Channel Myanmar

Oona von Maydell

The Bunker (2015) 6.1
The Bunker (2015) ဂျာမန်စကားပြော ရုပ်ရှင်ဆန်းဆန်းလေးတစ်ကား တင်ဆက်ပေးလိုက်ပါတယ် ဥရောပဖလင်ဆိုတဲ့အတိုင်း ဟောလိဝုဒ်ဇာတ်ကားတွေနဲ့ မတူကွဲပြားတဲ့ ခံစားမှုကို ပေးစွမ်းနိုင်မယ့် ကားလေးပါလူသူကင်းမဲ့တဲ့ နေရာလေးက အိမ်တစ်လုံးမှာ ထူးဆန်းတဲ့ မိသားစုသုံးယောက်နေထိုင်ပြီး တစ်နေ့ လူငယ်ကျောင်းသားလေးတစ်ယောက်က သူတို့အိမ်မှာ အိမ်ခန်းတစ်ခန်းငှားမယ်ဆိုလို့ ရောက်လာပါတယ် စာလေ့လာဖို့ တိတ်ဆိတ်ပြီး လူသူကင်းမဲ့တဲ့နေရာဆိုလို့ ရောက်လာတာပေါ့ ဒါပေမဲ့ အိမ်ရှင်မိသားစုရဲ့ လူနေမှုအဖွဲ့အစည်းနဲ့ ဆန်ကျင်ဘက်ဖြစ်လွန်းတဲ့ နေထိုင်မှုစရိုက်တွေကို မြင်ရပြီး ခိုးလိုခုလု ဖြစ်ကုန်ပါတယ်ဒါ့အပြင် ကလောက်စ်ဆိုတဲ့ autism ကောင်လေးတစ်ယောက်ကို အိမ်ရှင်လင်မယားက စာသင်ပေးဖို့ တောင်းဆိုလာတဲ့အခါမှာတော့...ဘာတွေဆက်ဖြစ်မလဲ စိတ်ဝင်စားဖွယ်ကြည့်ရှုရမှာဖြစ်ပြီး အတွေးလည်း နယ်ချဲ့နိုင်မယ့် ဂျာမန်ကားလေး ဖြစ်ပါတယ် File size…(1.1 GB)/(490 Mb) Quality….Blu-Ray 1080p / 720p Format…mp4 Duration….01:45:00 Genre... Comedy, Drama, Horror Subtitle….Myanmar Subtitle (Hardsub) Encoder….Garfield Translated by Sike Tan
movie

The Bunker (2015)

A Place to Fight For (2023) 6.1
A Place to Fight For (2023) A Place to fight for (2023)ဆရာဇော်ဂျီရဲ့ သင်သေသွားသော် ကဗျာလေးလိုပေါ့ လူ့ဘဝကြီးမှာတော့ အိုရနာရသေရတာ ဓမ္မတာပါပဲ။ ဒါပေမဲ့ သင်သေသွားသော်လဲ သင်နေတဲ့နေရာကြီး ကောင်းမွန်စွာရှိနေဖို့က ကြိုးစားရမှာပါပဲ။ သင်နေနေတဲ့ ခုကမ္ဘာမြေကြီးဟာလဲ သင်ကာကွယ်ထိုက်တဲ့ ကျုးကျော်ဖျက်ဆီးသူတွေကို တွန်းလှန်သင့်တဲ့ နေရာတစ်ခုဆိုတာ မမှားပါဘူး။ဒီဇာတ်ကားလေးကလဲ ဒီအကြောင်းပါပဲ ကိုယ့်မိသားစုကိုတောင် မကာကွယ်နိုင်တဲ့သူဟာ ဒီကမ္ဘာမြေကြီးကိုကော ဘယ်လိုကာကွယ်မလဲ။ အရာအားလုံးဟာ အခြေခံကနေစပါတယ်။ ကျွန်တော်တို့ရဲ့ဖြစ်ချင်တဲ့ ဆန္ဒတွေကို ရှေ့တန်းတင်ပြီး ဒီကမ္ဘာကြီးကို ဖျက်ဆီးလာခဲ့ကြတာ နှစ်ပေါင်းအတော်ကြာပါပြီ။ ဒီလိုဖျက်ဆီးခဲ့ကြတာကနေ ပြန်လည်တည်ဆောက်ပေးဖို့မလုပ်တာလဲ အတော်ကြာပါပြီ။ ဒါပေမဲ့ ဒီလိုကမ္ဘာမြေကြီးကို ဘာလို့ကာကွယ်သင့်သလဲဆိုတာ ကိုတော့ ဒီဇာတ်ကားလေးမှာ မြင်တွေ့ကြရမှာပါ။ နိုင်ငံရေးသမားတွေရဲ့လှည့်ကွွက်တွေကြားမှာ ဒုက္ခရောက်ရတဲ့ မိသားစုအကြောင်းလေးပေါ့။ဇာတ်လမ်းအကျဉ်းကတော့ ဂရက် ဆိုသူဟာအဓိကရုဏ်းနှိမ်နှင်းရေး ရဲတစ်ယောက်ပါ။ မီရီရန်ကတော့ သဘာဝပတ်ဝန်းကျင်ဆိုင်ရာ တက်ကြွလှုပ်ရှားသူလေးပေါ့။ ဂရက်ကတော့ ဒီလိုတက်ကြွလှုပ်ရှားသူတွေကြားထဲသွားပြီး အသွင်ယူကာသူတို့ဘာလုပ်နေတယ် ဘာတွေကြံနေတယ်ဆိုတာကို အထက်ဌာနသိအောင် ပြန်ပြီးတင်ပြရတဲ့အလုပ်ပေါ့။ ဂရက်က ဒီလိုမျိုး သူလျှိုလုပ်နေတုန်းမှာ မီရီရန်နဲ့ တစ်ညတာအတူကုန်ဆုံးလိုက်မိရကနေ သားလေးတစ်ယောက်ရလာပါတယ်။ သူတို့မိသားစုလေးဟာ သူတို့ရဲ့အလုပ်တွေကိုမေ့ထားပြီး မိသားစုဘဝလေး အတူတူတည်ထောင်နေချိန်မှာပဲ သူတို့ကြားကို ရေကာတာလုပ်ငန်းတစ်ခုလာတည်ဆောက်တဲ့အချိန်မှာ ပဲ ...
movie

A Place to Fight For (2023)

2023