Channel Myanmar

Ody C. Harahap

Blessed You (2023) 6
Blessed You (2023) Blessed You (2023) U/A 13+ Comedy/ Drama/Family IMDb 6.1/10အိမ်မှာ အပျို လူပျိုပေါက်တွေရှိတဲ့ မိဘတွေ ကြည့်သင့်တဲ့ဇာတ်ကားလေးတစ်ကားလောက်ညွှန်းပေးပါရစေ အာရှရဲ့ သာမန်မိသားစု တစ်ခုမှာ ကြုံနေကျဖြစ်ရပ်လေးတွေကို ဟာကွက်မရှိတစ်ခုချင်းပြသွားတာလေးတွေကိုမြင်တွေ့ရမှာပါ အစပိုင်းမှာ ပေါ့ပေါ့ပါးပါးလေး ဆွဲခေါ်သွားပြီး နောက်ပိုင်းရောက်လေလေ ပိုပြီးဆွဲဆောင်နိုင်လေလေပါပဲ ကြည့်ရှုသူရဲ့ခံစားချက်ကို ဆွဲတင်လိုက် ရိုက်ချလိုက် ပရိတ်သတ်ကပေါ့ပေါ့ပါးပါးကြိုတွေးထားတာလေးတွေကိုလဲ ပြောင်းပြန်လုပ်ပစ်လိုက်တာတွေက အားမလိုအားမရနဲ့ တကယ်ဆွဲဆောင်မှုရှိပါတယ် အင်ဒိုဇာတ်ကားလေးဖြစ်ပြီးတော့ အင်ဒိုမင်းသမီးချော Syifa Hadju လဲအမြင်ကပ်လောက်အောင်ချစ်ဖို့ကောင်းတယ်ဗျာ ဇာတ်လမ်းလေးကတော့ မယ်လ် ဆိုတဲ့ ကောင်မလေးနဲ့ ဆက်ရာဆိုတဲ့ ကောင်လေးနှစ်ယောက်က ဟိုးငယ်ငယ်လေးကတည်းသူငယ်ချင်းတွေ သူတို့အမေတွေကလဲ အချစ်ဆုံးသူငယ်ချင်းတွေ သူတို့ကို မိဘချင်းသဘောတူပြီးမြန်မြန်ယူစေချင်ကြတာ သူတို့ချင်းကလဲ ချစ်တယ်ဆိုတော့ ကဲ ဘာလိုသေးလဲလို့ တွေးလိုက်ရင်တော့မှားသွားမှာပါ မိဘတွေရဲ့ သားသမီးအပေါ်ထားတဲ့ မေတ္တာတွေ အတ္တတွေကို ပေါ့ပေါ့ပါးပါးလေးကနေ တကယ့် serious ဖြစ်အောင်ရိုက်ပြသွားမှာပါ သားသမီးတွေရဲ့ ခံစားချက် မိဘတွေရဲ့ ခံစားချက် နှစ်ခုကို ယှည်ပြီးကြည့်လိုက်ရင် ဘယ်ဘက်ကမှ မမှားတာကိုလဲ တွေ့ရမှာပါ ဘယ်ဘက်က အလျော့ပေးသွားမလဲဆိုတာကိုတော့... မိသားစုနဲ့အတူတူကြည့်ဖို့ တကယ်သင့်တော်တဲ့ ဇာတ်ကားလေးပါလို့ ညွှန်းလိုက်ရပါတယ်အညွှန်းနဲ့ဘာသာပြန်ကတော့ ...
movie

Blessed You (2023)

2023
Virgo and the Sparklings (2023) 5.8
Virgo and the Sparklings (2023) Virgo and The Sparkling (2023a)ရီအာနီ ဆိုတဲ့ ကျောင်းသူလေးတစ်ယောက်က မွေးရာပါ မီးစွမ်းအားနဲ့မွေးဖွားလာသူတစ်ယောက်ပါ သူကစိတ်လှုပ်ရှားလာတဲ့အခါ မီးပွားတွေ ထွက်လာတတ်ပြီး မီးတောက်တွေကိုပါ ဖြစ်လာစေတတ်လို့ သူ့မိဘတွေက သူ့သမီးရဲ့သရုပ်မှန်ကို မပေါ်စေဖို့ ကျောင်းခဏခဏပြောင်းပေးကြရပါတယ်သူမက တီးဝိုင်းတစ်ခုထောင်ပြီး အဆိုတော်ဖြစ်ချင်နေတဲ့ ဝါသနာအိုးလေးတစ်ယောက်လည်းဖြစ်တဲ့အပြင် သူမဟာ သံစဉ်တွေရဲ့အ‌ရောင်တွေကိုလည်း ခွဲခြားမြင်နိုင်ပါတယ် တစ်နေ့မှာတော့ လူငယ်တွေကိုပဲ ကူးစက်တတ်တဲ့ရောဂါပိုးတစ်ခုဟာ အွန်လိုင်းပေါ်က ဗွီဒီယိုတွေကနေတစ်ဆင့်ပျံ့နှံ့လာပါတော့တယ် ဗွီဒီယိုကိုကြည့်မိတဲ့လူငယ်တွေက ညို့ယူခံလိုက်ရပြီး သူတို့ရဲ့မိဘတွေကို စတင်တိုက်ခိုက်ကြပါတော့တယ် ဒီအခါမှာ ရီအာနီက သူ့မီး‌တောက်တွေက ညို့ယူခံရတဲ့သူတွေကိုသတိဝင်စေမှန်းသိပြီးတဲ့နောက် သူနဲ့သူ့သူငယ်ချင်းတွေက သူတို့အိပ်မက်တွေကို အကောင်အထည်ဖော်ရင်း လူတွေကို ဘယ်လိုအကူအညီပေးကြမလဲဆိုတာကြည့်လိုက်ကြရ‌အောင်အညွှန်းနဲ့ ဘာသာပြန်ကတော့ Thae Thae ပဲ ဖြစ်ပါတယ်။Genre..... Acion, Adventure, Comedy File size… 2.1GB | 841MB Format… mp4 Duration…. 1h 47min Subtitle…. Myanmar Subtitle (Hardsub) Translator .....Thae Thae Encoder ..... Aaron
movie

Virgo and the Sparklings (2023)

2023
200 Pounds Beauty (2023) 5.8
200 Pounds Beauty (2023) 200 Pounds Beauty (2023)ဝတုတ်နေတဲ့ခန္ဓာကိုယ်ကို ယုံကြည်ချက်မရှိလို့ ကင်မရာနောက်ကွယ်ကနေပဲ သူများအတွက် သီချင်းဆိုပေးနေတဲ့ ဂျူဝီတာဆိုတဲ့ ကောင်မလေးက ဘယ်နှကြိမ်မြောက်မှန်းမသိ အသည်းကွဲသွားတဲ့အခါမှာ သူ့ကိုယ်သူ အဆုံးစီရင်ဖို့ ဆုံးဖြတ်လိုက်တယ်။ ဒါပေမယ့် အရမ်းလှပြီး အသံအရမ်းကောင်းတဲ့ ကောင်မလေးအဖြစ် ပြောင်းလဲဖို့ မျှော်လင့်ချက်လမ်းစ တွေ့သွားတဲ့အခါမှာ ဘာတွေဆက်ဖြစ်မလဲ...ဇာတ်လမ်းအညွှန်းကိုဖတ်ကြည့်လိုက်ရင် အများစုရင်းနှီးနေကြမှာပါ ဟုတ်ပါတယ်...ဒါက ၂၀၀၆ခုနစ်က ထွက်ထားတဲ့ နာမည်ကြီး koreaကားကိုပြန်ရိုက်ထားတဲ့ indonesiaကားလေးပါ ဇာတ်လမ်းကျောရိုးချင်း ဆင်ပေမယ့် မတူညီတဲ့ vibeလေးနဲ့မို့ ဂျူဝီတာရဲ့ဘဝအတက်အကျတွေကို ဒီ 2023ခုနှစ်ထွက် ''200 Pounds Beauty''ဆိုတဲ့ ဇာတ်လမ်းထဲမှာ စီးမျောခံစားလိုက်ပါဦးအညွှန်း နဲ့ ဘာသာပြန်ကတော့ Funzae ပဲ ဖြစ်ပါတယ်Genre.....Comedy, Music, Romance Quality…. 1080p | 720p File size… 1.4GB | 674MB Format… mp4 Duration…. 1h  35min Subtitle…. Myanmar Subtitle (Hardsub) Translator ..... Funzae Encoder ..... ...
movie

200 Pounds Beauty (2023)

2023