိထားမိသွားပါတယ်။ ကွဲကွာတာကြာပြီဖြစ်တဲ့မိသားစုနဲ့ ပြန်လည်နေထိုင်ရင်းနဲ့မှ ကြောက်စရာကောင်းတဲ့ အဖြစ်ဆန်းတွေကို တစ်စတစ်စကြုံတွေ့လာရပါတယ်။ ဒီအဖြစ်အဆန်းတွေက ဘာတွေလဲ။နောက်ကွယ်မှာ ဘယ်သူတွေရှိနေတာလဲ။ ဘယ်လိုတွေ ဆက်ဖြစ်မလဲဆိုတာ သည်းထိတ်ရင်ဖိုစွာ ကြည့်ရှုခံစားနိုင်မှာ ဖြစ်ပါတယ်။Horror genre တွေကို စိတ်ဝင်စားတယ်ဆိုရင်တော့ ဒီကား‌‌လေးကသင့်အကြိုက်ဖြစ်မှာ သေချာပါတယ်။(အညွှန်းနဲ့ ဘာသာပြန်ကတော့ Kelvin ပဲ ဖြစ်ပါတယ်) File size…1.21GB / 598MB Quality…WEB-DL 1080p / 720p Format…mp4 Duration….1h 32m Genre ..... Mystery  , Thriller  , Horror Subtitle….Myanmar Subtitle (Hard Sub) Encoder….Min Wai Translated by Kelvin
movie
Estranged(2015)
Darlin’ (2019) 5.0
Darlin’ (2019) ပထမဇာတ်လမ်း "The Woman" အဆုံးသတ်မှာ လူသားစားမျိုးနွယ်ဖြစ်သည့်အမျိုးသမီးခေါ်သွားတာခံရပြီး တိရစ္ဆာန်တစ်ကောင်လိုကြမ်းတမ်းရိုင်းစိုင်းနေခဲ့တဲ့ဒါလင်လေးဟာ အခုဒီဇာတ်ကားထဲမှာတော့ ကတ်သလစ်ဘုရားကျောင်းတစ်ခုကိုရောက်ရှိသွားပြီးယဉ်ကျေးလိမ္မာကောင်းမွန်တဲ့မိန်းကလေးတစ်ယောက်ဖြစ်လာအောင်လို့နေထိုင်လုပ်ဆောင်ပုံတွေကိုတွေ့မြင်နိုင်မှာပါ...ဒါလင်တစ်ယောက်ပုံမှန်မိန်းကလေးတစ်ယောက်လိုနေထိုင်သွားနိုင်မှာလား...သူ့ဘေးနားမှာရှိနေကြသည့်သူတွေကရော သူ့အပေါ်တကယ်ကောင်းတဲ့သူတွေပဲလား၊သူ့ကိုခေါ်သွားသည့်အမျိုးသမီးသူ့နားပြန်ရောက်လာတဲ့အခါမှာရော ဘာတွေဆက်ဖြစ်လာမှာလဲဒီလိုအရာတွေကိုစိတ်ဝင်တစားနဲ့ကြည့်ရမှာဖြစ်ပါတယ်.... File Size : (943 MB ) & (430 MB)Quality :Web-DL 720pRunning Time :1 hr 40 minFormat : Mp4Genre :  HorrorSubtitle : Myanmar Subtitle (Hard Sub)Translated by Pone ThoneEncoded by Moe Myint Lwin
movie
Darlin’ (2019)
2019
The Descent (2005) 7.2
The Descent (2005) The Descent (2005) IMDb - 7.2/10_____Rotten - 85%  Horror ကားအများစုဟာ Rating နည်းကြပါတယ် The Descent ကတော့ IMDb 7.2 ရရှိထားတာကြောင့် Horror ကားတစ်ကားအနေနဲ့ Rating မြင့်တယ်လို့ ဆိုနိုင်ပါတယ် ဒီဇာတ်ကားကို ဒါရိုက်တာ Neil Marshall ရိုက်ကူးထားပြီး 2005 ခုနှစ်မှာ ထွက်ရှိခဲ့ပါတယ် The Descent ရဲ့အဓိပ္ပါယ်က " ဆင်းသက်ခြင်း " ဖြစ်ပေမယ့် " သက်ဆင်းခြင်း " လို့ပြောမှ ပိုမှန်မယ် ထင်မိပါတယ် အန္တရာယ်တောထဲ သက်ဆင်းမိပြီး ထောင်ချောက်အတွင်း သက်ဆင်းမိကြတဲ့ အမျိုးသမီးတစ်စုအကြောင်းကို ထိတ်လန့်တုန်လှုပ်ဖွယ် ရိုက်ကူးတင်ပြထားတာပါ စွန့်စွန့်စားစားခရီးတွေကို ခုံမင်ကြတဲ့ အမျိုးသမီး ၆ ယောက်ဟာ လူမရောက်ဖူးသေးတဲ့ လှိုဏ်ဂူတစ်ခုထဲ ဆင်းသက်ဝင်ရောက်ခဲ့ကြပါတယ် ဂူနံရံတွေမှာ ဆွဲထားတဲ့ ရုပ်ပုံတွေကို မြင်ရတဲ့အခါမှ ဂူထဲမှာ သူတို့ချည်းပဲမဟုတ်ဘူးဆိုတာ သတိပြုမိခဲ့ကြပါတော့တယ် အမှောင်ထဲမှာ နေထိုင်ကျက်စားကြတဲ့ အသားစားသတ္တဝာတွေဖြစ်ကြောင်း သိရှိလိုက်ရတဲ့အခါမှာတော့.... Jump Scare(သွေးလန့်လို့ခုန်)အကွက်တွေ ဖောဖောသီသီ သုံးထားတာကြောင့် သည်းထိတ်ရင်ဖိုဇာတ်ကားကြိုက်ပရိသတ်တွေ ကျေနပ်ကြပါလိမ့်မယ်   သွေးထွက်သံယိုပြကွက်တွေ အများအပြားပါဝင်တာကြောင့် နှလုံးမခိုင်သူများ ...
movie
The Descent (2005)
2005
Brooklyn (2015) 7.5
movie
Brooklyn (2015)
Doomsday (2008) 6.0
Doomsday (2008) သိပ္ပံ စိတ်ကူးယဉ် အက်ရှင် ကားလေးတစ်ကား ကို တင်ဆက်ပေးလိုက်ပါတယ်။ ဇာတ်လမ်းကတော့ Reaper Virus လို့ခေါ်တဲ့ ဗိုင်းရပ်စ် အကြောင်းရိုက်ကူးထားတာပါ။ ဒီဗိုင်းရပ်စ်ဟာဆိုရင် စကော့တလန်နိုင်ငံမှာ စတင်ပျံ့နှံ့ပြီး လူထောင်ပေါင်းများစွာ သေဆုံး ခဲ့ရပါတယ်။ဗြိတိန် အစိုးရဟာ ဒီကိစ္စကို ထိန်းချုပ်ဖို့ အတွက် အသက်ရှင်ကျန်နေတဲ့ သူတွေကို ရွှေ့ပြောင်းခိုင်းခဲ့ပြီး တံတိုင်းကြီးတစ်ခုကို တည်ဆောက်ခဲ့ပါတယ် ရောဂါကူးစက် ခံထားရသူတွေနဲ့ မကူးစက်ခံထားရသေးတဲ့သူတွေကို ခွဲခြားထားခဲ့ရောဂါကိုထိန်းချုပ်နိုင်ခဲ့ပါတယ် ဒါပေမဲ့ နှစ်ပေါင်း ၃၀ ခန့်ကြာပြီးတဲ့ နောက် လန်ဒန်မှာ နောက်တစ်ကြိမ် ဒီဗိုင်းရပ်စ် ပြန်လည်ဖြစ်ပွားခဲ့ပါတယ်။ ဒီအချိန်မှာ အစိုးရဟာဆိုရင် ယခင်ကူးစက်ခံခဲ့ရတဲ့ နေရာမှာ ဖြေဆေးနဲ့ ပတ်သတ်တာ ရှိနေတယ် ဆိုတာ သတင်း ရရှိခဲ့ပါတယ် အဲ့အတွက် မေဂျာ အီဒင် ဆင်ကလဲယား ဦးဆောင်တဲ့ အဖွဲ့ကို ဖြေဆေးကိစ္စ အတွက် ကမ္ဘာကြီးနဲ့ သီးသန့်ခွဲထားတဲ့ နေရာ ကို စေလွှတ်ပါတော့တယ်….. ဒီလို နှစ်ပေါင်းများစွာ လူသားတွေနဲ့ ကင်းကွာနေတဲ့ ရောဂါ ကူးစက် ခံရတဲ့ ...
movie
Doomsday (2008)
2008