Channel Myanmar

Ori Sivan

Waltz with Bashir(2008) 7.0
Waltz with Bashir(2008) Waltz with Bashir(2008)***********************၁၉၈၂ ခုနှစ် ဇွန်လမှာ အစ္စရေးဟာ လက်ဘနွန်နိုင်ငံကိုကျူးကျော်စစ်စတင်ခဲ့စဉ်ကအကြောင်းတွေပြန်လည်ဖော်ထုတ်ထားတဲ့ဖြစ်ရပ်မှန်နောက်ခံဇာတ်ကားဖြစ်ပါတယ်။ Ari Flomanဟာထိုစစ်ပွဲမှာ အစ္စရေးဘက်ကတိုက်ခိုက်ခဲ့သူဖြစ်ပြီးလက်ရှိမှာ ရုပ်ရှင်ဒါရိုက်တာတစ်ယောက်ဖြစ်ကာ စစ်ပွဲနဲ့ပတ်သက်တာတွေကို သူမမှတ်မိနိုင်ဖြစ်နေပါတယ်။ တစ်နေ့မှာသူငယ်ချင်းဖြစ်သူ ဘော့ဇ်က သူ့အိပ်မက်အကြောင်းပြောပြတော့လွန်ခဲ့တဲ့နှစ်နှစ်ဆယ်က စစ်ပွဲမှာဖြစ်ပျက်ခဲ့တာတွေကိုရေးရေးမြင်လာပါတယ်။ စစ်ပွဲမှာ သူဘာတွေလုပ်ခဲ့လဲ၊ဘယ်တွေရောက်ခဲ့လဲဆိုတာကို ပြန်လည်ရှာဖွေဖို့မိတ်ဆွေတွေဆီလိုက်မေးတဲ့ ပုံစံမျိုးနဲ့ဇာတ်အိမ်တည်ထားပါတယ်။ ဘာလို့လိုက်မေးရသလဲ ဒီဇာတ်ကားကိုသူဘာကြောင့်ထုတ်လုပ်ရသလဲဆိုတော့အဲ့အချိန် အဲ့စစ်ပွဲမှာဖြစ်ပျက်ခဲ့ပြီး ဘာစီရင်ချက်မှမရှိခဲ့တဲ့ လက်ဘနွန်ဒုက္ခသည်စခန်းတွေက အစုလိုက်အပြုံလိုက်သတ်ဖြတ်မှုတွေကို မီးမှောင်းထိုးပြချင်လို့ပါပဲ။ ဇာတ်လမ်းအဆုံးမှာထိုအချိန်ကရိုက်ကူးခဲ့တဲ့ video footageလေးနဲ့အဆုံးသတ်ထားပါတယ်။File Size : (1.5GB) and (575MB) Quality : Blu-Ray  1080P, 720p Format…mp4 Duration…01:30:00 Genre : Biography, Animation Subtitle : Myanmar Subtitle (Hard Sub) Translated by Themes Encoded by Phyo Pyae
movie

Waltz with Bashir(2008)