Channel Myanmar

Padung Songsang

3 Idiot Heroes (2023) 7
3 Idiot Heroes (2023) 3 Idiot Heroes (2023) ================ဇာတ်လမ်းနာမည်အတိုင်းပဲ “အရူးဟီးရိုး ၃ ယောက်” ရဲ့အလွဲတွေကို အသားကုန်ခွီရမယ့် ဟာသကားသစ်လေးပါ။တောပုန်းဓားပြတွေသောင်းကျန်းတဲ့ခေတ်မှာ ရွာသူရွာသားတွေခမျာ ခက်ခက်ခဲခဲရှင်သန်နေထိုင်ကြရတာပေါ့။ အဲဒီလိုတောပုန်းဓားပြရန်ကိုခံရတဲ့အထဲ “လဘျူ” ရွာလည်း အပါအဝင်ပါပဲ။ တစ်နေ့ လဘျူရွာသူရွာသားတွေပိုင်တဲ့ မျိုးစေ့တွေကို တောပုန်းဓားပြညီနောင်တို့အဖွဲ့က ဓားပြလာတိုက်ကြရာကနေ ရုန်းရင်းဆန်ခတ်တွေဖြစ်ပြီး ဓားပြခေါင်းဆောင်ရဲ့ညီဖြစ်သူသေသွားပါလေရော။ အဲဒီလိုနဲ့ ဓားပြတွေကလဲ့စားပြန်ချေမှာကိုကြောက်သွားကြတဲ့ လဘျူရွာသားတွေထဲကမှ ထွက်မပြေးဘဲ ဓားပြတွေနဲ့ရင်ဆိုင်မယ်ဆိုတဲ့ သူရဲကောင်းသူငယ်ချင်း ၃ ယောက်ပေါ်ထွက်လာပါတော့တယ်။🔫 ကိုင်ဓားပြတွေနဲ့ယှဉ်တိုက်ဖို့ဖြစ်လာပြီမို့ 🔫 ဝယ်ဖို့ ၃ ယောက်သား “ဒုံဖယာယင်” ကိုအသွားလမ်းတစ်လျှောက်ကြုံရမယ့်အလွဲတွေကိုခွီနိုင်ဖို့ တင်ဆက်ပေးလိုက်ပါတယ်။အညွှန်းကိုတော့ Shin Shin က ရေထားပေးပြိးတော့ ဘာသာပြန်ထားတာကတော့ Laii, Mary, Shin, Cali တို့ပဲ ဖြစ်ပါတယ်။Genre..... Comedy Quality…. 1080p | 720p File size… 1.8GB | 683MB Format… mp4 Duration…. 1h 28min Subtitle…. Myanmar Subtitle (Hardsub) Translator ..... Laii, Mary, ...
movie

3 Idiot Heroes (2023)

2023
Tiger Running (2023)
Tiger Running (2023) Tiger Running (2023)ထိုင်းဟာသကား မျှော်နေကြသူတွေအတွက် အူတက်အောင်ရယ်ရမယ့် ဇာတ်ကားအသစ်စက်စက်လေး ရပါပြီနော်ဇာတ်လမ်းအကျဉ်းကို ပြောရရင်တော့…ပေတေဆိုးမိုက်နေတဲ့ လူဆိုးလေး Cheetah ဟာ တစ်ရက်မှာတော့ ဘယ်သူတွေမှန်းမသိတဲ့ လူတချို့က ရိုက်နှက်သွားတာကို ခံလိုက်ရပါတယ်အဲဒီလို ရိုက်နှက်ခံရပြီး သေလုမြောပါး ဖြစ်နေတဲ့ Cheetah ကို ကယ်တင်လိုက်တဲ့သူကတော့ ဘုန်းကြီးကျောင်းသား ကျောင်းဆရာလေး Tuay ပါဒါပေမဲ့ Tuay အတွက် အံ့အားသင့်စရာကတော့ သူကယ်လိုက်တဲ့သူဟာ သူနဲ့တစ်ထေရာတည်းတူတဲ့သူ ဖြစ်နေတာပါပဲ။ ဒါကြောင့် Tuay ဟာ Cheetah လို ဟန်ဆောင်ပြီး ရိုက်နှက်သွားသူတွေကို ရှာဖွေဖို့ ကြိုးစားပါတော့တယ်Tuay ရဲ့ ရည်ရွယ်ချက်တွေ ပြည့်မြောက်ပြီး ရိုက်နှက်သွားသူတွေကို ရှာတွေ့သွားမလား၊ Cheetah ကရော ပြန်သတိရလာပါ့မလား၊ Tuay နဲ့ Cheetah က ဘာလို့ ရုပ်ချင်းတူနေကြတာလဲ ဆိုတဲ့ မြှုပ်ကွက်လေးတွေကိုတော့ ရယ်ရင်းမောရင်းပဲ ကိုယ်တိုင်ကြည့်ရှုခံစားလိုက်ကြပါဦးနော်။Genre..... Drama, Action Quality…. 1080p | 720p File ...
movie

Tiger Running (2023)

2023
The Lost Lotteries (2022) 5.5
The Lost Lotteries (2022) "တေ"ဆိုတဲ့ကောင်လေးနဲ့သူ့အမေဟာ အရမ်းဆင်းရဲကြပါတယ်...တစ်နေ့တစ်နေ့ ထီ ရောင်းရင်းပိုက်ဆံရှာနေရတာပေါ့"တေ"ဟာ ထီထွက်တဲ့အပတ်တိုင်း ထီတစ်စောင်သိမ်းထားလေ့ရှိပါတယ် တစ်နေ့မှာ "တေ"က သူ့အမေအစား ထီရောင်းရင်း ဖြစ်ချင်တော့ သူOnlineရောင်းလိုက်တဲ့ထီလက်မှတ်တွေထဲမှာ ပထမထီဆုကြီး ၅ စောင်ပါနေပါတယ် ပေါက်သူလေးယောက်နဲ့သူပေါ့ဒါပေမယ့် ကံဆိုးစွာပဲ သူ့အမေအကြွေးတင်ထားလို့ အကြွေးတောင်းသူတွေပိုက်ဆံလာတောင်းရင်း တန်ဖိုးကြီးပစ္စည်းမရှိတာနဲ့ သူရောင်းတဲ့ထီအိတ်ကိုယူသွားပါတော့တယ်အဲ့ဒီမှာ ထီပေါက်တဲ့သူတွေကရောက်လာပြီး ထီလက်မှတ်မရှိလို့ ပြဿနာဖြစ်ပါလေရော... ထီပေါက်တဲ့သူတွေလည်း သူတို့လုပ်ချင်တဲ့ ကိုယ်စီအိပ်မက်တွေရှိကြတာမို့ ပိုက်ဆံ သန်း ၃၀ မဆုံးရှုံးချင်တာနဲ့ သူတို့တွေပူးပေါင်းပြီး ထီလက်မှတ်ပြန်လုယူဖို့အစီစဉ်ဆွဲပါတော့တယ်သူတို့ရဲ့ထီလက်မှတ်တွေပြန်ယူနိုင့်ပါ့မလား... ဘယ်လိုအခက်ခဲတွေနဲ့ကြုံရမလဲ သူတို့အိပ်မက်လေးတွေရော အကောင်အထည်ဖော်နိုင်ပါ့မလားဆိုတာ ဇာတ်ကားထဲကြည့်ရှူလိုက်ရအောင်နော် 🔥( ဘာသာပြန်ပြီး အညွှန်း‌ရေးသားထားသူကတော့ Nang Mwe Kham ပါ )File Size__(1.9GB) / (950MB) Quality__WEB-DL_1080p, 720p IMDb Rating__5.5/10 Format__mp4 Duration__01:46:00 Type__Crime, Comedy Subtitle__Myanmar Subtitle (Hardsub) Translated by Nang Mwe Kham Encoded by Naing Aung Latt
movie

The Lost Lotteries (2022)

Fast 888 (2016) Pard 888
Fast 888 (2016) Pard 888 ထိုင်း အခွီမင်းသားချော Nick Kunatip နဲ့ ဟာသတွဲဖက် Chuanchen Chaet တို့အဓိက ပါဝင်ထားတဲ့ တကားလုံးရီနေရတဲ့ဇာတ်ကားပါ။လတ်တလောကမှ ကျောက်ဖုရားမြစ်ထဲ တွန်းချခံရလို့ သေဆုံးခဲ့တဲ့ မင်းသမီးချောလေး Tangmo Nida Patcharaveerapong လဲ ဒီကားထဲ ပါဝင်သရုပ်ဆောင်ထားခဲ့ပါတယ်။ဇာတ်လမ်းအကျဥ်း...ဖွန်(Chuanchen Chaet)) က ဘတ်စ်ကားအမှတ်၈၈၈ကိုမောင်းနှင်သူတစ်ယောက်ဖြစ်ပြီး သူငယ်ချင်းဖြစ်သူ ဝင်း(Kunatip)ကတော့ ကားစပယ်ယာလုပ်ပေးနေသူပဲဖြစ်ပါတယ်ဖွန်ရဲ့ ဇနီးဖြစ်သူ မီအာ(Tangmo)က ဖခင်နဲ့ချစ်သူဖွန်ကြား ဖွန့်ကိုရွေးလာသူမို့ ဖွန့်အနေနဲ့ မိန်းမရှိခိုး သွားမကျိုးဆိုတဲ့အတိုင်းနေလာခဲ့သူလည်းဖြစ်ပါတယ်တစ်ရက် ဖွန်နဲ့ ဝင်းတို့ ဘတ်စ်၈၈၈ ကိုမောင်းလာရင်း ဖွန်ရဲ့ ဝါသနာအတိုင်း တခြားဘတ်စ်ကားနဲ့ ကားမောင်းပြိုင်ရာက အလွဲတွေ စဖြစ်ပါတော့တယ်..ကားပေါ်မှာ ဖွန့်ကိုကြည့်မရလို့ ကားဘရိတ်ကြိုးဖြတ်ဖို့နဲ့ ချိန်ကိုက်ဗုံးထောင်ထားတဲ့ အဖွဲ့နှစ်ဖွဲ့အပြင် ကောင်မလေးကြောင့် သတ်သေချင်နေသူ, မော်ဒယ်အဖွဲ့, လျှို့ဝှက်တဲ့ပုံနဲ့နေနေတဲ့ညီအစ်ကိုနှစ်ယောက်, ရောဂါသည်တစ်ယောက် နဲ့ သီချင်းဆိုပြိုင်ပွဲလာဝင်တဲ့သူ စတဲ့ခရီးသည်ပေါင်းစုံပါလာပြီး ကားပေါ်က ဖွန်နဲ့ ခရီးသည်တွေရဲ့အကြောင်းစုံကို ဟာသနှောပြီးတင်ဆက်ပေးထားတဲ့ဇာတ်ကားတစ်ကားပဲ ဖြစ်ပါတယ်။ပေါ့ပေါ့းပါးပါးရီချင်နေရင်တော့ ...
movie

Fast 888 (2016) Pard 888

Thailand Only (2017) 5.2
Thailand Only (2017) Thailand Only (2017)_____IMDb - 5.2/10    Thailand Only ဆိုတဲ့ Comedy ထိုင်းဟာသ ဒရာမာဇာတ်ကားလေးဟာဆိုရင်ဖြင့် အရမ်းကိုကြည့်ကောင်းတဲ့ ဇာတ်ကားလေးလို့ ညွှန်းဆိုပါရစေ ထိုင်းနာမည်ကြီးရုပ်ရှင်ထုတ်လုပ်ရေး သုံးခုက ပူးပေါင်းပြီး တင်ဆက်ရိုက်ကူးထားတာ ဖြစ်ပါတယ် (monkhon film international/ Warkpoint picture/ Paranakorn flim)  တို့ဖြစ်ပါတယ် ဇာတ်လမ်းအကျဉ်း ဂျက်တို့ သူငယ်ချင်းသုံးယောက် ပေါင်းပြီး နိုင်ငံခြားသားတွေကို ထိုင်းနိုင်ငံရဲ့ နာမည်ကြီး နေရာအနှံ့ အလည်အပတ်ပို့ပေးတဲ့ လုပ်ငန်းတစ်ခုထူထောင်ထားပါတယ် ပထမဆုံးအလည်အပတ်ခရီးစဉ်ကနေပြီးတော့ တိုင်းသိပြည်သိဖြစ်အောင် လုပ်ပြမယ်လို့ ကြုံးဝါးထားပြီးသကာလ ပထမဆုံးခရီးစဉ်အဖြစ် တရုတ်လူမျိုး( ၈)ယောက်ကို လက်ခံပြီး ပို့ပေးရတဲ့ ခရီးစဉ်ဖြစ်ပါတယ် အရာရာ အလွဲလွဲ အချော်ချော် နဲ့ စတင်ခဲ့တဲ့ ခရီးစဉ်က ဘာတွေ ဘယ်လို ဆက်ဖြစ်ကြမှာလဲ ဆိုတာကိုတော့ ဟာသလေးနှောပြီး ရိုက်ကူးထားတဲ့ Thailand only ဆိုတဲ့ ဇာတ်ကားလေးကို ဒေါင်းယူကြည့်ရှုကြပါလို့ နိဂျူံးချုပ်လိုက်ရပါကြောင်း......    Size - 784 MB Qty - DVD Rip Gern - ...
movie

Thailand Only (2017)

2017