Channel Myanmar

Onadio Leonardo

Why Do You Love Me (2023) 5.8
Why Do You Love Me (2023) Why Do You Love Me (2023) "ဘာလို့ချစ်တာလဲ"IMDb - 5.8/10လူ့အခွင့်အရေးဆိုတာ လူတိုင်းရဖို့ထိုက်တန်တယ်ဆိုရင် မသန်စွမ်းတဲ့သူတွေမှာလည်း အိမ်ထောင်ရေးသုခဆိုတဲ့အရာကိုရဖို့ ထိုက်တန်တယ်မဟုတ်ဘူးလားတဲ့။ ဒီအတွေးကို ပထမဆုံးချပြရင်း အကောင်အထည်‌ဖော်ခဲ့တဲ့သူကတော့ Asta Anthony Philpotဆိုတဲ့ အမေရိကန်နိုင်ငံသားproducerပေါ့။ ကိုယ်တိုင် physical disabilityရှိသူတစ်ယောက်အနေနဲ့ မသန်စွမ်းတွေအတွက်လည်း အခကြေးငွေပေးပြီး ပျော်ပါးတဲ့ဝန်ဆောင်မှုမျိုးရသင့်တယ်လို့ ချပြခဲ့သူပေါ့။ Asta Philpotကို အကြောင်းပြုလို့ Come as you areတို့ Hasta La Vista တို့လို ရုပ်ရှင်တွေရိုက်ဖြစ်သွားပြီး အခုတစ်ခါတင်ဆက်ပေးမှာကတော့ Hasta La Vista ရဲ့ အင်ဒိုremakeလေးပါ။နိစ္စဓူဝ ကိစ္စအဝဝကို မိဘကိုအားကိုးရင်းနေရတဲ့ မသန်စွမ်း ၃ ယောက်ဖြစ်တဲ့ ဒန်တွန် ဘာစ်ကာရာနဲ့ မီကိုတို့အတွက်တော့ ချစ်သူဆိုတဲ့အရာက မူးလို့တောင်ရှူစရာမရှိပါဘူး။ ဒီပုံစံအတိုင်း အမေအဖေတွေနဲ့ ဆက်နေနေရင်တော့ နှစ်တစ်ထောင်အက်ဖ်အေဘဝက ကျွတ်ဖို့လွတ်ဖို့ကလည်းမရှိတဲ့ လူပျိုစစ်စစ် ရေမရောဘဝနဲ့ ...
movie

Why Do You Love Me (2023)

2023
Hello Ghost (2023) 6.5
Hello Ghost (2023) Hello Ghos (2023)လူတွေက ဘယ်လိုအချိန်မျိုး‌တွေမှာ အထီးအကျန်ဆုံးလို့ ထင်ပါသလဲ။ အားလပ်ရက်တွေ နှစ်သစ်ကူးတွေ ခရစ်စမတ်နေ့တွေမှာ လူတွေက အထီးကျန်လွန်းတာကြောင့် သေကြောင်းကြံစည်ဖို့ဆုံးဖြတ်ကြပါတယ်။ ဒီရုပ်ရှင်ရဲ့ဇာတ်လိုက် ကရက်စနာက မိဘမဲ့တစ်ကောင်ကြွက်လူငယ်တစ်ယောက်။ သူက အထီးကျန်တဲ့ဝေဒနာကိုလည်း အလူးအလဲခံစားနေရရှာတယ်။ ရည်းစားရဲ့ဖြတ်တာလည်းခံရတဲ့အပြင် အလုပ်လည်းထုတ်ခံလိုက်ရတာကြောင့် ကရက်စနာတစ်ယောက်မချိတဲ့အဆုံး သေကြောင်းကြံစည်ပါပြီ။ လည်ပင်းကိုကြိုးကွင်းစွပ်သေဖို့ကြိုးစားကြည့်တယ်။ မအောင်မြင်ခဲ့ဘူး။ ပိုးသတ်ဆေးတွေသောက်တယ်။ မသေပြန်ဘူး။ နောက်ဆုံး ပါရာစီတမောတွေသောက် ရေကူးကန်ထဲခုန်ချလိုက်တော့မှ... မသေဘဲ ဆေးရုံရောက်သွားပါတယ်။ ဆေးရုံကုတင်မှာပြန်နိုးလာတဲ့အချိန် တစ်ခုခုတော့လွဲနေခဲ့တယ်။ ကရက်စနာက သရဲတွေကို ‌မြင်နေရတာပါပဲ။ သွေးသံရဲရဲနဲ့ သရဲတွေကိုမြင်ရတဲ့စွမ်းရည်ရှိပြီး အဲ့သရဲတွေသေဆုံးရတဲ့အကြောင်းအရင်းကို စုံထောက်လုပ် အမှုမှန်ဖော်ရတဲ့ဇာတ်လမ်းမျိုးမဟုတ်ပါဘူး။ ကရက်စနာက သရဲလေးကောင်ကိုသာ မြင်ရတာဖြစ်ပြီး အဲ့သရဲတွေက ကရက်စနာအိမ်ကို လိုက်နေပါတော့တယ်။ အဲ့သရဲတွေက ဘာကိစ္စကြောင့် ကရက်စနာကိုနှောင့်ယှက်နေရသလဲ သူတို့က‌ရောအချိန်တန်ရင်ပျောက်ကွယ်သွားမှာလားဆိုတာကို ကြည်နူးစရာဒီဇာတ်ကားလေးထဲမှာကြည့်ရှူရမှာဖြစ်ပါတယ်။Genre..... Comedy, Drama Quality…. 1080p | 720p File size… 1.2GB | 545MB Format… mp4 Duration…. 1h 53min Subtitle…. Myanmar Subtitle (Hardsub) Translator ..... Jane Encoder ..... Aaron
movie

Hello Ghost (2023)

2023