Channel Myanmar

Noriko Eguchi

Bad Lands (2023) 6.2
Bad Lands (2023)  Bad Land (2023) ရုပ်ရှင်ကားဟာ ဒီတလောကမှ ထွက်ရှိထားတဲ့ဂျပန် Crime Thriller ရုပ်ရှင်ဇာတ်ကားကောင်းလေး ဖြစ်ပါတယ်။ဂျပန်တွေက သိတဲ့အတိုင်း တစ်ခုခုဆို ခံစားချက်ပြင်းပြင်းနဲ့ ရိုက်ပြတတ်တဲ့သူတွေဖို့ ဒီလိုဇာတ်ကားတွေက အရမ်းကြည့်ကောင်းနေမှာအသေအချာပါပဲ။ဇာတ်လမ်းကျောရိုးလေးကတော့ Neri နဲ့ Jo တို့ အမေတူအဖေကွဲမောင်နှမ ၂ ယောက်ရဲ့ ဇာတ်လမ်းလေးပဲ ဖြစ်ပါတယ်။ Neri ဟာ လက်ရှိအချိန်မှာ အိုဆာကာမြို့က အသက်ကြီးသူတွေကို ပစ်မှတ်ထားလိမ်လည်တဲ့လူလိမ်ဂိုဏ်းတစ်ခုမှာ အလုပ်လုပ်နေပြီး သူ့မောင် ဖြစ်တဲ့ Jo ကတော့ထောင်ကထွက်လာတာ မကြာသေးပါဘူး။ အစ်မဖြစ်သူက မောင်ဖြစ်သူကိုသူ့အလုပ်ထဲ ဆွဲခေါ်ရင်း ဘယ်လိုပြဿနာတွေ ရင်ဆိုင်ရမလဲ ဘယ်လိုကံကြမ္မာမျိုး ဒီမောင်နှမ ၂ ယောက် ရင်ဆိုင်ရမလဲ။ ဒီလိုအခြေအနေတွေဖြစ်လာစေဖို့ အတိတ်က ဘယ်လိုဖြစ်ရပ်တွေ ရှိခဲ့ကြလဲ ၂ ယောက်သားစတာတွေကို ၂ နာရီကျော်ကြာပေမဲ့ ခဏလေးလို့ ခံစားစေရလောက်အောင်ကောင်းတဲ့ဇာတ်ကားထဲမှာ ကြည့်ရှုရမှာ ဖြစ်လို့ Japan ...
movie

Bad Lands (2023)

Just Only Love (2018) 6.5
Just Only Love (2018) Just Only Love (2019)"အချစ်ဆိုတာ ဘာလဲ"သူ အထီးကျန်နေတဲ့အချိန်မျိုးမှာ ကိုယ်က အမြဲတမ်း အသင့်ရှိနေပေးချင်တာမျိုးက အချစ်လား သူ ဝမ်းနည်းတဲ့အချိန်မျိုးမှာ ကိုယ်က အမြဲတမ်း အသင့်ရှိနေပေးချင်တာမျိုးက အချစ်လားပေးဆပ်ခြင်းက အချစ်လား ပိုင်ဆိုင်ရမှ အချစ်လား။ဒီလိုမျိုး အချစ်ရဲ့အဓိပ္ပာယ်ကို ဇာတ်အေးအေးလေးနဲ့ညွှန်းဆိုဖော်ပြသွားမှာကတော့ ၂၀၁၉ ခုနှစ်က ထွက်ရှိခဲ့တဲ့ Just Only Love ဆိုတဲ့ ဂျပန်ဇာတ်ကားလေးပဲဖြစ်ပါတယ်။တာနက,မာမိုရုကို တစ်ဖက်သတ်ချစ်နေရတဲ့ ယာမဒ,တဲရုကို နဲ့ ယိုကို,ကို တစ်ဖက်သတ်ချစ်နေရတဲ့ နာကဟာရ တို့ရဲ့ ခပ်ဆွေးဆွေး အချစ်ဇာတ်လမ်းလေးကို ရှုစားလိုက်ကြပါဦးနော်အညွှန်းနဲ့ဘာသာပြန်ကတော့ Hmwe Thet Winn ပဲ ဖြစ်ပါတယ်။Genre..... Drama, Romance Quality…. 1080p | 720p File size… Format… mp4 Duration…. 2h 3min Subtitle…. Myanmar Subtitle (Hardsub) Translator ..... Hmwe Thet Winn Encoder ..... Aaron
movie

Just Only Love (2018)

2018
One Million Yen Girl (2008) 7.1
One Million Yen Girl (2008) One Million Yen Girl (2008) ===================== IMDb Rating - 7.1/10ဒီယန်းတစ်သန်းမိန်းကလေးက ၂၀၀၈အနေနဲ့ဆို ဂျပန်ကား တွေမှာ အမျိုးသမီးတစ်ယောက်တည်းကို အဓိကဦးတည် ဇာတ်အိမ်ဖွဲ့ထားတာ ရှားပါးတဲ့သေးတဲ့အချိန်မှာ ဒါရိုက်တာ အသစ်က အမျိုးသမီးတစ်ယောက်တည်းကို အဓိကထား ဇာတ်အိမ်တည်ပြီးရိုက်ထားတာ။ ဒီကားကိုရိုက်တဲ့အမျိုးသမီး ဒါရိုက်တာ Yuki Tanadaက သူတို့လောကမှာ မင်းသမီးတွေ နေရာပိုရအောင် လုပ်ဖို့ကြိုးစားခဲ့တဲ့ ပထမဆုံးမှတ်တိုင်တစ်ခုလို့ ပြောရင်လည်းမမှားဘူး။ Yu Aoi ရဲ့ ပထဆုံး အဓိကဇာတ်ကောင် စစ်စစ် နေရာကို ရခဲ့တဲ့ကားလည်းဟုတ်တယ်။ဒီကားရဲ့ မင်းသမီး Yu Aoi က လက်ရှိ ဂျပန် Film Industry မှာတော့ ညှို့ဓာတ်အပြင်းဆုံး အလှဆုံးမင်းသမီးလို့ပြောလို့ရတယ်။ Aoiဟာ ဒါတင်မကဘဲ ချစ်ဖို့တော်တော်ကောင်းတဲ့ မင်းသမီးဆိုလည်း မမှားဘူး။ သူရိုက်ခဲ့တဲ့ သက်တမ်းတစ်လျှောက်က ရုပ်ရှင်တွေက နာမည်ကြီးဒါရိုက်တာတွေနဲ့ မှတ်ကျောက်တင်နိုင်ခဲ့တဲ့ကားတွေ တော်တော်များတယ်။ ဂျပန်ရုပ်ရှင်လောကရဲ့ ရုပ်ရှင်ကဝေတစ်ပါး ဖြစ်တဲ့ Shunji Iwaiရဲ့ မာစတာပိစ်ကားဖြစ်ခဲ့တဲ့ All About Lily Chou-Chouမှာလည်း သရုပ်ဆောင်ဖူးသလို Iwaiရဲ့ အစောပိုင်း ရုပ်ရှင်တွေထဲက တစ်ကားဖြစ်တဲ့ Hana ...
movie

One Million Yen Girl (2008)

2008
Stigmatized Properties (2020) 5.0
Stigmatized Properties (2020) Stigmatized propertyဒီကားကတော့ အဆောင် တိုက်ခန်းရှာနေတဲ့သူတွေကြည့်ရင် အခန်းငှားဖို့တွေဝေတွန့်ဆုတ်စေမဲ့ သရဲကားပါ။ ဂျပန်မှာဆိုရင် အခန်းငှားတဲ့အခါ ဒီအခန်းမှာ အရင်က လူသေထားဖူးရင် ပုံမှန်မဟုတ်တဲ့အဖြစ်အပျက်တွေဖြစ်တတ်ရင် အခိုက်ရှိတဲ့အခန်း Stigmatized propertyဖြစ်ကြောင်း ဖော်ပြပေးရပါတယ်။ ဒီမှာဆိုရင်တော့ သရဲရှိမရှိ ကိုယ်မေးမှပြောပြကြမှာဖြစ်ပြီး အထူးတလည်သတိပေးကြမှာမဟုတ်လို့ ဘုံမတူတဲ့ မိတ်ဆွေတွေနဲ့ကြုံရနိုင်ပါတယ်။ဇာတ်လမ်းထဲမှာတော့ ရာမမဲ လို့ခေါ်တဲ့ ဟာသတင်ဆက်သူက ရုပ်သံလွှင့်လောကထဲမှာ ၁၀နှစ်ရှိပြီဖြစ်ပေမဲ့ ခုထိမအောင်မြင်သေးပါဘူး။ တစ်ခါရယ်ရင် ၁၇၄စက္ကန့် အသက်ပိုရှည်တယ်ဆိုတဲ့စကားကို လက်ကိုင်ထားပြီး လူတွေကို ရယ်အောင်လုပ်ပေးပေမဲ့ သူ့ဟာသတွေကို လူကြိုက်မများပါဘူး။ဒီလိုနဲ့ သူနဲ့ သူ့သူငယ်ချင်းရဲ့ ၂ယောက်တစ်ဖွဲ့လေးလည်း ဖျက်လိုက်ရပြီး ဘာဆက်လုပ်ရမှန်းမသိဖြစ်နေပါတယ်။ အဲဒီအချိန်မှာ လူသေဖူးတဲ့ ခိုက်တဲ့အခန်းတွေမှာ နေထိုင်ပြီး အဖြစ်အပျက်တွေကို ထုတ်လွှင့်ပေးဖို့ အကြံတစ်ခုရလာပါတယ်။ သရဲရှိလောက်တဲ့အခန်းကိုငှားပြီး စတင်နေထိုင်တဲ့အခါ တကယ်ကိုပဲ သရဲက အကောင်အထည်ပြလာတာကြောင့် သူ့အစီအစဉ်လည်း နာမည်ကြီးလာပါတယ်။ ဒီလိုနဲ့တစ်ခန်းပြီးတစ်ခန်း ပြောင်းနေရင်းနဲ့ သရဲတွေက ကြမ်းသထက်ကြမ်းလာပြီး ...
movie

Stigmatized Properties (2020)

My Girlfriend is a Serial Killer (2019) 5.8
My Girlfriend is a Serial Killer (2019) My Girlfriend is a Serial Killer (2019)အချစ်ဆိုတာ ဒီလောကမှာ အဆန်းကြယ်ဆုံးအရာပါပဲ။ တချို့က ချောချောလေးတွေကို ချစ်ကြတယ်။ တချို့က စာကြမ်းပိုးမလေးတွေကို ချစ်ကြတယ်။ တချို့က သေးသေးလေးတွေကို ချစ်ကြတယ်။ တချို့ကကျ နားလည်ရခက်တဲ့ ကောင်မလေးတွေကို ချစ်ကြတယ်။ ပြောမကုန်ဘူးပေါ့။ လူတစ်ကိုယ်အကြိုက်တစ်မျိုးမို့ ပြောလည်း မဆုံးပါဘူး။ဆိုပေမဲ့ ဒီရုပ်ရှင်ထဲက ဇာတ်လိုက်ကျော်ကြီးကတော့ ဘေးခန်းက ကောင်မလေး လူသတ်တာကို မြင်ပြီး ချစ်မိတယ်တဲ့ဗျာ။ ဆန်းတော့ဆန်းသား... အဲဒီကောင်မလေးက သူ့ကိုသတ်ချင်လည်း သတ်နိုင်တာ သူသိပေမဲ့ ချစ်မိနေဆဲပါပဲ။ လောကမှာ အသန့်စင်အမွန်မြတ်ဆုံး အချစ်ထက်မြင့်တဲ့ ဆီရီရယ်တိုးနစ်အချစ်ကို ပုံဖော်ထားတဲ့ ဂျပန်ကားလေးပါပဲ။ မင်းသမီးလေးလည်း ချောပါတယ်။ ခပ်ချောချော ကောင်မလေးတွေ လူသတ်တဲ့အခါ ချစ်စိတ်အပြည့်နဲ့ ကြည့်တတ်အောင်လို့ ကြည့်ရှုမုဒိတာပွားထားသင့်တဲ့ ရုပ်ရှင်ပါပဲ။ လောကမှာ အချစ်ဟာအကြီးအကျယ်ဆုံးအရာပဲမလား။ ကောင်မလေးချောနေရင်ပေါ့ဗျာ...(အညွှန်းရေးပေးထားသူကတော့ Lucifer Morningstar ဖြစ်ပြီး ...
movie

My Girlfriend is a Serial Killer (2019)

2019
Masked Ward ( 2020 ) 4.9
Masked Ward ( 2020 ) Plot Twist တွေ မြှုပ်ကွတ်တွေကို ကြိုက်နှစ်သက်တဲ့သူတွေအတွက် လာပါပြီဂျပန်ဇာတ်ကားကောင်းလေးလွန်ခဲ့တဲ့သုံးလမှာ ချစ်သူနဲ့ချစ်သူဗိုက်ထဲကကလေးကို ဆုံးရှုံးထားရတဲ့ ဆရာဝန်ရှုဂို တစ်ယောက် နာလန်ထဆေးရုံမှာစီနီယာတစ်ယောက်ကိုယ်စား တာဝန်ချိန်ဆင်းပေးဖို့ ညနေပိုင်းလောက်မှာ ရောက်ရှိနေပါတယ်ဆေးရုံကြီးဟာ ယခင်ကစိတ္တဇဆေးရုံဟောင်းကြီးဖြစ်လို့ လှေကားခြေရင်းမှာပိတ်ဖွင့်လို့ရတဲ့ သံတံခါးရယ် အသုံးမပြုဘူးဆိုတဲ့ခွဲစိတ်ခန်းရယ်စသဖြင့် ထူးထူးဆန်းဆန်းတွေရှိနေခဲ့ပါတယ်ထိုညနေခင်းမှာ လူပြက်မျက်နှာဖုံးကိုဝတ်ဆင်ထားတဲ့ ဓားပြတစ်ယောက်ဟာစတိုးဆိုင်တစ်ဆိုင်ကို ဝင်ရောက်လုယက်ပြီး ကောင်မလေးတစ်ယောက်ကိုဓားစာခံအနေနဲ့ ဆွဲခေါ်သွားခဲ့ပါတယ်ထိုသတင်းကိုတီဗီသတင်းမှာကြည့်မိနေစဉ် တာဝန်ကျသူနာပြုက လှမ်းခေါ်၍ဆင်းကြည့်လိုက်တဲ့အခါ ဒဏ်ရာရထားသောဓားစာခံနဲ့တရားခံလူပြက်ကောင်ဟာ ဆေးရုံထဲရောက်နေကြပါတယ်တရားခံမှ ဓားစားခံကို အတင်းဒဏ်ရာကြည့်ခိုင်းပြီးအတင်းအကျပ် ခွဲစိတ်ခန်းကိုဖွင့်ခိုင်းရာမှ မကြာခဏအသုံးပြုထားပုံရပြီးကိရိယာအစုံအလင်ရှိတဲ့ ခွဲစိတ်ခန်းကြီးကို အံ့ဩဖွယ်တွေ့လိုက်ရလို့ရှုဂိုတစ်ယောက် ကြုံတွေ့နေရတဲ့ အဖြစ်အပျက်တွေနဲ့ ဘယ်လိုသုံးသပ်မလဲလူပြက်မျက်နှာဖုံးနဲ့တရားခံရဲ့ တကယ့်ရည်ရွယ်ချက်ကဘာလဲနာလန်ထဆေးရုံကြီးရဲ့ ဖုံကွယ်ထားတဲ့အရာတွေက ဘာတွေဖြစ်မလဲဆိုတာကိုမ Spoil ချင်လို့ ကိုယ်တိုင်ကြည့်ပြီး အဖြေရှာကြည့်ကြပါနော် Translated & Review By Htoo Htoo Ka JoeEncoded By LK
movie

Masked Ward ( 2020 )