Channel Myanmar

Oh Yeon-ah

Secret Love (2010) 5.8
Secret Love (2010)  ပရိတ်သတ်ကြီးကို ဒီတစ်ခေါက် ကိုရီးယား erotic thrillerဇာတ်ကားလေးတစ်ကားနဲ့ မိတ်ဆက်ပေးပါမယ်။ ဇာတ်ကားနာမည်ကတော့ Secret Loveဖြစ်ပြီး ၂၀၁၀ခုနှစ်က ထွက်ရှိခဲ့တာပါယွန်လို့ခေါ်တဲ့ မိန်းကလေးတစ်ယောက်ဟာ သူချစ်ရတဲ့ သူ့ရဲ့ချစ်သူဂျင်ဝူးနဲ့ လက်ထပ်ခဲ့ပါတယ်။ ထူးခြားစွာနဲ့ပဲ ဒီလက်ထပ်ပွဲကျင်းပတဲ့နေမှာ ကနေဒါမှာရှိတဲ့ ဂျင်ဝူးရဲ့ အမွှာညီဖြစ်တဲ့ ဂျင်ဟိုဟာကိုမာဝင်နေရာကနေ ပြန်သတိရလာခဲ့ပါတယ်။အမွှာတို့ရဲ့ကံလို့ပဲ ပြောရမလားမသိ လက်ထပ်ပြီး အနည်းငယ်အကြာမှာပဲ ကားမတော်တဆမှုတစ်ခုကြောင့် အကိုဖြစ်သူဂျင်ဝူးဟာ ကိုမာဝင်သွားပြန်ပါတယ်။ ဒီသတင်းကိုကြားတဲ့အခါဂျင်ဟိုတစ်ယောက် အကိုဆီကိုပြန်လာတဲ့အချိန် အကိုရဲ့မိန်းမဖြစ်သူ ယွန်နဲ့ တွေ့ဆုံမိကြပါတော့တယ်။ဂျင်ဝူးနဲ့ ဂျင်ဟိုဟာ ရုပ်ရည်ချင်း ခွဲမရအောင်တူတဲ့ အမွှာညီအကိုတွေဖြစ်နေတာကို ယွန် သိရှိသွားတဲ့အခါမှာတော့ ဂျင်ဟိုနဲ့ ယွန်တို့နှစ်ယောက်ကြားက ဆက်ဆံရေးဟာ ဘယ်လိုပြောင်းလဲလာမလဲဆိုတာကြည့်ရှုရမှာပါ။ ဒီအချိန်မှာပဲ ဂျင်ဝူးတစ်ယောက် သတိပြန်ရလာရင်ရော ပြဿနာတွေ ဘယ်လိုရှုပ်ကြဦးမလဲဆိုတာ စိတ်ဝင်တစားကြည့်ရှုရမှာမို့ ကိုရီးယားကား ကြိုက်သူတွေရော erotic thrillerကြိုက်တတ်သူတွေပါ ကြည့်ရှုသင့်တဲ့ ဇာတ်ကားလေးပဲဖြစ်ပါတယ်။ဒီဇာတ်ကားလေးမှာ ယွန်အဖြစ် Jin-Seo Yoonက သရုပ်ဆောင်ထားပြီးအမွှာညီအကိုအဖြစ် Yoo ...
movie

Secret Love (2010)

The Unfair (a.k.a) Minority Opinion (2015) 6.4
The Unfair (a.k.a) Minority Opinion (2015) The Unfair (a.k.a) Minority Opinion (2015)တောင်ကိုရီးယားနိုင်ငံမှာ ၂၀၀၉ ခုနှစ်ကဖြစ်ပွားခဲ့တဲ့ ဆန္ဒပြပြည်သူ ၅ ဦးနဲ့ ရဲဝန်ထမ်းတစ်ဦး သေဆုံးခဲ့တဲ့ 'YONGSAN TRAGEDY' ဖြစ်ရပ်တစ်ခုရှိခဲ့ပါတယ်။ The Unfair ဆိုတဲ့ ဇာတ်လမ်းက ဒီအကြောင်းကို Inspire ယူပြီး ရေးသားထားတဲ့ 'SoSooUiGyeong' ဝတ္ထုကို ပြန်လည်ရိုက်ကူးပုံဖော်ခဲ့တာပဲဖြစ်ပါတယ်။နိုင်ငံရဲ့ခရိုနီတွေနဲ့ တချို့သောအာဏာရှိအထက်လူကြီးတွေကြောင့် ပြည်သူတွေခံစားရတဲ့ မမျှတမှုတွေကို ပုံဖော်ရိုက်ကူးပြထားတဲ့ ဇာတ်လမ်းကောင်လေး တစ်ကားဖြစ်တာကြောင့် လက်မလွှတ်တမ်းကြည့်ရှုလိုက်ကြပါဦး။ဇာတ်လမ်းအကျဉ်း ...မြို့ပြပြန်လည်ဖွံ့ဖြိုးရေးပရောဂျက်ကြောင့် နေထိုင်သူတွေဟာ သူတို့ရပ်ကွက်ကနေ မတရားနှင်ထုတ်ခံရပါတယ်။ ဒီဖြစ်ရပ်ကို လက်မခံနိုင်တဲ့ ပြည်သူတွေဟာ နေအိမ်တွေကို ဖယ်မပေးဘဲ တစ်နှစ်ကျော်ကြာသည်အထိ ဆန္ဒပြခဲ့ကြတယ်။တစ်ရက်မှာတော့ ရဲအရာရှိအင်အားကို အသုံးပြုပြီး ဆန္ဒပြပြည်သူတွေကို အပြီးတိုင်ဖြိုခွဲမှုလုပ်ခဲ့ပါတယ်။ ဒီဖြိုခွဲမှုဖြစ်စဉ်မှာ ဆန္ဒပြပြည်သူတစ်ဦးရဲ့ သားဖြစ်သူ ဘတ်ရှင်းအူနဲ့ ရဲအရာရှိတစ်ဦး သေဆုံးတဲ့ ဖြစ်စဉ် ဖြစ်ပွားခဲ့ပါတယ်။ ဒီဖြစ်စဉ်အပြီးမှာတော့ ဘတ်ဂျယ်ဟိုဟာ မတော်တဆလူသေစေမှုနဲ့ ...
movie

The Unfair (a.k.a) Minority Opinion (2015)

2015
Asura: The City of Madness(2016) 6.6
Asura: The City of Madness(2016) Asura: The City of Madness(2016)IMDb...6.6,,,Rotten..80%" ကျုပ်ရဲအဖြစ်အလုပ်လုပ်တဲ့ အန်နမ်မြို့က အကျင့်ပျက်တဲ့သူတွေနဲ့ပြည့်နှက်နေပြီ..ဒီနောက်ပိုင်းပြန်လည်ဖွံ့ဖြိုးခြင်းတွေနဲ့အတူ တစ်ယောက်နဲ့တစ်ယောက် ခြိ်မ်းခြောက်လာကြတယ်..အန်နမ်ရဲ့မြို့တော်ဝန် ပါ့ခ်ဆွမ်ဘဲဆိုတာရှိတယ်..သူက တစ်မြို့လုံးကို၀ါးမြိုချင်နေတာ...သူ့ပြိုင်ဘက်ကလည်း ဘယ်ငြိမ်နေပါ့မလဲ...နေ့တိုင်းမှာတိုက်ပွဲတွေဖြစ်လို့...ကျုပ်ကတော့ အနိုင်ရတဲ့သူနဲ့ပဲပူးပေါင်းတယ်..."ဒါကတော့ ရဲတစ်ဦးဖြစ်တဲ့ ဟွမ်ဒိုဂျောင်ရဲ့အယူအဆပါပဲ....သူက ငွေရဖို့ဆိုဘယ်လိုလူမျိုးပဲဖြစ်ဖြစ် ပူးပေါင်းပြီး ခွေးတစ်ကောင်လိုအလုပ်လုပ်မယ့်သူ....ဒီကားကတော့ အန်နမ်မြို့တော်ဝန်နဲ့ အတိုက်အခံပါတီတွေကြားမှာ လူမိုက်ဂန်းစတားတွေ..စုံထောက်တွေနဲ့ရှေ့နေတွေကြားကို ကောင်းကောင်းကြီးရိုက်ပြထားတာ..သူတော်စင်တွေ ယုန်ကလေးလိုကောင်တွေတစ်ယောက်မှ မပါဘူး..ယုံပုံစံဖြစ်နေရင်တောင် ယုန်ယောင်ဆောင်ထားတဲ့ ကျားတွေ မြေခွေးတွေပဲဖြစ်တယ်...သွေးထွက်သံယိုခန်းပေါင်းများစွာပါသလို နိုင်ငံရေးရဲ့  ပဋိပက္ခပေါင်းစုံကို အလွှာစုံ နယ်ရုပ်စုံရဲ့ ရွှေ့ကွက်ပေါင်းများစွာကိုတွေ့မြင်ရမယ်..နောက်ပြီးဒီကားက ဇာတ်လမ်းအစမှ အဆုံး Tempo ကျသွားတယ်လို့ရယ်မရှိဘူး...ကြည့်ရင်းကျော်ထဲစိမ့်အောင်လန့်လာသလို ဆက်လည်းမကြည့်ဘဲမနေနိုင်အောင် ဆွဲဆောင်မှုရှိလွန်းတယ်..သရုပ်ဆောင်တွေကလည်း ကိုရီးယားတကယ့်အထင်ကရ လူတွေကြီးပဲ...The king,The Divine Moveနဲ့ Cold eye  တို့မှာ ကြမ်းခဲ့ ရမ်းခဲ့တဲ့မင်းသားကြီးWoo-sung Jungကိုတော့ထွေထွေထူးထူးထပ်မိတ်မဆက်တော့ဘူး..စပွိုင်လာမပါလေ..ဘာဇာတ်လမ်းအကြောင်းမှမပြောလေကြည့်လို့ကောင်းတဲ့ဇာတ်ကားမို့ ဒီလောက်နဲ့တော်ပါရစေ...ဇာတ်လမ်းအညွှန်းနဲ့ ဘာသာပြန်သူကတော့ May Tharaphi Lwin ပဲဖြစ်ပါတယ်...File Size : (2.13GB),(1.03GB) and ...
movie

Asura: The City of Madness(2016)

2016