Channel Myanmar

Owen Suskind

Life, Animated (2016) 7.4
Life, Animated (2016) ဒီရုပ်ရှင်လေးကို ဘာသာပြန်နေရင်းနဲ့“အနုပညာစစ်မှန်ရင် ဘယ်လိုရောဂါမျိုးမဆို ကုစားနိုင်တယ်”ဆိုတဲ့စကားတစ်ခွန်းကိုပြန်အမှတ်ရမိပါတယ်။ ကျွန်တော်တို့ ဝမ်းနည်းနေရင် သီချင်းတစ်ပုဒ်ကိုထပ်ခါတလဲလဲနားထောင်တာဖြစ်ဖြစ် မီးလေးပိတ်၊စောင်လေးခြုံပြီးရုပ်ရှင်ကြည့်ရင်းနဲ့ဖြစ်ဖြစ် အချိန်ဖြုန်းကြပြီးဒဏ်ရာကိုပြန်လည်ကုစားကြတယ်မလား။ အော်တစ်ဇင်ဆိုတဲ့ ရောဂါအကြောင်းကိုရုပ်ရှင်ချစ်သူတော်တော်များများ သိကြမှာပါ။ဒီရုပ်ရှင်ထဲမှာတော့ အော်တစ်ဇင်ရောဂါအကြောင်းကိုရှင်းပြပေးပြီး ဒရာမာဆန်ဆန် ဝမ်းနည်းဖို့ကောင်းအောင်ဖန်တီးထားတာမဟုတ်ပါဘူး။ကျွန်တော်သေချာပြောနိုင်တာတစ်ခုကဒီရုပ်ရှင်လေးကြည့်ပြီး စိတ်ဓါတ်ခွန်အားရလာပါလိမ့်မယ်ဗျာ။  ဇာတ်လမ်းလေးကို မိတ်ဆက်ပေးရရင်...အိုဝင်ဆက်စကိုင်းဆိုတာ အရမ်းသွက်လက်ပြီးတက်ကြွတဲ့ကလေးငယ်လေးတစ်ယောက်ဖြစ်ခဲ့ပါတယ်။ဒါပေမဲ့ အသက်သုံးနှစ်အရွယ်ရောက်တော့ မိဘတွေအတွက်အိုဝင်ဆိုတာ ပျောက်သွားခဲ့သလိုမျိုးသွက်လက်တက်ကြွပြီး ပျော်ပျော်နေတတ်တဲ့ပုံရိပ် မရှိတော့ပါဘူး။မပီမသစကားတွေပြော၊ အော်ဟစ်သောင်းကျန်းပြီးအရမ်းရန်လိုတတ်တဲ့ အိုဝင်ကို ကလေးအထူးကုဆရာဝန်နဲ့စမ်းသပ်စစ်ဆေးကြည့်တော့ “အော်တစ်ဇင်”ဆိုပြီး ခေါင်းစဉ်တပ်ပါသတဲ့။ အဲ့ဒီခုနှစ်များဆီက “အော်တစ်ဇင်”ဆိုတာ ထူးခြားတဲ့ရောဂါဖြစ်ခဲ့ပြီးမိဘတွေအတွက် စိတ်မချဖြစ်စေတဲ့ရောဂါတစ်ခုပါ။မပီမသစကားတွေပြောလာတဲ့ အိုဝင်က ရုတ်တရက်ကြီးစကားစပြောတဲ့အခါ ဒစ်စနေကာတွန်းထဲက“Just your voice” ဆိုတဲ့စာကြောင်းဖြစ်လာတဲ့အခါမှာတော့... အိုဝင်တစ်ယောက် အော်တစ်ဇင်ရောဂါနဲ့အတူငယ်ဘဝကိုဘယ်လိုဖြတ်သန်းခဲ့ရလဲ?အရွယ်ရောက်လူငယ်ဘဝကိုရော ဘယ်လိုကျော်ဖြတ်ရမလဲ?ဒစ်စနေကာတွန်းရုပ်ရှင်ကရော သူ့အတွက်ဘယ်လိုမျိုးတွန်းအားပေးခဲ့သလဲဆိုတာတွေကိုအတွေးတစ်စရအောင် သေချာရိုက်ပြထားတာမို့ကြည့်သင့်တဲ့ရုပ်ရှင်ကားကောင်းလေးပါပဲခင်ဗျာ.... File size…    1.1 GB /  630 MB Quality… BluRay 1080p / 720p Format… mp4 Duration…. 1h 32m Genre ..... Comedy/Documentary Subtitle…. Myanmar Subtitle (Hard Sub) Encoder…. Thit ...
movie

Life, Animated (2016)