Channel Myanmar

Orla Cottingham

Typist Artist Pirate King (2022) 5.8
Typist Artist Pirate King (2022)  ကိုယ့်ကိုကိုယ် လက်နှိပ်စက်စာရေးမ ပန်းချီဆရာမ ပင်လယ်ဓားပြဘုရင်ရယ်ဆိုပြီးထင်ယောင်ထင်မှားဖြစ်နေတဲ့ အဖွားအိုအော်ဒရီအေမစ်က သံသယလွန်ကဲစိတ်ရောဂါဝေဒနာသည်တစ်ယောက်ဖြစ်တယ်... တစ်နေ့မှာ အော်ဒရီက ဆန်ဒါလန်မှာရှိတဲ့ပန်းချီပြခန်းကို သွားချင်ခဲ့ပြီး သူနာပြုဆန်ဒရာကိုဖိအားပေးပို့ခိုင်းခဲ့တယ်။ လန်ဒန်ကနေ ဆန်ဒါလန်အထိက မိုင်၂၈၀ကွာဝေးတဲ့ခရီးပါ။ ဒီလိုနဲ့ ပန်းချီပြခန်းအထိအတူသွားကြရင်း လမ်းမှာကြုံရတဲ့သူတွေအပြင် တစ်ကားလုံးမှာ အော်ဒရီရဲ့စိတ်ဖောက်ပြန်တဲ့လက္ခဏာတွေကို အဓိကတွေ့ရမှာပါ။စိတ်ရောဂါသည်တွေရဲ့စိတ်က သာမန်လူတွေနဲ့ဘယ်လိုကွာခြားတယ်ဆိုတာအဓိကကြည့်ရမှာဖြစ်ပြီး ရောဂါသည်အော်ဒရီက ညီမဖြစ်တဲ့ဒိုရိုသီကို နှစ်ပေါင်းများစွာ အဆက်သွယ်မလုပ်တာက ဘာကြောင့်ဆိုတာနဲ့... အဆုံးမှာသူတို့ညီအစ်မရဲ့ဆက်ဆံရေးကဘယ်လိုဖြစ်မယ်၊ ဆန်ဒါလန်ခရီးစဥ်ကြောင့် အော်ဒရီနဲ့ သူနာပြုဆန်ဒရာကရောပိုပြီးရင်းနှီးလာမလားဆိုတာကိုကြည့်ရမှာပါ။ဇာတ်ကားကပေးချင်တဲ့အဓိကမက်ဆေ့က စိတ်ဝေဒနာသည်တွေကိုပိုပြီးနားလည်လာစေဖို့ပါပဲ။ ထင်ယောင်ထင်မှားဖြစ်တာ သံသယလွန်ကဲတာတွေက ဆက်ဆံရေးကိုပျက်ပြားစေတယ်ဆိုတာအပြင် သံသယလွန်ကဲတတ်တဲ့ဝေဒနာသည်အော်ဒရီအေမစ်ကရော ဒီမကောင်းတဲ့သံသယစိတ်တွေနဲ့ ဘယ်လိုနေနေရတယ်ဆိုတာကို စိတ်ရောဂါသည်တွေရဲ့ပင်ကိုယ်သဘာဝစရိုက်ဗဟုသုတအနေနဲ့ ပိုပြီးသိလာရတဲ့ဇာတ်ကားမျိုးပါ။ File size…(2.3 GB)/(1.1 GB) Quality….Webrip 1080p / 720p Format…mp4 Duration….01:48:00 Genre...Drama Subtitle….Myanmar Subtitle (Hardsub) Encoder….Garfield Translated by Su Eaindra 
movie

Typist Artist Pirate King (2022)

The Phantom of the Open(2022) 7.2
The Phantom of the Open(2022)   ဒီတစ်ခါတော့ ဖြစ်ရပ်မှန်ဂေါက်သီးရိုက်ကားလေးတစ်ကားကို တင်ဆက်ပေးလိုက်ပါတယ်ခင်ဗျာမာရိစ်ဆိုတဲ့သင်္ဘောကျင်းမှာ ကားမောင်းတဲ့ အဖိုးကြီးတစ်ယောက်က သူတို့အလုပ်ကို နိုင်ငံတော်ပိုင်သိမ်းတော့မှာ ကြိုသိသွားတော့ တခြားအလုပ် တစ်ခုကိုရှာဖွေရင်း ဂေါက်ရိုက်ဖို့ စတင်ကြိုးစားခဲ့တဲ့ သူတစ်ယောက်ပေါ့ဗြိတိသျှအိုင်းပင်းပြိုင်ပွဲကြီးမှာ ဝင်ပြိုင်ဖို့ ကြိုးစားရင် အလွဲလွဲဖြစ်ခဲ့တာပေါ့ တကယ့်ကို မကြုံဖူးတဲ့ စံချိန်တွေချိုးခဲ့သူတစ်ယောက်ပါပဲ ဒါပေမဲ့ ဇာတ်လမ်းရဲ့ အနှစ်သာရကတော့ အဲဒါမဟုတ်ပါဘူး မိဘတစ်ယောက်က သားသမီးတွေကို ဘယ်လောက်တောင် အနစ်နာခံ ပြုစုရလဲ ဆိုတဲ့အကြောင်းလေးကို မီးမောင်းထိုးပြချင်တာပါ ပေါ့ပေါ့ပါးပါးလေးဆိုပေမဲ့ တကယ့်ကိုရင်ထဲခံစားရအောင် ရိုက်ပြထားတဲ့ ကားကောင်းလေးတစ်ကားဆိုတော့ မလွတ်တန်းကို ကြည့်တန်တဲ့ကားကောင်းလေးတစ်ကားပါပဲFile size…(1.83GB)/(876MB)/(406MB) Quality….Webrip 1080p / 720p / 480p Format…mp4 Duration….01:46:00 Genre...Comedy/ Drama / Sport Subtitle….Myanmar Subtitle (Hardsub) Encoder….Mr. Anderson Translated by Garfield 
movie

The Phantom of the Open(2022)