Channel Myanmar

Owen McDonnell

Love & Gelato (2022)
Love & Gelato (2022) Lina ဟာ single mother ဖြစ်သူ သူ့အမေနဲ့ကြီးပြင်းလာရတာပါ။သူ့အမေကင်ဆာနဲ့သေဆုံးသွားချိန်မှာတော့ သူဟာတစ်ကောင်ကြွက်လိုဖြစ်သွားရပါတယ်။ဒါပေမယ့်အမေဖြစ်သူဟာ မသေမီ သူ့သမီးကို သူငယ်စဉ်ကနေခဲ့တဲ့ အီတလီကို သွားဖြစ်အောင်သွားခိုင်းပါတယ်။လီနာလည်း သူ့အမေရဲ့အီတလီက သူငယ်ချင်းဖြစ်သူ Francesca နဲ့သွားနေပြီး သူ့အမေရဲ့လျှို့ဝှက်ထားတဲ့ အတိတ်ကိုခြေရာခံရင်း အီတလီရဲ့ လှပတဲ့အနုပညာလက်ရာ‌တွေဓလေ့ထုံးတမ်းတွေ အရသာရှိတဲ့အစားအစာ‌တွေကိုခံစားရပါတယ်။ဒါ့အပြင် သူ့အမေရဲ့လျှို့ဝှက်ချစ်သူကိုဖော်ထုတ်နေချိန်မှာပဲ သူကိုယ်တိုင်ကလည်း ချောမောတဲ့အီတလီကောင်လေးနှစ်ယောက်ကြားရွေးဖို့ဖြစ်လာရပါတယ်။ Rome, Florence တို့လိုလှပတဲ့မြို့တွေရဲ့ ခမ်းနားမှုကိုခံစားရင်း လီနာ့ရဲ့ဘ၀ကို‌ ပြောင်းလဲသွားစေတဲ့ ခရီးကို ကြည့်ရှုရမှာပါ။နာမည်ကြီးစာအုပ်ကို ရုပ်ရှင်ပြန်ရိုက်ထားတဲ့ ကြည်နူးစရာဇာတ်လမ်းလေးပါ။ File size…(2.21GB)/(1.14GB)/(590 Mb) Quality….Webrip 1080p / 720p / 480p Format…mp4 Duration….01:50:00 Genre...Drama, Comedy, Romance Subtitle….Myanmar Subtitle (Hardsub) Encoder….Mr. Anderson Translated by SP
movie

Love & Gelato (2022)

Saving the Titanic (2012) 7.3
Saving the Titanic (2012) Saving the Titanic (2012)==================IMDb Rating - 7.3/10၁၉ရာစုဦးလောက်မှာ သမိုင်းမှာ အကြီးကျယ်ဆုံးသင်္ဘောတစ်စီး ပေါ်ပေါက်ခဲ့တယ်။ ဘယ်လိုမှ မနစ်မြုပ်နိုင်ဘူးဆိုပြီး ကြွေးကြော်ပြီး ပထမဆုံးခရီးမှာတင် နစ်မြုပ်သွားခဲ့တယ်။ အားလုံးသိကြတဲ့အတိုင်း အဲ့ဒီသင်္ဘောဟာ တိုက်တန်းနစ်ပါပဲ။တိုက်တန်းနစ်ဘာလို့ မြုပ်သွားလဲဆိုတဲ့ ပါးစပ်ရာဇ၀င်တွေက အတော်ကို ပေါများခဲ့ပါတယ်။ မဆီမဆိုင် ကျွန်တော်တို့ မြန်မာပြည်မှာတောင် အာနန္ဒာဘုရားကနေ ခိုးသွားခဲ့ကြတဲ့ ကျိန်စာသင့်နေတဲ့ ဟုပ် ခေါ် မနူဟာ စိန်ပြာကြီးကို သယ်သွားလို့ မြုပ်ရပါတယ်ဆိုပြီး ပါးစပ်ရာဇ၀င်‌တောင် ရှိသေးပါတယ်။‌နောက်တိုက်တန်းနစ်က ဘာလို့ တန်းမြုပ်မသွားဘဲ တစ်နာရီခွဲကြာအောင် တဖြည်းဖြည်းချင်း မြုပ်ခဲ့တာလဲ။ ဘာလို့ ထက်ပိုင်းကျိုးကျပြီး မြုပ်ခဲ့တာလဲဆိုတဲ့ ပဟေဠိတွေလည်း ရှိပါတယ်။ တိုက်တန်းနစ်ဟာ စထွက်ကတည်းက ၀မ်းပေါက်နေတယ်ဆိုတဲ့ စကားတွေလည်း ရှိပါတယ်။ဒီရုပ်ရှင်ဟာ မိုင်းလုပ်သားသပိတ်ကြောင့် ‌ကျောက်မီးသွေးကောင်း ရှားတာလို အသေးစိတ်အချက်ကလေးတွေနဲ့ပါ ဆက်စပ်ပြီး တိုက်တန်းနစ်နစ်မြုပ်ရခြင်း အကြောင်းရင်းကို သေချာပြထားတယ်။ နောက် လူသိနည်းခဲ့ကြတဲ့ တိုက်တန်းနစ်ရဲ့ ကုန်းပတ်အောက်က အင်ဂျင်ခန်းတွေထဲက လူတွေရဲ့ တိုက်တန်းနစ် တန်းမမြုပ်ရလေအောင် ကြိုးပမ်းအားထုတ်ခဲ့ကြမှုတွေကို သေချာ ရှင်းပြထားတဲ့ ဒိုကူဒရာမာ အမျိုးအစားရုပ်ရှင်ပါပဲ။Factsတွေကို Docu ဆန်ဆန် ချက်ကျလက်ကျ ထည့်ထားပေမဲ့ ဇာတ်သွားက Docu ထက် ဒရာမာ ရုပ်ရှင်တစ်ကားလိုဘက် ပိုသွားလို့ Factsတွေလည်းသိရပြီး ပျင်းဖို့လည်းမကောင်းစေမယ့် ရုပ်ရှင်ပါပဲ။(ဒီဇာတ်လမ်းရဲ့ အညွှန်းနဲ့ ဘာသာပြန်ရေးသားပေးသူကတော့ WiRa Aung ပဲဖြစ်ပါတယ်။) Quality – ...
movie

Saving the Titanic (2012)

2012