Channel Myanmar

Oleg Chugunov

Major Grom: Plague Doctor (2021) 6.5
Major Grom: Plague Doctor (2021) Mayor Grom 2021 -----------------------------IMDb 6.5သူ့နာမည်က "အီ​ဂေါဂရွန်"၊ ရုရှား စိန့်ပီတာစဘတ်စ်က စုံ​ထောက်တစ်​ယောက် သူ့မှာ လုပ်ထုံးလုပ်နည်းမရှိဘူး၊ အထက်အမိန့်ဆိုတာ သူ့အတွက် အပိုဆာဒါး၊ တရားခံမိဖို့အတွက်ဆို ရှိသမျှ တရားဥပ​​ဒေ​တွေ၊ ​​ဘောင်​တွေအကုန်​ဖျက်ပြီး ကျားကုတ်ကျားခဲဖမ်းတဲ့သူသူ့ရဲ့တရားခံဖမ်းနည်းက တစ်မျိုးဆန်းတယ်၊ တရားခံကို လိုက်ဖမ်း​နေတဲ့အချိန်အတွင်းမှာကို ဖြစ်လာနိုင်​ချေရှိတဲ့ကိစ္စတိုင်းကို သူ့ရဲ့စိတ်ကူးနန်း​​တော်ထဲမှာ အရင်စဥ်းစားပြီးမှ အ​ကောင်းဆုံးရှု​ထောင့်ကို ​ရွေးပြီး လက်ရဖမ်းတတ်သူမျိုး တိုက်ရည်ခိုက်ရည်ကလည်းအပြည့်၊ တစ်နည်း​ပြောရရင် ရှားလော့ဟုမ်းရဲ့ဉာဏ်ရည်နဲ့ ဆားပုလင်းနှင်း​မောင်ရဲ့လက်ရည်​ပေါင်းစပ်ထားတဲ့ စုံ​ထောက်Plague Doctorဆိုတဲ့ နာမည်နဲ့လိုက်​အောင် စိန့်ပီတာစဘတ်စ်မြို့ကို ကပ်​ဘေးဆိုက်​အောင်လုပ်​နေတဲ့ လူ့မလိုင်အသိုင်းအဝိုင်း​တွေကိုပဲ ပစ်မှတ်ထားပြီး ​​​သွေး​အေးရက်စက်စွာ သတ်ဖြတ်တဲ့သူ၊ ပလိပ်​ရောဂါ​ခေတ် မျက်နှာဖုံးတပ်ထားတဲ့သူ့ကို ဘယ်သူဘယ်ဝါမှန်း ဘယ်သူမှမခန့်မှန်းနိုင်ကြသလို သူသတ်ဖြတ်​နေတဲ့ ဗီဒီယို​တွေကိုပါ ရုပ်သံက​နေလွှင့်ရဲတဲ့အထိ အ​ကြောတင်းတဲ့ လူသတ်သမားဒီနှစ်​ယောက်ရဲ့ ဉာဏ်ရည် လက်ရည်ယှဥ်ပြိုင်ကြတဲ့အချိန် ဘယ်သူက ဘယ်လိုအသာစီးရသွားမလဲ၊ ဘုံလုံတစ်လှည့် ငါးဖျံတစ်လှည့် တစ်​ယောက်ကိုတစ်​​ယောက် ဘယ်လိုကတုံး​ပေါ်ထိပ်ကွက်သွားမလဲ ဇာတ်လမ်းအစက​နေ အဆုံးထိ တစ်ကွက်မှ ပျင်းစရာမ​ကောင်း၊ အီ​လေးမဆွဲပဲ ရုရှားဇာတ်ကားတို့ထုံးစံအတိုင်း ...
movie

Major Grom: Plague Doctor (2021)

2021
Baba Yaga: Terror of the Dark Forest (2020) 6.2
Baba Yaga: Terror of the Dark Forest (2020) 2020ထွက် Horror/Supernatural ဇာတ်ကားကောင်းလေးပါ. ဇာတ်လမ်းလေးက ရှရှားရိုးရားပုံပြင်တပုဒ်ကို အခြေခံထားတာပါ။ လူ့လောကရဲ့ နယ်စပ်ဖြစ်တဲ့ သေခြင်းနဲ့ရှင်ခြင်းနယ်မြေကြားမှာ ကလေးတွေရဲ့ ဝိညာဉ်ကို စားသုံးတဲ့ စုန်းမတစ်ကောင် ရှိပါတယ်. အဲ့ဒီစုန်းမဟာ ကလေးတွေကို Navsလို့ ငှက်တပိုင်းလူတပိုင်း သတ္တဝါကို စေလွှတ်ပြီး ကလေးတွေကို ဖမ်းခိုင်းခဲ့ပါတယ်. တနေ့မှာတော့ သူဖမ်းတဲ့ကလေးထဲမှာ တောက်ပတဲ့ဝိညာဉ်ကလေး တစ်ယောက်ပါလာပြီး အဲ့ဒီကလေးကပဲ သူ့ကို သေခြင်းနယ်မြေမှာ အကျဉ်းချထားခဲ့ပါတယ်. အချိန်တွေကြာလာတာနဲ့ အမျှ လူတွေဟာ ပုံပြင်ကို မေ့လာခဲ့ကြပေမယ့် တနေ့မှာတော့ အီဂေါဆိုတဲ့ ကောင်လေးဟာ သူ့ညီမပျောက်သွားတာကို သတိထားမိပေမယ့် မိဘတွေရော တခြားလူတွေကပါ သူ့ညီမရှိတာကို မေ့ကုန်ကြတာပေ့ါ ရှာဖွေဖော်ထုတ်ရင်း ဒဏ္ဋာရီထဲက အရာတွေ အမှန်ရှိပြီး ဘယ်လို လှည့်ကွက်တွေ ဘယ်လို ဒုက္ခပေါင်းစုံကို ရိုက်ပြထားပြီး background soundတွေကလဲ တကယ့်ကိုထိတ်လန့်စိတ်၀င်စားဖွယ်အသံတွေကို ထည့်ထားတာကြောင့် horrorချစ်သူတို့ကြည့်ဖြစ်အောင်ကြည့်ဖို့ ညွှန်းပါ‌ရစေ   File Size - 1 gb Quality - web-dl 1080p Subtitle -  burmese Translator - YK Encoder - Thit San Khant
movie

Baba Yaga: Terror of the Dark Forest (2020)

2020
The Blackout 2019 6
The Blackout 2019 တစ်နေ့ရရှားနိုင်ငံမှာ ဘာကြောင့်မှန်းမသိတဲ့ အခြေအနေတစ်ခုကြောင့် ဆက်သွယ်ရေးလိုင်းတွေ ပြတ်တောက်သွားတဲ့အပြင် မြို့တွေအမှောင်ကျကုန်တယ် လူတစ်ချို့ဟာလဲ ဘာကြောင့်မှန်းမသိ အသိစိတ်တွေပျောက်ကုန်ပြီး တိုက်ခိုက်မှုတွေ လုပ်တော့တယ် သူတို့နောက်က ကြိုးကိုင်ထားသူဟာလည်း ဘယ်သူဆိုတာ အဖြေရှာလို့မရပြန်ဘူး အမှောင်ကျသွားတဲ့ ဧရိယာအတွင်းကို စုံစမ်းဖို့ လွှတ်လိုက်တဲ့အဖွဲ့တိုင်းလဲ ပြန်မလာနိုင်ကြဘဲ အဆက်အသွယ်တွေပြတ်တောက်ကုန်တယ် ဒီတော့ ရုရှားအစိုးရဟာ ဘာကြောင့်လဲဆိုတာ စုံစမ်းဖို့ အထူးတပ်ဖွဲ့တွေဖွဲ့စည်းပြီး အတွင်းပိုင်းထဲထိသွားပြီး စုံစမ်းဖို့ စတင်တော့တယ် အထူးတပ်ဖွဲ့တွေလည်း ကူညီရာမဲ့ဖြစ်ပြီးအထဲမှာ ပိတ်မိနေတော့တယ် တစ်ဖက်မှာလည်း အစ်လို့ အမည်ရတဲ့ ဂြိုလ်သားတစ်ကောင်ဟာ အမည်ဖော်မရတဲ့ရန်သူကို ရှာဖွေဖို့ သူကူညီနိုင်တယ်ဆိုပြီး လူသားတွေကို သူ့ကို ကူညီဖို့ ကမ်းလှမ်းလာခဲ့တယ် ... တကယ်တော့ ဂြိုဟ်သားတွေဟာ ကမ္ဘာပေါ်ကို အခြေချနေထိုင်ဖို့ ကြိုးစားနေတာသိလိုက်ရတဲ့အချိန်မှာ ...... အထူးတပ်ဖွဲ့တွေအနေနဲ့ရော အပြင်ကို ပြန်ထွက်လာနိုင်ပါ့မလား.... အသိစိတ်မဲ့သွားတဲ့လူတွေကို ထိန်းချုပ်နေတာကရော ဘယ်သူလဲ... ဒီပြဿနာကြီးကိုရော သူတို့ဖြေရှင်းနိုင်ပါ့မလား....... ထူးထူးဆန်းဆန်းနဲ့ သိပ္ပံဆန်ဆန်ဇာတ်လမ်းကြိုက်သူတွေအတွက် ...
movie

The Blackout 2019