Channel Myanmar

Omi Vaidya

MR-9: Do or Die (2023) 5.5
MR-9: Do or Die (2023)  MR9 Do or Die ဇာတ်ကားဟာ 2023 ခုနှစ်မှာ ထွက်ရှိခဲ့တဲ့အမေရိကန်-ဘင်္ဂလားဒေ့ရှ် သူလျှိုအက်ရှင် သည်းထိတ်ရင်ဖိုဇာတ်လမ်းကောင်းတခုဖြစ်ပြီး ဒါရိုက်တာ Asif Akbar ကရိုက်ကူးထားတာဖြစ်ပါတယ်။ဒီရုပ်ရှင်ဟာ ၁၉၆၆ ခုနှစ်က ထွက်ရှိခဲ့တဲ့ ဘင်္ဂလားဒေ့ရှ်စာရေးဆရာ Qazi Anwar Hussain ရဲ့ ဝတ္ထုဖြစ်တဲ့Dhongsho Pahar ကို အခြေခံထားထားဖြစ်ပြီး မင်းသားABM Sumon က MR9 ဆိုတဲ့ သူလျှို Masud Ranaနေရာကနေ အဓိကပါဝင်သရုပ်ဆောင်ထားတာဖြစ်ပါတယ်။R&R စက်ရုပ်ကုမ္ပဏီက ဘီလျံနာ ညီအကိုနှစ်ဦးဟာနည်းပညာကိုအသုံးချပြီး ညီဖြစ်သူရဲ့ အမြင်အာရုံကိုအကောင်းအတိုင်းဖြစ်အောင် စွမ်းဆောင်နိုင်ခဲ့တဲ့အခါနည်းပညာမြင့် တိုက်ခိုက်ရေးပစ္စည်းတွေကို ကမ္ဘာအနှံ့ဖြန်ချိတင်သွင်းဖို့ ကြံစည်ခဲ့ပါတော့တယ်။လူမြင်ကောင်းအောင် နည်းပညာကုမ္ပဏီကြီးကို ဗန်းပြပြီးကန့်လန့်ကာနောက်ကွယ်မှာတော့ ပါဘလို အက်စ်ကိုးဘားလိုမြေအောက်ဒုစရိုက်မှုတွေကို တသီတတန်းကြီး ‌လုပ်ဆောင်တော့တဲ့ ဘီလျံနာညီအကိုနှစ်ဦးကို MR9 ဆိုတဲ့ထိပ်သီးဘင်္ဂလားဒေ့ရှ် သူလျှိုတဦးဟာ CIA နှင့် ပူးပေါင်းပြီးနိုင်ငံတကာ ရာဇ၀တ်မှုအဖွဲ့အစည်းကို ဘယ်လိုဖြိုခွင်းသွားမလဲဆိုတာအက်ရှင်ဇာတ်ဝင်ခန်းတွေနဲ့အတူ သည်းထိတ်ရင်ဖိုစောင့်ကြည့်ကြရမှာဖြစ်ပါတယ်။   File ...
movie

MR-9: Do or Die (2023)

3 Idiots (2009) 8.4
3 Idiots (2009) IMDb (8.4/10) /Rotten Tomatoes (100%)December 23, 2009 (USA) မှာ ရုံတင်ပြသခဲ့ပြီး Director: Rajkumar Hirani ရိုက်ကူးထားတဲ့ 3 Idiots အမည်ရှိ India ဟာသ ရုပ်ရှင်ကားလေးဟာ ဟာသ တစ်ခုထဲတင်မကပဲ Aamir Khan ရိုက်ကူးလေ့ရှိသော ဇာတ်ကောင်များအတိုင်း ပရိတ်သတ်ကို အတွေးသစ်အမြင်သစ်နဲ့ ထိုးထွက်လာသော ရုပ်ရှင်ကားကောင်းတစ်ခုဖြစ်ပါတယ်...မိဘတွေဟာ သားသမီးတွေအပေါ် ငယ်စဉ်ကတည်းက အရမ်းမျှော်လင့်ချက် ရှိကြတယ် လမ်းမှားမသွားအောင်လို့ ပဲ့ပြင်ဆုံးမကြတယ်...ဒါ့အပြင် အရှေ့တိုင်းမိဘတော်တော်များများမှာ သူတို့သားသမီးကို ဆရာဝန်ကြီး အင်ဂျင်နီယာကြီး စတဲ့ လူကြိုက်များတဲ့ပညာရပ်ကိုသာလေ့လာစေချင်ကြတယ်။ဒါပေမယ့် ကလေးတွေဖက်ကနေ သူတို့ ဘာဖြစ်ချင်ပါတယ်ဆိုတာကို ဘယ်သူမှ မတွေးပေးကြသလို မေးလဲ မမေးကြပါဘူး....သိလဲ မသိချင်ကြသလို စိတ်လဲမဝင်စားကြပါဘူး ကလေးတွေဟာ စက်ရုပ်တွေလိုပဲ မိဘတွေ ဖြစ်စေချင်တဲ့ စီးပွားရေးသမား အစိုးရဝန်ထမ်း ဆရာဝန် အင်ဂျင်နီယာ ရှေ့နေတွေ ဖြစ်လာကြပေမယ့် သူတို့ဝါသနာပါပြီးထူးချွန်နိုင်မယ့် အားကစားလို အနုပညာလို ဘာသာရပ်တွေမှာ မှေးမှိန်ခဲ့ကြရပါတယ်။ဒီအကြောင်းတွေကို ...
movie

3 Idiots (2009)

2009
4K HEVC
Players (2012) 4.1
Players (2012) IMDb Rating (4.1) / Rotten Tomatoes (43%)Hollywood ရဲ့ နာမည်ကြီးThe Italian Job ဇာတ်ကားကို ပြန်ရိုက်ကူးထားတဲ့ Bollywood ဇာတ်ကားပါ...ဒါပေမယ့် မူရင်းကားနဲ့ မတူအောင်ကြိုးစားဖန်တီးတင်ဆက်ထားတာကိုတွေ့ရမှာပါ....ဇာတ်လမ်း Duration ကလဲ မူရင်းကားထက်စာရင် နှစ်ဆလောက်ကြာအောင်ကိုရိုက်ကူးထားတာမို့ဇာတ်ညွှန်းကြိုက်ပြီးသားလူအတွက် ဝဝလင်လင် ပြန်ခံစားရသလို အသက်ဝင်စေပါတယ်။မင်းသား/မင်းသမီးအစုံအလင်နဲ့ Bollywood ရဲ့ အက အလှတွေကိုအပြည့်အဝခံစားရမှာ ဖြစ်သလိုThe Italian Job ကိုကြည့်ဖူးပြီးသား ကျွန်တော်တောင်တောက်လျှောက်ပြန်ကြည့်မိအောင် ခမ်းခမ်းနားနားရိုက်ကူးထားတာကိုတွေ့ရပါတယ်...ဇာတ်ကားရဲ့ လှည့်ကွက်တွေကလဲ Bollywood ပီသစွာ ပီပြင်တာမို့ ကြည့်ရတာ မိုက်ပါတယ်။  File size…(3.3 GB) / (2.1 GB) / (900 MB) Quality…BluRay 1080p /720p/ 360p Format…mp4 Duration….02:45:00 Subtitle….Myanmar Subtitle (Hardsub) Encoder….Nyeinsaeya Aung
movie

Players (2012)

Blackmail (2018) 7.2
Blackmail (2018) ဒီကားကတော့အိန္ဒိယကားတွေကိုစောင့်မျှော်နေသူများအတွက် Comedy/Drama ဇာတ်ကားသစ်လေးဖြစ်ပါတယ်။Rating လည်း7.2 အထိရရှိထားပြီးစိတ်ဝင်စားစရာကောင်းတဲ့ဇာတ်ကားလေးပါ။ဇာတ်လမ်းအကျဉ်းလေးကတော့ သာမန်ရုံးလုပ်ငန်းမှာလုပ်ကိုင်ရင်း အကြွေးတွေပတ်ချာလည်နေတဲ့ လင်ယောကျာ်းတစ်ယောက်မိသားစုအတွက် ရုန်းကန်ကြိုးစားနေတဲ့ လင်ယောကျာ်းတစ်ယောက်၊အိမ်ထောင်ရေးမသာယာလင်ယောကျာ်းတစ်ယောက်၊သူများမစားတဲ့အသီးကို ထိုးကျွေးခံလိုက်ရပြီးကိုယ့်အတွက်လည်းဘာမှအကျိုးမရှိဘဲ ဝဋ်ခံနေရတဲ့လင်ယောကျာ်းတစ်ယောက်ကို ဦးတည်ရိုက်ကူးထားတာပါ။အိမ်ထောင်ရေးမသာယာတာကြောင့် အိမ်ကိုစောစောမပြန်ဖြစ်ပဲ ရုံးမှာအနေများတဲ့ Dav တစ်ယောက် ကိုယ့်မိန်းမနောက်မီးလင်းနေမှန်းသိရတော့ တော်တော်စိတ်ထိခိုက်သွားပါတယ်။ဒီတော့ ဇာတ်ကားနာမည်အတိုင်းဒေးဗ်တစ်ယောက်လက်စားပြန်ချေဖို့ကြိုးစားပါတော့တယ်။ဟာသလေးတွေနှောပြီး ရိုက်ကူးထားတဲ့အတွက် ရယ်လည်းရယ်ရပါတယ်။ဇာတ်လိုက်မင်းသားရဲ့ထုံပေပေမျက်နှာပေးဟာလည်း ဇာတ်ရုပ်နဲ့အရမ်းပလဲနံသင့်ပါတယ်။အားလပ်ချိန် ပေါ့ပေါ့ပါးပါးကြည့်လို့ရတဲ့ ဇာတ်ကားလေးဖြစ်ပါတယ်။Dev တစ်ယောက် ဘယ်လိုအကွက်ချမလဲဆိုတာ ကြည့်လိုက်ကြပါဦး။(ဇာတ်လမ်းအညွှန်းနဲ့ဘာသာပြန်သူကတော့ ကိုသူရပါ)File Size : (999 MB) Quality : WEBRip 720p Running Time : 2hr 18min Format : Mp4 Genre : Comedy, Drama Subtitle : Myanmar Subtitle (Hard Sub) Source : 720p.Web.Rip.x264.AC3.DTOne-Exclusive Translated by Thura Zarni Aung Encoded by Thanhtike Zaw
movie

Blackmail (2018)

2018