Channel Myanmar

Numan Acar

The Berlin File (2013) 6.6
The Berlin File (2013) IMDb Rating (6.6)မင်းသားကြီး Ha Jung-woo နဲ့ မင်းသမီး Jun Ji-hyun တို့အပြင် အခြားသောသရုပ်ဆောင်များစွာပါဝင်ထားတဲ့ကိုရီးယား Action,Thriller ရုပ်ရှင်ဇာတ်လမ်းကြီးပါ။ဇာတ်လမ်းအကျဉ်းကတော့...မြောက်ကိုးရီးယားရဲ့ လျှို့ဝှက်အေးဂျင့်တစ်ယောက်ဖြစ်သူ ပြုံးဂျောင်ဆုံဟာဘာလင်မှာ အာရပ်တော်လှန်ရေးတပ်ဖွဲ့နဲ့ လက်နက်အရောင်းအဝယ်လုပ်ဖို့တာဝန်ပေးခံရတာကနေ အရောင်းအဝယ်ပျက်သွားတဲ့နောက်မှာတော့ဒီဘာလင်အရှုပ်တော်ပုံထဲ ရောက်သွားပါတော့တယ်။သူနဲ့ မြောက်ကိုးရီးယားသံရုံးက စကားပြန်ဖြစ်သူ သူ့ဇနီးတို့ဟာ ဒီအရှုပ်တော်ပုံမှာတိုင်းပြည်ကို သစ္စာဖောက်တဲ့သူတွေအဖြစ် အကွက်ချ အစွပ်စွဲခံလိုက်ရတဲ့အခါ....အေးဂျင့်ပြုံးဂျောင်ဆုံတစ်ယောက် ပြသနာတွေကြားထဲကနေ ဘယ်လိုရင်ဆိုင်ဖြေရှင်းရမလဲဆိုတာ....။ File size…(2.3 GB)/(1.2 GB) Quality….BluRay 1080p /720p Format…mp4 Duration….02:00:36 Subtitle….Myanmar Subtitle(Hardsub) Encoder….Ka Naung Translated by Sherlock Holmes
movie

The Berlin File (2013)

Ali and Nino (2016) 6.8
Ali and Nino (2016)  ဒီဇာတ်ကားဟာ 1918 ခုနှစ်က မူဆလင်ကောင်လေးနဲ့ခရစ်ယာန်ကောင်မလေးတို့နှစ်ယောက်ရဲ့ အချစ်ကိုပုံဖော်ထားတာပါ။မူရင်းဝတ္ထုကလည်း အတော်အသင့်နာမည်ရှိပါတယ်။ ရေနံတွင်းတွေပေါများလှတဲ့ အဇာဘိုင်ဂျန်ကို ရုရှားတွေသိမ်းထားပြီးပထမကမ္ဘာစစ်ဖြစ်နေချိန်ပေါ့။ အဇာဘိုင်ဂျန်ဟာ ပါရှား၊ ဂျော်ဂျီယာနဲ့အိမ်နီးချင်းနိုင်ငံဖြစ်ပြီး ဥရောပတိုက်နဲ့ အာရှတိုက်အကြားကနိုင်ငံဖြစ်တဲ့အတွက် အချက်အချာကျလှပါတယ်။ ရုရှားကိုလိုနီနိုင်ငံဖြစ်တဲ့အတွက်နိုင်ငံအတွင်းမှာ ရုရှားမိတ်ဖက်စီးပွားရေးသမားတွေလည်း ခြေရှုပ်လှပါတယ်။အဇာဘိုင်ဂျန်မင်းသား အလီနဲ့ ဂျော်ဂျီယာမင်းသမီး နီနိုတို့ဟာ လူမျိုးမတူ၊ဘာသာကွဲပြားတဲ့ကြားက ချစ်ခဲ့ကြပါတယ်။ အဇာဘိုင်ဂျန်ဘုရင်ကသူတို့အချစ်ရေးကို သဘောတူပေမဲ့ ‌နီနို့အဖေဂျော်ဂျီယာမင်းသားကတော့ရှုပ်ထွေးလှတဲ့နိုင်ငံရေးအခြေအနေတွေကြောင့် အချိန်ဆွဲလျက်ရှိပါတယ်။ဒါ့အပြင် နီနိုကို မော်စကိုစီးပွားရေးသမားတစ်ယောက်ကလည်းအပိုင်ကြံဖို့ကြိုးစားနေပါတယ်။ ရှုပ်ထွေးလှတဲ့နိုင်ငံရေးတွေကြားမှာအလီနဲ့နီနိုတို့ ဘယ်လိုဆုံဆည်းကြမလဲဆိုတာကို ကမ္ဘာစစ်နောက်ခံထားပြီးကြည့်ရှုရမှာဖြစ်တဲ့အတွက် သမိုင်းစိတ်ဝင်စားသူ အချစ်ဇာတ်လမ်းကောင်းကြိုက်သူတို့အတွက် လက်မလွှတ်သင်တဲ့ဇာတ်ကားတစ်ကားပါ။ File size…1.37GB / 578MB Quality…Blu-Ray 1080p 5.1 CH/ 720p Format…mp4 Duration….1h 40m Genre ….. Drama , Romance , War Subtitle….Myanmar Subtitle (Hard Sub) Encoder….Min Wai Translated by Jane
movie

Ali and Nino (2016)

Aladdin (2019) 7.4
Aladdin (2019) ဒီကားလေးကတော့ သိပ်ပြီးမိတ်ဆက်စရာမလိုလောက်အောင် အားလုံးသိထားပြီးတဲ့ ကားလေးဖြစ်ပါတယ်... Disney ကနေထုတ်လုပ်ပြီးတော့ ၂၀၁၉  မှာ Animation ကို Live Action အသွင်ပြောင်းပြီးရိုက်ကူးပြီးတင်ဆက်ခဲ့ပါတယ်... Animation မှာအရမ်းကိုအောင်မြင်ခဲ့တဲ့ဒီကားလေးက အခု Live Action မှာကော အောင်မြင်မလားဆိုတာကို ဒီကားလေးကိုကြည့်ပြီးဆုံးဖြတ်လိုက်ရအောင်လား......ဇာတ်ကားထဲမှာ အာလာဒင်ဆိုတဲ့ သူခိုးတစ်ယောက်က မြို့သူအယောင်ဆောင်ပြီး မြို့ထဲကိုထွက်လာတဲ့ မင်းသမီးလေးနဲ့တွေ့ပြီးချစ်မိသွားကြတယ်... သူခိုးတစ်ယောက်နဲ့မင်းသမီးတစ်ပါးနဲ့ မဖြစ်နိုင်တော့ ဂျဖာက အာလာဒင်ကိုဖမ်းပြီး မီးခွက်ခိုးခိုင်းတာကနေပြီးတော့ မီးခွက်စောင့်ကြီး တဖြစ်လဲ Will Smith နဲ့တွေ့ဆုံပါတော့တယ်...Will Smith မီးခွက်ပုံစောင့်ပုံကြီးနဲ့ ပိုစတာထွက်လာတုန်းကဆိုရင် တော်တော်လေးကို ကြည့်ရဆိုးပြီလို့ တွက်ခဲ့ဖူးတယ်.... ဒါပေမယ့် ကိုယ်တိုင်ကြည့်လိုက်တဲ့အခါမှာတော့ Will Smith တစ်ယောက် သူ့ရဲ့အကောင်းဆုံး Genie ပုံစံကိုပြသနိုင်ခဲ့ပါတယ်...Disney ရဲ့ထုံးစံအတိုင်းပဲ နောက်ခံတီးလုံးအမိုက်စားတွေနဲ့ Live Action အနေနဲ့ထွက်ရှိလာခဲ့တဲ့ ဒီကားလေးဟာ ကလေးဘဝတွေကိုပြန်လည်တမ်းတနိုင်အောင် ရိုးရိုးလေးနဲ့ရိုက်ကူးထားတဲ့ ကားလေးတစ်ကားပဲဖြစ်ပါတယ်...... File size…(6.8 GB)/(2.2 GB)/ (1.3 GB) Quality….BluRay 4K HEVC/1080p HEVC/720p Format…mkv/mp4 Duration….02:07:58 Subtitle….Myanmar Subtitle(Hardsub) Encoder….Ka Naung Translated by Littelneo
movie

Aladdin (2019)

2019
4K HEVC
Spider-Man: Far From Home (2019) MCU 7.5
Spider-Man: Far From Home (2019) MCU Spider-Man: Far from Home (2019) IMDb - 7.5/10_____Rotten - 91%  (function(f,b,n,j,x,e){})();Endgame အပြီးမှာ ထွက်လာတဲ့ကားတွေကို ကြည့်ရတာ သိပ်အားရပါတော့မလားလို့ တွေးမိပေမယ့် မာဗယ်ကတော့ ပိုပိုကောင်းအောင် လုပ်ပြနိုင်တုန်းပါပဲ။ဒီစပိုက်ဒါမန်းကားကို အကြိုက်တွေ့ကြမှာပါ။ဇာတ်လမ်းအကျဉ်း…သားနို့စ်နဲ့တိုက်ပွဲအပြီးမှာ ကမ္ဘာကြီးဟာ အပြိုင်စကြဝဠာတွေနဲ့ ချိတ်ဆက်တဲ့ ဝင်ပေါက်တွေ ပေါ်လာခဲ့ပါတယ်။ ကမ္ဘာတစ်ခုက သူရဲကောင်း မစ်စ်တီးရီယိုဟာ သူ့ရဲ့ကမ္ဘာကို ဖျက်ဆီးသွားတဲ့ သတ္တဝါဆိုးတွေ လက်ရှိ စပိုက်ဒါမန်းတို့ ကမ္ဘာကို ရောက်လာတာကြောင့် လိုက်လံတိုက်ခိုက်ရင်း နစ်ခ်ဖြူရီ၊ စပိုက်ဒါမန်းတို့နဲ့ မိတ်ဆွေဖြစ်လာပါတယ်။စပိုက်ဒီနဲ့ မစ်စ်တီးရီယိုတို့ ပေါင်းပြီး ဒီအန္တရာယ်တွေကို ရင်ဆိုင်ရပါလိမ့်မယ်……(ဘာသာပြန်ပေးထားသူကတော့ Littleneo ပါ) File size…(5.7 GB)/(2.1 GB)/(1 GB) Quality….IMAX 4K HEVC/ DS4K 1080p / 720p Format…mkv/mp4 Duration….02:09:21 Subtitle….Myanmar Subtitle (Hardsub) Encoder….Nyeinsaeya Aung Translated by Little Neo
movie

Spider-Man: Far From Home (2019) MCU

2019
4K HEVC IMAX
The Great Wall (2016) 5.9
The Great Wall (2016) The Great Wall (2016)_____IMDb...5.9/10   (အက်ရှင်အလန်းစားနဲ့ကြည့်လို့ကောင်းတဲ့ ဇာတ်ကားဖြစ်သည်နှင့်အညီ Blu-Ray 1080p 5.1 CH,720Pတို့ဖြင့် ပြန်လည်တင်ဆက်ထားပါသည်....) Matt Damon ကို ထည့်သုံးထားတာဖြစ်ပါတယ်။ ဒီကားက Song Dynasty (960 ကနေ 1279) ကြား ကာလကို အခြေခံရိုက်ကူးထားတာဖြစ်ပါတယ်။ Matt Damon က ဥရောပ ကလာတဲ့ Mercenary ဖြစ်ပြီး သူတို့ က တရုတ်ပြည်က ယမ်းမှုန့်ကိုလိုချင်လို့ လာကြတာဖြစ်ပါတယ်။ဒီကားက Fantasy Si-fi ဖြစ်ပြီး တရုတ်က မဟာတံတိုင်းက လူတွေသိထားသလို မွန်ဂိုတွေရန်ကိုကာကွယ်ဖို့တင်မဟုတ်ပဲ၊ Alien Monster တွေရဲ့ရန်ကို ကာကွယ်ဖို့ ဆောက်ထားတာဖြစ်လို့ စိတ်ကူးယဉ်တင်ဆက်ထားပါတယ်။ Matt Damon တို့က ဒီ Monster တွေနဲ့ တွေ့လို့ ထွက်ပြေးလာရင်းနဲ့ တရုတ် ခံတပ်မှာ အဖမ်းခံရပါတယ်။ ဒီကနေ သူရဲ့ မြှားပစ်စွမ်းရည် ကြောင့်ရယ်၊ တိုက်ရည်ခိုက်ရည်ကောင်းတာကြောင့်ရယ်၊ သူ့ကို မသတ်တော့ပဲ တရုတ်စစ်တပ်နဲ့ အတူ ...
movie

The Great Wall (2016)

2016
HEVC 1080p 6.1
In the Fade 7.3
In the Fade Rating မြင့်မြင့် Crime Drama ကားကောင်းကောင်း ကြည့်လိုတဲ့ CMပရိသတ်ကြီးအတွက်In the fade (2018) ဆိုတဲ့ကားလေးကိုတင်ဆက်ပေးလိုက်ပါတယ်။အရာအားလုံးရင်းပြီးတည်ဆောက်ခဲ့ရတဲ့ ပျော်ရွှင်စရာမိသားစုလေးတစ်ခုဆိုတာကတ်ဂျာ ပိုင်တိုင်သမျှအရာအားလုံးပါ။တစ်နေ့တော့ မထင်မှတ်ပဲ ဗုံးပေါက်ကွဲမှုတစ်ခုကြောင့်မိသားစုဘဝလေးပျက်ဆီးသွားခဲ့ရပါတော့တယ်။ဗုံးဖောက်ခွဲခဲ့တဲ့လူကို သိလာခဲ့တဲ့နောက် ကတ်ဂျာတစ်ယောက် ဘယ်လိုရင်ဆိုင်ဖြေရှင်းမလဲ?တရားမျှတမှုကိုရော ရှာတွေ ့နိုင်ပါ့မလား?မထင်မှတ်ထားတဲ့ အလှည့်အပြောင်းတွေ ၊အားမလိုအားမရ ခံစားချက်တွေနဲ့အတူဇာတ်လမ်းအဆုံးအထိ ဆွဲခေါ်နိုင်သွားတဲ့ကားလေးလို့ပဲ ညွှန်းလိုက်ပါရစေ။Ratingတွေ အနေနဲ့ကတော့ Imdb 7.3 Rotten Tomatoes 74% ရရှိထားတဲ့ ကားလေးပါ။File Size : (761 MB) and (302 MB) Quality : 720p WEB DL Running Time : 1hr 46min Format : Mp4 Genre : Crime , Drama Subtitle : Myanmar Subtitle (Hard Sub) Source : ...
movie

In the Fade

2017
The Promise (2016) 5.9
The Promise (2016) ဒီဇာတ်ကားလေးက ပထမကမ္ဘာစစ်ကာလအတွင်းက ဖြစ်ရပ်မှန်အပေါ်အခြေခံ ရိုက်ကူးထားတဲ့ ဇာတ်လမ်းလေးပါ။Batman မင်းသားကြီး Christian Bale ရဲ့ဇာတ်ကားလေးပါ။ပထမကမ္ဘာစစ်မဖြစ်ခင်အချိန်မှာ တူရကီအင်ပါယာက တန်ခိုးအာဏာ ကြီးမားခဲ့တဲ့အချိန်ပါ။တဖြည်းဖြည်းနဲ့ တူရကီအင်ပါယာလည်းပြိုယွင်းလုနီးနီး ဖြစ်နေပါပြီ။အဲဒီအချိန်ကတူရကီမှာ ခရစ်ယာန်ဘာသာဝင် လူနည်းစုဖြစ်တဲ့ အားမေးနီးယန်းမျိုးနွယ်စုတွေကိုအစ္စလာမ်ဘာသာကိုးကွယ်တဲ့ တူရကီလူမျိုးကြီးဝါဒရှင်တွေ  အများစုက  မနှစ်သက်ကြဘူး။ပထမကမ္ဘာစစ်ဖြစ်လာတဲ့အချိန်မှာတော့ တူရကီစစ်ခေါင်းဆောင်ပိုင်းတွေကအားမေးနီးယန်းတွေကို တိတ်တဆိတ် စစ်နဲ့အတူရောယောင်ပြီး လူမျိုးတုန်းသတ်ဖြတ်မှုတွေကို လုပ်ဆောင်ခဲ့ကြတယ်။ခုချိန်ထိလည်း တူရကီအာဏာပိုင်တွေက ဒီလူမျိုးတုန်း သတ်ဖြတ်ခဲ့မှု ဘူးခံပြီး ငြင်းကွယ်နေဆဲပါပဲ။ဒီဖြစ်ရပ်မှန်အကြောင်းကို ဖော်ထုတ်ပေးခဲ့တာကတော့ အမေရိကန်သတင်းထောက်တစ်ဦးပါပဲ။ဒီဇာတ်ကားက စစ်ပွဲကိုအခြေခံထားတဲ့အချစ်ဇာတ်လမ်းပေမယ့်  အဓိကပေးသွားတဲ့ မက်ဆေ့ချ်လေးကတော့သတင်းမီဒီယာသမားရဲကျင့်ဝတ်သိက္ခာနဲ့ အခန်းကဏ္ဍပါပဲ။တကယ့်ကို စစ်မှန်တဲ့ သတင်းထောက် တစ်ယောက်ကြောင့် လူပေါင်းများစွာ လူမျိုးစုတစ်ခုကို ကယ်တင်နိုင်ခဲ့သလိုသတင်းမီဒီယာသမားတစ်ယောက်ဟာ အမှန်တရားကို အသက်နဲ့တောင် အလဲအထပ်လုပ်ရဲတဲ့အထိစိတ်ဓါတ်ခိုင်မာပြတ်သားတယ်။ဒီလိုစိတ်ဓါတ်မျိုးရှိပြီး အမှန်တရားကို ဖော်ထုတ်ရေးသားတတ်သူ သတင်းထောက်မျိုးကိုသာနိုင်ငံတကာက အသိအမှတ်ပြုပြီး သူရဲ့သတင်းက ယုံကြည်စိတ်ချရပြီးအားကိုးရမယ့်သူမျိုးဆိုတာကို ပါးပါးလေးပြသွားပါတယ်။သတင်းထောက်ကောင်းတွေဟာ ဘယ်လောက်တောင်အပြောအဆို လိမ္မာပါးနပ်မှုရှိသလဲဆိုတာကိုလည်း မြင်တွေ့ရမှာပါ။မြန်မာ့မီဒီယာလောကသတင်းထောက်တွေ ဒီလိုမျိုးဖြစ်လာအောင် ကျင့်သုံးအတုယူသင့်ပါတယ်။နောက်ပြီး ဘယ်သူတွေဘယ်လို ရန်ငြိုးနဲ့လူမျိုးရေးမုန်းတီးမှုပဲရှိရှိ သူငယ်ချင်းတွေ ...
movie

The Promise (2016)

2016