Channel Myanmar

Page Falkinburg Jr.

Gallowwalkers (2012) 5.5
Gallowwalkers (2012)  ဒီတစ်ခါမှာတော့ ကြည့်ရှုသူပရိတ်သတ်ကြီးကို၂၀၁၂ကထွက်ရှိခဲ့တဲ့ Gallowwalkers ဆိုတဲ့ဇာတ်ကားလေးတစ်ကားနဲ့မိတ်ဆက်ပေးချင်ပါတယ်ဒီဇာတ်ကားကို ဒါရိုက်တာ Andrew Gothရိုက်ကူးပုံဖော်ထားပြီး မင်းသား Welsey Snipes ,Keivin Howarth နဲ့ မင်းသမီး Tanit Phoenixတို့ကပါဝင်သရုပ်ဆောင်ထားပါတယ် ဒီလမ်းအစမှာလူငါးယောက်ကအမျိုးသမီးတစ်ယောက်ကိုဝိုင်းဝန်းအသုံးတော်ခံနေကြပုံနဲ့ စတင်ထားပါတယ်..ဒီလိုနဲ့အချိန်ငါးနှစ်ကြာပြီးသွားတဲ့အချိန်မှာတော့အဲ့လူတွေအကုန်လုံးက အာမန်လို့ခေါ်တဲ့ ထူးဆန်းတဲ့သေနတ်သမားတစ်ယောက်ရဲ့ အမဲလိုက်သတ်ဖြတ်ခြင်းကိုခံလိုက်ရပါတယ် အကြောင်းကတော့ ဒီလူတွေဝိုင်းဝန်းအသုံးတော်ခံခဲ့ကြတဲ့ မိန်းမလှလေးက အာမန်လို့ခေါ်တဲ့ကောင်လေးတစ်ယောက် အသက်တမျှချစ်ခင်မြတ်နိုးရတဲ့ကောင်မလေးဖြစ်နေလို့ပါ ပဲ ဒီလိုနဲ့ထူးဆန်းစွာပဲတစ်နေ့မှာတော့ ဒီလူငါးယောက်က ငရဲကနေအာမန်ကိုလက်စားချေဖို့ တစ်ဖန်ပြန်လည် နိုးထလာပါတော့တယ် ဒီအချိန်မှာတော့ အာမန်တစ်ယောက်ငရဲကနေပြန်လည်နိုးထလာတဲ့ ဒီမကောင်းဆိုးဝါး ငါးယောက်ကိုပြန်လည်ရင်ဆိုင်ရှင်းပစ်ကြိုးစားပါတော့တယ်အာမန်ကိုယ်တိုင်ကလည်း သေခြင်းတရားကိုဘယ်လိုကျော်လွှားလာခဲ့ရတာလဲ သူ့ကရော ဘယ်သူတွေရဲ့သားဖြစ်မလဲ...ကောင်မလေးနဲ့ကော ဘယ်လိုတွေ့ဆုံခဲ့တာလဲသူ့ရဲ့ဘဝကကော ဘယ်လိုတွေ ရင်နာဖွယ်ကောင်းခဲ့လဲအာမန်ကိုပြန်ပြီးလက်စားချေဖို့ နိုးထလာတဲ့ဒီမကောင်းဆိုးဝါးငါးကောင်ကို ရင်ဆိုင်ဖို့ ကြိုးစားရမှာဘယ်လိုတွေကြုံတွေ့ရင်ဆိုင်ရမလဲ အာမန်တစ်ယောက်အောင်မြင်အောင် လုပ်ဆောင်နိုင်ပါ့မလားဆိုတာဒီဇာတ်ကားလေးထဲမှာ ကြည့်ရှုသူပရိတ်သတ်ကြီးကိုယ်တိုင်လိုက်ပါစီးမျော ကြည့်ရှုလိုက်ပါဦးဒီဇာတ်ကားက Action, Adventure, Fantasy,Horror, Thriller & Western အမျိုးအစားကိုမှ ကြည့်ရှုရတာကြိုက်နှစ်သက်ပါတယ်ဆိုတဲ့ ပရိတ်သတ်တွေ လက်မလွတ်စတမ်းကြည့်ရှုသင့်တဲ့ဇာတ်ကားကောင်းလေးတစ်ကားဖြစ်ပါတယ် File size…1.94GB ...
movie

Gallowwalkers (2012)

The Devil’s Rejects (2005) 6.7
The Devil’s Rejects (2005)  Horror ဇာတ်ကားအဟောင်းလေးတွေထဲက ကောင်းတာလေးတွေကိုပြန်ကြည့်ချင်တဲ့လူတွေအတွက် The Devils Rejects လို့ခေါ်တဲ့ ၂၀၀၅ ခုနှစ်ကထွက်ခဲ့တဲ့ဇာတ်ကားလေးကိုတင်ဆက်ပေးလိုက်ပါတယ်။ဒီကားကတော့နာမည်အတိုင်းပဲ နတ်ဆိုးကတောင်ငြင်းပယ်ရတဲ့အပယ်ခံတွေလို့တင်စားခံထားရလောက်တဲ့အထိ ဆိုးသွမ်းတဲ့ရာဇဝတ်သားတွေအကြောင်းကိုရိုက်ကူးထားတာပဲဖြစ်ပါတယ်။ဇာတ်လမ်းအစမှာတော့ ရဲမှူးဝိုင်ဒဲလ်က အိမ်တစ်အိမ်ကရာဇဝတ်သားတွေကို လာရောက်ဖမ်းဆီးတဲ့မြင်ကွင်းကိုတွေ့ရမှာပါ။ဒါပေမယ့်အဲ့ဒီရာဇဝတ်သားတွေက ရိုးရိုးတန်းတန်းရာဇဝတ်သားတွေမဟုတ်ဘဲ အရမ်းကိုရက်စက်ယုတ်မာရိုင်းစိုင်းပြီး လူမဆန်တဲ့ရာဇဝတ်သားတွေဖြစ်ပါတယ်။ဒီလိုနဲ့ရဲတွေနဲ့လူဆိုးတွေကြား အပြန်အလှန်ပစ်ခတ်ကြရင်းနဲ့ တော်တော်များများကိုဖမ်းမိပြီး နှစ်ယောက်တော့ လွတ်သွားပါတော့တယ်။ရဲမှူးဝိုင်ဒဲလ်လဲ သူတို့နောက်ကိုလိုက်ဖမ်းရင်းနဲ့ သူ့အစ်ကိုသေရတာ သူတို့ကြောင့်ဆိုတာကိုသိလာခဲ့ပြီးအလုပ်ကိစ္စဆိုတာထက် ကိုယ်ရေးကိုယ်တာတွေပါပါလာတဲ့အခါ ရဲတစ်ယောက်လည်းနတ်ဆိုးထက်ပိုကြမ်းလာနိုင်တယ်ဆိုတာကိုတွေ့ရမှာပဲဖြစ်ပါတယ်။ File size…2.42GB / 1.24GB Quality…Blu-Ray 1080p / 720p Format…mp4 Duration….1h 47m Genre ….. Horror , Crime , Drama Subtitle….Myanmar Subtitle (Hard Sub) Encoder….Min Wai Translated by Saw Lay
movie

The Devil’s Rejects (2005)

Homestead (2023)
Homestead (2023) အခုပရိတ်သတ်ကြီးအတွက် american western thriller ဇာတ်လမ်းကောင်းလေးတစ်ခုကို တင်ဆက်ပေးသွားမှာပါ ဇာတ်လမ်းအကျဉ်းချုပ်ကတော့... အိုင်ရင်း သူ့အစ်ကိုနဲ့ သူ့အမေတို့ဟာ သူတို့အတိတ်မှာဆိုးရွားတဲ့ကံကြမ္မာတစ်ခုကိုရင်ဆိုင်ပြီးတဲ့နောက်မှာတော့ သူ့အဖေနဲ့အတူတူ လက်ရှိသာယာတဲ့ခြံလေးမှာ နေထိုင်နေပါတယ် အိုင်ရင်းဟာ သွက်သွက်လက်လက်နဲ့ လူတွေအပေါ်မှာ သိပ်ပြီးယုံကြည်တတ်တဲ့သူမဟုတ်ပါဘူး တစ်နေ့မှာတော့ သူတို့ခြံလေးကို ရထားလမ်းဖောက်ဖို့ကိစ္စနဲ့ပတ်သက်ပြီး လူစိမ်းတစ်ယောက် ရောက်လာခဲ့ပါတယ် သူတို့ခြံဝင်းတစ်ဝိုက်ကို လှည့်လည်စစ်ဆေးခွင့်တောင်းလိုက်ပြီး နောက်ကျသွားတယ်ဆိုတဲ့ အကြောင်းပြချက်နဲ့ သူတို့အိမ်မှာတည်းခိုဖို့ဖြစ်လာတဲ့ သူစိမ်းယောက်ျားကို အိုင်ရင်းကတော့ သင်္ကာမကင်းဖြစ်နေခဲ့ပေမဲ့ သူ့အမေကတော့ လှိုက်လှိုက်လဲလဲကို ကြိုဆိုနေခဲ့တာပါ.. အဲဒီသူစိမ်းယောက်ျားဟာ မိသားစုအပေါ်ကိုဂရုစိုက်တတ်ပြီး ဘဝကိုအေးအေးဆေးဆေး ဖြတ်သန်းချင်နေတဲ့ သူ့ရဲ့ဖခင်ရဲ့အတိတ်ကအရိပ်ဆိုးကြီးဖြစ်နေမှန်း အိုင်ရင်းတို့သိလိုက်ရတဲ့အခါမှာတော့ သူတို့အဲဒီနေ့ညမှာ ဘယ်လိုဖြစ်ရပ်ဆိုးတွေကိုကြုံတွေ့ရမှာလဲ...သွက်လက်ချက်ချာပြီး ငြိမ်ခံမနေတတ်တဲ့ အိုင်ရင်းတစ်ယောက် ဒီအခြေအနေဆိုးကြီးကနေ ဘယ်လိုလွတ်မြောက်အောင် ရုန်းထွက်သွားမလဲဆိုတာကို ဒီဇာတ်လမ်းမှာကြည့်ရှူရမှာပါ။ File size…(1 GB)/(440 GB)/(260 Mb) Quality….Webrip 1080p / 720p / 480p Format…mp4 Duration….01:20:00 Genre...Horror, Thriller, Western Subtitle….Myanmar ...
movie

Homestead (2023)

High Heat (2022)
High Heat (2022) High Heat (2022)အန်နာ ခေါ် အန်ညာက ပြင်သစ်စားသောက်ဆိုင်ကို သူ့ခင်ပွန်းနဲ့အတူပူးတွဲပိုင်ပြီး စားဖိုမှူးတစ်ယောက်လဲဖြစ်ပါတယ်။ မီးဖိုချောင်ရဲ့ အပူတွေကြားမှာ စားဖိုမှူးတွေထုံးစံအတိုင်း တစ်ခါတစ်ရံပေါက်ကွဲသောင်းကျန်းတတ်တဲ့အန်နာ့ကို သူ့ခင်ပွန်းက ယုတ္တိမတန်သူ ဘွဲ့ပေးထားတယ်ဆိုပါတော့။ တကယ်တော့အန်နာက စားဖိုမှူးထက်အများကြီးပိုတဲ့ အပူတွေကိုကြုံဖူးခဲ့တဲ့ရုရှားစပိုင်တစ်ယောက်ဖြစ်ပါတယ်။ အဲဒီဘဝကနေထွက်ပြေးလာပြီး ကိုယ်ရောင်ဖျောက်နေသူတစ်ယောက်ပါ။ ဆိုင်ဖွင့်ပွဲညမှာတော့ မိန်းမအတိတ်အကြောင်းကိုဘာမှမသိတဲ့ အန်ညာ့ခင်ပွန်းကသူ့မိန်းမကိုဂုဏ်ပြုတဲ့အနေနဲ့ သတင်းစာထဲကိုဆိုင်အကြောင်းထည့်ပေးလိုက်ရာမှာ အန်ညာ့အတိတ်က အန်ညာ့နောက်ပြန်လိုက်တာတဲ့အပြင် သူ့ခင်ပွန်းရဲ့အကြွေးဇာတ်ထုပ်တွေကလဲ အဲဒီညမှာပေါ်လာချိန်မှာတော့ အန်ညာတစ်ယောက်ဆိုင်ထဲမှာတပ်စွဲပြီး သူ့စားသောက်ဆိုင်နဲ့သူ့ကိုယ်သူဘယ်လိုကာကွယ်သွားမယ်ဆိုတာကို အက်ရှင်နဲ့ဟာသရောနှောရိုက်ကူးထားလို့ ပေါ့ပေါ့ပါးပါးကြည့်လို့ကောင်းမယ့် ကားတစ်ကားပါပဲအညွှန်း နဲ့ ဘာသာပြန်ကတော့ Rashida ပဲ ဖြစ်ပါတယ်။Genre..... Action, Comedy, Crime Quality…. 1080p | 720p | 480p File size… 1.4GB | 557MB | 276MB Format… mp4 Duration…. 1h 24min Subtitle…. Myanmar Subtitle (Hardsub) Translator ..... Rashida Encoder ..... August
movie

High Heat (2022)

2022