Channel Myanmar

Oshri Cohen

Agora (2009)
Agora (2009) ဟိုက်ပါးရှား - ဉာဏ်ပညာ အတွေးအခေါ် အလှတရား ကောင်းခြင်းအင်္ဂါအဖြာဖြာနဲ့ပြည့်စုံတဲ့ ဂရိအတွေးအခေါ်ပညာရှင်၊ ဘာသာရေးဆိုင်ရာအားပြိုင်မှုတွေကြားမှာ အလွမ်းမိုးမခံဘဲ လက်တွေ့ကျကျ နေထိုင်ဖြတ်သန်းပြီး စကြာဝဠာနဲ့ပတ်သက်တဲ့ သိပ္ပံနည်းကျအဖြေတွေကို စိတ်အားထက်သန်စွာ ရှာဖွေသိရှိဖို့ ကြိုးစားနေခဲ့တဲ့သူမကို ဘာသာရေးမှိုင်းတွေ အားပြိုင်မှုတွေ ပဋိပက္ခတွေက ဘယ်လိုများ………..???ဇာတ်လမ်းအကျဉ်းဒီဇာတ်ကားလေးကတော့ ရိုမန်အင်ပါယာလက်အောက်ခံ အလက်ဇန်းဒရီးယားမြို့တော်မှာ မူလအစ ဂရိနတ်ဘုရားတွေကိုကိုးကွယ်နေကြရာမှ ခရစ်ယာန်ဘာသာကို ယုံကြည်သက်ဝင်သူများ တိုးပွားလာတဲ့အခါ ဘာသာရေးပဋိပက္ခများ အဓိကရုဏ်းများ ဘာသာရေးအယူမတူညီမှုကြောင့် သတ်ဖြတ်ကြမှုများ ဖြစ်ပွားလာခဲ့ကာ ခရစ်ယာန်ဘာသာဝင်တွေက အရေးသာသွားပြီး နတ်ဘုရားကိုးကွယ်ခြင်းမှ ခရစ်ယာန်ဘာသာသို့ ကူးပြောင်းလာတဲ့အရွေ့ကြီးဖြစ်လာခဲ့ပါတယ်။စကြာဝဠာကြီးရဲ့ ထူးခြားဆန်းကျယ်လှတဲ့လျိူ့ဝှက်ချက်တွေကို သိပ္ပံနည်းကျဖော်ထုတ်စူးစမ်းချင်ပြီး ဘာသာရေးကို ထည့်မတွေးတတ်တဲ့ ဟိုက်ပါးရှားဆိုတဲ့အတွေးအခေါ်ပညာရှင်၊ ဟိုက်ပါးရှားရဲ့တပည့်ဘဝမှ မြို့စားဖြစ်လာခဲ့ပြီး သူမကို လူသိရှင်ကြားသဘောကျတဲ့ နတ်ဘုရားကိုးကွယ်သူ ဂရိမြို့စားအိုရက်စ်တီးစ်၊ ဟိုက်ပါးရှားကို ငယ်စဉ်ကတည်းက တိတ်တခိုးချစ်မြတ်နိုးခဲ့ပြီး သူမရဲ့ငယ်ကျွန်ဘဝမှ ခရစ်ယာန်သာသနာလက်မရွံ့ဖြစ်လာခဲ့တဲ့ ဒေးဗပ်စ် အဆိုပါ ယုံကြည်သက်ဝင်မှုမတူညီတဲ့ ဇာတ်ကောင်သုံးယောက်နှင့် ဘာသာရေး လူမျိုးရေး နိုင်ငံရေး ...
movie

Agora (2009)

Lebanon (2009)
Lebanon (2009)  ဒီတစ်ခါမှာတော့ Rotten tomatoes မှာ 90%ထိရရှိထားတဲ့ War/Thriller ဇာတ်ကားလေးတစ်ကားကို တင်ဆက်ပေးမှာဖြစ်ပါတယ်1982 လက်ဘနွန်စစ်ပွဲမှာ အစ္စရေး အမြှောက်ကားတစ်စီးနဲ့ တပ်စုတစ်စုဟာ လေတပ် ဗုံးကြဲထားရာနေရာကို ဝင်ရောက်ပြီး ကျန်ရှိနေတဲ့ အကြမ်းဖက်တွေကို ရှင်း‌လင်းရေး လုပ်ရပါတယ် ရှင်းလင်းရေး လုပ်နေတုန်းမှာပဲ သူတို့ဟာ မူလလမ်းကြောင်းက ကွဲထွက်သွားပြီး စီးရီးယားနယ်မြေထဲကိုရောက်သွားပါတော့တယ် သူတို့ နယ်မြေအပြင်ဘက်ကို ပြန်ထွက်လာနိုင်မှာလားအစ္စရေး လက်ဘနွန်စစ်ပွဲက စစ်သားတစ်ယောက်ရဲ့ အတွေ့အကြုံကို အခြေခံပြီးရိုက်ကူးထားတဲ့အတွက် စစ်ပွဲအတွင်း တင့်ကားထဲမှာ တာဝန်ထမ်းဆောင်တဲ့တပ်သားတွေရဲ့ဘဝကို လက်တွေ့ဆန်ဆန် ကြည့်ရှုရမှာပဲဖြစ်ပါတယ် File size…(833 MB) Quality….Webrip 1080p / 720p Format…mp4 Duration….01:32:00 Genre...Drama, War Subtitle….Myanmar Subtitle (Hardsub) Encoder….Mr. Anderson Translated by Ban
movie

Lebanon (2009)

The Engineer (2023)
The Engineer (2023)  ဖြစ်ရပ်မှန်ကို အခြေခံထားပြီး Yahya Ayyash ဆိုသူကို လုပ်ကြံတဲ့အကြောင်းရိုက်ကူးထားတဲ့ ဇာတ်ကားပါ...။ Yahya Ayyash ဆိုသူဟာ ကမ္ဘာပေါ်က သက်တမ်းအရှည်အကြာဆုံးပဋိပက္ခတစ်ခုဖြစ်တဲ့ အစ္စရေး-ပါလက်စတိုင်းပဋိပက္ခတွင် ပါဝင်ခဲ့သူပါ...။၁၉၄၈ခုနှစ်ကတည်းကစခဲ့တဲ့ဒီပဋိပက္ခဟာ လက်ရှိကာလအထိလည်းဆက်ဖြစ်နေတုန်းပါပဲ....။Ayyashဟာ ၁၉၉၀ ဝန်းကျင်၊ အစ္စရေးတွင် အသေခံဗုံးခွဲမှုများပြုလုပ်စေခဲ့တဲ့Hamasအစ္စလာမ်တော်လှန်ရေး စစ်သွေးကြွတပ်ဖွဲ့ရဲ့ အဓိကဗုံးပြုလုပ်သူဖြစ်ပါတယ်။ဗုံးအတတ်ကျွမ်းကျင်ခြင်း၊ လက်အောက်ငယ်သားများကို ဗုံးလုပ်နည်းသင်ပေးခြင်း၊အသေခံဗုံးခွဲမှုပြုစေချင်းတွေကြောင့် ကမ္ဘာက သူ့နာမည်ကို "The Engineer"လို့သိကြပါတယ်...။သူကိုလုပ်ကြံသွားတာက Shabak(Shin Betလို့လည်းသိကြတဲ့) အစ္စရေးလျှို့ဝှက်ထောက်လှမ်းရေးကပါပဲ...။အစ္စရေးသမိုင်းမှာ အကြီးမားဆုံး ရာဇဝတ်ကောင်ဖမ်းပွဲတစ်ခုကိုမြင်တွေ့ရမယ် ဇာတ်ကားပဲဖြစ်ပါတယ်...။ File size…1.43GB / 512MB Quality…WEB-DL 1080p 5.1 CH/ 720p Format…mp4 Duration….1h 32m Genre ….. Action Subtitle….Myanmar Subtitle (Hard Sub) Encoder….Min Wai Translated by Themes
movie

The Engineer (2023)

Kicking Out Shoshana (2014) 4.7
Kicking Out Shoshana (2014)  ဒီဇာတ်ကားကတော့ မမ Gal Gadot သူ့နိုင်ငံအစ္စရေးမှာ ရိုက်ကူးထားတဲ့ ဟီဘရူးစကားပြော ရှားပါးဇာတ်ကားလေးပါ...HD Quality အစစ်နဲ့ ဟီဘရူးအသံရရှိဖို့ ကိုယ်တိုင် Edit ပြန်ထိုင်ထားရတဲ့ ဇာတ်ကားလေးမို့အင်တာနက်ပေါ်မှာ CM ကလွဲပြီး ဘယ်မှာမှမရှိသေးပါဘူး။ဇာတ်လမ်းကတော့ ....ဂျေရူစလင်သားများဆိုတဲ့ ဘောလုံးအသင်းက တိုက်စစ်မှူး အာမီရှူရှန်ဟာပရီးမီးယားလိဂ်တွေ ချန်ပီယံလိဂ်တွေသွားရဖို့ထိ မျှော်လင့်ထားကြတဲ့ ဘောလုံးကစားတစ်ဦးဖြစ်ပေမယ့်အစ္စရေးလိဂ်မှာပဲ တစ်နေရတဲ့ဘဝပေါ့....မမ Gal Gadot ကျတော့ ဒီဇာတ်ကားထဲမှာ တော်တော်ဇာတ်နာရပါတယ်...ငယ်စဉ်ကတည်းက ဆင်းရဲပြီး အ‌ကြွေးပေါ်အကြွေးဆင့်နေတဲ့မိဘတွေဆီမှာမွေးဖွားလာတဲ့သူမို့သူ့ကိုကြိုက်နေတဲ့ဂိုဏ်းစတားတစ်ယောက်ရဲ့ မွေးပြီးတော့ စားခြင်းခံနေရတဲ့ဘဝပါ...တစ်နေ့တော့ မမနဲ့ မင်းသားရှူရှန်တို့ နိုက်ကလပ်တစ်ခုမှ မတော်တဆ ဆုံမိကြပါတယ်...ရှူရှန်က ဘာသားနဲ့ထုထားတာမလို့လဲ...ချက်ချင်းပဲ မမကိုကြွေကျတာပေါ့...မမရဲ့အပြုံးတွေကလဲ အပြင်ကအတိုင်းပဲလေ...သေလောက်အောင် ဆွဲဆောင်နိုင်တာကိုး...ဒီတော့ နိုင်ငံကျော်ဘောသမားနဲ့ နယ်မရွေးလူမိုက်တို့ မမရဲ့အချစ်ကိုရဖို့မယ်သီတာရဲ့ ရာမနဲ့ဒဿလို လုကြမှာပါ..သူတို့ကတော့ လေးတော်မတင် စစ်မခင်းဘဲ မီဒီယာစစ်ပွဲဆင်နွှဲကြမှာပါ...ဇာတ်လမ်းက သွက်သွက်လက်လက်နဲ့အခွီတွေပါ တင်ဆက်ထားတာမို့ ကြည့်ရင်းရယ်နေရပါတယ်...ဒါ့အပြင် LGBT နဲ့ပတ်သက်ပြီးတော့လဲ အတွေးအမြင်လေးတချို့ကို ချပြထားနိုင်ပါသေးတယ်...နောက်ထပ်အရေးကြီးတဲ့အချက်ကတော့...ဒို့မမလေ... အရမ်းကိုလှတာပဲဗျာ။  File ...
movie

Kicking Out Shoshana (2014)