Channel Myanmar

P.J. Soles

Carrie (1976) 7.4
Carrie (1976) Carrie (1976)~ IMDb - 7.4/10, Rotten Tomatoes - 93% ~Carrie ဟာ စတီဖင်ကင်းရဲ့ ပထမဆုံးဝတ္ထုဖြစ်ခဲ့သလို ကော်ပီပေါင်း 30,000 ရောင်းရတဲ့အထိ ပေါက်ခဲ့တဲ့ ဘတ်ဆဲလ်လား ဝတ္ထုလည်းဖြစ်ခဲ့တယ်။ Carrie ကနေစလို့ စတီဖင်ကင်းဆိုတဲ့နာမည်က မိန်းစထွင်းမှာ နေရာတစ်နေရာ ရလာခဲ့တယ်ဆိုလည်း မမှားဘူး။ Carrie ကို ရုပ်ရှင်အနေနဲ့ လေးခါပြန်ရိုက်ခဲ့ပြီး Carrie (1976), The Rage: Carrie 2 (1999), Carrie (2002) တို့နောက် ၂၀၁၃မှာလည်း Chloë Grace Moretz ကိုသုံးပြီး Remake ထပ်ရိုက်ခဲ့သေးတယ်။ ဒါပေမဲ့ ဒီ ၁၉၇၆ဗားရှင်းဟာ အကောင်းဆုံးဖြစ်သလို ကင်းကိုယ်တိုင်လည်း ထပ်ရိုက်မယ်ကြားတော့ မူရင်းကားက ခြောက်ပြစ်ကင်းနေမင့်ကို ဘာလို့ ထပ်ရိုက်နေဦးမှာလဲလို့ ပြောခဲ့ပါသေးတယ်။ စတီဖင်ကင်းကိုယ်တိုင် ဒီရုပ်ရှင်ရဲ့ ...
movie

Carrie (1976)

1976
The Devil’s Rejects (2005) 6.7
The Devil’s Rejects (2005)  Horror ဇာတ်ကားအဟောင်းလေးတွေထဲက ကောင်းတာလေးတွေကိုပြန်ကြည့်ချင်တဲ့လူတွေအတွက် The Devils Rejects လို့ခေါ်တဲ့ ၂၀၀၅ ခုနှစ်ကထွက်ခဲ့တဲ့ဇာတ်ကားလေးကိုတင်ဆက်ပေးလိုက်ပါတယ်။ဒီကားကတော့နာမည်အတိုင်းပဲ နတ်ဆိုးကတောင်ငြင်းပယ်ရတဲ့အပယ်ခံတွေလို့တင်စားခံထားရလောက်တဲ့အထိ ဆိုးသွမ်းတဲ့ရာဇဝတ်သားတွေအကြောင်းကိုရိုက်ကူးထားတာပဲဖြစ်ပါတယ်။ဇာတ်လမ်းအစမှာတော့ ရဲမှူးဝိုင်ဒဲလ်က အိမ်တစ်အိမ်ကရာဇဝတ်သားတွေကို လာရောက်ဖမ်းဆီးတဲ့မြင်ကွင်းကိုတွေ့ရမှာပါ။ဒါပေမယ့်အဲ့ဒီရာဇဝတ်သားတွေက ရိုးရိုးတန်းတန်းရာဇဝတ်သားတွေမဟုတ်ဘဲ အရမ်းကိုရက်စက်ယုတ်မာရိုင်းစိုင်းပြီး လူမဆန်တဲ့ရာဇဝတ်သားတွေဖြစ်ပါတယ်။ဒီလိုနဲ့ရဲတွေနဲ့လူဆိုးတွေကြား အပြန်အလှန်ပစ်ခတ်ကြရင်းနဲ့ တော်တော်များများကိုဖမ်းမိပြီး နှစ်ယောက်တော့ လွတ်သွားပါတော့တယ်။ရဲမှူးဝိုင်ဒဲလ်လဲ သူတို့နောက်ကိုလိုက်ဖမ်းရင်းနဲ့ သူ့အစ်ကိုသေရတာ သူတို့ကြောင့်ဆိုတာကိုသိလာခဲ့ပြီးအလုပ်ကိစ္စဆိုတာထက် ကိုယ်ရေးကိုယ်တာတွေပါပါလာတဲ့အခါ ရဲတစ်ယောက်လည်းနတ်ဆိုးထက်ပိုကြမ်းလာနိုင်တယ်ဆိုတာကိုတွေ့ရမှာပဲဖြစ်ပါတယ်။ File size…2.42GB / 1.24GB Quality…Blu-Ray 1080p / 720p Format…mp4 Duration….1h 47m Genre ….. Horror , Crime , Drama Subtitle….Myanmar Subtitle (Hard Sub) Encoder….Min Wai Translated by Saw Lay
movie

The Devil’s Rejects (2005)

Jawbreaker (1999)
Jawbreaker (1999)  နှစ် ၂၀ ကြာခဲ့တဲ့အထိ လန်းနေဆဲ ကြည့်ကောင်းနေဆဲ ဆိုးသွမ်းလုံမေလေးတွေရဲ့ ရုပ်ရှင်အဟောင်း အကောင်းတစ်ခုပါ။ အဲဒီခေတ်ကတော့ အရမ်းဟော့ပြီး အရမ်းဖက်ရှင်မိုက်ခဲ့လို့ ရေပန်းစားခဲ့တာပေါ့။1999 ကတည်းက ဆိုပေမယ့် ယနေ့ခေတ်ထိ ခေတ်စားနေဆဲ ဖြစ်တဲ့ Prank လုပ်တာကနေ ဇာတ်လမ်းစထားပါတယ်။ ကျောင်းရဲ့ စူပါးစတား Girl Squad အဖွဲ့ရဲ့ အလှဆုံး သဘောအကောင်းဆုံးကောင်မလေး လစ်ဇ်ရဲ့ မွေးနေ့မှာ သူ့သူငယ်ချင်းတွေက Prank လုပ်ကြတာပေါ့။ ကားနောက်ဖုံးထဲထည့်ပြီး ပြန်ပေးဆွဲရင်း အသံမထွက်အောင် ပါးစပ်ထဲကို Jawbreaker ဆိုတဲ့ သကြားလုံးအကြီးကို ဆို့ထားလိုက်ပါတယ်။ အဲ့ဒီလိုနဲ့ ကားဖုံးပြန်ဖွင့်တော့ သကြားလုံးကြီးက လည်ချောင်းထဲဝင်ပြီး လစ်ဇ်ဟာ သေဆုံးသွားပါတော့တယ်။ အဲ့ဒီလိုနဲ့ ဆယ်ကျော်သက်ကလေးသုံးယောက်ဟာ မတော်တဆလူသတ်မှုဖြစ်သွားပြီး ဘယ်လိုဖုံးဖိကြသလဲ...? လစ်ဇ်ရဲ့ မိဘတွေနဲ့ ရဲတွေကရော ဘယ်လိုမျိုးရှာဖွေကြမလဲ...? လစ်ဇ်ရဲ့ သူငယ်ချင်းသုံးယောက်ရော ဘာဆက်ဖြစ်မှာလဲ...? လူငယ်ဆန်ဆန်ရိုက်ကူးထားပြီး R-rated လည်း ...
movie

Jawbreaker (1999)