Channel Myanmar

Omer Hazan

Bardejov (2024)
Bardejov (2024)  ဒီရုပ်ရှင်ကတော့ ဂျူးလူမျိုးတွေရဲ့ ဖြစ်ရပ်မှန် သမိုင်းအဖြစ်အပျက်တွေထဲကတစ်ခုအကြောင်း ဇာတ်အိမ်တည်ပြီးရိုက်ကူးထားတာပါ။အချိန်ကာလအားဖြင့် ဒုတိယကမ္ဘာစစ်ဖြစ်နေချိန်ဖြစ်ပြီး Bardejov ကတော့ ချက်ကိုစလိုဗားကီးယားနိုင်ငံထဲက မြို့ငယ်လေးတစ်ခုပါ။ Rafuel Lowy ကတော့ ဒီမြို့ငယ်လေးက ဂျူးအသိုင်းအဝိုင်းရဲ့ အကြီးအကဲတစ်ဦးဖြစ်တယ်။ ဂျူးလူမျိုးတွေဟာ နာဇီတွေရန်ကြောင့် နေရာအနှံ့အပြားမှာ ဖိနှိပ်‌ခံနေရပြီး ကျီးလန့်စာစားနေရတဲ့အချိန်လည်းဖြစ်တယ်။တစ်ရက်မှာ ချက်ကိုစလိုဗားကီးယားရဲတပ်ဖွဲ့တွေက ဂျာမန်တွေနဲ့လက်ဝါးချင်းရိုက်ပြီး နိုင်ငံတ၀န်းက ဂျူးလူမျိုးတွေကို အလုပ်သွားလုပ်ရမယ်ဆိုတဲ့ခေါင်းစဉ်နဲ့ ချောဆွဲပြီး ‌ဂျာမန်တွေလက်ထဲအပ်ဖို့လုပ်ပါတော့တယ်။ ဒီအဖြစ်ဆိုးကြီးက Bardejov မြို့ကိုလည်း ဆိုက်ဆိုက်မြိုက်မြိုက်ရောက်လာခဲ့ပြီး မြို့ထဲက မိန်းကလေးငယ်တွေကို ဖိနပ်စက်ရုံမှာအလုပ်စေခိုင်းမယ်ဆိုတဲ့ အကြောင်းပြချက်နဲ့ ဖမ်းဆီးဖို့ကြိုးစားလာကြတဲ့အခါမှာတော့ ဂျူးလူမျိုး အကြီးအကဲဖြစ်တဲ့ Rafuel Lowy ဟာ သူ့ရဲ့မြို့ငယ်လေးက ‌‌ဂျူးလူမျိုးမြို့သူမြို့သားတွေကို ဘယ်လိုအကာအကွယ်ပေးဖို့ ကြံဆကြိုးစားမလဲဆိုတာ ဆက်လက်ကြည့်ရှုခံစားလိုက်ကြပါဦး။ File size…(1.4 GB)/(800 Mb) Quality….Webrip 1080p / 720p Format…mp4 Duration….01:25:00 Genre...History, War Subtitle….Myanmar Subtitle (Hardsub) Encoder….Garfield Translated by Steven Khant
movie

Bardejov (2024)

The Engineer (2023)
The Engineer (2023)  ဖြစ်ရပ်မှန်ကို အခြေခံထားပြီး Yahya Ayyash ဆိုသူကို လုပ်ကြံတဲ့အကြောင်းရိုက်ကူးထားတဲ့ ဇာတ်ကားပါ...။ Yahya Ayyash ဆိုသူဟာ ကမ္ဘာပေါ်က သက်တမ်းအရှည်အကြာဆုံးပဋိပက္ခတစ်ခုဖြစ်တဲ့ အစ္စရေး-ပါလက်စတိုင်းပဋိပက္ခတွင် ပါဝင်ခဲ့သူပါ...။၁၉၄၈ခုနှစ်ကတည်းကစခဲ့တဲ့ဒီပဋိပက္ခဟာ လက်ရှိကာလအထိလည်းဆက်ဖြစ်နေတုန်းပါပဲ....။Ayyashဟာ ၁၉၉၀ ဝန်းကျင်၊ အစ္စရေးတွင် အသေခံဗုံးခွဲမှုများပြုလုပ်စေခဲ့တဲ့Hamasအစ္စလာမ်တော်လှန်ရေး စစ်သွေးကြွတပ်ဖွဲ့ရဲ့ အဓိကဗုံးပြုလုပ်သူဖြစ်ပါတယ်။ဗုံးအတတ်ကျွမ်းကျင်ခြင်း၊ လက်အောက်ငယ်သားများကို ဗုံးလုပ်နည်းသင်ပေးခြင်း၊အသေခံဗုံးခွဲမှုပြုစေချင်းတွေကြောင့် ကမ္ဘာက သူ့နာမည်ကို "The Engineer"လို့သိကြပါတယ်...။သူကိုလုပ်ကြံသွားတာက Shabak(Shin Betလို့လည်းသိကြတဲ့) အစ္စရေးလျှို့ဝှက်ထောက်လှမ်းရေးကပါပဲ...။အစ္စရေးသမိုင်းမှာ အကြီးမားဆုံး ရာဇဝတ်ကောင်ဖမ်းပွဲတစ်ခုကိုမြင်တွေ့ရမယ် ဇာတ်ကားပဲဖြစ်ပါတယ်...။ File size…1.43GB / 512MB Quality…WEB-DL 1080p 5.1 CH/ 720p Format…mp4 Duration….1h 32m Genre ….. Action Subtitle….Myanmar Subtitle (Hard Sub) Encoder….Min Wai Translated by Themes
movie

The Engineer (2023)