Channel Myanmar

Olivia Côte

Two Tickets to Greece (2022) 6.1
Two Tickets to Greece (2022)  ငယ်သူငယ်ချင်းနှစ်ယောက်ဖြစ်ကြတဲ့ ဘလန်ဒင်းနဲ့ မက်ဂလီတို့ အသက်တွေကြီးလာတော့ တစ်ယောက်နဲ့တစ်ယောက်အဆက်အသွယ်တွေပြတ်ပြီးမတွေ့ခဲ့ကြတာနှစ်ချီသွားတာပေါ့၊ တနေ့တော့ ဘလန်ဒင်ရဲ့ သားဖြစ်သူ စီစဉ်ပေးမှုနဲ့ သူတို့ နှစ်ဦး ခရီးအတူထွက်ဖို့အကြောင်းဖန်လာသောအခါ၊ကောင်းချင်ဇောနဲ့ စေတနာအမှားတွေလုပ်မိတဲ့ မက်ဂလီ ၊ တခုလေးမှ အမှားမခံနိုင်တဲ့ ဘလန်ဒင်တို့ နှစ်ယောက်ဆုံတော့ ကတောက်ကဆလေးတွေကို ပေါ့ပေါ့ပါးပါးရယ်စရာအဖြစ်ခံစားရမှာဖြစ်ပါတယ်။ လူတစ်ယောက်အကြောင်းသိချင်ရင် သူနဲ့အတူအခရီးထွက်ကြည့်ဆိုသလို နှစ်ယောက်ခရီးထွက်ရင်း အရင်နားလည်မှုလွဲခဲ့တာတွေ သူ့ဖက်ကိုယ့်ဖက်မပြောဖြစ်ခဲ့တဲ့ အမှန်တရားတို့ပေါက်ထွက်လာပြီး နှစ်ယောက်သားတို့ ရင်းနှီးမှုဆက်လက်ရှိနိုင်ပါမလား၊ ရပ်တန့်သွားမလား ဆိုတာ ဂရိရဲ့လှပတဲ့ရှုခင်းလေးတွေခံစားပြီးအဆုံးထိစောင့်ကြည့်လို့ကောင်းမယ့်ဇာတ်ကားလေးတစ်ကားပါ File size…(1.9 GB)/(1.2 GB) Quality….Webrip 1080p / 720p Format…mp4 Duration….01:50:00 Genre...Comedy Subtitle….Myanmar Subtitle (Hardsub) Encoder….Garfield Translated by Mia 
movie

Two Tickets to Greece (2022)

My Donkey, My Lover & I (2020) 6.5
My Donkey, My Lover & I (2020) Antoinette dans les Cévennes (2020)(My Donkey, My Lover & I)IMDb - 6.5/10 ဇာတ်လမ်းအညွှန်း ဇာတ်လမ်းလေးမှာ အန်တိုနက် ဆိုတဲ့ ကျောင်းဆရာမလေးကသူ့အတန်းထဲက ကလေးတစ်ယောက်ရဲ့အဖေဖြစ်သူဗလာဒီမီယာနဲ့ တိတ်တိတ်ပုန်းတွဲနေတာပါ။ ကျောင်းအားလပ်ရက်မှာအန်တိုနက်က ဗလာဒီမီယာနဲ့ အပန်းဖြေခရီးထွက်ချင်ပေမယ့်ဗလာဒီမီယာကတော့ သူ့မိန်းမစီစဉ်ထားတဲ့ မိသားစုအပန်းခရီးကိုပဲသွားမှာဖြစ်ပါတယ်။ အဲ့တော့ အန်တိုနက်က သူတို့မိသားစုသွားမယ့်ခရီးစဉ်ကို တစ်ယောက်တည်းလိုက်လာဖို့ စီစဉ်လိုက်ပါတယ်။ခရီးစဉ်ကတော့ ဆီဗန်နက်တောင်တွေဆီကို တောင်တက်ခြေလျင်ခရီးပဲဖြစ်ပါတယ်။ ခြေလျင်ခရီးစဉ်မှာ အန်တိုနက်တစ်ယောက်ပတ်ထရစ်ဆိုတဲ့မြည်းလေးနဲ့ အတူသွားဖို့ဖြစ်လာတော့ ဒီလိုခရီးစဉ်မျိုးနဲ့ အကျွမ်းဝင်မရှိတဲ့ အန်တိုနက်အတွက် ဘယ်လိုအခက်အခဲတွေတွေ့ရမလဲ၊ ဗလာဒီမီယာနဲ့ရော တွေ့ရမလား၊ ဘာတွေဆက်ဖြစ်မလဲဆိုတာဆက်လက်ကြည့်လိုက်ကြပါနော်။ခရီးစဉ်တစ်လျှောက် အန်တိုနက်နဲ့ မြည်းလေး “ပတ်ထရစ်”တို့အကြား ဖြစ်ပေါ်လာတဲ့ သံယောဇဉ်တွေကို ဟာသတွေနဲ့ ကြည်ကြည်နူးနူးကြည့်ရမယ့်အပြင် ခရီးစဉ်ပြီးဆုံးအောင် သွားနိုင်ပြီးခရီးသွားခြင်းရဲ့အရသာကိုအကြိုက်တွေ့သွားမယ့် အန်တိုနက်ကိုလည်း ကြည့်ရှုကြရမှာဖြစ်ပါတယ်။ ဒီဇာတ်လမ်းကို ကျွန်တော်တို့ငယ်ငယ်တည်းက အသည်းစွဲဖြစ်ခဲ့ကြမယ့်“ရတနာကျွန်း”စာအုပ်ရဲ့ စာရေးဆရာရောဘတ်လူးဝစ်စတီဗင်ဆန်ရေးသားထားတဲ့ “Travels with a Donkey in the Cevennes” ...
movie

My Donkey, My Lover & I (2020)

Kung Fu Zohra (2022) 5.2
Kung Fu Zohra (2022) Kung Fu Zohra (2022) ================ Action/ Dramaတကယ့်ကားပဲ‌ဆိုပါတော့ဗျာ။ ကားနာမည်ကိုကြည့်လိုက်တာနဲ့ ကွန်ဖူးကားမှန်းသိကြမယ်ထင်ပါတယ်။ ဒါပေမဲ့ အဲဇိုရာဆိုတဲ့ တစ်ယောက်က မင်းသားမဟုတ်ဘဲ မင်းသမီးဖြစ်နေတာပါပဲ။ဒီမင်းသမီး ကွန်ဖူးတတ်လာပုံကလည်း တကယ့်ကို အဆန်းကြီးပါ။ အဓိကညွှန်းရမယ်‌ဆိုရင်တော့ ဒရာမာပါတဲ့ကွန်ဖူးကားလေးဆိုတဲ့ အတိုင်း လူ့သရုပ်ကို ပီပြင်နေကြတာပါပဲ။ ပြီးတော့ တ-ရုတ်နိုင်ငံက မဟုတ်ဘဲ ပြင်သစ်နိုင်ငံက ရိုက်ကူးတဲ့ တ-ရုတ်သိုင်းကားပါ။အခုခေတ်တ-ရုတ်သိုင်းကားတွေကလည်း ပေါနေကြတာများ တာတော့ လူတိုင်းလည်း သိမယ်ထင်ပါတယ်။ ဒီရုပ်ရှင်လေးဟာ ကွန်ဖူးကားကိုမှ အသွင်သဏ္ဍာန်တစ်မျိုးနဲ့ ချဉ်းကပ်တာမို့ တကယ့်ကို ကြည့်ပျော်ရှုပျော်ရှိတာပါ။ ကွန်ဖူကားကောင်းလေးတွေ ငတ်နေတာ လည်း ကြာပြီ၊ ကွန်ဖူးကားလေးတွေကို ဒီနေ့ခတ်မှာ ပြန်ခံစားချင်တယ် ဆိုရင်တော့ ဟောဒီ Kung Fu Zohra ဆိုတဲ့ ရုပ်ရှင်ကားလေးကို ခံစား ရင်ခုန်ပေးကြပါဦးခင်ဗျာ။ (ဒီဇာတ်လမ်းရဲ့အညွှန်းနဲ့ ဘာသာပြန်ပေးသူကတော့ San Thu Aung ဖြစ်ပါတယ်) File Size..........(1.4 GB) / (600 MB) / (400 MB) Quality............WebDL 1080p / 720p / 480p Duration.........1Hr 40mins Subtitle...........Myanmar ...
movie

Kung Fu Zohra (2022)

2022