Channel Myanmar

Pablo Raybould

Me Before You (2016) 7.4
Me Before You (2016) Datshin Review : Me Before You (2016) Drama, Romance --- Plot --- . အသက် ၂၆ နှစ်အရွယ်ရှိ Louisa Clark ဟာ စားပွဲထိုးအလုပ်ကနေ ပြုတ်သွားပြီး အတူနေ မိဘနဲ့ ညီမသားအမိကို ထောက်ပံ့ဖို့ လိုတဲ့အတွက် အလုပ်သစ်တစ်ခု အသည်းအသန်ရှာရတဲ့အခါမှာ မသန်စွမ်းတစ်ယောက်ကို စောင့်ရှောက်ရမယ့် အလုပ်ကို လက်ခံခဲ့ပါတယ်။ သူစောင့်ရှောက်ရတဲ့သူက လွန်ခဲ့တဲ့ နှစ်နှစ်က မော်တော်ဆိုင်ကယ် မတော်တဆမှုမှာ တစ်ကိုယ်လုံးသေ (လက်ချောင်းတစ်ချောင်းနှစ်ချောင်းနဲ့ ခေါင်းလောက်ပဲ လှုပ်နိုင်တော့တဲ့) Will Traynor ပါ။ Will ဟာ မတော်တဆမှု မတိုင်ခင်က အောင်မြင်နေတဲ့ လူငယ် ဘဏ်လုပ်ငန်းရှင်လဲဖြစ်ပြီး ချမ်းသာတဲ့မိဘက ပေါက်ဖွားလာလို့ ရုပ်လဲချော ပညာလဲတတ် ကျားကျားယားယားလဲရှိနဲ့ အရာအားလုံး ပြည့်စုံနေတဲ့သူ ဖြစ်ခဲ့သူပေါ့။ ကို့ယို့ကားယား ကြောင်တောင်ကျားတား ဝတ်စားတတ်ပြီး ပေါ့ပေါ့ပါးပါးနေတတ်သူ Lou ...
movie

Me Before You (2016)

2016
4K HEVC
The Pope’s Exorcist (2023) 6.2
The Pope’s Exorcist (2023) The Pope's Exorcist (2023) " R-rated အကြမ်းပတမ်းဇာတ်ကားမို့ မိသားစုနဲ့အတူကြည့်လို့အဆင်‌မပြေနိုင်ပါဘူးခင်ဗျာ " မင်းသားကြီး ရက်ဆဲခရိုးရဲ့ ဟော်ရာရုပ်ရှင်အသစ်လာပါပြီ။ အတော်လည်းကောင်းသလို ဇာတ်အိမ်ကြီးတာမို့ အဆက်တွေလည်းထွက်လာနိုင်တဲ့ရုပ်ရှင်မျိုးပါပဲ။ အဓိကဇာတ်ကောင်ကိုလည်း အပြင်မှာ တကယ်ရှိခဲ့တဲ့ နာမည်ကြီး အပနှင် ဘုန်းတော်ကြီး Gabriele Amorth ကို အခြေခံထားပါတယ်။ ဇာတ်လမ်းကလည်း Gabriele Amorth ရဲ့ အပနှင်တဲ့အတွေ့အကြုံတွေကို အခြေခံထားတာဖြစ်ပါတယ်။ Gabriele Amorth ဟာ နတ်ဆိုးဗေဒနဲ့ အပနှင်ခြင်းအကြောင်းကို ကမ္ဘာကသိလာအောင် လုပ်ခဲ့တာကြောင့် ခရစ္စယာန်သမိုင်းမှာ ထင်ရှားတဲ့ အီတလီဘုန်းတော်ကြီးတစ်ဦးပါပဲ။~ ဇာတ်လမ်းအကျဉ်း ~ပုပ်ရဟန်းမင်းကြီး ယုံကြည်ရတဲ့ အပနှင်အဖွဲ့ခေါင်းဆောင် ဂါဘရီရဲ အာမော့ဟာ သာမန် အပနှင်အမှုလေးတွေကို လိုက်နေရင်းနဲ့ တစ်နေ့မှာ စပိန်က ကလေးတစ်ယောက်နတ်ဆိုးပူးခံရတာကို ကူညီဖို့ ဖန်လာပါတယ်။ ဒါပေမဲ့ ကလေးကိုဝင်ပူးနေတဲ့နတ်ဆိုးက သာမန်မဟုတ်ဘဲ အရမ်းအစွမ်းထက်နေပြီး ဂါဘရီရဲကို တမင်မျှားခေါ်လိုက်တဲ့ နတ်ဆိုးဖြစ်နေပါတယ်။ ...
movie

The Pope’s Exorcist (2023)

2023
4K HEVC
Hollow (2021) 3.2
Hollow (2021) Hollow (2021) ရုပ်ရှင်ဆိုတာ တော်တော်မှော်ဆန်တဲ့အရာပါပဲ။ လူတစ်ယောက်ဟာ တစ်နေ့ကို အနည်းဆုံး သီချင်းတစ်ပုဒ်နား‌ထောင်၊ ကဗျာတစ်ပုဒ်ဖတ်ပြီး၊ ပန်းချီကားတစ်ကားကို ခံစားသင့်တယ်လို့ ဆိုတယ်။ ရုပ်ရှင်အစစ်တွေကတော့ ဒီ၃ခုလုံးကို ပေါင်းစပ်ထားတဲ့အရာတွေပါပဲ။ ကဗျာဆန်မှုကိုလည်းခံစားရတယ်။ အလှပဆုံးစီနီမာကိုလည်းခံစားရတယ်။ နောက်ခံတေးဂီတရဲ့ အရသာကိုလည်း ခံစားနိုင်တယ်။ ဒါကြောင့်ပဲ ကျွန်တော် ရုပ်ရှင်တွေကို သိပ်ချစ်ခဲ့တာပါပဲ။တာကော့စကီးတို့ အင်ဂမာဘတ်ခ်ျမန်းတို့ အဘတ်ကီယာအိုစတမိတို့ အိုဇုတို့ရဲ့ ရုပ်ရှင်တွေမှာ ကျွန်တော်တို့ ကိုယ့်ကိုယ်ကိုယ် ပြန်ရှာဖွေကြတယ်။ ဝေါင်ကာ‌ဝေးတို့ Shunji Iwai တို့ ဝူဒီအယ်လန်တို့ရဲ့ ရုပ်ရှင်တွေမှာ အချစ်ရဲ့ ၀မ်းနည်းစရာကဗျာဆန်မှုကို ကျွန်တော်တို့ တွေ့ရှိကြတယ်။ ပတ်ချန်းဝုတို့ လီချန်းဒုံတို့ စတန်လေကူးဘရစ်တို့ ရုပ်ရှင်တွေမှာ လောကရဲ့တခြားမျက်နှာတွေကို မြင်ရကြတယ်။ ဖရန်စစ်ဖို့ဒ်ကော်ပိုလာတို့ မာတင်စကောဆေးစိတို့ စတီဗင်စပီးဘာ့ခ်ျတို့ကတော့ လောကအသစ်တွေ‌ဆီ ခေါ်ဆောင်သွားခဲ့တာပေါ့။Schindler's List ထဲက နာရီလို ၊ Life Is Beautiful ထဲက ဟာသမဟုတ်တဲ့ ...
movie

Hollow (2021)

2021
London Fields(2018) 4.5
London Fields(2018) London Fields(2018)IMDb 4.5IMDb..တွေ ဘာညာ Rating တွေအသာထားလိုက်...မမရဲ့ ပုံရိပ်တွေကိုတစ်ခမ်းတနားအလေးပေးပြီး စုပေါင်းရိုက်ကူးပြထားတာနဲ့တင် ဖြူစင်စွာ"မ"အပေါ်ချစ်မြတ်နိုးတဲ့ကျွန်တော်တို့အဖို့ တရှိုက်မက်မက်ငေးကြည့်ခွင့်ရတဲ့အတွက်ကျွန်တော်တို့ဘယ်လောက်ကံကောင်းလိုက်လဲ....မမဖြတ်လျှောက်လေးပါခဲ့ရင်တောင် ကျွန်တော်တို့ အားပေးနေဦးမှာပါ....အခုလိုမျိုး တစ်ကားလုံးမှာ အရောင်အသွေးစုံ " မ " ကိုမြင်ရတဲ့အခွင့်အရေးက ကျွန်တော်တို့အတွက် တုနှိုင်းမဲ့ပါ မရေ...ကိုင်း မည်သို့ပင်ဆိုစေကာမူ ဇာတ်လမ်းအကြောင်းလေးကိုနည်းနည်းသွားရအောင်......ဒီဇာတ်ကားထဲမှာ မင်းသမီး Amber Heard က ညှို့အားပြင်းထန်လွန်းတဲ့ Nicola Six အဖြစ်ပါဝင်သရုပ်ဆောင်ထားပြီး မင်းသားကြီးJohnny Depp လည်း အခန်းအနည်းငယ်ပါဝင်ထားပါတယ်…ဒီဇာတ်ကားမှာ အရမ်းစိတ်ကူးယဉ်ဆန်ပြီး မထင်မှတ်ထားတဲ့အလှည့်အပြောင်းတွေနဲ့ အရောင်အသွေးစုံလင်တဲ့ ရိုက်ချက်တွေ တွေ့မြင်ရမှာပါ ဇာတ်လမ်းအစလေးကတော့… ဆမ်ဆင် ယန်း ဆိုတဲ့ သိပ်မစွံတဲ့ အမေရိကန် စာရေးဆရာတစ်ယောက်ဟာ ဝတ္ထုတစ်ပုဒ်ရလိုရငြားလန်ဒန်ကို ထွက်လာခဲ့ပြီး အသိမိတ်ဆွေစာရေးဆရာတစ်ယောက်ရဲ့ နေအိမ်အလွတ်မှာ နေထိုင်နေခဲ့ပါတယ်…တစ်နေ့ အရက်ဆိုင်တစ်ခုမှာ အသုဘတစ်ခုက ပြန်လာတဲ့ မိန်းကလေးတစ်ယောက်နဲ့တွေ့ဆုံခဲ့တယ်…အမျိုးသမီးလေးဟာ စွဲမက်ဖွယ် လှပလွန်းပြီးဖြစ်ချင်တော့ မိန်းကလေးက သူ့တိုက်ခန်းရဲ့အပေါ်တိုက်ခန်းမှာ နေထိုင်တဲ့သူဖြစ်နေတယ်…ဒီထက်ထူးဆန်းတာတစ်ခုက မိန်းကလေးဟာအနာဂတ်ကိုကြိုမြင်နိုင်ပြီး သူသေမယ့်နေ့ရက်ကိုပါ ...
movie

London Fields(2018)

2018