Channel Myanmar

Padmaraj Ratheesh

Antony (2023) 8.0
Antony (2023) Antony 2023 (အသည်းနုတဲ့လူကြမ်းကြီး) Action/ Drama/ Family IMDb 8/10ဇာတ်လမ်းအစမှာ အန်တိုနီဆိုတဲ့လူတစ်ယောက်ဟာ ဇေဗီယာရဲ့ခြေထောက်ကို ဓားနဲ့ အညှာအတာမရှိ ခုတ်နေခဲ့ပါတယ်။ ဇေဗီယာသေသွားပြီးတဲ့နောက်မှာ ဇနီးဖြစ်သူဂျက်စီနဲ့ သမီးဖြစ်သူ အန်းမာရီယာကျန်ရစ်ခဲ့ပါတယ်။အန်တိုနီလည်း ဒီအမှုနဲ့ ထိန်းသိမ်းခံလိုက်ရပါတယ်။ တကယ်တော့ အန်တိုနီဟာ ဇေဗီယာရဲ့အပြစ်အတွက် ပညာပေးလိုက်ရုံသာဖြစ်ပြီး သေစေဖို့ မရည်ရွယ်ခဲ့ပါဘူး။ အန်တိုနီက လူမိုက်ဖြစ်ပေမယ့် အမှန်တရားရဲ့ဘက်တော်သားတစ်ယောက်အဖြစ် ရပ်တည်နေတဲ့သူပါ။အန်တိုနီလွတ်မြောက်လာတဲ့အခါမှာ ဇေဗီယာရဲ့ကျန်ရစ်ခဲ့တဲ့မိသားစုကို တာဝန်ယူပေးဖို့ ဆုံးဖြတ်လိုက်ပါတယ်။ ဒါပေမဲ့အမှုကမပြီးသေးတဲ့အတွက် အန်တိုနီဘာတွေထပ်ပြီး ရင်ဆိုင်ရဦးမလဲ။ အန်တိုနီရဲ့လုပ်ရပ်တွေကိုရော အားလုံးက နားလည်လာနိုင်မလားဆိုတာကို ဆက်လက်ကြည့်ရှုကြရမှာဖြစ်ပါတယ်။ (အညွှန်းနဲ့ဘာသာပြန်တွေကတော့ CM BOLLYWOOD TEAM ပဲဖြစ်ပါတယ်။)( CMရဲ့ ဘောလိဝုဒ်ရုပ်ရှင်နဲ့ စီးရီးသစ်တွေကို တယ်လီဂရမ်မှာလဲ တင်ဆက်နေပြီမလို့ ဒီချန်နယ်လေးမှာ ကြည့်ရှုအားပေးလို့ရပါတယ် Tele Link >> https://t.me/cmbollywood) File size…2.44GB / 1.14GB  Quality…WEB DL 1080p /720p Format…mp4 Duration….2h 27m Subtitle….Myanmar Subtitle (Hard Sub) Encoder….YK Translated by CM Bollywood Team
movie

Antony (2023)

2023
Mahaveeryar (2022) 6.4
Mahaveeryar (2022) Maharveerya 2022 IMDb - 6.4/10Maharveerya 2022 IMDb - 6.4/10အိန္ဒိယနာမည်ကြီး မင်းသား Nivin Pauly နဲ့ မင်းသမီးချောလေး Shanvi Srivastavaတို့ပါဝင်သရုပ်ဆောင်ထားတဲ့ ဒီရုပ်ရှင်ဟာဆိုရင် ချစ်ကြိုက်ကွဲညား ကလဲ့စားစသဖြင့်မြင်နေကျအိန္ဒိယရုပ်ရှင်တွေလိုမျိုးမဟုတ်ပါဘူး။ အချိန်ခရီးသွားတွေပါမယ်၊ ရယ်စရာတွေပါမယ်၊ လူ့စရိုက်ကိုသရော်ထားတာပါမယ်၊ တရားခွင်မှာ အပြန်အလှန်လျှောက်လဲချက်တွေပါမယ် ဒါ့အပြင် rating ကောင်းကောင်းနဲ့ နာမည်ကြီးသရုပ်ဆောင်တွေပါတာ ကြိုက်ရင်တော့ ဒီကားကိုညွှန်းပေးချင်ပါတယ်ဇာတ်လမ်းလေးကတော့ တရားခွင်မှစပြီး တရားခွင်မှာဆုံးတယ်ဆိုရလောက်အောင် မြိုင်မြိုင်ဆိုင်ဆိုင်နဲ့ ကြည့်ရတာအားရလှပါတယ် ဆင်းတုတော်တွေအရမ်းပျောက်တဲ့မြို့မှာ ကိုယ်ရောက်လာမှ ဆင်းတုတော်သူခိုးလို့ စွပ်စွဲခံရလို့ကိုယ်တိုင်ရှေ့နေလုပ်မဲ့ စိတ်ဝင်စားဖွယ်ရသေ့ကြီး ဘုရင်ကြီးက မင်းတုန်းမင်းလို တစ်ထောင်တစ်ညပြည့်အောင် တော်ကောက်ခံလိုက်ရတဲ့ အသည်သားမိန်းကလေးတစ်ယောက်ရဲ့ တိုင်ကြားချက်ကို အပြိုင်အဆိုင်လျှောက်လှဲချက်တွေနဲ့ တရားခွင်တရားခွင်က လျှောက်လဲချက်ကနေတစ်ဆင့် ဇာတ်ကြောင်းကို narration လုပ်ပေးသလိုမျိုး ဇာတ်လမ်းကိုပြန်ရိုက်ပြထားတဲ့ စတိုင်နဲ့ ကြည့်ရတာ ပေါ့လဲမပေါ့ ပျင်းစရာမကောင်းပဲနဲ့ တရားကိုဘာနတ်စောင့်မလဲဆိုတာ အဆုံးထိခံစားကြည့်ရှုနိုင်ဖို့ တင်ဆက်ပေးလိုက်ရပါတယ် File size…1.43GB / 614MB Quality…1080p True WEB DL / 720p Format…mp4 Duration….2h 20m Subtitle….Myanmar Subtitle (Hard Sub) Encoder….YK Translated by Sai ...
movie

Mahaveeryar (2022)

2022
Heaven (2022) 6.7
Heaven (2022) Heaven(2022) Imdb-6.7/10 ဒီဇာတ်ကားမှာတော့ အခြားဘောလိဝုဒ် လူသတ်သမားရှာဖွေတဲ့ကားတွေနဲ့မတူညီဘဲ လူသတ်သမားလူဆိုးကိုကြိုတင်ပြထားတာတွေ အရိပ်အမြွက်ပြောထားတာတွေနည်းနည်းလေးမှ မရှိတဲ့ စုံစမ်းရေးရဲအရာရှိတစ်ယောက်ရဲ့ အမှုကိုနည်းစနစ်ကျကျလိုက်လံစုံစမ်းဖော်ထုတ်ပုံကို အသေးစိတ်စိတ်ဝင်စားဖွယ်ရိုက်ပြထားတာတွေ့ရမှာဖြစ်ပါတယ်စုံစမ်းစစ်ဆေးရေးရဲအရာရှိပီတာကူရီရှင်းကယ် ‌ တနေ့မှာတောအုပ်ထဲမှာပုပ်ပွသေဆုံးနေတဲ့အလောင်းတစ်လောင်းကို ရှာတွေ့ရာကနေ အဲ့ဒီအလောင်းကနေရနိုင်သမျှသဲလွန်စတွေကိုအသုံးချပြီး လူသတ်သမားကိုလိုက်ဖို့ကြံစည်ပါတော့တယ်ရဲအရာရှိပီတာက ဖြောင့်မတ်ပြီးအလုပ်ကြိုးစားတဲ့ရဲတစ်ယောက်ဖြစ်ကာ သူ့အမေနဲ့သူ့ရဲ့မိတဆိုးသားလေးပဲရှိတဲ့မိသားစုကိုတောင် ‌အချိန်မပေးနိုင်ဘဲ အေးတိအေးစက်‌ဆက်ဆံတတ်တဲ့အလုပ်ကြိုးစားသူတစ်ဦး ဖြစ်ပါတယ် ဒီကားမှာတော့ ဗီလိန်နဲ့ဇာတ်လိုက် battleဆိုင်တာတွေ Tempoအတက်အကျဖြစ်အောင် အဓိကမရိုက်ပြထားဘဲ ရဲအရာရှိတစ်ဦးရဲ့ဘဝကို ထင်ဟပ်စေမဲ့လူမှုရေးတာဝန်လစ်ဟင်းမှုတွေ ဖွင့်မပြောပေမဲ့ခံစားတတ်တဲ့ ဖခင်တစ်ဦးရဲ့မေတ္တာတွေ(စာရေးသူရဲ့ အဖေအတိုင်းပါပဲ)၊ကို ကွက်ကွက်ကွင်းကွင်း အသားပေးရိုက်ပြထားလို့ ကြည့်ရှုသင့်တဲ့ drama mystery ဇာတ်ကားကောင်းလေးပဲဖြစ်ပါတယ် File size…1.8GB / 861MB Quality…1080p HQ AVC AAC5.1CH / 720p Format…mp4 Duration….2h 10m Subtitle….Myanmar Subtitle (Hard Sub) Encoder….YK Translated by Thet Ko & Allena & Kham Mon & Kevin Ag & Yunni
movie

Heaven (2022)

2022