Channel Myanmar

Oliver Jackson-Cohen

The Raven(2012) 6.4
The Raven(2012) The raven 2012ကွင်းဆက်လူသတ်သမား စုံထောက်ဇာတ်လမ်းမျိုးကိုမှ၁၈၀၀ ပြည့်နှစ်ကာလကို အခြေခံထားပြီးခမ်းခမ်းနားနားရိုက်ကူးထားတဲ့ဇာတ်ကားလေးပါ။မင်းသားတွေကလဲ 2012 ကမ္ဘာပျက်ဇာတ်ကားထဲကjohn cusack နဲ့ Dracula untold မင်းသား luke evans တို့ပါဝင်ထားပါတယ်။ဇာတ်လမ်းအကျဉ်းကတော့ ကဗျာဆရာ၊ စာရေးဆရာအက်ဒ်ဂါအလန်ပိုး ရဲ့ ပရိသတ်တဦးဖြစ်သူ လူသတ်သမားကပိုးရဲ့ စိတ်ကူးယဉ်လူသတ်ဇာတ်လမ်းတွေကို အခြေခံပြီးလူသတ်မှုတွေစတင်ကျူးလွန်ခဲ့ပြီးပိုးရဲ့ချစ်သူကိုပြန်ပေးဆွဲကာ သူမရှိရာနေရာကိုလာဖို့လူတယောက်သတ်ပြီးတိုင်း သဲလွန်စတွေချန်ထားပေးတာတွေကနေတဆင့်လူသတ်သမားကိုဖော်ထုတ်နိုင်မလား ပိုးရဲ့ချစ်သူကိုရောအချိန်မီကယ်တင်နိုင်မလားဆိုတာကို စိတ်ဝင်တစားကြည့်ရှုရမှာဖြစ်ပါတယ်။ဇာတ်လမ်းကစိတ်ကူးယဉ်ဇာတ်လမ်းဆိုပေမယ့်အက်ဒ်ဂါအလန်ပိုးရဲ့ ကဗျာတွေ ပုံပြင်ဇာတ်လမ်းတွေကတော့ပိုးရဲ့စာအုပ်တွေထဲကယူသုံးထားတာတွေဖြစ်ပါတယ်။ File size…  1.1 GB /  489 MB Quality… Blu-Ray 1080p / 720p Format… mp4 Duration…. 1h 51m Genre ..... Thriller , Mystery Subtitle…. Myanmar Subtitle (Hard Sub) Encoder…. Thit San Khant Translated by Chit Min Thu
movie

The Raven(2012)

2012
What’s Your Number?(2011) 6.7
What’s Your Number?(2011) What's Your Number?(2011)**************************"ဘဝတစ်လျှောက် ပျှမ်းမျှချစ်သူအရေအတွက် 10.5 ဆိုတာ နည်းတာပေါ့"ဒီစကားကိုပြောခဲ့တဲ့လူကတော့ မဘဲစီမလေးအယ်လီပါပဲ။ ဒါပေမဲ့ အယ်လီတစ်ယောက် ဘဲတွေမှိုလိုပေါက်ရတာအယ်လီအပြစ်ရယ်တော့လည်းမဟုတ်ပါဘူး။ ဘဲတွေက ထစ်ချုန်းမိုးလို ရေနံတူးဖို့လောက်သာစိတ်အားထက်သန်ပြီးရင် ပျောက်ပျောက်သွားတာကြောင့်ရယ်ပါ။ ဒါပေမဲ့ ပလေးဂဲလေးအယ်လီတစ်ယောက်ဒါကိုစိတ်ထဲ အလေးအနက်မထားပါဘူး သူပလေးကိုယ်ပလေး ဝမ်းဂိုး တူးကမ်း သရီးရယ်ဒီလုပ်နေခဲ့တာပေါ့။ဒါပေမဲ့ နောက်ဆုံးဘဲဘဲလေးရစ်ခ်ကျမှ အမေတွေနဲ့မိတ်ဆက်ပေးဖို့ ကြံရွယ်ပြီးမှ ထုံးစံအတိုင်း ရေနံမင်းသားလေးကဘိုင့်ဘိုင့်လုပ်သွားတဲ့အပြင် နေရင်းထိုင်ရင်းအလုပ်ကပါ သူ့ကိုပဲကွက်ပြီးလူလျှော့ပါသတဲ့။ဘဲရောအလုပ်ရှင်ကပါ ရင်ဝဆောင့်ကန်တာခံရတဲ့ အယ်လီတစ်ယောက် အလုပ်ကနေ ပစ္စည်းသိမ်းပုံးလေးကိုင်လို့ရထားစီးရင်းနဲ့ "What's your number"ဆိုတဲ့ ဆောင်းပါးတစ်ပုဒ်ကိုဖတ်မိပါတော့တယ်။ဒီဆောင်းပါးလေးက ဘဲစီတော့ဘာဖြစ်လဲ You only live once ဆိုတဲ့အယ်လီကို အကြီးအကျယ်တုန်လှုပ်သွားစေပါသတဲ့။ဘာဖြစ်လို့လဲဆိုတော့ ဆောင်းပါးထဲမှာ တစ်နိုင်ငံလုံးမှာရှိတဲ့ အမျိုးသမီးတွေရဲ့ ပျှမ်းမျှချစ်သူအရေအတွက်က၁၀.၅ ဖြစ်ပြီး အယောက် ၂၀ နဲ့အထက်ဆို လင်မရတော့ဘူးလို့ စစ်တမ်းနဲ့အခိုင်အမာပြောထားလို့ပါပဲ။ဘဲတွေမှိုလိုပေါက်ပေမဲ့ လင်တော့လိုချင်ရှာသေးတဲ့အယ်လီတစ်ယောက် exတွေတွက်ကြည့်တော့လည်း 19 ယောက်ဖြစ်နေတဲ့အခါမှာတော့...အယောက် 20 ကျော်ရင် ...
movie

What’s Your Number?(2011)

Emily (2022) 6.9
Emily (2022) Emily (2022)~ IMDb - 6.9/10, Rotten Tomatoes - 86% ~"လေထန်ကုန်း" ဆိုတဲ့ စကားလုံးက မြန်မာစာဖတ်ပရိသတ်တစ်ခုလုံးနဲ့ သက်ဆိုင်နေတဲ့ စကားလုံးပေါ့။ အဲဒီ လေထန်ကုန်းဆိုတဲ့ စကားလုံးကိုမြင်ရင် ခင်ဗျား ဘာကိုအရင်ပြေးမြင်မလဲတော့မသိဘူး။ အမ်မလီဘရွန်တီရဲ့ ဂန္ထဝင်၀တ္တု Wuthering Heights ကိုလား၊ ဒါမှမဟုတ် လေထန်ကုန်းလို့ခေါ်တဲ့ မြန်မာစာရေးဆရာတွေ ကြုံကြဆုံကြတဲ့ လက်ဖက်ရည်ဆိုင်ကလေးကိုလား။ ဒုတိယဟာက ဒီမှာ ပို Iconic ဖြစ်ပေမဲ့ ဒုတိယဟာကိုသိတဲ့ ဒီကလူတွေဟာ ပထမဟာကိုလည်း ကောင်းကောင်းသိကြမှာပါပဲ။ ၁၈၄၇မှာ ပုံနှိပ်ခဲ့တဲ့ အမ်မလီဘရွန်တီရဲ့ Wuthering Heights ကို ကျော်လှိုင်ဦးက "လေထန်ကုန်း"လို့ တိုက်ရိုက်ပဲ နာမည်ပေးပြီး ပြန်ဆိုရေးသားခဲ့ဖူးပါတယ်။ သူ့ရှေ့မှာတော့ ‌ဒဂုန်ခင်ခင်လေးက ဂုဏ်မြင့်သူဆိုပြီး တစ်စိတ်တစ်ဒေသမှီငြမ်း ရေးသားဖူးပြီး ၁၉၆၀လောက်မှာ သိပ္ပံစိုးလှက ငွေတာရီမဂ္ဂဇင်းမှာ ပင်မြင့်မာလာဆိုပြီး ဘာသာပြန်ဖူးတယ်ဆိုပါတယ်။ ...
movie

Emily (2022)

2022
Mr. Malcolm’s List (2022) 5.3
Mr. Malcolm’s List (2022) Mr.Malcolm's List (2022)~ Rotten Tomatoes - 82% ~ကျွန်တော်တို့တွေ Marvel ရဲ့ Loki အနေနဲ့ သိကြတဲ့ မင်းသား Tom Hiddleston ရဲ့ မိန်းမ Zawe Ashton ပါတဲ့ ရုံတင်ကားသစ်လေးပါ။၁၈၁၈ခုနှစ် အင်္ဂလန်မှာ လင်ဖမ်းဖို့အသင့်ဆုံးလူတစ်ယောက်ရှိတယ်။ သူတို့စကားအရတော့ ရုပ်ကလည်းချော ငွေကလည်းထောတော့ ပျိုတိုင်းကြိုက်တဲ့ နှင်းဆီခိုင်ပါ။ ဒီတစ်ဇာတ်လုံးက ခေတ်ကာလနဲ့လည်းလုံးဝကိုက်ပါတယ်။ ဘာလို့ဆို ဇာတ်က အစအဆုံး မကြာခင်မှာ ကြင်နာမယ်ဆိုပြီး ကိုကို မောင်မောင်မရွေး အချိန်ပြည့် လင်ရှာနေတဲ့ မိန်းမတစ်အုပ်နဲ့ ခုန ပျိုတိုင်းကြိုက်တဲ့ ဘဲကြီးရဲ့ တိုင်ပတ်နေတဲ့ဇာတ်ပါပဲ။ ဘဲကြီးက ဘယ်မိန်းမကိုမှ လက်မခံပါဘူး။ ဒီတော့ မလိုချင်တာလားဆိုတော့ မဟုတ်ဘူး။ သူ့မှာ သတ်မှတ်အရည်အချင်းစာရင်းရှိတယ်။ မယားအဝယ်မှားရင် အလိုက်ပေးပြန်လဲလို့မရလို့ သေချာရွေးတယ်ပေါ့။ ရုပ်ချောရမယ် ဘာညာကအစ မျိုးကောင်းရမယ်အဆုံး ဉာဏ်ကောင်းရမယ် ...
movie

Mr. Malcolm’s List (2022)

2022
The Lost Daughter (2021) 7
The Lost Daughter (2021) ကြည့်ပြီးရင် မိသားစုတစ်ခုတည်ဆောက်ဖို့အကြောင်း တာဝန်ဝတ္တရားတွေကို လေးလေးနက်နက်တွေးမိစေမှာဖြစ်ပေမဲ့ မိသားစုတွေနဲ့အတူတော့ မကြည့်သင့်တဲ့ရုပ်ရှင်မျိုး..။ လိင်ပိုင်းဆိုင်ရာပြကွက်တွေက အထွဋ်အထိပ်ရောက်စေတဲ့အထိတော့ စိတ်ကျေနပ်စေမှာ မဟုတ်ပေမဲ့လို့ ကိုယ့်ဟာကို တစ်ယောက်တည်းကြည့်နေတုန်းက အကောင်း..၊ ဘေးမှာ တစ်ယောက်ယောက်လာရပ်နေမှ ဖောင်းဒိုင်း ဖောင်းဒိုင်း ထလုပ်ကြတဲ့ ဇာတ်ကွက်တွေ ထွက်လာနိုင်တယ်..။ ဒီတော့ ကြိုတင်ပြီးတော့ သတိပေးလိုက်ရပါတယ်..။ ဇာတ်လမ်းအကြောင်းကို ဆက်ပြီးပြောရရင်တော့ ရသခံစားမှုမျိုးကို တိုက်ရိုက်ချပြထားတဲ့ဇာတ်လမ်းမျိုးမဟုတ်လို့ နည်းနည်း ပျင်းစရာကောင်းပြီး အီနိုင်တယ်..။ နားမလည်ခြင်းသဘောတွေက အနုပညာကို ခံစားတတ်သူတွေအတွက်တော့ အထွေအထူးတော့ မဟုတ်လှဘူးဆိုတော့ခံစားမှု အရသာကသာ အဓိကပဲဆိုရင် တစ်ခါလောက် ကြည့်သင့်တယ်..။ အမျိုးသမီးတစ်ယောက်ရဲ့ ငယ်ရွယ်မှုနဲ့ ငယ်ရွယ်မှုအလွန်ဖြတ်သန်းရပုံ နှစ်ခု ယှဉ်ပြိုင်တင်ဆက် ပြသထားပုံထဲမှာ အဆင်မပြေမှုတွေကိုလည်း မြင်ရမယ်..။ လိင်မှုတွေလည်း မြင်ရမယ်..။ သားသမီးတွေရဲ့ ဗာဟီရ ဝတ္တရားတွေဆီကနေ ရုန်းထွက်သွားချင်စိတ်တွေကိုရော..။ ​ဒီဇာတ်ကားထဲမှာတော့ က္ကထိယတွေ မကောင်းပါဘူး..။ ဒီဇာတ်ကားထဲမှာကို ပြောတာ..။ ဒါပေမဲ့လည်း က္ကထိယတွေမကောင်းတာ ...
movie

The Lost Daughter (2021)

The Invisible Man (2020) 7.5
The Invisible Man (2020) The Invisible Man (2020)===================IMDb Rating 7.5/10 ထိရရှိထားပါတယ် . . .#UnicodeFebruary လကုန်ခါနီးမှာ ရုံတင်သွားတဲ့ ပရိတ်သတ်တွေစောင့်မျှော်နေတဲ့ The Invisible Man ကတော့ အကြည်ထွက်ရှိလို့လာပါပြီ။ ဒီကားကလည်း ပရိတ်သတ်အကြိုက်ဖြစ်စေခဲ့တဲ့ နောက်ထပ် ဟော်ရာ ရုပ်ရှင်ကားကောင်းတစ်ကားပါပဲ။ ဇာတ်ကားကနာမည်အတိုင်းပါပဲ ကိုယ်ပျောက်နိုင်တဲ့လူတစ်ယောက်အကြောင်းပါ။ ဇာတ်လမ်းအစမှာ ဆယ်စီလီရယ် ဆိုတဲ့ မိန်းကလေးဟာသူ့ကို အရာရာချုပ်ကိုင်ထားချင်တဲ့ ရည်းစားဖြစ်သူ အေဒရီယန်ကို အတင်းစွန့်ခွာထားခဲ့ပါတယ်။ အေဒရီယန်ဟာ အမြင်အာရုံပိုင်းကင်မရာပိုင်းမှာ ကမ္ဘာ့အတော်ဆုံးလို့ပြောလို့ရတဲ့ သိပ္ပံပညာရှင်ပါ။ အေဒရီယန်ဟာ အစွဲအလန်းကြီးပြီး ခေါင်းမာလွန်းတဲ့သူ ဖြစ်တာမို့ ဆယ်စီလီရယ်ကို အလွတ်မပေးခဲ့ပါဘူး။ ဒါပေမယ့် အေဒရီယန် သေဆုံးသွားခဲ့ပြီးနောက်မှာတော့ ဆယ်စီလီရယ်တစ်ယောက်ဘဝသစ်ကို စိတ်ရှင်းရှင်းနဲ့စနိုင်လာခဲ့ပါပြီး။ ဒါပေမယ့် အေဒရီယန်ဟာ တကယ်သေတာမဟုတ်သလို ဆယ်စီလီရယ်ကို ဒုက္ခမျိုးစုံပေးပြီး သူ့ဆီကိုပြန်ရောက်လာဖို့ ကြောက်စရာကောင်းတဲ့ လုပ်ရပ်တွေလုပ်လာတဲ့အခါမှာတော့ ဇာတ်ကားထဲမှာ ဆက်လက်ကြည့်ရှုရမှာပဲဖြစ်ပါတယ် . . ...
movie

The Invisible Man (2020)

2020
Faster (2010) 6.4
Faster (2010) (Unicode)Faster ကတော့ ၂၀၁၀ ကထွက်ရှိထားတဲ့ Dwayne Johnson ရဲ့ အကြမ်းစား အက်ရှင်ဇာတ်ကားလေးဖြစ်ပါတယ်။မကြမ်းမှာတော့မပူပါနဲ့။အစပိုင်းလေးကိုပဲကြည့်ပြီး ဘာလား ကြမ်းလှချည်လားဟလို့ ဖြစ်သွားမှာသေချာပါတယ်။ထောင်ကထွက်ထွက်ချင်းပဲ သူက ပြေးတယ်။ကားတစ်စီးပေါ်တက်တယ်။ သေနတ်ကိုခါးကြားထိုးတယ်။မောင်းသွားပြီး အဆောက်အဦးတစ်ခုထဲဝင်သွားပြီး လူတစ်ယောက်ကို ဘာမပြောညာမပြော ပစ်သတ်လိုက်တယ်။လွန်ခဲ့တဲ့ ဆယ်နှစ်က ဘဏ်ဓားပြမှုတစ်ခုမှာ ငါတို့တိုက်ယူလာတဲ့ ငွေတွေကို မင်းတို့လုယူပြီး ငါ့အစ်ကိုကို သတ်လိုက်တဲ့ သွေးကြွေးပြန်လာဆပ်တာကွလို့ဒိုင်ယာလော့ အရှည်ကြီးနဲ့ ဇာတ်လမ်းကိုပြန်ပြောမနေဘဲ နှာတရှုံရှုံငိုမနေဘဲ ဒိုင်းဆိုပြီး တစ်ချက်တည်းပြီးသွားပါတယ်။အဲဒီဘဏ်ဓားပြတိုက်တဲ့ ဇာတ်လမ်းကိုတော့ စုံထောက်တွေက ပြန်ပြီးထောက်လှမ်းနေတာတွေနဲ့ အတိတ်အကြောင်းပြန်တွေးတာတွေနဲ့ ပြန်ပြသွားပါတယ်။သူ့အစ်ကိုကို သေအောင်လုပ်ခဲ့တဲ့ လူတွေကို လက်စားချေဖို့ ထောင်ထဲမှာ ဆယ်နှစ်လုံးလုံး ပြင်ဆင်လာခဲ့ပြီးထွက်လာလာပြီးချင်း နာရီပိုင်းအကြာမှာ စာရင်းထဲကလူတစ်ယောက်ကို ဖျက်နိုင်လိုက်ပါတယ်။သူ့စာရင်းကဘယ်လောက်ရှည်ပြီး ဘယ်လောက် မြန်မြန် အဆုံးသတ်နိုင်မလဲဆိုတာကိုတော့ ...
movie

Faster (2010)