Channel Myanmar

Owsley Robinson

Just for Showmance (2023) 6.6
Just for Showmance (2023)  အခုခေတ်မှာအင်တာနက်တွေကိုလူတိုင်းသုံးလာတာနဲ့အမျှ အွန်လိုင်းInfluencer ဆိုတာကလည်းအလုပ်တစ်ခုဖြစ်လာပါပြီ။ကိုယ့်ကိုယ်ကိုယ်နာမည်ကြီးသထက်ကြီးအောင်ကြိုးစားရင်း ထုတ်ကုန်တွေထုတ်ရောင်းတာစပွန်ဆာတွေကြော်ငြာပေးတာအစရှိသဖြင့်နဲ့ငွေဝင်လမ်းကြောင်းရှာဖွေရပါတယ်။အခုတင်ဆက်ပေးမဲ့ Just For Showmance ဆိုတဲ့ဇာတ်ကားထဲကတယ်ရာဆိုတဲ့ အမျိုးသမီးကလည်း Influencer တစ်ယောက်ဖြစ်ပြီးဒီနေ့မှာပဲသူ့ရဲ့ Skincare တွေကိုပွဲထုတ်ရောင်းချခဲ့ပါတယ်။အဲ့ဒီအပြင်ကိုမှသူ့မှာ တီဗီအစီအစဉ်တင်ဆက်သူဖြစ်ချင်တဲ့အိပ်မက်လည်းရှိပြီး လူရွေးပွဲတွေလည်းဝင်ရွေးခံထားပါတယ်။ဒါပေမယ့် သူက လိုအပ်သလောက်နာမည်သိပ်မကြီးတဲ့အတွက် သူ့ပစ္စည်းတွေအများကြီးမရောင်းရတဲ့အပြင် တီဗီအစီအစဉ်တင်ဆက်သူဖြစ်ဖို့လည်းရွေးချယ်မခံရပါဘူး။အဲ့ဒီအချိန်မှာပဲကံကောင်းစွာနဲ့Happily Ever After ဆိုတဲ့အစီအစဉ်တစ်ခုမှာပါဝင်ဖို့ သူ့ဆီဖုန်းဆက်လာခဲ့ပါတယ်။Happily Ever After ဆိုတာကတစ်ခါမှ မမြင်မတွေ့ဖူးတဲ့သူနှစ်ယောက်ကို လက်ထပ်ပေးတဲ့တီဗီရှိုး အစီအစဉ်တစ်ခုဖြစ်ပြီး အဲ့ဒီမှာပါဝင်ရင်နာမည်ကြီးမှာ မလို့တယ်ရာလည်း နှစ်ခါပြန်စဉ်းစားမနေပဲ လက်ခံလိုက်ပါတော့တယ်။ဒါပေမယ့် သူ့ရည်ရွယ်ချက်က နာမည်ကြီးလာဖို့ပဲဖြစ်ပြီးလက်ထပ်ဖို့ မဟုတ်တဲ့အတွက်သူနဲ့ချိတ်ပေးမဲ့ လူကိုစုံစမ်းပြီးသွားညှိနှိုင်းခဲ့ပါတော့တယ်။သူနဲ့ချိတ်ပေးမဲ့ လူကတော့ကျေးလက်မှာ နေထိုင်တဲ့ဂျိုးဆိုတဲ့မုဆိုးဖိုကလေးအဖေလူရိုးလေးဖြစ်ပြီး သမီးလေးတစ်ယောက်ရှိပါတယ်။အဲ့ဒီသမီးလေးကသွက်လက်ပြီး သူ့အဖေကိုအတင်းတိုက်တွန်းတာကြောင့်ဂျိုးလည်းလက်ခံလိုက်ရပြီး တကယ်တမ်းသူတို့ကြားမှာ သံယောဇဉ်တွေတွယ်လာကြတဲ့အခါမှာတော့ ဘာတွေဆက်ဖြစ်ကြမယ်ဆိုတာကိုRomantic ဆန်ဆန်ကြည့်ရှုရမဲ့ IMDb Rating 6.9 ရရှိထားတဲ့ဒရာမာဇာတ်လမ်းကောင်းလေးပဲဖြစ်ပါတယ်။  File size…1.72 GB / 693 MB Quality…AMZN WEB-DL 1080p / 720p Format…mp4 Duration….1h 23m Genre ….. ...
movie

Just for Showmance (2023)

Exploited (2022)
Exploited (2022) လူတွေဟာ တိုးတက်လာတဲ့ခေတ်ကြီးနဲ့အတူ ကမ္ဘာကြီးတစ်ခုလုံးနဲ့ ဆက်သွယ်လာနိုင်ပေမဲ့ တကိုယ်ရေပေါင်းသင်းရေးနဲ့ အပြင်လောကမိတ်ဆွေဖွဲ့ရေးတွေမှာတော့ အလုံးစုံကျရှုံးရပါတယ်။ ဆိုရှယ်မီဒီယာအကောင့်ပေါ်မှာ သူငယ်ချင်းထောင်နဲ့ချီပြီးရှိပေမဲ့ ပြင်ပလောကမှာတော့ အထီးကျန်ရှာတဲ့သူတွေဟာ ကွန်ပျူတာစခရင်ရှေ့မှာပဲ အချိန်ဖြုန်းကြရရှာတာပေါ့။အဲဒီအခါမှာတော့ ဆိုရှယ်မီဒီယာပေါ်မှာ ဝက်ဘ်ကမ် ဖျော်ဖြေရေးသမားဆိုတာ ပေါ်လာပါလေရော။ သူတို့ဟာ တဖက်လူကပေးတဲ့ငွေကြေးအပေါ်မူတည်ပြီး ဝန်ဆောင်မှုတွေပေးကြပါတယ်။ လိင်ကိစ္စ အဖော်အချွတ်တွေ၊ အားပေးစကားပြောတာတွေ၊ သူတပါးကို မြှောက်ပင့်ပြောဆိုပေးရတာတွေ။ တစ်ခါတလေမှာ သူတို့ကိုပေးတဲ့ငွေကြေးက သိပ်များသလောက် ပြန်လုပ်ပေးရတဲ့အရာတွေကလည်း တရားလွန်လာပါတယ်။အခုတင်ဆက်ပေးမယ့် ဇာတ်ကားအသစ်လေးကတော့ ၂၀၂၂ ခုနှစ်ထွက် horror, crime, student Life ဇာတ်လမ်းလေးပါ။ စတာလင်တက္ကသိုလ်ကို ကျောင်းသားသစ် ခပ်ရိုးရိုးလေးတစ်ယောက်အနေနဲ့ ရောက်ရှိလာတဲ့ ဘရိုင်ယန် ဆိုတဲ့ကောင်လေး မျက်စိသူငယ် နားသူငယ်နဲ့ ကျောင်းသားကြီးတွေကြား ဟိုလိမ့်ဒီလိမ့်ပေါ့။သူ့အခန်းဖော်ဆီက မန်မော်ရီစတစ် တစ်ချောင်း မှားဖွင့်မိရာကနေ သူနဲ့ သူ့အစ်ကို ပါဝင်ပက်သက်မိတဲ့ ဇာတ်ရှုပ်ကြီးကို ဖြေရှင်းကြရတာပါ။ တယောက်ယောက်ကတော့ ကျောင်းသားတွေရဲ့ ကွန်ပျူတာတွေကို ဟက်ခ်ပြီး ...
movie

Exploited (2022)