Channel Myanmar

Norman Chui Siu-Keung

The Monster Is Coming ( 2024 ) 5.7
The Monster Is Coming ( 2024 ) အခုတစ်ခေါက် CM ရဲ့ ပရိသတ်တွေအတွက် သဲထိတ်ရင်ဖိုရုပ်ရှင်လေးကို ဘာသာပြန်တင်ဆက်ပေးလိုက်ပါတယ်။ ဇာတ်လမ်းအကျဉ်းလေးကတော့-ပင်လယ်နယ်နိမိတ်အတွင်းမှာ နိုင်ငံတကာက ပူးပေါင်းထူထောင်ထားတဲ့ ခါအော်စီးကျွန်းဟာ ပတ်ဝန်းကျင်လှပပြီး သဘာဝအရင်းအမြစ်ပြည့်ဝတဲ့ ရှားပါတောရိုင်းတိရစ္ဆာန်တွေ ရှင်သန်ရာ နယ်မြေလေးတစ်ခု ဖြစ်ပါတယ်။ ကျွန်းပေါ်မှာ လက်ဝါးကြီးအုပ်ထားတဲ့ ဟော်ကျုံနည်းပညာကုမ္ပဏီရဲ့ အပေးအယူတစ်ခုမှာ ဗီဇပြောင်းတိရစ္ဆာန်ကြီး ၂ ကောင်က လွတ်မြောက်သွားခဲ့ပြီး လူသားတွေကို အန္တရာယ်ပြုနေခဲ့ပါတယ်။ဇီဝဗေဒပညာရှင် စုန်နန်ဟာလည်း ဒီကိစ္စကို လိုက်လံစုံစမ်းချိန်မှာ သူ့သမီးလေးရှောင်ထင်ကို တိရစ္ဆာန်ကြီးက ဖမ်းခေါ်သွားခဲ့ပါတယ်။ စုန့်နန်အတွက် မထင်ထားရဆုံးအဖြစ်က ဒီတိရစ္ဆာန်ကြီး ၂ ကောင်ကို တီထွင်ဖန်တီးသူက သူ့ရဲ့ ဇနီးဟောင်းဖြစ်သူ ကျိုးချန့်ပဲ ဖြစ်နေပါတယ်။ ရှာဖွေစုံစမ်းမှုတွေနဲ့ တိရစ္ဆာန်ကြီးတွေကို ပြန်လည်ထိန်းသိမ်းဖို့ ရှောင်ထင်ကို ကယ်တင်ဖို့ တာဝန်ကြီးက စတင်ရပါတော့တယ်။ဒီလို အန္တရာယ်တွေကို စုန့်နန်တစ်ယောက် ဘယ်လို ဖြေရှင်းမလဲ...... သူ့ကို ဘယ်လို အန္တရာယ်အသစ်တွေကရော စောင့်နေမလဲ...... ဆိုတာကို ရုပ်ရှင်နဲ့အတူ ခံစားကြည့်ရှုလိုက်ရအောင်နော်။ Quality : WEB-DL 1080p , 720p Format : mp4 Genres : Drama , Action , Adventure Runtime ...
movie

The Monster Is Coming ( 2024 )

League of Gods: Leizhenzi ( 2024 ) 5.7
League of Gods: Leizhenzi ( 2024 ) ဒီတစ်ခါတင်ဆက်ပေးမဲ့ဇာတ်ကားလေးကတော့ ယင်နှင့် ရှန်မင်းဆက်နှောင်းပိုင်းခေတ်မှာဖြစ်ပွားခဲ့ပါတယ် လိမ်းကျန့်ကျီလို့ခေါ်သူနဲ့ အားလုံးသိကြပြီးသားဖြစ်တဲ့ မြေခွေးမိစ္ဆာ စူးတာကျီတို့ရဲ့ ချပွဲလေးကိုအဓိကထားပြီး ရိုက်ကူးပြသထားတဲ့ဇာတ်ကားလေးဖြစ်ပါတယ်သာမာန်လူသားတစ်ယောက်လို ဘာသိုင်းပညာမှမတတ်ကျွမ်းတဲ့ လိမ်းကျန့်ကျီက သိုင်းပညာမြင့်မားတိုးတက်အောင် သင်ယူလေ့လာရင်းနဲ့ လိပ်ပြာလေးလို့ခေါ်သူ လိပ်ပြာနတ်လေးနဲ့တွေ့ရှိခဲ့ပြီး အချစ်ဇာတ်လမ်းလေးတစ်ပုဒ်စတင်ခဲ့ရာမှ Happy Ending ဖြစ်မလား Sad Ending ဖြစ်မလားဆိုတာကိုတော့ ဆက်လက်ကြည့်ရှုရမှာပဲဖြစ်ပါတယ် Quality : WEB-DL 1080p , 720p Format : mp4 Genres : Drama , Mystery , Fantasy Runtime : 1h 05 min Subtitle : Myanmar Subtitle ( Hardsub ) Translated & Reviewed By Xing Xing Encoded by LK
movie

League of Gods: Leizhenzi ( 2024 )

Rage Chase ( 2023 ) 5.7
Rage Chase ( 2023 ) ဒီတခေါက်CM ရဲ့ ပရိသတ်တွေအတွက် မှုခင်းအက်ရှင်ရုပ်ရှင်လေးကို ဘာသာပြန်တင်ဆက်ပေးလိုက်ပါတယ်။ ဇာတ်လမ်းအကျဉ်းလေးကတော့- တစ်ချိန်က အထူးတပ်ဖွဲ့မှာ အဖွဲ့ခေါင်းဆောင်ဖြစ်ခဲ့တဲ့ လင်ယွမ့်ဟာ အထူးလှုပ်ရှားမှု တစ်ခုမှာ သူ့ရဲ့အမှားကြောင့် အဖွဲ့သားတွေနဲ့ ဓားစာခံတွေ အကုန် စတေးသွားခဲ့ရပါတယ်။ အဲ့ဒီနောက်မှာတော့ သူဟာ သူ့ဘဝအမှန်ကို ဖုံးကွယ်ပြီး နေထိုင်ခဲ့ပါတယ်။နာရီပြင်သူ တစ်ယောက်အနေနဲ့ နေထိုင်နေတဲ့ လင်ယွမ့်ဟာ အပေါ်ထပ်က ရှောင်ယွဲ့ဆိုတဲ့ ကလေးမလေးတစ်ယောက်ကို သမီးလေးတစ်ယောက်လို သံယောဇဉ် တွယ်မိသွားပါတယ်။ ဒုစရိုက်ဂိုဏ်းတွေက ရှောင်ယွဲ့တို့ သားအမိကို အန္တရာယ်ပြုဖို့ ဦးတည်လာသောအခါ......လင်ယွမ့်တစ်ယောက် ဒုစရိုက်ဂိုဏ်းရဲ့ ပြစ်မှုတွေကို တားဆီးနိုင်ပါ့မလား...... ဒုစရိုက်ဂိုဏ်းရဲ့ နောက်ကွယ်က ခေါင်းဆောင်ကြီးကိုရော ဖမ်းဆီးနိုင်လိမ့်မလား...... ဆိုတာကို ရုပ်ရှင်နဲ့အတူ ကြည့်ရှုအဖြေရှာလိုက်ရအောင်နော်။ Quality : WEB-DL 1080p , 720p Format : mp4 Genres : Crime , War Runtime : 1h 15 min Subtitle : Myanmar Subtitle ( Hardsub ) Translated by CM Team Reviewed ...
movie

Rage Chase ( 2023 )

The 36th Chamber of Shaolin (1978) 7.6
The 36th Chamber of Shaolin (1978) The 36th Chamber of Shaolin (1978) ========================= IMDb Rating - 7.6/10ဟိုအရင်က ရှောင်လင်သိုင်းကားဆိုပြီး ရုပ်ရှင်ပရိသတ်တွေကြား တော်တော် နာမည်ကြီးခဲ့တာ အားလုံးသိကြမှာပါ။ အဲဒီတစ်ခေတ်တစ်ခါက ထွက်ခဲ့တဲ့ ရှောင်လင်ကားတစ်ကားနဲ့ မိတ်ဆက်ပေးပါမယ်။ ဇာတ်ကားနာမည်ကတော့ The 36th chamber of Shaolin ဖြစ်ပြီးတော့ ၁၉၇၈ ခုနှစ်ကထွက်ရှိခဲ့တဲ့ ဟောင်ကောင်ကွန်ဖူးကား ဖြစ်ပါတယ်။ အင်္ဂလိပ်, ပြင်သစ်, ကွမ်းတုံနဲ့ တရုတ် ဘာသာစကား ၄ မျိုးနဲ့ ထွက်ရှိထားပါတယ်။ဇာတ်လမ်းအကျဉ်းပြောပြရရင်တော့ မန်ချူးလူမျိုးစုတွေက ကွမ်းကျိုးမြို့ကို အပိုင်သိမ်းထားရာကနေ စတင်ပါတယ်။ သူတို့က မြို့နေပြည်သူတွေကို နိုင်လို မင်းထက်ပြုမူပြီးတော့ သူတို့ကို မထောက်ခံသူမှန်သမျှကို သူပုန်လို့သတ်မှတ်ပြီး သတ်ပစ်ပါတယ်။ ပြည်သူပိုင်ပစ္စည်းတွေကိုလည်း ဖျက်စီးလို့စီးနဲ့ ထင်ရာစိုင်း ကြတာပါ။ မန်ချူးခေါင်းဆောင် ထျန်းသာ့စစ်သူကြီးကို လုပ်ကြံဖို့ ကြိုးစားခဲ့သူက လူလယ်ခေါင်မှာ အသတ်ခံခဲ့ရပါတယ်။ ဒီကိစ္စကို ချုံးဝမ်းကျောင်းတော်က ဆရာ ကြီးဟော့နဲ့ ကျောင်းသားတွေက မကျေနပ်ကြပါဘူး။ ဒါကြောင့် သူတို့က မန်ချူး တွေကို ဆန့်ကျင်ဖို့လုပ်ပါတယ်။ ဒါပေမဲ့ ဘာသိုင်းပညာမှ ...
movie

The 36th Chamber of Shaolin (1978)

1978
Magic Man ( 2023 ) 5.9
Magic Man ( 2023 ) ရှိုးလော်ဂိုဏ်းလို့ခေါ်တဲ့ လူသတ်သမားအဖွဲ့အစည်းတစ်ခုက လူသတ်သမားဖြစ်တဲ့ လန်ကန်းဟာ မွေးရာပါသတ္တုနှင့်ထိတွေ့ခဲ့ရင် ဏ်ရာပြန်ကောင်းလာနိုင်တဲ့ ထူးခြားစွမ်းအင်တခုရှိပါတယ်လန်ကန်းဟာတပ်မှူးကြီးကိုလုပ်ကြံတဲ့ လှုပ်ရှားမှုတစ်ခုမှာ ဒဏ်ရာအပြင်းအထန်ရခဲ့ပြီး အရက်ဆိုင်ပိုင်ရှင်ဟုန်လော်နဲ့ သူ့ညီမမိုက်ကျစ်ရဲ့ ကယ်တင်ခြင်းကိုခံခဲ့ရတယ်ကျေးဇူးပြန်ဆပ်ဖို့အတွက် လန်ကန်းကအရက်ဆိုင်မှာ ယာယီနေပြီးစားပွဲထိုးအဖြစ်လုပ်ခဲ့တယ် ဒီလိုအေးချမ်းသာယာတဲ့ဘဝမျိုးက မှောင်မိုက်ပြီးဓားကိုင်လူသတ်တဲ့ဘဝကိုဖြတ်သန်းရတဲ့လန်ကန်းကို စိတ်လှုပ်ရှားစေခဲ့ပြီး သာမန်အေးချမ်းတဲ့ဘဝကိုဖြတ်သန်းချင်ခဲ့တယ်ဒီလိုမျိုးအေးဆေးတည်တည်ငြိမ်ငြိမ်လေးနေချင်တဲ့သူ့ဘဝကို တနေ့မှာ ဇောက်ထိုးမိုးမျှော်ဖြစ်စေမယ့် ကိစ္စတခုကျရောက်လာတဲ့ အခါမှာတော့ လန်ကန်းတစ်ယောက်ဘယ်လိုတွေရင်ဆိုင်မလဲဆိုတာကို ဇာတ်လမ်းလေးထဲမှာကြည့်ရှုခံစားရမှာပဲဖြစ်ပါတယ် Quality : WEB-DL 1080p , 720p Format : mp4 Genres : Action , Fantasy Runtime : 1h 20 min Subtitle : Myanmar Subtitle ( Hardsub ) Translated by CM Team Reviewed By Mary Eaint Encoded by LK
movie

Magic Man ( 2023 )