Channel Myanmar

Norman Chui

Broken Army X-Files Stealth Man ( 2023 ) 5.8
Broken Army X-Files Stealth Man ( 2023 ) တရုတ်ပြည်ရဲ့ ၁၉ရာစုတော်လှန်ရေးကာလကိုအခြေခံပြီးရိုက်ထားတဲ့ စူပါပါဝါတွေနဲ့ထူးဆန်းလူသားကားလေးဖြစ်ပါတယ်...... လူ့ခန္ဓာကိုယ်မှာ အဆုံးမရှိတဲ့စွမ်းအားတွေရှိတယ်လို့ဆိုကြတယ်။ အဲဒီစွမ်းအားတွေကိုလှုံ့ဆော်ဖော်ထုတ်နိုင်ဖို့အတွက် လျှို့ဝှက်အဖွဲ့အစည်းတစ်ခုက သိပ္ပံပညာရှင်တွေဟာ အမျိုးမျိုးသုတေသနလုပ်ပြီး စမ်းသပ်ကြပါတယ်။အဲဒီအ်ချိန်မှာဓာတ်အားမတည်ငြိမ်တာကြောင့် မတော်တဆဖြစ်ပြီး အစမ်းသပ်ခံလူတစ်ယောက်ဟာထွက်ပြေးလွတ်မြောက်သွားပါတယ်။ မကောင်းဆိုးဝါးနှိမ်နင်းသူဟာ သူကိုယ်တိုင်မကောင်းဆိုးဝါးမဖြစ်သွားဖို့သတိထားရပါတယ်။ သူမတူတဲ့စွမ်းအင်တွေရသွားပြီးနောက် လူဆိုးဖြစ်သွားမလား လူကောင်းဖြစ်မလားဆိုတာ စိုးရိမ်စရာဖြစ်လာခဲ့တယ်။အဲဒီဖြစ်ရပ်ဖြစ်သွားပြီး နောက်(၃)နှစ်မှာ ထူးဆန်းတဲ့လူသေမှုဖြစ်ပွားလာတဲ့အခါ လျှို့ဝှက်အဖွဲ့အစည်းဟာ အမှုနောက်ကိုလိုက်ရင်း ပျောက်သွားတဲ့သန္ဓေပြောင်းလူသားနဲ့ပြန်တွေ့ကြရပါတယ်။ ဒီထူးဆန်းတဲ့လူသေမှုနဲ့ဘယ်လိုတွေပတ်သက်နေလဲ...... ဒီနောက်ကွယ်မှာဘယ်လိုအကြံအစည်ကြီးတွေရှိနေမလဲ...... Quality : WEB-DL 1080p , 720p Format : mp4 Genres : Science Fiction , Mystery Runtime : 1h 39 min Subtitle : Myanmar Subtitle ( Hardsub ) Translated by CM Team Reviewed By Nu Mon Encoded by LK
movie

Broken Army X-Files Stealth Man ( 2023 )

Strange Case in Western Hunan ( 2023 ) 5.9
Strange Case in Western Hunan ( 2023 ) အခုတစ်ခေါက် CM ရဲ့ ပရိတ်သတ်တွေအတွက် သဲထိတ်ရင်ဖို ရုပ်ရှင်လေးတစ်ကား ဘာသာပြန်တင်ဆက်ပေးလိုက်ပါတယ်။ ဇာတ်လမ်းအကျဉ်းလေးကတော့-ရှန်းရှီးလူမျိုးတွေဟာ ဇာတိမြေကို တန်ဖိုးထားကြပြီး သစ်ရွက်ကြွေဟာ အမြစ်ဆီပြန်ရမယ်ဆိုတဲ့ ရိုးရာရှိပါတယ်။ နယ်မြေလမ်းခရီးကြမ်းတမ်းလှတဲ့အတွက် အလောင်းနှင်သူဆိုတဲ့ လုပ်ငန်းတစ်မျိုးလည်း ပေါ်ထွက်လာပါတယ်။လုံချီးရဲနဲ့ တပည့်ဖြစ်သူ လုံဖျင်အန်းတို့ဟာ ထိုနယ်မြေမှာ နာမည်ရှိတဲ့ အလောင်းနှင်သူတွေပဲ ဖြစ်ပါတယ်။ လွန်ခဲ့တဲ့ နှစ် ၂၀ လောက်က လုံချီးရဲဟာ အလောင်းနှင်စဉ် အလောင်းနှင်သူတို့ အကြောက်ဆုံးဖြစ်တဲ့ အလောင်းပြန်ရန် နေရာမရှိခြင်းကို ကြုံတွေ့ခဲ့ရပါတယ်။နှစ် ၂၀ ကြာပြီးနောက် ခေါင်းမဲ့အလောင်းတစ်ခုပေါ်လာခဲ့ပြီး မြို့ထဲမှာ ထူးဆန်းကြောက်လန့်စရာကောင်းတဲ့ ကိစ္စတွေ ဆက်တိုက်ဖြစ်ပျက်နေပါတယ်။ ဒီကိစ္စဟာလည်း လွန်ခဲ့တဲ့ နှစ် ၂၀ က လုံချီးရဲအလောင်းနှင်စဉ်က ကြုံတွေ့ခဲ့ရတဲ့ ကိစ္စနဲ့ ပတ်သက်နေပါသတဲ့။လွန်ခဲ့တဲ့ နှစ် ၂၀ က အဖြစ်ရဲ့ အမှန်တရားက ဘယ်လိုဖြစ်မလဲ...... ယခုမြို့ထဲက လူသေမှုပေါင်းများစွာရဲ့ နောက်ကွယ်မှာ ဘယ်သူက ကြိုးကိုင်ထားတာလဲ...... ဆိုတာကို ရုပ်ရှင်လေးနဲ့အတူ လိုက်ပါ အဖြေရှာလိုက်ရအောင်နော်။ Quality : WEB-DL 1080p , 720p Format : mp4 Genres : Thriller ...
movie

Strange Case in Western Hunan ( 2023 )

The Sky Coffin in Qinling Town ( 2023 )
The Sky Coffin in Qinling Town ( 2023 ) လွန်ခဲ့တဲ့နှစ်ပေါင်းများစွာက ကြယ်အပိုင်းအစတစ်ခုဟာ ကမ္ဘာမြေပြင်ပေါ်ကျရောက်လာပြီး ချင်းလင်တောင်တန်းတွေကြားက ရှေးဟောင်းသင်္ချိုင်းထဲကို ကျသွားခဲ့ပါတယ်ကျရောက်လာစဉ်က ဖြာထွက်ခဲ့တဲ့အလင်းတန်းတွေက ထွန်းလင်းလွန်းတာကြောင့် ချင်းလင်တောင်က ရှေးဟောင်းဂူသင်္ချိုင်းထဲမှာ တစ္ဆေတံဆိပ်တော်ဆိုတဲ့ ရတနာရှိတယ်ဆိုတဲ့သတင်းဟာ ချက်ချင်းပဲ သတင်းပျံ့နှံ့သွားခဲ့ပါတယ်သင်္ချိုင်းဖောက်ရမှာ ကျွမ်းကျင်တဲ့ ချင်ထျန်းဟာ အန္တရာယ်များတဲ့အလုပ်ကို စွန့်လွှတ်ပြီး သာမန်အသက်‌မွေး၀မ်းကြောင်းပဲ ပြုလုပ်တော့မယ်လို့ စဉ်းစားထားသူပါ ဒါပေမဲ့ တစ်ရက်မှာ ဂျပန်ဗိုလ်မှူးရှန်ဟာ ချန်ထျန်းအိမ်ကို အရောက်လာကာ နာမည်ကြီးနေတဲ့ ချင်းလင်တောင်က ရှေးဟောင်းသင်္ချိုင်းကို သွားဖောက်ဖို့ လမ်းပြခိုင်းခဲ့ပါတယ်စွန့်စားရတဲ့အလုပ်တွေမလုပ်ဖို့ဆုံးဖြတ်ထားတဲ့ ချင်ထျန်းက ငြင်းပေမဲ့ ဗိုလ်မှူးရှန်က သူ့ဆရာနဲ့ ဆရာတူညီမကို အကျပ်ကိုင်လာတာကြောင့် ချင်းလင်သင်္ချိုင်းဆီ သွားခဲ့ရပါတော့တယ် - ဒီလိုနဲ့ ချင်ထျန်းနဲ့ ဂျပန်ဗိုလ်မှူးရှန်တို့ ဂူသင်္ချိုင်းဆီအရောက်သွားပြီး ရတနာကို အရယူနိုင်ပါ့မလား ?? - နောက်ဆုံးမှာတော့ အသက်ရှင်လျက်ပြန်ထွက်နိုင်မလား ဒါမှမဟုတ် ဘာတွေဆက်ဖြစ်ကြမလဲ ဆိုတာကို အခုပဲ ကြည့်ရှုလိုက်ကြရအောင် Quality : WEB-DL 1080p , 480p Format : mp4 Genres : Adventure , Mystery  Runtime : 1h 10 min Subtitle : Myanmar Subtitle ( Hardsub ) Translated ...
movie

The Sky Coffin in Qinling Town ( 2023 )

The Devildom Elephant Man ( 2023 ) 5.9
The Devildom Elephant Man ( 2023 ) ရှင်းလော်(ယခင် ထိုင်းနိုင်ငံအခေါ်အဝေါ်)ဆိုတဲ့နိုင်ငံမှာ ရှင်းလော်ဆင်မျိုးနွယ်ဆိုတဲ့ ဒဏ္ဍာရီလာမျိုးနွယ်တစ်စုရှိပါသတဲ့။ မင်းသမီးစင်သီယာရဲ့ဖခင်ဖြစ်သူမျိုးနွယ်ခေါင်းဆောင်ဟာ ယဇ်ဆရာ"ဆာဖော့်ခွမ်း"ရဲ့ယုတ်မာသွေးဆောင်မှုကြောင့် အစီရင်လုပ်ထားတဲ့ဆေးတစ်မျိုးကို သောက်သုံးခဲ့ပါတယ် ၊ အဲ့နောက်ပိုင်းကစပြီး....ပုံပြင်ဟာအစပြုလေပါတော့တယ်...မင်းသမီး'စင်သီယာ'ဟာ ဖခင်ဖြစ်သူရဲ့အမှန်တရားကိုဖော်ထုတ်ဖိုကြိုးစားပါတော့တယ် ထိုစဉ်မှာ ယွင်ချင်ဘုရင်နဲ့လက်ဆက်ဖိုပိုလိုက်တဲ့ ရှင်းလော်ဆင်း မျိုးနွယ်မင်းသမီးစင်သီယာဟာ ‌ရုတ်တရက်ပျောက်ဆုံးသွားတဲ့အခါ..."ဟုန်လူစုသတ်ဖြတ်မှု"ဆိုတဲ့ လူပေါင်းရာချီအသက်‌သေဆုံးခဲ့ရတဲ့အမှုမှာ မိသားစုဝင်ကိုဆုံးရှုးခဲ့ရတဲ့-"ဟုန်ရှီးကွမ်း" ရန်သူကို ကလဲ့စားချေဖိုလုပ်ရင်း အကျိုးတူအလဲလှယ်တစ်ခုကြောင့် စင်သီယာမင်းသမီးပျောက်ဆုံးမှုကို ဟုန်ရှီးကွမ်တစ်ယောက် ပါဝင်ရှာဖွေဖိုဖြစ်လာတဲ့အခါ...-မိမိကိုယ်တိုင်ပျောက်ဆုံးနေတဲ့မင်းသမီးလေးရော ဖခင်ဖြစ်သူရဲ့အမှုကို ရှင်းလင်းနိုင်ပါ့မလား -ဟုန်ရှီးကွမ်းလုပ်ခဲ့တဲ့အလဲအလှယ်ကရော ဘာများဖြစ်နေမလဲ -လမ်းသွယ်လေးနှစ်ခွဲကနေ နောက်ဆုံးမှာဘယ်လိုလမ်းဆုံးဆုံမှတ်ကို ရောက်သွားနိုင်မလဲ.... Quality : WEB-DL 1080p , 480p Format : mp4 Genres : Action , Fantasy , Mystery Runtime : 1h 13 min Subtitle : Myanmar Subtitle ( Hardsub ) Translated & Reviewed By Clytie Encoded by LK
movie

The Devildom Elephant Man ( 2023 )

(18+) Dream Home (2010) 6.6
(18+) Dream Home (2010) ငယ်ငယ်ကတည်းက အစွဲအလန်းကြီးလွန်းတဲ့မိန်းကလေးတစ်ယောက်ရဲ့ အကြောင်းကို သဘာဝကျကျလေးရိုက်ကူးထားတဲ့ ဟောင်ကောင် (၁၈ +) လေးနဲ့မိတ်ဆက်ပေးချင်ပါတယ်။ ၁၈ + ဆိုတော့ သရေကျစရာလေးတွေလည်းပါမယ်၊ စိတ်လှုပ်ရှားစရာလေးတွေလည်းပါမယ်၊ သွေးသံရဲရဲတွေလည်း ပါပါမယ်။ ခံစားချက်စုံတာပေါ့နော်အားရှန်းငယ်ငယ်က ပင်လယ်ဘေးနားက နှစ်ထပ်အိမ်လေးမှာနေခဲ့တာပါ။ ဒါပေမဲ့ နိုင်ငံရေးစီမံချက်တွေကြောင့် အိမ်ပြောင်းရတော့ သူငယ်ချင်းရှိခဲ့တဲ့အိမ်၊ သူ့အဘိုးသဘောကျတဲ့အိမ်လေးဖြစ်ခဲ့တာမို့ အသက်ကြီးလာရင် ပင်လယ်ဘေးက ဒီအိမ်မှာပဲပြန်နေမယ်လို့ ဆုတောင်းခဲ့သူပါ။ပင်လယ်ကိုမျက်နှာမူတဲ့ sea view အခန်းကို အခုချိန်ပြန်ဝယ်ဖို့ဆိုတာ သာမာန်ဝန်ထမ်းအတွက် ဘယ်လိုမှမလွယ်ကူတဲ့စိတ်ကူးပါ။ ဒါပေမဲ့ စိတ်ကူးယဉ်အိမ်ကလေးဖြစ်တဲ့ တိုက်ခန်းကို ဝယ်ဖို့ ရရာအလုပ် အကုန်လုပ်ခဲ့ပါတယ်။ ပိုင်ရှင်နဲ့ဈေးညှိတဲ့အခါမှာတော့ “လူ ၁၁ ယောက် နှင့် ကိုယ်ဝန်ဆောင်သည် ၁ ယောက် အသတ်ခံရမှု”ဆိုတဲ့ သတင်းစာကိုကိုင်ပြီး ဘယ်လိုမျိုး ဈေးနှုန်းညှိနိုင်ခဲ့လဲဆိုတာတော့ ဆက်လက်ကြည့်ရအောင်ဗျာ.... File size…1.4GB / 600MB Quality…1080p BluRay / 720p Format…mp4 Duration….1h 36m Subtitle….Myanmar Subtitle ...
movie

(18+) Dream Home (2010)

2010
Spirit Puppets ( 2023 ) 5.9
Spirit Puppets ( 2023 ) CM ကနေ ဒီတစ်ခါမှာတော့ စိတ်ဝင်စားဖို့ကောင်းတဲ့ စိတ္တဇဆန်ဆန်ရုပ်ရှင်လေးနဲ့ မိတ်ဆက်ပေးချင်ပါတယ် ဇာတ်လမ်းလေးကို ပြောပြရမယ်ဆိုရင် သဘင်ပညာသည်လေး ရှစ်ကျားဟာ ရုပ်သေးရုပ်တွေကို စူးစမ်းရတာ ကြိုက်တဲ့ ကောင်လေးတစ်ယောက်ဖြစ်ပြီး တစ်နေ့မှာတော့ သူဟာ ရုပ်သေးရုပ်လေးတစ်ရုပ်ကို အကြောင်းတိုက်ဆိုင်စွာနဲ့တွေ့ခဲ့ပါတယ် အဲ့ရုပ်သေးရုပ်လေးရဲ့ လက်ရာက အတော်ကိုမှရှားပါးတဲ့ လက်မှုပညာနဲ့ လုပ်ထားတာဖြစ်လို့ ရုပ်သေးရုပ်တွေအကြောင်း နားလည်တဲ့ သူ့အတွက် အတော်လေးကို နှစ်သက်ဖွယ်ဖြစ်နေပြီး အိမ်ကိုယူသွားခဲ့ပါတယ်အိမ်ကို ယူသွားတဲ့နေ့မှာပဲ သူဟာ သေဆုံးသွားခဲ့ပြီး ရဲတွေကတော့ ဒါကို အဆုံးစီရင်မှုနဲ့ အမှုပိတ်ဖို့လုပ်လိုက်ပါတယ် အဲ့အချိန်မှာ ရှစ်ကျားကိုအရမ်းချစ်တဲ့ သူ့ဇနီးသည်ယွိပိက လက်မခံနိုင်ဘဲ စခန်းမှူးကို အမှုမှန်ပေါ်ပေါက်အောင်လုပ်ပေးဖို့ တောင်းဆိုခဲ့ပါတယ် စခန်းမှူးကတော့ ဒီအမှု အဆုံးစီရင်မှုအနေနဲ့ပဲဆက်သွားစေချင်ခဲ့ပါတယ်ယွိပိကို သနားသွားတဲ့ ရဲအရာရှိချောင်ကတော့ ဒီအမှုကို သူလွှဲယူခဲ့ပြီး ရှစ်ကျားရဲ့ သေဆုံးမှုကို သူ့ဇနီးနဲ့အတူ လိုက်လံစူးစမ်းခဲ့ရာမှာတော့ ရုပ်သေးရုပ်လေးက လူသတ်ပါတယ်ဆိုတဲ့ လွန်ခဲ့တဲ့ ၁၀နှစ်က အရာရှိအိမ်တော်ရဲ့အဖြစ်အပျက်လေးဟာ ပြန်အသက်ဝင်လာခဲ့ပါတော့တယ်လူတွေရဲ့ကြိုးဆွဲရာကို ကရတဲ့ ရုပ်သေးရုပ်လေးက တကယ်ပဲ လူသတ်တာလား .... ဒီအမှုကရော လွန်ခဲ့တဲ့ ၁၀ နှစ်တုန်းကလို ဝိညာဉ်ရုပ်သေးရုပ်‌ရဲ့ သတ်ဖြတ်မှုကိုခံခဲ့ရတာလား.... ဆိုတာကိုတော့ စိတ်ဝင်စာဖို့‌ ကောင်းတဲ့ စိတ္တဇဆန်တဲ့ဒီဇာတ်ကားလေးမှာပဲ ...
movie

Spirit Puppets ( 2023 )

Giant Snake Incident at Yellow River ( 2023 ) 5.9
Giant Snake Incident at Yellow River ( 2023 ) " ဟွမ်မြစ်အတွင်းက ကြောက်မက်ဖွယ်ကောင်းလှတဲ့ လူသားစား မြွေကြီးရဲ့ ဒဏ္ဍာရီလေးတစ်ပုဒ် "ဟွမ်မြစ်ရဲ့နံဘေးမှာ ဆိတ်ငြိမ်အေးချမ်းတဲ့ ခေတ်လွန်ရွာလေးတစ်ရွာတည်ရှိပါတယ် ။ ဒီလိုအေးချမ်းလှတဲ့ ရွာလေးဆီကို ခေါင်းတလားကြီးတစ်လုံးနဲ့အတူ ကြောက်မက်ဖွယ်ကောင်းတဲ့ ဘေးအန္တရာယ်ကြီးက ရောက်ရှိလို့လာခဲ့ပါတော့တယ် ။ထူးဆန်းတဲ့ အရာတွေ မကြာခဏ ဖြစ်ပြီး လူတွေကလဲ တစ်ဦးပြီး တစ်ဦးပျောက်ဆုံးလို့ လာခဲ့ချေပါတယ် ။ ဒီဘေးအန္တရာယ်ကြီးကို ကျောက်မိသားစုကနေပြီး နှိမ်နင်းဖို့ သွားခဲ့ပေမဲ့ တစ်ဦးတစ်ယောက်မှ ပြန်လာခြင်းမရှိခဲ့ပါဘူး ။ ဒီကိစ္စဖြစ်ပြီး နှစ် ၂၀ ကြာတဲ့နောက်မှာ အလားတူ ကိစ္စရပ်မျိုး ပြန်လည်ဖြစ်ပျက်လာခဲ့သောအခါ...?ကျောက်အိမ်တော်ရဲ့ မျိုးဆက်ကို ဆက်လက် လက်ခံမဲ့ သခင်လေးကျောက်ပိုင်တစ်ယောက် ဒီမကောင်းဆိုးဝါးကြီးကို နှိမ်နင်းဖို့ ခရီးစတင်ထွက်ခဲ့ပါတော့တယ် ။ ဒီတော့ မြစ်ထဲက မကောင်းဆိုးဝါး မြွေကြီးကို နှိမ်နင်းနိုင်ပါ့မလား ? ဘယ်လိုမျိုး အန္တရာယ်တွေနဲ့ ကြုံတွေ့ရဦးမှာလဲ ? ဆိုတာ သခင်လေး ကျောက်ပိုင်ရဲ့ စွန့်စားရေး ခရီးစဥ်လေးကို အတူတူ စိတ်လှုပ်ရှားစွာနဲ့ ကြည့်ရှုလိုက်ရအောင်ပါနော် ။ (Reviewed By Chit Mya Mya Hmwe) Quality : ...
movie

Giant Snake Incident at Yellow River ( 2023 )

Fist of Fury: Soul ( 2021 ) 6.1
Fist of Fury: Soul ( 2021 ) ဝူလင်အဖွဲ့အစည်းမှာ ရွှယ်မုံ့လုံကြောင့် သူရဲကောင်းတွေ အများကြီးဆုံးရှူံးခဲ့ရတယ်။ ကျင်းဝူခေါင်းဆောင် ဟော်ချန်ခုံးလည်း တိုက်ပွဲကနေ စွမ်းအားတစ်ဝက်ဆုံးရှုံးခဲ့ရတယ်။ နောက်ဆုံးမှာတော့ ခေါင်းဆောင်ဟော်က သူ့ရဲ့စွမ်းအားကို လျို့ကျင်းဆီကို လွှဲပြောင်းပေးပြီး အမြစ်ဖြတ်သုတ်သင်မှုကနေ ကာကွယ်ပေးခဲ့တယ်၁၄ နှစ်ကြာပြီးတဲ့နောက်မှာတော့ လျို့ကျင်းက အရည်အချင်းရှိပြီးတော့ ဟော်ကျားချွမ်က ဆရာ့ဆီကနေ ကွန်ဖူးသင်ဖို့ အခွင့်အရေးရခဲ့ပေမယ့် ရှုံးနိမ့်ကိုလည်း ထွက်သွားရပြန်တယ်။လမ်းမှာ ထန်းပိုင်ပိုင်ဆိုတဲ့လူနဲ့တွေ့ပြီးတော့ ဆရာရှာဖို့အတွက် ဟေးယွီဟွေ့ဂိုဏ်းထဲကို ရောက်လာပြီး ရွှယ်မုံ့လုံနဲ့တွေ့ဆုံခဲ့တယ် လျို့ကျင်းကိုရှာနေတဲ့ရွှယ်မုံ့လုံနဲ့ အဖေကိုသတ်သွားတဲ့သူကို တွေ့လိုက်ရတဲ့အခါမှာ ဘာတွေဆက်ဖြစ်မလဲဆိုတာ ရင်ခုန်စွာစောင့်မျှော်ကြည့်ရှုဖို့ ချန်နယ်မြန်မာကနေ တင်ဆက်ပေးလိုက်ပါတယ်နော် [ Reviewed By Htun Su Khaing ] Quality : WEB-DL 1080p , 480p Format : mp4 Genres : Action , Fantasy Runtime : 1h 50 min Subtitle : Myanmar Subtitle ( Hardsub ) Translated by CM Team Encoded by LK
movie

Fist of Fury: Soul ( 2021 )

Thousand Faces of Qi Men ( 2023 ) 6
Thousand Faces of Qi Men ( 2023 ) ကောင်းကင်ဘုံ ဧကရာဇ်မင်းတို့ အုပ်စိုးချိန်အချိန်ကာလ ဂျပန်နိုင်ငံမှ မင်းဆရာ အမတ်ချုပ်တွေဟာ မှော်စွမ်းအားတွေနဲ့ ဧကရာဇ်မင်းကိုလှည့်စားခဲ့ကြပါတယ်။ ဧကရာဇ်အရှင်ကို နှစ်ပေါင်းများစွာတိုင်အောင် ချိတ်ပိတ်ထားတဲ့ မိစ္ဆာအရှင်ကိုလွှတ်ပေးဖို့ ဖိအားတွေ အကြိမ်ကြိမ်ပေးပြီး လောကကြီးကို ဘေးဥပါဒ်ဖြစ်စေခဲ့ပါတယ်။ဒီဘေးဥပါဒ်တွေကို ကာကွယ်ဖို့ ကြိုးစားနေသူကတော့ ဆရာကြီး တုန်းကော်လျောင်ပါ။ တစ်နေ့မှာတော့ ဆရာကြီးတုန်းကော်လျောင်ဟာ စျေးထဲမှာလှည့်လည်သွားလာနေခဲ့ပြီး ထူးဆန်းလှတဲ့ လူငယ်လေးတစ်ဦးဖြစ်တဲ့ လျိုဇီမော့နဲ့တွေ့ဆုံခဲ့ပါတယ် ။ ထူးဆန်းလှတဲ့ အရည်းအချင်းတွေကြောင့် လျိုဇီမော့ကို တပည့်အဖြစ် ခံယူပေးခဲ့ပါတော့တယ်။ ဂျပန်လူမျိုးတွေရဲ့ ယုတ်မာမှုတွေတင်းကျပ်လာတာနဲ့အမျှ တပည့်ဖြစ်သူ လျိုဇီမော့ကိုကာကွယ်ဖို့ ဆရာကြီးဟာ အသက်ပေးသွားခဲ့ရတဲ့အခါ...?❏ ဆရာကြီးပေးအပ်ခဲ့တဲ့ တာဝန်တွေကို လျိုဇီမော့တစ်ယောက် ထမ်းဆောင်နိုင်ပါ့မလား? ❏ ဂျပန်မကောင်းဆိုးဝါးတွေကိုရော သူဘယ်လိုနှိမ်နှင်းမလဲ? ❏ လောကကြီးအတွက်ရော အေးချမ်းမှုတွေ ယူဆောင်လာပေးမလား?ဆိုတာ ကြည့်ရှုလိုက်ကြရအောင်လားရှင် ။ [Reviewed By Chit Mya Mya Hmwe] Quality : WEB-DL 1080p , 480p Format : mp4 Genres :  Action , Romance , Fantasy Runtime : 1h 25 min Subtitle : Myanmar ...
movie

Thousand Faces of Qi Men ( 2023 )

Detective Chen ( 2022 ) 6.2
Detective Chen ( 2022 ) ဒီနေ့မှာဆိုရင်တော့ CM က ပရိသတ်ကြီးကို စုံထောက် အက်ရှင် ဇာတ်ကားကောင်းကောင်းလေးနဲ့ မိတ်ဆက်ပေးပါရစေရှန်ဟိုင်းရဲတပ်ဖွဲ့ရဲ့ အသစ်ဝင်လာတဲ့ ရဲတပ်ဖွဲ့ဝင် ချန်ဟူ ဆိုသူဟာ စစခြင်းမှာပဲ လူသတ်မှုတစ်ခုကို စစ်ဆေးဖို့အတွက် တာဝန်ပေးခြင်းခံခဲ့ရပါတယ် အဲဒီအမှူရဲ့ သေဆုံးနစ်နာသူ ဟယ်မန်ကျွင်း ဟာဆိုရင် ရှန်ဟိုင်းရဲတပ်ဖွဲ့နဲ့ နိုင်ငံရေးဌာန ခေါင်းကြီးပိုင်း တစ်ဦးရဲ့ သားဖြစ်သူဖြစ်တဲ့အဖြစ် စိန့်မာတင် အထက်တန်းကျောင်းရဲ့ ကျောင်းသားတစ်ဦးလဲဖြစ်ပါတယ်အခင်းဖြစ်တဲ့ နေရာမှာ စိန့်မာတင် အထက်ကျောင်းဝတ်စုံရဲ့ ကြယ်သီးပြုတ်ကျနေခဲ့တာ​တွေ့တာကြောင့် အဲဒီကြယ်သီးရဲ့ ပိုင်ရှင်ဟာ ဘယ်သူဖြစ်မလဲဆိုတာ စုံစမ်းဖို့အတွက် ချန်ဟူဟာ ကျောင်းသားပုံစံ ဟန်ဆောင်ပြီး သဲလွန်စ ရှာဖွေဖို့အတွက် စိန့််မာတင် ကျောင်းကိုဝင်ရောက်ခဲ့ပါတယ် စာပေဘက်မှာ အားနည်းတဲ့ ချန်ဟူအတွက်တော့ အထက်တန်းကျောင်းသားဘဝဟာ တော်တော်ခက်ခဲခဲ့သလို အရှက်ရစရာများလဲ ခဏ ခဏ ကြုံတွေ့ခဲ့ရပါတယ်အဲဒီလိုနဲ့ပဲ တစ်ဖက်မှာ အမှုကိုစစ်ဆေးရင်း တစ်ဖက်မှာတော့ ကျောင်းက အင်အားကြီးကျောင်းသားတွေနဲ့ ရင်ဆိုင်ရင်း နေလာခဲ့ရပါတယ် သံသယရှိသူ တစ်ယောက်ပေါ်လိုက် ပေါ်လာတဲ့ တစ်ယောက်က ဖြေရှင်းခံလိုက်ရနဲ့ မာဟယ်ကျွင်းအမှုဟာ မြူမှုန်ကြားထဲ လမ်းပျောက်သလို ဖြစ်လာတဲ့ အချိန်မှာတော့...❏ ဘာတွေဆက်ဖြစ်ကြမလဲ ❏ ချန်ဟူတစ်ယောက် ပျောက်ဆုံးနေတဲ့ အဖြစ်မှန်ကိုရော ရှာတွေ့နိုင်ပါ့မလား ❏ တကယ့်လူသတ်သမားအစစ်ကရော ဘယ်သူလဲဆိုတာ ဒီဇာတ်ကားလေးကို ...
movie

Detective Chen ( 2022 )

The Warrior From Sky ( 2021 ) 6.1
The Warrior From Sky ( 2021 ) CMပရိသတ်ကြီးအတွက် ဒီတစ်ခါတင်ဆက်ပေးလိုက်တာကတော့ နတ်တွေထဲမှာအစွမ်းအရမ်းကြီးတဲ့ စစ်နတ်ဘုရားတစ်ယောက်ဖြစ်တဲ့ Chen Nanရဲ့ဇာတ်လမ်းလေးပဲဖြစ်တဲ့ The Warrior from Sky ဆိုတဲ့ Fantasy ကားလေးပဲဖြစ်ပါတယ်။ဇာတ်လမ်းလေးကိုမိတ်ဆက်ပေးရမယ်ဆိုရင်...... ကောင်းကင်ဘုံတိုက်ပွဲမှာ နတ်နဲ့မိစ္ဆာကိုဦးဆောင်ခဲ့တဲ့ ရှေးစစ်နတ်ဘုရား Chen Nan ဟာနှစ်တစ်သောင်း အိပ်စက်ပြီးနောက် နှင်းတွေလွှမ်းတဲ့တောင်ထိပ်ပေါ်က သင်္ချိုင်းမြေမှာ နိုးထလာခဲ့တယ်။ နိုးထလာတဲ့ Chen Nan ဟာအတိတ်မေ့နေပြီးတော့ နတ်စွမ်းအင်တွေလဲချိတ်ပိတ်ခံထားရပါတယ်။ချောက်ထဲကိုတွန်းချခံရတဲ့သူဟာ ချူတိုင်းပြည်ထဲ မျက်စိလည်လမ်းမှားပြီးရောက်သွားခဲ့တယ်။ Chen Nanကသူဘယ်သူလဲဆိုတာကို စူးစမ်းရှာဖွေရင်း သူ့ရဲ့နတ်စွမ်းအားတွေကိုပြန်ဖွင့်ဖို့ကြိုးစားရင် နောက်ဆုံးမှာကမ္ဘာကြီးကို ကယ်တင်ဖို့ဖြစ်လာပါတော့တယ်။ ပီပြင်တဲ့စီဂျီအိုင်အဖက်တွေ ကောင်းမွန်တဲ့အက်ရှင်တွေ သရုပ်ဆောင်တွေနဲ့ဖန်တက်စီကားချစ်သူတွေ အကြိုက်တွေ့စေမယ့်ကားလေးပဲဖြစ်ပါတယ်။ [ Reviewed By Nu Mon ] Quality : WEB-DL 1080p , 480p Format : mp4 Genres : Action , Fantasy Runtime : 1h 15 min Subtitle : Myanmar Subtitle ( Hardsub ) Translated by CM Team Encoded by LK
movie

The Warrior From Sky ( 2021 )

Invisible Guard ( 2022 ) 5.9
Invisible Guard ( 2022 ) ဆန်းဆန်းပြားပြားမိစ္ဆာအတတ်တွေနဲ့ သိုင်းကားလေးတစ်ကားလာပါပြီ။ ထန်ခေတ်ကာလမှာ ကိုယ်ပျောက်ကိုယ်ရံတော်ဆိုတဲ့ အထူးအဖွဲ့အစည်းတစ်ခုရှိခဲ့တယ်။ တရားရေးဌာနအတွက်အမှုထမ်းရပေမယ့် အပယ်ခံအပြစ်သားတွေနဲ့ဖွဲ့ထားတဲ့ အဖွဲ့အစည်းတစ်ခုပါပဲ။ပိုးမိစ္ဆာတွေကိုကြိုးကိုင်ထိန်းချုပ်ပြီး လူသတ်မှုတွေဖြစ်ပွားလာတော့ အပယ်ခံကိုယ်ပျောက်ကိုယ်ရံတော်အဖွဲ့ရဲ့တပ်မှူးPeiဟာ အမှုကိုအဖြေရှာရင်း သပွတ်အူလိုရှုပ်ထွေးတဲ့ မှုခင်းဖြစ်စဉ်ထဲကိုရောက်သွားပါတော့တယ်။တစ်ချိန်တည်းမှာပဲ အဖေကိုသတ်သွားတဲ့တရားခံကိုလိုက်ရှာနေတဲ့ မိန်းကလေး Han chu yiဟာ တရားခံကိုခြေရာမခံမိပဲ ရန်သူလိုက်သတ်တာခံရလို့ပြေးရင်းနဲ့ Pei တွေ့ဆုံဖို့အကြောင်းဖန်ပြီး သူတို့ဟာပူးပေါင်းပြီး ဖြစ်လာတဲ့အခက်အခဲတွေကိုရင်ဆိုင်ကြပါတယ်။ သူတို့မသိတာကတော့ သူတို့ကိုစောင့်နေခဲ့တာ ပိုပြီးဆိုးရွားတဲ့ စုန်းဘုရင်ကြီးဆိုတာပါပဲ။Pei ဟာ စုန်းဘုရင်ကြီးကိုဘယ်လိုရင်ဆိုင်ပြီး ပြည်သူတွေကိုဘယ်လိုကယ်မလဲဆိုတာတော့ အဆုံးထိကြည့်ရှုအားပေးလိုက်ပါနော်။ Quality : WEB-DL 1080p , 480p Format : mp4 Genres : Thriller  , Mystery Runtime : 1h 10 min Subtitle : Myanmar Subtitle ( Hardsub ) Translated by CM Team Encoded by LK
movie

Invisible Guard ( 2022 )

Ten Tigers of Guangdong: Invincible Iron Fist ( 2022 ) 6.5
Ten Tigers of Guangdong: Invincible Iron Fist ( 2022 ) "လျန်ခွင်းဆိုတဲ့ လူငယ်လေးတစ်ယောက်နဲ့ သူရဲ့ငယ်စဥ်ကတည်းက ချစ်ခဲ့ရတဲ့မိန်းကလေး ပြီးတော့ သူရဲ့အစ်ကိုတို့ဟာ ငယ်စဥ်ကတည်းကဟူတဟိုင်ရဲ့ အနိုင်ကျင့်မှုတွေကိုခါးစည်းခံလာခဲ့ရာကနေ ချစ်ရသူနဲ့ ညီအစ်ကိုလိုခင်ရတဲ့သူငယ်ချင်းကိုကာကွယ်ရန် လျန်ခွင်းဟာ ရှောင်လင်သိုင်းပညာကို တစ်စိုက်မက်မက်သင်ယူခဲ့ပါတော့တယ်သင်ယူပြီးတဲ့နောက် ဇာတိမြေကိုပြန်လာခဲ့ပါတယ် သို့ပေမဲ့လည်း ဟူတဟိုင်နဲ့ သူ့ရဲ့အပေါင်းအပါညီအကိုတွေက ပိုပြီးတော့တောင်ရန်လိုလာခဲ့ပါတော့တယ် အဲဒီကနေ အစပြုလို့ ဟူတဟိုင်ဟာ လျန်ခွင်းခွင့်မလွှတ်နိုင်တဲ့ အမှားတစ်ခုကို ကျူးလွန်လိုက်တဲ့အခါမှာတော့ လျန်ခွင်းဟာလက်စားချေမှုတွေပြုလုပ်လာခဲ့ပါတော့တယ်ချစ်ရသူတွေအတွက် လက်စားချေရင်း ဘယ်လိုတွေရင်ဆိုင်ရမလဲ ဘယ်လိုစိန်ခေါ်မှုတွေကိုရော ရင်ဆိုင်ကြုံတွေ့ရမလဲဆိုတာ ဒီဇာတ်ကားလေးကိုကြည့်ရှုလိုက်ရအောင်ပါနော် သိုင်းပညာတွေ ဂိုဏ်းတွေနဲ့ ကြည့်ရတာ သဘောကျနှစ်သက်သူတွေအတွက်ကတော့ ဒီကားလေးကို သဘောတွေ့စေမိမှာအမှန်ပါပဲရှင်" Quality : WEB-DL 1080p , 480p Format : mp4 Genres : Action , Romance Runtime : 1h 15min Subtitle : Myanmar Subtitle ( hardsub ) Translated by CM Team Encoded by LK
movie

Ten Tigers of Guangdong: Invincible Iron Fist ( 2022 )

The Mysterious Cloths ( 2022 ) 6
The Mysterious Cloths ( 2022 ) မသိမသာ စိတ်ဝင်စားဖို့ကောင်းတဲ့ the mysterious cloths ဆိုတဲ့ ဇာတ်ကားလေးကို ဘာသာပြန်တင်ဆက်ပေးလိုက်ပါတယ်... ဒီကားလေးက တစုန့်မင်းကြီးရဲ့ မွေးနေ့ပွဲက စတယ်ဆိုရမလား... ပါးစပ်ရာဇဝင်ထဲက မသေမျိုးနတ်မျိုးနွယ်တို့ရဲ့ မြဝတ်ရုံက စတယ်ဆိုရမလားပဲ... ဘာလို့လဲဆိုတော့ ရှီရှပြည်ထောင်က မသေမျိုးနတ်မျိုးနွယ်တို့ရဲ့ မြဝတ်ရုံကို တစုန့်မင်းကြီး မွေးနေ့ပွဲအတွက် မွေးနေ့လက်ဆောင်မွန်အဖြစ် ဆက်သဖို့ကြိုးစားရာမှာ တစုန့်က လက်ဆောင်လက်ခံသူ လျန်ဝမ်ရယ်ဟာ လက်ဆောင်လက်ခံပြီး ညတွင်းချင်းမှာပဲ ဘဝတစ်ပါးကို အကြောင်းရင်းမဲ့စွာ ပြုံးပြုံးကြီး ကူးပြောင်းသွားပါတယ်...ဟုတ်ပါတယ် ဒဏ္ဏာရီလာ မြဝတ်ရုံကို စမ်းမဝတ်ဘဲ မနေနိုင်တဲ့ လျန်ဝမ်ရယ်ဟာ မြဝတ်ရုံကို စမ်းဝတ်ကြည့်ပြီးနောက် ပြုံးပြုံးကြီးနဲ့  ဘာကြောင့်မှန်းမသိ ဆုံးပါးသွားခဲ့တာပါ... တစ်ဖက်မှာ အလောင်းကို စစ်ဆေးတော့လည်း ခုခံထားဟန်မတွေ့ အဆိပ်မိတဲ့လက္ခဏာကမရှိတဲ့အပြင် ကိုယ့်ကိုယ်ကို သတ်သေဖို့ဆိုတာလည်းမဖြစ်နိုင်တော့ အခက်တွေ့တာပေါ့ ဒါကြောင့်လည်း လက်ဆောင်ဆက်သသူ ရှီရှပြည်ထောင်က ချင်ယွမ်မင်းသားကိုပဲ စစ်ဆေးဖို့ ဖမ်းလိုက်ရတာကြောင့် ၂ ပြည်ထောင် ချစ်ကြည်ရေးတည်ဆောက်ဖို့ ကြိုးစားရာကနေ ဆက်ဆံရေးက အဆိုးဖက်ကို ကူးပြောင်းလာတော့တယ်...ဒါကြောင့် စုန့်စီဆိုတဲ့ ပြည်သူတွေသတ်မှတ်ထားတဲ့ သမာသမတ်ကျသူ တရားသူကြီးမင်းကို စစ်ဆေးစုံစမ်းဖို့ တာဝန်လွှဲအပ်ခဲ့တယ်... ဒီလိုနဲ့ လျန်ဝမ်ရော ရှီရှ လက်ဆောင်ဆက်သသူတို့အပါအဝင် တစုန့်မင်းကြီးမွေးနေ့မင်္ဂလာပွဲ တက်ဖို့ ရောက်လာသူတွေ တည်းခိုတဲ့ တည်းခိုဆောင်ကို ရောက်လာခဲ့တော့တယ်....စုန့်အမတ်မင်းက တကယ်ပဲ ဒီအမှုကို ရှင်းနိုင်မှာလား... လျန်ဝမ်ကရော ဘာကြောင့်သေသွားတာလဲ... မြဝတ်ရုံရဲ့ ...
movie

The Mysterious Cloths ( 2022 )

Elves in Changjiang River ( 2022 ) 6.1
Elves in Changjiang River ( 2022 ) ဒီတစ်ခါ Channel Myanmarက တင်ဆက်ပေးလိုက်တာက Elves in ChangJiang Riverဆိုတဲ့ဇာတ်ကားလေးဖြစ်ပါတယ် ဒီဇာတ်ကားက အရင်ခေတ်အခါတုန်းက ‌တရုတ်ကားFans‌တွေကြိုက်ခဲ့ရတဲ့ Legend of Madame White Snakeဆိုတဲ့ဇာတ်ကားလေးနဲ့ခပ်ဆင်ဆင်ပါပဲဇာတ်ကားလေးရဲ့ အစမှာ စွေယွမ် မင်းသားလေးက လှေစီးရင်း ကုန်းထန်းမြို့ကိုသွားနေတဲ့ခရီးတစ်ဝက်မှာ ‌မြစ်ထဲပြုတ်ကျခဲ့ပါတယ် အဲ့ချိန်မှာ မင်းသမီးဖြစ်တဲ့ ငါးမိစ္ဆာလေး ‌ ကျန်းရှောင်ယွီက မင်းသား‌ကိုကယ်တင်ခဲ့ပါတယ်ဒီဇာတ်ကားမှာတော့ မင်းသမီးက မကောင်းဆိုးဝါးမိစ္ဆာဖြစ်ပြီး ရိုင်းစိုင်းယုတ်မာတဲ့ရာဇဝတ်သားတွေရဲ့ နှလုံးနဲ့ ဦးနှောက်ကိုစားသုံးပါတယ် အစပိုင်းမှာ ဟော့ပေါ့စားမလိုနဲ့ ယောကျာ်းတွေကိုဆွဲဆောင်ပြီး လှည့်ဖြားကာ သတ်စားနေကြဖြစ်တဲ့ ရှောင်ယွီက စွေယွမ်ကို မသတ်နိုင်ခဲ့ပဲ လွှတ်ပေးခဲ့ပါတယ်ထိုအချိန်မှာပဲ မြင်မြင်ချင်းချစ်မိတယ်ဆိုသလို သူတို့ ၂ယောက်လည်း မသိစိတ်ထဲကချစ်မိကာ လူနဲ့ မိစ္ဆာဆိုသလိုခက်ခဲကြမ်းတမ်းတဲ့ အချစ်ပုံပြင်လေးကိုရိုက်ကူးထားတာဖြစ်တဲ့အတွက် Happy endingဖြစ်မလား Sad endingဖြစ်မလားဆိုတာကိုတော့ နောက်‌ဆုံးထိကြည့်ရှူပြီးစောင့်ကြည့်လိုက်ရအောင်  Quality : WEB-Dl 1080p ,  480p Format : mp4 Duration : 1h 40min Genres : Drama , Fantasy Subtitle : Myanmar Subtitle ( Hardsub ) Translated ...
movie

Elves in Changjiang River ( 2022 )

The Duel (2000) 5.9
The Duel (2000) သိုင်းပြိုင်ပွဲကိုအခြေခံထားပြီး လူသတ်တရားခံကိုအဖြေရှာဦးမယ့် ဟောင်းပြီးကောင်းတဲ့တရုတ်ကားလေးနဲ့ မိတ်ဆက်ပေးလိုက်ပါပြီ။ ပါဝင်ထားတဲ့သူကိုရှိုးလိုက်ပါဦး... ဒိတ်ဒိတ်ကြဲများဖြစ်ကြတဲ့ Andy Lau ၊ Ekin Cheng ၊ Nick Cheung ၊ ရှောင်ယဲ့ကျူလို့လူသိများကြတဲ့ Zhao Wei နဲ့ ငယ်ငယ်ကသိုင်းကားတွေမှာပါနေကြ သူငယ်ချင်းဟောင်းတွေအများကြီးကိုပြန်တွေ့ရမှာမို့ အိုကြီးအိုမ ကလေးကြီးတွေအတွက် ကြည့်သင့်တဲ့ကားကောင်းလေးတစ်ကားပေါ့နော်။သိုင်းလောကမှာ နတ်ဓါးရှင်နဲ့ဓါးဘုရင်ဆိုပြီး နာမည်ကြီးနှစ်ယောက်ကြီးစိုးနေတဲ့အချိန်ပါ... ရုတ်တရက်ကြီး ဘယ်သူအတော်ဆုံးလဲဆိုတာအဖြေရှာဖို့ နတ်ဓါးရှင်က စိန်ခေါ်စာပို့ပါတော့တယ်။ အဲ့ဒီအချိန်ကစပြီး နာမည်ကြီးသိုင်းသမားတွေအသတ်ခံရပါလေရော။ သတ်တဲ့သူကိုအဖြေရှာဖို့ နန်းတွင်းကိုယ်ရံတော် လုံလုံကောက်အတွက်တော့ တကယ်ခေါင်းကိုက်ရတဲ့အမှုပါ။ သိုင်းပြိုင်ပွဲကလည်း နီးကပ်တဲ့အချိန်… တစ်ဖက်ကသူအချစ်ရဆုံးမိတ်ဆွေ ဓါးဘုရင်၊ နောက်တစ်ယောက်က သူလေးစားအားကျရတဲ့ နတ်ဓါးရှင်။ ယှဉ်ပြိုင်မယ့်နေရာက နန်းတော်ထဲမှာဆိုတော့ကား ....အရှုပ်အထွေးတွေကြားထဲမှာ ဟာသလေးနှောထားပြီး သိုင်းကားစစ်စစ်ကိုကြည့်ချင်တဲ့သူတွေအတွက် အဆင်ပြေမယ့်ကားကောင်းလေးတစ်ကားမို့ ဘာဆက်ဖြစ်မလဲ ကြည့်လိုက်ပါတော့နော်.... File size…(1.7 GB) / (1 Gb) / (500 Mb) Quality….Webrip 1080p / ...
movie

The Duel (2000)