Channel Myanmar

Odessa A'zion

Sitting in Bars with Cake (2023) 6.5
Sitting in Bars with Cake (2023) "အခက်ခဲဆုံးအချိန်တွေမှာ ဘေးနားမှာရှိနေပေးတဲ့သူကမှ စစ်မှန်တဲ့သူငယ်ချင်း" ဆိုတဲ့အတိုင်းပဲ ကိုယ်ကောင်းစားနေတုန်းကတော့အနားမှာရှိနေပေမဲ့ အခက်အခဲကြုံလာတဲ့အခါ တကယ့်သူငယ်ချင်းစစ်စစ်ပဲကျန်ခဲ့ပြီး ကြက်ပျောက်ငှက်ပျောက်ဖြစ်သွားကြတဲ့ fake friend တွေနဲ့ကြုံဖူးကြမှာပါ ဒီဇာတ်လမ်းလေးကတော့ သူငယ်ချင်းနှစ်ယောက်ကြားကစစ်မှန်တဲ့ သံယောဇဉ်ကိုအသားပေးရိုက်ကူးထားတဲ့ ဖြစ်ရပ်မှန်ဇာတ်လမ်းလေးဖြစ်ပါတယ် IMDb 6.5 ရရှိထားပြီး ဒီနှစ်အတွင်း ကြည့်ရှုသူဆက်တိုက်မြင့်တက်လာနေတဲ့ ဇာတ်ကားဆိုရင်လည်းမမှားပါဘူး ဇာတ်လမ်းအကျဉ်းကတော့.... Jane နဲ့ Corrinne တို့ဟာငယ်ကတည်းကခင်လာခဲ့တဲ့သူငယ်ချင်းတွေဖြစ်ပြီး အရွယ်ရောက်လာတဲ့အထိအတူတူကြီးပြင်းလာခဲ့ကြတာပါ Corrinne ကတော့အပြင်ထွက်ရတာကြိုက်ပြီးအပေါင်းအသင်းများပေမဲ့ Jane ကတော့အရှက်ကြီးတဲ့စာဂျပိုးတစ်ယောက်ဖြစ်ပါတယ်တစ်နေ့တော့ Corrinne ရဲ့မွေးနေ့အတွက်ဘားတစ်ခုမှာ သွားကဲကြရင်း ဘားမှာကိတ်မုန့်တွေကျွေးတာက Jane ကိုလူတွေစိတ်ဝင်စားလာစေတယ်ဆိုတာကို သတိထားမိသွားပါတော့တယ် ဒီလိုနဲ့သူတို့သူငယ်ချင်းတွေစုပြီး "Cakebarring" ဆိုတဲ့ဘားတွေကိုကိတ်မုန့်ယူသွားပြီး Jane အတွက်ကောင်လေးရှာပေးဖို့ ပရောဂျက်ကြီးကိုစတင်လိုက်ပါတော့တယ် အားလုံးအဆင်ပြေချောမွေ့နေခဲ့ပေမဲ့ ရုတ်တရက် Corrinne တစ်ယောက်ဦးနှောက်အကျိတ်ကြောင့်ဆေးရုံတင်လိုက်ရပြီး ကင်ဆာရောဂါဖြစ်နေတာကို သိလိုက်ရတဲ့အခါမှာတော့..... ကင်ဆာရောဂါကလူကိုတစ်စတစ်စတိုက်စားနေပေမဲ့ Corrinne ကတော့ဘေးမှာအမြဲရှိနေပေးတဲ့သူငယ်ချင်းကြောင့် လုံးဝ အားမငယ်ခဲ့ရပါဘူး Corinne တစ်ယောက်ကင်ဆာရောဂါကိုတိုက်ထုတ်ရင်း သူတို့ကတိပေးထားတဲ့ "Cakebarring" ပရောဂျက်ကိုပြီးဆုံးအောင်လုပ်နိုင်ပါ့မလား ...
movie

Sitting in Bars with Cake (2023)

The Inhabitant (2022) 5.0
The Inhabitant (2022) Tara ဟာအားကစားထူးချွန်ပြီး အ၀တ်အထည်ချုပ်ရာမှာပါရမီပါတဲ့ဆယ်ကျော်သက်အရွယ်ကျောင်းသူလေးပါ။ဆယ်ကျော်သက်မိန်းကလေးထုံးစံအတိုင်း မိသားစုနဲ့ကတောက်ကစဖြစ်တတ်သလို ရည်းစားဖြစ်သူကလည်းအဝေးမှာကျောင်းသွားတက်တော့မှာဖြစ်လို့ အဆင်မပြေဖြစ်နေရလို့ ရင်ဖွင့်စရာသူငယ်ချင်းတစ်ယောက်ပဲရှိပါတယ်။အဲဒီအချိန်မှာ Tara ရဲ့ပတ်၀န်းကျင်ကလူတစ်ယောက်ပြီးတစ်ယောက်ပျောက်ခြင်းမလှ ပျောက်သွားကြပြီး Tara ရဲ့ခေါင်းထဲမှာလည်းထိတ်လန့်စရာအတွေးတွေပေါ်ပေါ်လာပါတယ်။ Tara လည်း သူ့ဘ၀ထဲကျရောက်လာတဲ့ဒုက္ခ‌ တွေကိုရင်ဆိုင်ရင်း သူအရင်ကမသိခဲ့တဲ့မိသားစုကျိန်စာက သူ့အနောက်ကနေအရိပ်လိုလိုက်လာပါတော့တယ်။Jump scare သိပ်မရှိဘဲ Tempo တဖြည်းဖြည်းတက်လာမယ့် Horror ကားလေးပါ။File size…1.14GB/ 635MB/ 428MB Quality….Webrip 1080p / 720p / 480p Format…mp4 Duration….1:37:00 Genre...Horror / Thriller Subtitle….Myanmar Subtitle (Hardsub) Encoder….Mr. Anderson Translated by SP
movie

The Inhabitant (2022)

Hellraiser (2022) 6.4
Hellraiser (2022) Hellraiser (2022)(အရင်အဟောင်းတွေကိုမကြည့်ဖူးလည်းကြည့်လို့ရပါတယ်။ အိပ်ရာခန်းတွေ၊ သတ်ဖြတ်ခန်းတွေ ကြမ်းတမ်းတာမို့ ၁၈ အပေါင်း ရိတ်တင်း သတ်မှတ်ထားပါတယ်။ ဟော်ရာချစ်သူတွေ အကြိုက်ပါပဲ။)အသစ်ထွက် နာမည်ကြီး ဟော်ရာရုပ်ရှင်တစ်ကားပါ။ Hellraiser ဆိုတာ ရုပ်ရှင်ဇာတ်လမ်း ၁၀ ကားအထိ ထွက်ခဲ့ဖူးပြီး ကျယ်ပြန့်တဲ့ ရုပ်ရှင်စကြဝဠာတစ်ခုလည်းဖြစ်ပါတယ်။ဒီရုပ်ရှင်အသစ်ကိုတော့ မူရင်း Hellraiser ရဲ့ reboot လို့ ပြောလို့မရပါဘူး။ အရင် ၁၀ ကားနဲ့ တိုက်ရိုက်မဆက်စပ်တဲ့ သီးသန့် ထပ်တိုးတစ်ကားလို့ပဲ ပြောရမှာပါပဲ။ဇာတ်လမ်းအကျဉ်းကတော့ မူရင်း Hellraiser လိုပဲ ပဟေဠိသေတ္တာလေးတစ်ခုကနေ စတာပါပဲ။ အဲဒီသေတ္တာလေးမှာအဆင့် ၆ ဆင့်ရှိပါတယ်။ အဆင့် ၆ ဆင့်လုံးကို ဖွင့်ပြီးရင် နတ်ဘုရားတစ်ပါးနဲ့တွေ့ပြီး လိုရာဆုကို တောင်းနိုင်မယ်လို့ ယုံကြည်ကြပါတယ်။ဒါပေမဲ့ အဆင့်တစ်ဆင့်ပွင့်တိုင်းမှာ လူတစ်ယောက်ကို ရက်ရက်စက်စက်ယဇ်ပူဇော်ဖို့လိုတာကြောင့် ၆ ဆင့်အောင်မြင်ဖို့ အတော်ရက်စက်တာတွေလုပ်ရတာမို့ လူတိုင်းလုပ်နိုင်ဖို့မလွယ်လှပါဘူး။ဒီရုပ်ရှင်ထဲမှာတော့ ဘယ်သူတွေဘယ်လို ဘာတွေဖြစ်မလဲ ဆက်ကြည့်လိုက်ရအောင်ပါ။(ဇာတ်လမ်းအညွှန်းနဲ့ ...
movie

Hellraiser (2022)

2022
Supercool (2021) 5.2
Supercool (2021) Supercool (2021)==============အပျင်းပြေစရာ အခွီဇာတ်ကားလေးတွေကို မျှော်လင့်နေတဲ့ CM ပရိတ်သတ်တွေအတွက် ဒီတစ်ခါမှာတော့ Supercool ဆိုတဲ့ Teen Comedy ဇာတ်ကားလေးကို တင်ဆက်ပေးလိုက် ရပါတယ်။ Neil နဲ့ Gilbert တို့ဟာ အထက်တန်းကျောင်းတော်ကြီးမှာ အခင်ဆုံး သူငယ်ချင်းနှစ်ယောက် ဖြစ်ပါတယ် ဒါ့အပြင် အပေါင်းမသင်းမ၀င်ဆံ့တဲ့ အရှုံးသမားတွေလည်း ဖြစ်ကြလေရဲ့ ။ ကိုယ်တက်တဲ့ကျောင်းမှာ ပေါ်ပြူလာဖြစ်ချင်စိတ် ခပ်ဟော့ဟော့ နဲ့ စကီလေးတွေ ဝိုင်းနေတဲ့သူ ဖြစ်ချင်စိတ်မျိုးကတော့ လူတိုင်းမှာ ရှိခဲ့ကြမယ် ထင်ပါတယ် Neil နဲ့ Gilbert တို့ကလည်း သူတို့ရဲ့ အရှုံးသမားဘ၀ကြီးကို စိတ်ပျက်လွန်းကြပြီး ပေါ်ပြူလာ ဖြစ်ချင်ကြပါတယ်။ ဒါ့အပြင် Neil မှာ Summer ဆိုတဲ့ crush လေးကလည်း ရှိနေပြန်ပါတယ်။ သို့ပေမယ့် Summer နဲ့ နီးစပ်ဖို့ဝေးစွ ငနဲသားဟာ တစ်ခါမှတောင် စကားသွားမပြောဖူးပါဘူး ရှေ့တစ်ပတ်ထဲမှာ Summer လုပ်မယ့် မွေးနေ့ပါတီပွဲလေးကိုလည်း Neil တစ်ယောက် အရမ်းသွားချင်နေခဲ့တယ်။ ဒီလိုအဖြစ်မျိုးတွေကနေ Neil အတွက်တော့ ...
movie

Supercool (2021)

2021
Let’s Scare Julie (2019) 5.5
Let’s Scare Julie (2019) Let's Scare Julie--------------------------------အမ်မာဟာ မိဘတွေဆုံးပါးသွားတဲ့အခါ၊အစ်မဝမ်းကွဲဖြစ်သူ တေလာရဲ့အိမ်ကို ပြောင်းရွှေ့နေထိုင်ခဲ့ပါတယ်။တစ်ညမှာ သူတို့အိမ်ကို၊အစ်မဝမ်းကွဲတေလာရဲ့ အစအနောက်သန်တဲ့သူငယ်ချင်းတွေရောက်လာပြီး၊ အမ်မာနဲ့မိတ်ဆက်စကားပြောရင်း အိမ်ရဲ့မျက်နှာချင်းဆိုင်ကထူးဆန်းတဲ့အိမ်အကြောင်း စကားဆက်မိသွားကြပါတယ်။ အဲ့အိမ်မှာအဖွားကြီးတစ်ယောက်နေထိုင်ခဲ့ပြီး၊သူနေခဲ့တဲ့တစ်လျှောက်လုံးမှာသူ့ကိုဘယ်သူမှမမြင်ဖူးကြောင်း၊ အဲ့အဖွားကြီးကိုမြင်ဖူးခဲ့သူတစ်ယောက်လည်းထူးဆန်းတဲ့ဖြစ်ရပ်ဖြစ်သွားခဲ့ကြောင်း၊အခုအဲ့အဖွားကြီးသေဆုံးသွားပြီမို့အဲ့အိမ်ကို သားအဖနှစ်ယောက် ပြောင်းလာကြောင်း တေလာကပြောခဲ့ပါတယ်။ ညီမဝမ်းကွဲဖြစ်သူအမ်မာကလည်း သူ့အစ်မဝမ်းကွဲ တေလာရဲ့အဖေမှာ အဲ့အိမ်ရဲ့သော့ရှိကြောင်းပြောပြလိုက်ပြီး၊တေလာနဲ့သူ့သူငယ်ချင်းတွေဟာ အဲ့အိမ်ကိုပြောင်းလာတဲ့ ကလေးမလေး ဂျူလီတစ်ယောက်တည်းရှိနေချိန် ခိုးဝင်ပြီး၊ခြောက်လှန့်နောက်ပြောင်ဖို့ အကြံရလိုက်တဲ့အခါ... Translated by : Pyi T NyeinEncoded by ; YKFile Size : 1.5GB and 689MBQuality : 1080p BluRay and 720pSubtitles : Myanmar Hardsub 
movie

Let’s Scare Julie (2019)

2019