Channel Myanmar

O. A. K. Sundar

Ratham (2023) 8.6
Ratham (2023) Raththam (2023) "ဂျာနယ်ကျော် ဦးကူးမား" IMDb-8.6/10သူတောင်းစားကားတွေမှာ နာမည်ကြီးခဲ့တဲ့ မင်းသားကြီး ဗီဂျေးအန်တိုနီ ဦးဆောင်ပါဝင်လာတဲ့ ဇာတ်ကားသစ်လေးကို ပရိသတ်ကြီးအတွက် တင်ဆက်ပေးချင်ပါတယ်။မင်းသားကတော့ သူ့ထုံးစံအတိုင်း အထာကျကျနဲ့ သရုပ်‌ဆောင်ချက်တွေ ပီပြင်တဲ့အပြင် အနုအကြမ်းအစုံရတာမို့ ရုပ်ရှင်ကြည့်ပရိသတ်တွေ စိတ်မပျက်စေရမှာပါ။ဇာတ်လမ်းအစမှာ သူတို့မင်းသားအကြောင်း မကောင်းရေးလို့ လူမိုက်တစ်ယောက်က သတင်းတိုက်ထဲဝင်ပြီး သတင်း‌ထောက်ကို ဓားနဲ့ထိုးသတ်သွားပါတယ်။ ဒီလိုလိုကိစ္စတွေက သတင်းထောက်လောကမှာ ပါမွှားလေးပါ။သတင်းယူရတာ အန္တရာယ်ကြီးတဲ့အပြင် သတင်းရေးရတာလဲ အတိုက်အခိုက်ပေါင်းစုံ၊ အစိုးရ၊ လူမိုက်ဂိုဏ်း၊ ပြည်သူစတဲ့ ဘက်ပေါင်းစုံက ဖိအားများစွာနဲ့ပါ။အဲ့သတင်းတိုက်မှာ အယ်ဒီတာချုပ်အဖြစ် single father ကူးမားတစ်ဖြစ်လဲ ဗီဂျေးရဲ့သရုပ်ဆောင်ချက်အလန်းတွေနဲ့အတူ စတုတ္ထမဏ္ဍိုင်အကြောင်းကို အချစ်အလွမ်းအကြမ်း ရသစုံစွာတင်ဆက်ပေးထားတာမို့ ပရိသတ်ကြီးကြည့်ရှုခံစားနိုင်ဖို့ ဘာသာပြန်တင်ဆက်ပေးလိုက်ရပါတယ်။(အညွှန်းနဲ့ဘာသာပြန်တွေကတော့ CM Bollywood Teamမှပဲဖြစ်ပါတယ်)( CMရဲ့ ဘောလိဝုဒ်ရုပ်ရှင်နဲ့ စီးရီးသစ်တွေကို တယ်လီဂရမ်မှာလဲ တင်ဆက်နေပြီမလို့ ဒီချန်နယ်လေးမှာ ကြည့်ရှုအားပေးလို့ရပါတယ် Tele Link >> https://t.me/cmbollywood) File size…2.16GB / 1GB Quality…1080p WEB DL / 720p Format…mp4 Duration….2h 22m Subtitle….Myanmar Subtitle(Hard Sub) Encoder….YK Translated by ...
movie

Ratham (2023)

2023
Por Thozhil (2023) 8.4
Por Thozhil (2023) Por Thozhil ( 2023 ) ==================IMDb 8.4/10တောင်ပိုင်းမှုခင်းကားတွေ ကြိုက်တဲ့ပရိသတ်တွေအတွက် Por Thozhil ဆိုတဲ့ အမိုက်စား မှုခင်းရုံကားလေးတစ်ခု ထွက်ရှိလာပါပြီ။Por Thozhil ဆိုတာကတော့ တမီလ်လို စစ်အနုပညာလို့ အဓိပ္ပါယ်ရပါတယ်။ ကြောက်တတ်ပေမဲ့ မှုခင်းစာအုပ်တွေဖတ်ပြီး ရဲဖြစ်ချင်ခဲ့တဲ့ ပရာကတ်ရှ်ဆိုတဲ့ အလုပ်သင် ဒုရဲအုပ်လေးဟာ အရမ်းလက်ပေါက်ကပ်တဲ့ လူ့ကန့်လန့် ဝါရင့်ရဲအုပ်ကြီးတစ်ယောက်ဆီမှာ အကူအနေနဲ့ တာဝန်ထမ်းဆောင်ရင်း ပထမဆုံးအမှုအနေနဲ့ နှစ်လောင်းပြိုင် ကွင်းဆဂာ်လူသဝာ်မှုနဲ့ တည့်တည့်တိုးပါတော့တယ်။ဒီရုပ်ရှင်ဟာဆိုရင် တောင်ပိုင်းမှုခင်းကားတွေထဲမှာ အင်မတန်နာမည်ကြီးခဲ့တဲ့ Ratsasan တို့ HIT တို့လိုပဲ ပရိသတ်တွေကို ထိုင်ရာကနေ မထစတမ်း ဆွဲခေါ်သွားမှာဖြစ်လို့ မှုခင်းကားကြိုက်တဲ့ပရိသတ်တွေအတွက် တကယ်ကို must watch ရုပ်ရှင်တစ်ခုပဲဖြစ်ပါတယ်...။( ဒီဇာတ်လမ်းရဲ့ အညွှန်းနဲ့ ဘာသာပြန်တွေကတော့ Yunni, Moon, V, Cherry နဲ့ Zwe Yan တို့ပဲဖြစ်ပါတယ်ဗျ။ ) File size…4GB /1.53GB  / 789MB Quality…4k SONY WEB DL ...
movie

Por Thozhil (2023)

2023
4K HEVC
Agilan (2023) 4.4
Agilan (2023) Aglian 2023 Action/Drama/Thrillerကွန်တိန်နာနံပါတ်ကြည့်ရုံနဲ့ အာဂီလန်ပိုင်မှန်းသိရင် အဲ့ဒီကွန်တိန်နာကို ထိကို မထိရဲလောက်တဲ့ထိ ဖိန့်ဖိန့်တုန်အောင် ဩဇာအာဏာကြီးလှတဲ့ ဆိပ်ကမ်းဘုရင်လူမိုက်ကြီး အာဂီလန်.... ဒီလူမိုက်ကြီးအာဂီလန့်နေရာကို သရုပ်ဆောင်ထားတာကလဲ အက်ရှင်ဇာတ်ကြမ်းတွေနဲ့ နာမည်ကြီးလာတဲ့ မင်းသား Jayam Raviဆိုတော့ ဒီအက်ရှင်ကားက သွေးသံတရဲရဲနဲ့ အစဆုံးကြည့်ချင်နေမှာအသေချာပါပဲ...အိန္ဒိယသမုဒ္ဒရာရဲ့ဘုရင်လို့တောင် တင်စားရတဲ့အာဂီလန်ဟာ ဆိပ်ကမ်းက ကုန်စည်ပို့ဆောင်ရေးလုပ်ငန်းတွေအားလုံးကို ထိန်းချုပ်ထားတဲ့ဆိပ်ကမ်းလူမိုက်ကြီးတစ်ဦးပဲဖြစ်ပါတယ်။ ဒုစရိုက်လောကမှာ နာမည်ကျော်တဲ့ ကပူးရ်ကတော့ ငွေကြေးအတုလုပ်ငန်းကို ကုန်စည်ပို့ဆောင်ရေးနဲ့ တွဲဖက်လုပ်ကိုင်နေတာဖြစ်ပြီး မူးယစ်ရာဇာ ပါရန်ဒါမန်ကတော့ ကပူးရ်အတွက် အလုပ်လုပ်ပေးနေတဲ့ ဒုစရိုက်လောကသားပဲဖြစ်ပါတယ်။သူတို့တွေရဲ့ တရားမဝင်လုပ်ဆောင်မှုတွေကို အာဂီလန်က ထိန်းချုပ်ပေးနေတာပါ။ ဒီလိုမျိုး အာဂီလန်ကချုပ်ကိုင်ထားတဲ့အတွက် ဘယ်အရာကမှ ဝင်စွက်ဖက်လို့မရပါဘူး။ ဒါပေမဲ့ "မကောင်းမှုဟူသည် ဆိတ်ကွယ်ရာမရှိ"ဆိုတဲ့အတိုင်း လိမ်လည်လှည့်ဖြားမှုတွေ တစ်စတစ်စပေါ်လာတဲ့အခါမှာတော့...အာဂီလန်ဘယ်လိုတွေဆက်လုပ်မလဲ။ ဘယ်လိုမျိုးစိတ်ဝင်စားစရာဇာတ်ကြောင်းတွေ ထွက်ပေါ်လာဦးမလဲဆိုတာကို အက်ရှင်အကြမ်းစားတွေနဲ့ စိတ်ဝင်တစားကြည့်ရှုကြရမှာဖြစ်ပါတယ်။ File size…2.23GB / 1.14 GB Quality…1080p WEB DL / 720p Format…mp4 Duration….2h 13m Subtitle….Myanmar Subtitle (Hard Sub) Encoder….YK Translated by CM Bollywood Team
movie

Agilan (2023)

2023
Viruman (2022)
Viruman (2022) Viruman (2022) Imdb-5.2/10 Times of India-1.8/5ဗီရူမန်ကတော့ မွေးချင်းညီအစ်ကို လေးယောက်ထဲမှာ အငယ်ဆုံးသားဖြစ်ပါတယ် သူငယ်ငယ်လေးထဲက သူ့အဖေအရင်းကိုတောင် ဓါးကိုင်ပြီးလိုက်ခုတ်ခဲ့ဖူးပါတယ် အကြောင်းရင်းကတော့သူ့အမေအရင်းက သူ့အဖေရဲ့နှိပ်စက်မှုဒဏ်တွေကြောင့် ဆုံးပါးသွားခဲ့ပါတယ်အဲ့ဒါကြောင့်သူ့အဖေကို နာကျည်းမုန်းတီးကာ ငယ်ငယ်ထဲက သူ့ဦးလေးတွေနဲ့ပဲနေထိုင်ကြီးပြင်းခဲ့ပါတယ် ဒီလိုနဲ့ကြီးပြင်းလာ‌တော့ သူ့အဖေကိုLesson ပေးချင် အပြစ်တွေအတွက် ပြစ်ဒဏ်ခံယူစေချင်တာကြောင့် အမျိုးမျိုးနှောင့်ယှက်ဒုက္ခပေးပါတော့တယ်သူ့အဖေကတော့ လာဘ်စားပြီးမောက်မာဆိုးသွမ်းတဲ့လွှတ်တော်အမတ်တစ်ဦး ဖြစ်ပါတယ် ထို့အပြင်သူ့အစ်ကိုသုံးယောက်ကိုလည်း မကောင်းတဲ့ဖခင်ကိုဆန့်ကျင်စေချင်တာကြောင့် လိုက်လံစည်းရုံးပေမဲ့ သူ့အစ်ကို ၃ယောက်က ငွေ ၊ ပစ္စည်းဥစ္စာမျက်နှာကြောင့် သူ့အဖေဘက်ကနေထွက်မလာပါဘူး ဒီလိုနဲ့ ‌ဖအေနဲ့ သားရဲ့တိုက်ပွဲမှာ နောက်ဆုံးသူ့အဖေကပဲရှုံးပြီး အပြစ်ကြွေးတွေဆပ်ရမလား... သူ့သားကပဲလက်လျှော့သွားရမလားဆိုတာ... File size…3GB / 1.3GB Quality…1080p WEB DL / 720p Format…mp4 Duration….2h 29m Subtitle….Myanmar Subtitle (Hard Sub) Encoder….YK Translated by ThuRa & Allena & Kevin & Yunni
movie

Viruman (2022)

Laabam(2021)
Laabam(2021) Laabam (2021)ကဲ .. ဒီနေ့မှာလည်း Tamil ကားကောင်းလေးတစ်ကားနဲ့ မိတ်ဆက်ပေးချင်ပါတယ်။Laambam တဲ့ Tamil ဘာသာစကားနဲ့ဆိုရင်တော့ “အကျိုးအမြတ်” ။လောကမှာလူတွေက ဘယ်အရာကိုမဆို အကျိုးအမြတ်ရမှ လုပ်ချင်ကြတာမဟုတ်လား။အကျိုးအမြတ်မရဘဲ ဘယ်သူကမှတော့ အချိန်ကုန်လူပန်းခံပြီး ဘာမှမလုပ်ချင်ကြဘူး။အဲဒီအကျိုးအမြတ်မှာ နှစ်မျိုးရှိိတယ်။ စည်းစိမ်ဥစ္စာဆိုတဲ့အကျိုးအမြတ်ရယ်၊ကိုယ့်စေတနာအကျိုးကြောင့်ပြန်ရတဲ့ ကရုဏာမေတ္တာအမြတ်ရယ်။ဒီဇာတ်လမ်းလေးကိုတော့ Peruvayal လို့ခေါ်တဲ့ရွာလေးအကြောင်းကိုအခြေတည်ပြီးရိုက်ကူးထားတာပါ။ မင်းသားဖြစ်တဲ့ Pakkiri ကဇာတိရွာလေးကစွန့်ခွာသွားခဲ့ရပြီး တစ်ဖန်ပြန်ရောက်လာတဲ့အချိန်မှာသူရွာလေးရဲ့စီးပွားရေးလုပ်ငန်း ကစဉ့်ကလျားဖြစ်နေတာကိုတွေ့ခဲ့တယ်။ဒါကိုဖာသိဖာသာနေလို့ရပေမယ့် ကိုယ့်ဇာတိကရွာသူရွာသားတွေကိုဆွေမျိုးသားချင်းတွေလိုသဘောထားပြီး လယ်ယာမြေလုပ်ငန်းကိုတွင်တွင်ကျယ်ကျယ်အတူတူလုပ်ကြဖို့ ရတဲ့အကျိုးအမြတ်ကိုခွဲဝေယူကြဖို့စည်းရုံးပြီး “လယ်ယာမြေအဖွဲ့အစည်း” တစ်ခုတည်ထောင်လိုက်တယ်။သူ့ကြိုးစားအားထုတ်မှုကြောင့် အရာအားလုံးအောင်မြင်ပြီးအဆင်ပြေနေတဲ့အချိန်မှာ ဘီလူးခေါင်းဆောင်းထားတဲ့Vangamudi ကြီးက ပြည်သူပိုင်မြေနေရာမှာ သူ့အကျိုးအတွက်ဘိုင်အိုဒီဇယ်စက်ရုံကြီးဆောက်ဖို့ လယ်မြေတွေကိုအပိုင်သိမ်းဖို့ကောက်ကျစ်တဲ့နည်းလမ်းမျိုးစုံသုံးကြိုးစားပါတော့တယ်။ဒီလိုနဲ့အဆုံးသတ်မှာ အများအကျိုးသယ်ပိုးပြီးအားလုံးရဲ့မေတ္တာကိုရရှိထားတဲ့ လူထုခေါင်းဆောင် Pakkiri နဲ့ကိုယ့်အကျိုးအတွက်သာကိုယ်ကြည့်ပြီး အမျိုးစုံယုတ်မာတဲ့Vangamudi တို့နှစ်ဦးရဲ့ဘဝအဆုံးသတ်ဘယ်လိုဖြစ်မယ်ဆိုတာကိုတော့ကိုယ်တိုင်ပဲကြည့်ရှုခံစားလိုက်ပါတော့နော်။ File size…2.17GB / 1.3GB Quality…1080p True WEB DL  Format…Mp4 Duration….2h 24min Subtitle….Myanmar Subtitle (Hard Sub) Encoder….YK Translated by Thet Hnin Hsu & ...
movie

Laabam(2021)

2021
HEVC 1080p 5.1