Channel Myanmar

Oh Yun-su

Space Sweepers(2021) 9.3
Space Sweepers(2021) Space Sweepers(2021)အညွှန်း**************************ကမ္ဘာကြီးဟာ အချိန်ကြာလာတာနဲ့အမျှ အမှိုက်သရိုက်တွေ နေထိုင်ဖို့မသင့်လောက်တဲ့အထိဆိုးရွားတဲ့အခြေအနေမျိုးဖြစ်လာတယ်....ဒီအခြေအနေကိုကျော်လွှားဖို့ သိပ္ပံပညာရှင်တစ်ယောက်ဟာ UTSလို့ခေါ်တဲ့အာကာသဇုန်တစ်ခုဖန်တီးပြီး သီခြားကမ္ဘာတစ်ခုတည်ဆောက်ပြီးတော့ နေထိုင်ကြတယ်....အဲ့ဒီနေရာမှာ ထယ်ဟိုခေါင်းဆောင်တဲ့အဖွဲ့ငယ်လေးတစ်ဖွဲ့ရှိတယ်..သူတို့ကတော့ စွန့်ပစ်ပစ္စည်းတွေအာကာသထဲမှာလိုက်ကောက်ပြီး ဈေးကောင်းကောင်းနဲ့ပြန်ရောင်းလေ့ရှိတဲ့အဖွဲ့ပေါ့.....ဆန်တို့ သဘာဝအသီးအနှံတို့ဆိုတာ သိပ်ကိုဈေးကောင်းရတဲ့ပစ္စည်းတွေ...တစ်ရက်စွန့်ပစ္စည်းတွေလိုက်ရှာနေတုန်း မမျှော်လင့်ဘဲ ကလေးလေးတစ်ယောက်ကိုတွေ့တယ်...ပုံမှန်ဆို UTSက ရဲတွေကိုအပ်လိုက်သင့်ပေမဲ့ ထယ်ဟိုတို့အဖွဲ့ဟာ ဒီကလေးမလေးကိုသံယော်ဇဉ်တွယ်မိတာနဲ့တိတ်တဆိတ်ထိန်းသိမ်းထားမိတယ်...အဲ့ဒီလို သူတို့နဲ့အတူခေါ်ထားလိုက်ခြင်းကပဲ ပြဿနာမျိုးစုံကိုလက်ယတ်ခေါ်လိုက်သလိုဖြစ်သွားတော့တာပါပဲ....ဒီကလေးမလေးဟာ ဘယ်ကြောင့်အန္တရယ်များတာလဲ...သူ့ကို ဘယ်လိုရန်သူတွေကများလိုချင်နေတာလဲ...ထယ်ဟိုတို့အဖွဲ့ကရော ကလေးမလေးကိုကယ်နိုင်ပါ့မလား...သူတို့အသက်အန္တရယ်တွေကိုရော ကာကွယ်နိုင်ပါ့မလားဆိုတာကိုတော့ခံစားကြည့်လိုက်ပါဉီး....ဆောင်ဂျွန်ကီရဲ့ကားသစ်ဖြစ်ပြီး  သိပ္ပံအက်ရှင်ကားဖြစ်ပါတယ်...တော်တော်ကြီးကိုကြည့်လို့ကောင်းတာမို့ လက်မလွှတ်သင့်ပါကြောင်း... File Size : (980 MB) and (380 MB) Quality : Blu-Ray 720p Format…mp4 Duration…02:16:00 Genre : Action, Adventure, Drama ,Sci-Fi Subtitle : Myanmar Subtitle (Hard Sub) Translated by Lwin Lwin Aung, Khine Khine Wai & Ei Phyu Khin Encoded by Phyo Pyae
movie

Space Sweepers(2021)

HEVC 1080p 5.1