Menu
CM App
Movies
Series
How To Download
Contact Us
Search
CM App
Movies
Series
How To Download
Contact Us
Search
Years
CM App
Movies
Series
How To Download
Contact Us
Paddy Jenkins
7.2
The Last Rifleman (2023)
The Last Rifileman ဇာတ်ကားကြီးရဲ့ အဓိကသရုပ်ဆောင်ကတော့တစ်ခေတ်တစ်ခါက နာမည်ကြီး ဒိတ်ဒိတ်ကြဲ ဂျိန်းဘွန်းမင်းသားကြီးPierce Brosnan ပဲ ဖြစ်ပါတယ်။ ၂၀၂၃ အသစ်ထွက်တဲ့ ဇာတ်ကားဖြစ်လို့ဘာဆုညာဆုတွေတော့ မရှိသေးပေမဲ့ ဆုတွေ ဆန်ကာတင်စာရင်းတွေအတွက်ဖြစ်လာနိုင်တဲ့ ဇာတ်ကားကောင်းတစ်ခု ဖြစ်ပါတယ်။အာတီခရောဖို့ဒ်ဆိုတာ ဒုတိယကမ္ဘာစစ်က နာမည်ကြီး နော်မန်ဒီကမ်းခြေတိုက်ပွဲမှာ ပါဝင်တိုက်ခိုက်ခဲ့တဲ့ စစ်သားတစ်ယောက်ဖြစ်ပါတယ်။ စစ်ကြီးပြီးအသက်တွေကြီးလာပြီး အသက် ၉၂ နှစ်အရွယ် လူအိုရုံမှာ နေထိုင်နေတုန်းဇနီးဖြစ်သူ ဆုံးပါးသွားတဲ့အခါမှာ အာတီတစ်ယောက် အတိတ်ရဲ့ ဖြစ်ရပ်တွေကြောင့်ဘယ်လိုဆုံးဖြတ်ချက်တွေချပြီး ဘာတွေလုပ်မှာလဲ ဘယ်လိုလုပ်မှာလဲ။ အဲ့ချိန်မှာပဲတိုက်တိုက်ဆိုင်ဆိုင် နော်မန်ဒီကမ်းခြေတိုက်ပွဲ ဒီဒေး ၇၅ နှစ်ပတ်လည်နေ့အထိမ်းအမှတ်အစီအစဥ်ကို ပြင်သစ်မှာ ကျင်းပတော့မှာ ဖြစ်ပါတယ်။အိုင်ယာလန်မှာ နေထိုင်နေတဲ့ အာတီတစ်ယောက် ကျန်းမာရေးမကောင်းတော့တဲ့စစ်သားဟောင်းတစ်ယောက်က သူ့ဘော်ဒါတွေကို တွေ့ချင်စိတ်နဲ့ ပွဲကျင်းပရာပြင်သစ်နိုင်ငံထိ ခရီးနှင်နိုင်ပါ့မလား ဘာအခက်အခဲတွေ ကြုံတွေ့ရမလဲဘယ်လိုကျော်ဖြတ်မှာလဲ အဆုံးသတ်မှာကော သူလိုချင်တာ ဖြစ်မှာလားစတာတွေကို တစ်ကားလုံး ဇာတ်ရှိန်မကျဘဲ ကြည့်ရှူခံစားရမှာ ဖြစ်ပါတယ်။ဒုတိယကမ္ဘာစစ်ကို ...
movie
The Last Rifleman (2023)
7.5
Hunger(2008)
Hunger(2008)*************ဒီဇာတ်ကားဟာ ၁၉၈၁ခုနှစ်က အိုင်ယာလန်တောင်ပိုင်း Mazeအကျဉ်းထောင်မှာ Irish Republicanခေါင်းဆောင်တစ်ဦးဖြစ်သူ Bobby Sands အစာငတ်ခံဆန္ဒပြခဲ့တဲ့အကြောင်းရိုက်ကူးတင်ဆက်ထားတာပါ။ ဘာကြောင့်ဒီလို ဆန္ဒပြပွဲတွေဖြစ်လာရသလဲဆိုတော့ ၁၉၇၂ခုနှစ်မှာ အိုင်ယာလန်မှာနိုင်ငံရေးအကျဉ်းသားတွေဟာဆိုရင် ရာဇဝတ်သားတွေလို ထောင်ဝတ်စုံဝတ်စရာမလို၊ အလုပ်ကြမ်းလုပ်စရာမလို၊ ကိုယ်ပိုင်အဝတ်ဝတ်ဆင်ခွင့်ရှိပြီး တစ်ပတ်တစ်ခါဧည့်တွေ့ခွင့်၊အစားအစာလက်ခံခွင့်တွေ၊ ထောင်ကန်တင်းမှာပဲ ကိုယ်ပိုင်ပိုက်ဆံနဲ့ဝယ်စားခွင့် စတဲ့နိုင်ငံရေးအခွင့်အရေးတွေရှိကြောင်း ပြဌာန်းခဲ့ပါတယ်။ ဒါပေမယ့်လည်း ၁၉၇၆ခုနှစ်မှာ ဗြိတိသျှအစိုးရဟာ ဒီနိုင်ငံရေးခံစားခွင့်တွေပိတ်သိမ်းလိုက်ပြီး နိုင်ငံရေးအကျဥ်းသားတွေကို ရာဇဝတ်သားတွေလိုဆက်ဆံပါတော့တယ်။ ဒါကိုလက်မခံနိုင်တဲ့ ထောင်ကျနေတဲ့ IRA(Irish Republican Army)တပ်ဖွဲ့ဝင်တွေဟာနည်းမျိုးစုံသုံးပြီး သပိတ်ကိုစတင်ခဲ့ပါတယ်... ဖြစ်ရပ်မှန်ဖြစ်တဲ့အပြင် ကြမ်းတမ်းရက်စက်တာတွေကို ထင်သာ မြင်သာအောင်ရိုက်ပြထားတဲ့ Biography ကားကောင်းမို့ ခံစားကြည့်ကြပါဦး... Bobby Sandsနေရာမှာတော့ X-menထဲက Magnetoမင်းသားကြီးMichael Fassbenderသရုပ်ဆောင်ထားပါတယ်ဗျ။File Size :(2.4GB) and (948MB) Quality : Web-Dl1080p, 720p Format…mp4 Duration…01:36:00 Genre : Biography, Drama, Crime Subtitle : Myanmar Subtitle (Hard Sub) Translated by Eric Encoded by Phyo Pyae
movie
Hunger(2008)