Channel Myanmar

Oberon K.A. Adjepong

Genie (2023) 5.9
Genie (2023) Genie (2023) ========== IMDb Rating - 6.0/10Genie 2023 ကားလေးကတော့ ခရစ်စမတ်ရုပ်ရှင်ကိုမှ ဟာသနှောပြီး ရိုက်ကူးထားတာပါ။ ဒါရိုက်တာ Sam Boyd က ရိုက်ကူးခဲ့တာဖြစ်ပြီး IMDb rating 6.0 ရရှိထားပါတယ်။ အဓိကတော့ ခရစ်စမတ်အနှစ်သာ ရဆိုတာတွေ ၊ လူ့ဘဝအနှစ်သာရဆိုတာတွေကို လူတွေသတိထားမိအောင် ရိုက်ကူးထားတာပါ။လူတွေက ငွေရရှိအောင်အလုပ်တွေလုပ်ရင်းက မိသားစုဘဝတွေ လက်လွှတ် ရတာမျိုးတွေဖြစ်တာတွေရှိတာမို့ ဒါကို သတိထားမိရအောင် ဟာသနှောပြီး ပြသထားတာပါ။ အေးအေးဆေးဆေးနဲ့ မိသားစုနဲ့ကြည့်ရမယ့် ဇာတ်ကားမျိုး ပါ။ ပြီးတော့ စိတ်ဝင်ဖို့ကောင်းအောင် ဂျင်းနီဇာတ်လမ်းနဲ့ရောပြီးတော့ တင် ဆက်ထားတာမို့ အေးအေးဆေးဆေးကြည့်ရမှာပါ ခင်ဗျာ။(ဒီဇာတ်လမ်းရဲ့အညွှန်းနဲ့ ဘာသာပြန်ရေးသားပေးသူကတော့ Thy Santa ဖြစ်ပါတယ်)File Size..........(1.77 GB) / (710 MB) Quality............WEB-DL 1080p / 720p Duration.........1Hr 33Min Subtitle...........Myanmar Hardsub Format............MP4 Genre..............Comedy, Fantasy Translator.......Thy Santa Encoder..........Zin Phyo Aung
movie

Genie (2023)

2023
The Son of No One (2011) 5.1
The Son of No One (2011)  ရဲတစ်ယောက်ဖြစ်တဲ့ အဖေဖြစ်သူ ဆုံးပါးသွားပြီးနောက်မှာအဘွားနဲ့အတူ ဆေးသမားတွေပေါတဲ့ပတ်ဝန်းကျင်မှာ နေခဲ့ရတဲ့ဂျွန်နသန်ဝွိုက်တစ်ယောက်... တစ်နေ့မှာ ဆေးသမားတစ်ယောက်ကို မတော်တဆ သေနတ်နဲ့ပစ်သတ်လိုက်မိပြီးသူငယ်ချင်း ဗင်နီ၊ဗစ်ကီတို့နဲ့ အလောင်းကို သွားပစ်လိုက်ပါတယ်၊ဖြစ်ချင်တော့ အဲဒီဆေးသမားကိုသတ်လိုက်တာကို သူတို့တိုက်ကလူတစ်ယောက်က သိသွားပြီး နောက်ရက်မှာ ဂျွန်နသန်ကိုငွေညှစ်ပါတယ်... အဲဒီလူကိုလည်း မတော်တဆလှေကားပေါ်ကတွန်းချမိပြီး ‌သတ်လိုက်မိပါတယ်... ဒီလူသတ်မှုနှစ်ခုကို စုံစမ်းရတဲ့သူကတော့ ဂျွန်နသန့်အဖေရဲ့တွဲဖက်တစ်ယောက်ဖြစ်တဲ့ စုံထောက်စတန်းဖို့ပဲဖြစ်ပါတယ်။စတန်းဖို့က လူသတ်မှုကို ဖုံးပေးပြီး အမှုပိတ်လိုက်ပါတယ်...ဒီလိုနဲ့ နှစ်တွေ အများကြီးကြာပြီးတဲ့နောက်မှာ ဂျွန်နသန်ကလည်းရဲတစ်ယောက်ဖြစ်လာခဲ့ပြီး မိသားစုဘဝလေးနဲ့ အေးချမ်းနေတဲ့အချိန်မှာ အတိတ်ကအရိပ်မည်းကြီးက တစ်ခါပြန်ပေါ်လာပြန်ပါတယ်..အတိတ်ကကိစ္စတွေကို ဂျွန်နသန်တစ်ယောက် ဘယ်လိုဖြေရှင်းမလဲ..အတိတ်ကကိစ္စတွေကို တစ်ခါပြန်ဖော်တဲ့သူကရော ဘယ်သူဖြစ်မလဲ..စုံထောက်စတန်းဖို့ကရော ဘယ်လိုလျှို့ဝှက်ချက်တွေရှိနေတာလဲ..ဒါတွေကို 2011တုန်းက ထွက်ရှိခဲ့တဲ့ The son of no oneဇာတ်ကားလေးထဲမှာ ကြည့်ရှုအဖြေရှာကြည့်လိုက်ကြပါဦး..  File size…1.61GB / 559MB Quality…Blu-Ray 1080p 5.1CH / 720p Format…mp4 Duration….1h 30m Genre ..... Action , Crime , Drama Subtitle….Myanmar ...
movie

The Son of No One (2011)

Margin Call (2011) 7.1
Margin Call (2011) Margin Call (2011)Margin Call ဆိုတာ Trading လောကမှ စကားလုံးဖြစ်ပြီး အဓိပ္ပာယ်ကတော့ မိမိအကောင့်၊ မိမိရဲ့ပိုင်ဆိုင်မှုတန်ဖိုးတွေဟာ သတ်မှတ်တန်ဖိုးအောက်စျေးကျသွားတဲ့အတွက် အကောင့်ပိတ်မသွားအောင် ‌ငွေထပ်ထည့်စိုက်မလား၊ ရှိသမျှပိုင်ဆိုင်မှုတွေရောင်းချမလားကို သတ်မှတ်ပေးတဲ့စည်းမျဥ်းတစ်ခုပါ။ တစ်နည်းပြောရရင် တန်ဖိုးကျသွားလို့ မွဲပြာကျသွားပြီး ဘဝမပျက်ချင်ရင် အကုန်ရောင်းလို့ဆိုလိုချင်တာပါ။ဒီလိုခေါင်းစဥ်နဲ့ ဇာတ်လမ်းလေးကတော့ 2007-2008 ခုနှစ်လောက်က ဖြစ်ပျက်ခဲ့တဲ့ ကမ္ဘာ့စီးပွားရေးပျက်ကပ်တစ်ခုအတွင်း ဒေဝါလီခံခဲ့တဲ့ ကုမ္ပဏီတစ်ခုကို စိတ်ကူးယဥ်ပြီးပြန်ရိုက်ကူးထားတာပါ။ဇာတ်လမ်းထဲမှာတော့ စတော့ရှယ်ယာလိုမျိုး၊ အာမခံငွေလက်မှတ်လိုမျိုးတွေကို အရောင်းအဝယ်လုပ်တဲ့ ရင်းနီးမြှုပ်နံမှုကုမ္ပဏီတစ်ခုမှ ဝန်ထမ်းတစ်‌ယောက်ဟာ စီးပွားပျက်ကပ်ဖြစ်လာနိုင်တာကိုကြိုသိခဲ့ပါတယ်။ ဘာလို့လည်းဆိုတော့ ဒီလောကမှာက ယခင်ဖြစ်ခဲ့ဖူးတဲ့ စျေးနှုန်းတန်ဖိုးတွေ၊ အရောင်းအဝယ်မှတ်တမ်းတွေကိုကြည့်ရှုပြီး နောင်ဖြစ်လာနိုင်တာကို အနီးစပ်ဆုံးခန့်မှန်းလို့ရနိုင်လို့ပါပဲ။ဖြစ်လာမယ်မှန်းလည်းသိပြီဆိုတော့ ဒီပျက်ကပ်ကို ဘယ်လိုရှောင်လွှဲကြမလဲဆိုတာ ကြံကြပြန်ပါတယ်။ ဆုံးဖြတ်ချက်မြန်မြန်ချနိုင်လေ ဆုံးရှုံးနိုင်မှုနည်းလေးပဲဆိုတော့ ညတွင်းချင်းဆုံးဖြတ်အတည်ပြုကြပါတယ်။ရှုပ်ထွေးလှတဲ့လောကကြီးမှာ သူများထက် ခေါင်းပိုသုံးတဲ့သူ၊ ဉာဏ်နီဉာဏ်နက်များတဲ့သူ၊ လက်တစ်လုံးခြားလူလည်ကျမှ ရှင်ကျန်စမြဲဖြစ်ကြောင်းရိုက်ပြထားတဲ့ စိတ်ဝင်စားစရာ financeကားလေးဖြစ်ပါတယ်။(ဇာတ်လမ်းအညွှန်းနဲ့ ဘာသာပြန်ကတော့ Themes ပါ။)File Size        ...
movie

Margin Call (2011)

2011
Raven’s Hollow (2022) 5.3
Raven’s Hollow (2022) Raven's Hollow (2022) ================အမေရိကန် နိုင်ငံရဲ့ ၁၈၃၀ ခုနှစ် ဆောင်းဦးကာလမှာ ဗိုလ်လောင်း အက်ဂါ ပိုး ဟာ တခြား ဗိုလ်လောင်း ၄ ယောက်နဲ့အတူ လေ့ကျင့်ရေးကွင်းဆင်းဖို့ ထွက်လာခဲ့ပါတယ်။ ထိုသို့ ထွက်လာရင်း လူတစ်ယောက်ကို စာ‌ခြောက်ရုပ်သဖွယ် ကြိုးတွေနဲ့ ချည်ထားပြီး ဗိုက်ကို ဓားနဲ့ အခွဲခံထားရတာကို တွေ့လိုက်ရပါတယ်။ ထိုသူမသေခင် နောက်ဆုံး ပြောသွားတဲ့ စကားမှာ "ကျီးကန်း" ဆိုပြီး တစ်ခွန်းတည်း ပြောသွားခဲ့ပါတယ်။ထိုအခါမှာ ပိုးလည်း လိုက်စုံစမ်းရင်း ကျီးကန်းဆိုတဲ့ မြို့လေးတစ်မြို့ဆီကို ရောက်သွား ပါ‌တော့တယ်။ အဆိုပါ မြို့လေးဟာ သေးငယ်ပြီးတော့ လူလည်း မရှိသလောက်ဖြစ်နေပါ တော့တယ်။ လူတစ်ယောက်က သူတို့ကို မနေဖို့ တားပေမယ့် ဆက်နေခဲ့ကြပါတယ်။ ထိုနေ့ညမှာပဲ သူတို့ထဲက တစ်ယောက် ပျောက်ဆုံးသွားပါတော့တယ်။ထိုမြို့လေးကတော့ "ကျီးကန်း" ဆိုသည့်အရာကြီးကို နတ်ဆိုးအဖြစ် သတ်မှတ်ထားပြီး ကြောက်ရွံ့နေပါတယ်။ ပိုးတို့ လူတစ်စုလည်း မြို့မှာ သောင်တင်နေပြီး ထွက်ဖို့ ကြိုးစားတဲ့ သူက သေဆုံးသွားပါတော့တယ်။ ...
movie

Raven’s Hollow (2022)

2022
The Many Saints of Newark(2021) 6.9
The Many Saints of Newark(2021) The Many Saints Of Newark (2021) ဇာတ်လမ်းအညွှန်းဒီဇာတ်လမ်းကတော့ ၁၉၉၉တုန်းကနေ စပြီး ၂၀၀၇အထိ ထွက်ရှိခဲ့တဲ့ The Sopranos Series ရဲ့ Prequel Movie ပဲ ဖြစ်ပါတယ်Prequel တစ်ခု ဖြစ်တဲ့အတွက် ဒီဇာတ်လမ်းကို ကြည့်ပြီးသွားရင်လည်း The Sopranos Series ကို ကြည့်ဖို့ညွှန်းချင်ပါတယ်ဇာတ်လမ်းအကျဥ်းကတော့ နယူးဝက်မြို့ မှာ ဒီမီယို ဆိုတဲ့ မာဖီးယားဂိုဏ်းတစ်ခုရှိပါတယ်အယ်လ်ဒို မော်တီဆန်းတီ က အဲဒီ့ ဒီမီယို မိသားစု နဲ့ လုပ်ဖော်ကိုင်ဖက်တွေပါ ဒါပေမယ့် သူက ဒီမီယိုမိသားစုက လူတွေထက်တောင် ပိုချမ်းသာပါတယ်သူ့မှာ ဒစ်ကီ မော်တီဆန်းတီ လို့ခေါ်တဲ့ သားတစ်ယောက် ရှိပါတယ် သူက ဒီဇာတ်လမ်းရဲ့ main character ပေါ့ဗျာဒစ်ကီ ဟာ သူ့ကိုယ်သူ ကောင်းမှုကုသိုလ်တွေချည်းပဲ လုပ်ပေမယ့် သူ့ဘဝဟာ ...
movie

The Many Saints of Newark(2021)

2021